Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ice bags
🌿 Reusable Eco PE Water-filled Ice Packs - အစားအသောက်တွေကို လတ်ဆတ်အေးမြစေဖို့ အကောင်းဆုံးရွေးချယ်မှု! 🌿
စျေးနုန်း 200ml:2000ks, 600ml:3000ks.
💧 ထူးခြားချက်များ:
သယ်ရအဆင်ပြေ၊ အသုံးပြုရလွယ်ကူပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။
ပျက်စီးရန်မလွယ်ကူဘဲ ရိုးရှင်းလှပပြီး လက်တွေ့အသုံးပြုနိုင်ပါတယ်။
🌟 အသုံးပြုနိုင်မှု:
အထဲမှာ ပါသော အမှုန့်တွေက ရေကို လျင်မြန်စွာ စုပ်ယူပြီး ပျော့ပျောင်းသော gel အဖြစ်ပြောင်းလဲကာ အအေးဓာတ်အတွက် အသုံးပြုနိုင်ပါတယ်။ ခရီးသွားတဲ့အခါ၊ အားကစားပွဲများ၊ ဒဏ်ရာများနဲ့ စခန်းချတဲ့အခါ အသုံးပြုလို့ရပါတယ်။
Portable coolers ထဲမှာ အစားအသောက်တွေကို အေးမြစေဖို့၊ ဒဏ်ရာသေးများအတွက် အေးစက်သော ကပ်ခွာအဖြစ်၊ သယ်ယူပို့ဆောင်ရာမှာ ပစ္စည်းတွေကို အေးမြစေဖို့ အသုံးပြုနိုင်ပါတယ်။
Insulated shipping containers ထဲမှာ ပစ္စည်းတွေကို အေးမြစေရန် သယ်ယူပို့ဆောင်ရာမှာ အသုံးပြုနိုင်ပါတယ်။
🧊 Bagged Powder:
အိတ်ထဲက အမှုန့်တွေက ရေကို လျင်မြန်စွာ စုပ်ယူပြီး ပျော့ပျောင်းသော gel အဖြစ်ပြောင်းလဲကာ အအေးဓာတ်ထုတ်ပေးပါတယ်။
📋 အသုံးပြုနည်း:
Gel pack ရဲ့ ရေထည့်ပေါက်ကိုဖွင့်ပြီး လိုအပ်သလောက် ရေထည့်ပါ။ သက်မှတ် ရေပမာဏထက်ပိုရျ် . အထုတ်ကို တင်းကြပ်တဲ့အထိ မထည့်သင့်ပါ။
အိတ်ထဲက လေပိုတွေကို ထုတ်ပြီး sealing ကို ဖြည်းဖြည်းညှစ်ပိတ်ပါ။
စက္ကန့်အနည်းငယ်အကြာမှာ အမှုန့်နဲ့ ရေက ဓာတ်ပြုပြီး gel အဖြစ်ပြောင်းလဲပါတယ်။ Gel ဟာ ရေထည့်ပေါက်ကနေ မထွက်ပေမယ့် အလွန်အားမသုံးညှစ်ပါနဲ့၊ ချွန်ထက်တဲ့အရာတွေနဲ့ မထိပါစေနဲ့။
ဒီပစ္စည်းကို ရေခဲသေတ္တာထဲမှာ ၄-၅ နာရီထားပြီး အေးခဲသွားတဲ့အခါ ထုတ်သုံးပါ။
အသုံးပြုနေစဉ် gel pack ဟာ တဖြည်းဖြည်း အရည်ပျော်ပြီး gel ပုံစံပြန်ဖြစ်လာမှာပါ။ နောက်တစ်ကြိမ်သုံးဖို့ ရေခဲသေတ္တာထဲ ပြန်ထည့်ထားလို့ရပါတယ်။
Non-toxic coolant ingredients: Food-grade PE material သုံးထားတာကြောင့် ကလေးတွေအတွက်လည်း ဘေးကင်းပါတယ်။
📩 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို
https://www.shop.com.mm/produc....ts/reusable-eco-pe-w
🌱 ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဒီ ice packs တွေနဲ့ သင့်ဘဝကို ပိုအဆင်ပြေလွယ်ကူစေမှာပါ! 💚
နေ့စဉ်သုံးနေရတဲ့ 𝗯𝗿𝘂𝘀𝗵 အမျိုးမျိုးကို 𝗘𝗻𝗴𝗹𝗶𝘀𝗵 လိုလေ့လာကြပါစို့ 🪥🖌️🖌️🪥
1️⃣𝗧𝗼𝗼𝘁𝗵𝗽𝗮𝘀𝘁𝗲= သွားတိုက်ဆေး
2️⃣𝗧𝗼𝗼𝘁𝗵𝗯𝗿𝘂𝘀𝗵=သွားပွတ်တံ။သွားတိုက်တံ။
3️⃣𝗛𝗮𝗶𝗿𝗯𝗿𝘂𝘀𝗵= ခေါင်းဖြီးတဲ့ဘီး။ ဝက်မှင်ဘီး။ ဘီး။
4️⃣𝗦𝗵𝗼𝗲𝗯𝗿𝘂𝘀𝗵= ဖိနပ်တိုက်တဲ့𝗯𝗿𝘂𝘀𝗵၊ ဖိနပ်တိုက်တဲ့ဘီး။ဖိနပ်တိုက်တံ။
5️⃣𝗣𝗮𝗶𝗻𝘁𝗯𝗿𝘂𝘀𝗵=စုတ်တံ။
6️⃣𝗦𝗵𝗮𝘃𝗶𝗻𝗴 𝗯𝗿𝘂𝘀𝗵 =မုတ်ဆိတ်ရိတ်တဲ့အခါမှာသုံးတဲ့brush။
(မုတိဆိတ်မရိတ်ခင်မျက်နှာတွင်ဆပ်ပြာမြှုပ်သုတ်ရန်သုံးတဲ့ brush)
7️⃣𝗗𝘂𝘀𝘁𝗽𝗮𝗻 𝗮𝗻𝗱 𝗯𝗿𝘂𝘀𝗵 =ဂေါ်ပြားနဲ့ဖှုန်မှုန့်ခပ်တဲ့တံမြက်စည်း။
8️⃣𝗦𝗰𝗿𝘂𝗯𝗯𝗶𝗻𝗴 𝗯𝗿𝘂𝘀𝗵 /=ကြမ်းတိုက်တံ။အညစ်အကြေး
𝗦𝗰𝗿𝘂𝗯 𝗯𝗿𝘂𝘀𝗵 =တွေကိုပွတ်တိုက်ဆေးကြေးဖို့အတွက်သုံးတဲ့ brush အမျိုးအစားတစ်ခု။(👉 scrubbing brush နဲ့scrub brush ကအတူတူပါပဲ။ scrubbing brush က long form ဖြစ်ပြီး scrub brush ကshort form ပါ)👈
9️⃣𝗡𝗮𝗶𝗹 𝗯𝗿𝘂𝘀𝗵 =လက်သည်း၊ခြေသည်းတိုက်တံ။လက်သည်းခြေသည်းတိုက်တံ။
🔟𝗕𝗿𝗼𝗼𝗺 =တံမြက်စည်း။မတ်တပ်တံမြက်စည်း။
#dailyvocabulary
#typesofbrush
#crd
Level Cross(2024)
ဗာဟူးဘလီမင်းသားက အဲဒီဇာတ်ကားမှာပဲ အဲဒီရုပ်ရည်ရှိပြီး ကျန်တဲ့ဇာတ်ကားတွေမှာက တခြားရုပ်ဖြစ်နေတာ များတယ်။ လူတူမရှားနာမည်တူမရှား ဗာဟူးဗလီလိုရုပ်မျိုးနဲ့ မင်းသား တစ်ယောက်တလေတော့ ရှိဦးမှာပါ ဆိုပြီး ငံ့လင့်နေတဲ့ ကျနော် RRR ဇာတ်ကားက ဒုတိယမင်းသားကို ကြည့်ပြီး ဆန္ဒတမျိုးပြည့်ရတယ်။ ဆံပင်လှိုင်းတွန့် ဖွာရရာနဲ့ မျက်ခုံးမျက်လုံးကောင်းကောင်း၊နှာတံထင်းထင်း၊ နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးထူထူကြားက ဟိုစာရေးဆရာပြောသလို ငပိရောင်တောက်နေတဲ့နှုတ်ခမ်းနဲ့ တကယ်ကို ကုလားဆန်တဲ့ ရုပ်ရည်မျိုး။ နောက်ပိုင်းတွေ ကြည့်ဖြစ်တဲ့ ဇာတ်ကားတွေမှာ တွေ့မိတဲ့ Asif Ali က RRRကလူထက် ပိုပြီး အဲဒီရုပ် ပိုပေါက်တယ်ဗျ။ စတွေ့ဖူးတုန်းက သမားရိုးကျတောင်ပိုင်းကားတွေအတိုင်း မင်းသားအသားပေး ဇာတ်ကားပါပဲ၊ မျက်လုံးဝိုင်းဝိုင်း ဆံပင်ကောက်ကောက်နဲ့သူ့ရုပ်လေးက ဟီးရိုးဆန်ဆန်မဟုတ်ဘဲ ကလေးလို ချစ်ဖို့ကောင်းပြီး တမူထူးခြားတယ်။ ရုပ်ကိုကြိုက်ပေမယ့် အဲဒီလိုကား ရိုက်ရင် ပဲပေးရတာပဲများပြီး သရုပ်ဆောင်ရတာက နည်းနည်းမို့ သူ့ကို သိပ်စိတ်ထဲမရှိမိပါဘူး။ Level Cross(2024) ကြည့်ပြီးတော့မှ သူ့ကို မင်းသားအနေနဲ့မဟုတ်ဘဲ စံချိန်မီသရုပ်ဆောင်အနေနဲ့ လက်ခံမိပြီး ကြိုက်သွားတယ်။
အဲဒီကားမှာ Asif က ရာဂူးဆိုတဲ့ မီးရထား ဂိတ်စောင့်။ နေရာက မြန်မာလို လွင်တီးခေါင်ပြင်၊ ကန္တာရ လို့ပြောမယ့်အစား အင်္ဂလိပ်လို desert လို့ပြောတာ အသင့်ဆုံး ဖြစ်မယ်။ ဂိတ်ရှိရာ ကားလမ်းကလည်း ကားမလာတတ်၊ အနားကရွာကလည်း ရွာပျက်၊ အပင်တွေက ရှင်သန်ပေါက်ဖွားဖို့ ငြင်းဆန်ခံရတာအပြင် လူတွေကပါ စွန့်ခွာခံရတဲ့ တကယ့် desert ပါပဲ။ အဲဒီနား သက်ရှိနဲ့တူတာ ရာဂူးနဲ့ သူ့မြည်းလေး ဆစ်ဂနယ်ပဲ ရှိတယ်။ တနေ့ အဲဒီမှာ အရှိန်နဲ့သွားနေတဲ့ ရထားပေါ်ကနေ ပြုတ်ကျလာတဲ့ အမျိုးသမီးကြောင့် သူ့ဘဝလေး စိုပြေလာရုံရှိသေး သူ့ယောက်ျားလိုက်လာတဲ့အခါမတော့..။
ကျနော့်ငယ်ဘဝ နေခဲ့ရာ မြို့က လေအတော်ထန်တော့ လေတဖြူးဖြူးတိုက်ခံရရင် အိမ်ကိုသတိရစိတ် ဖြစ်မိတာပဲ။ နောက်ပြီး အစိုးရဝန်ထမ်းအိမ်ယာအဖြစ် သုံးကြတဲ့ ခေတ်ဟောင်းအိမ်ကြီးတွေ ဖြတ်သွားဖြတ်လာ မြင်မိရင် ဝင်ကြည့်ချင်စိတ်ဖြစ်မိတာ ငယ်ဘဝထဲကပဲ။ ရှေးအရသာပြောရမလား ဘာကိုလွမ်းလို့လွမ်းမှန်းမသိ ခံစားရတယ်။ အခုဇာတ်ကား တည်ရာနေရာ လေတဖြူးဖြူးနဲ့ ကန္တာရအလယ်က ရှေးဆန်တဲ့မီးရထားဝန်ထမ်းအိမ်လေး ဆိုတော့ ဆက်တင်နဲ့တင် ငြိမိတာပါပဲ။ သုံးယောက်တည်းသော သရုပ်ဆောင်တွေကလည်း ရာဂူးက ကျနော်ငယ်ငယ်က တွေ့ဖူးတဲ့ အရူးနဲ့ တပုံစံတည်းပဲ။ ညစ်တီးညစ်ပတ်နဲ့ စုတ်တိစုတ်ဖွာပုံစံကော၊ ရူးနေပေမယ့်လည်း sexy ဖြစ်တာရော သိပ်တူတယ်။ ကျနော် ငယ်ငယ်ကအားရင် အဲ့အရူးကို ထိုင်ငေးပြီး စိတ်ကူးနဲ့ ရေချိုးပေးကြည့်/ဖီးလိမ်းပေးကြည့်ဖူးတယ်။ ရူးသာမရူးရင် မင်းသားရှုံးမယ့်သူပဲ လို့။ မင်းသမီးကကျတော့ အခုလက်ရှိ ရွာထဲက စိတ်မူမမှန်တဲ့ အမျိုးသမီးနဲ့ တူပြန်ရော။ သူ့ယောက်ျားကတော့ မြန်မာရုပ်နဲ့ နဂိုတည်းက ဆိုက်ကိုရုပ်ကြီး။ ဇာတ်ကားထဲ သုံးယောက်စလုံးက အရူးတွေချည်း။ အဲဒါနဲ့ ကျနော့်အနေနဲ့တော့ ကြည့်ရတာ တကယ်ဖြစ်နေသလိုပါပဲ။
မကြိုက်တာတခုက ကန္တာရထဲလျှောက်သွားနေတဲ့မင်းသားက ဖိနပ်ချုပ်ပြီးပြန်စီးနဲ့အခန်းမှာ ခြေထောက် နုဖတ်နေတာပါပဲ။ တကိုယ်လုံးစုတ်ပြတ်နေအောင် ပြင်ထားပြီး ခြေထောက်ကျမှ အဖျားရှူးသွားတာရယ်။ အဲဒါလေးပါပဲ။ ကျန်တာကတော့ ပြောစရာမရှိ။ သတ္တုပြားလေးတွေ တချွင်ချွင်နဲ့ လေမှာလွင့်နေတာကအစ အကြောင်းမဲ့ ရိုက်ပြမထားဘူး။ ဇာတ်ကား ပြီးသွားလည်း ဆက်ပြီး တွေးနေရ ကြောက်နေရတယ်။ အစပိုင်းမှာ နည်းနည်းပျင်းစရာကောင်းပြီး တဖြည်းဖြည်း အရှိန်တက်လာတဲ့ ဇာတ်လမ်းမျိုးပါ။ ကြည့်ကြည့်ကြည့်ပါဦး။
" တို့နှစ်ယောက်ဟာ
ကျပျောက်သွားပြီးကာမှ
ပြန်ရှာတွေ့မိတဲ့
အကြွေစေ့လေးတစ်စေ့ပါပဲ
ခေါင်းနဲ့ ပန်းလို
ကျောချင်းကပ်ထားမိခဲ့ကြ
မြေကြီးမှာ ပေါက်တဲ့ သစ်ပင်က
မြေကြီးကို ချစ်သလိုမျိုး
ငါနဲ့မင်း ချစ်မိခဲ့ပြီ
ဝေးကွာခြင်းက
ငါတို့ကို မတိုက်ခိုက်နိုင်တော့ဘူး "
▪️အောင်ခိုင်မြတ်▪️
" အချစ်နဲ့ညဥ့်နက်ရခြင်း / မှ "
ကိုယ့်လူတို့ ယောက်ျားဖာဖြစ်ဘူးလား
ရှက်ကီရော ဘယ်လောက်ကြိုက်လဲ
ဘိန်းချေးနဲ့ဆေးခြောက်တွေ လွယ်အိပ်ထဲ
အပြည့်ထည့်ပြီး သင်္ချိုင်းမှာ
ကြွက်တွေ ဆီက စတေးရှောင်ဖူးလား
တပ်ကနေ ထွက်ပြေးပြီး ဝရမ်းပြေးဘဝနဲ့
ငွေတကျပ်မှ မပါဘဲ မန်းလေးမြို့ထဲ
စိတ်အေးသက်သာနဲ့ လျှောက်ဒိုးဖူးလား
ဒါစာအုပ်ထဲက အနည်းငယ်မျှသော
ဘိုကြူးရဲ့ လူငယ်ဘဝဖြတ်သန်းမှုပဲ ။
ကိုယ့်လူတို့ လူငယ်ဘဝမှာ
ဆိုးပါတယ် ပေပါတယ် ဗရုတ်ကျပါတယ်
ဆိုတာကို ဘုန်းဘုန်းကြူးနှစ်က
ဒီလောက်ပဲလားလို့ မေးပြီး
ရိုက်ခွဲပစ်မဲ့ အတ္ထုပတ္တိပါပဲ ။
ဘိုကြူးက ခုချိန်ထိ သေခြင်းတရားကို
" အဆင်သင့်ပဲဟေ့ " လို့ခုချိန်ထိ
ရေရွတ်ရုံမက အတ္ထုပတ္တိထဲထည့်ရေးနေတုန်း
ဆရာကြည်ဇော်အေး က
ဆရာကြူးနှစ်နဲ့ဆုံတော့
" ခဗျားကြီးကို ကြည့်လိုက်ရင်
အဲဗား မူးနေတာပဲ။
ဒါပေမဲ့ မဂ္ဂဇင်းမှာပါတဲ့
ခင်ဗျားကြီးဝတ္ထုတိုတွေကျတော့
ကောင်းနေပြန်ရော ။
ခင်ဗျားကြီး ရေးတာမှ ဟုတ်ရဲ့လားလို့ "
ထုတ်မေးရတဲ့ထိ
ကျနော်တို့ဟာ ဘိုကြူးဆီကနေ
ဘယ်သူမှ တုပလို့မရနိုင်မဲ့
တကယ့်ကို ကောင်းမွန်သင်းသန့်တဲ့
ဝတ္ထုတိုတွေ အရေးသားတွေ
ရရှိခဲ့ / ဖတ်ရှုခဲ့ရပါတယ် ။
ပြောချင်တာကတော့
လူတစ်ယောက်ရဲ့ဘဝကို
အတ္ထုပတ္တိတွေထဲကနေ
ချောင်းကြည့်ရတာကြိုက်တဲ့
ကိုယ့်အတွက်တော့ ဒီစာအုပ်ကြီးက
တကယ့် " ရွှေ " ပါပဲ ။
သင်္ချာပညာရပ်မှာ အရမ်းတော်တဲ့ လူငယ်တစ်ယောက်... ဘယ်လောက်တောင် တော်လဲဆိုရင် ပါရဂူတွေတောင် နှစ်နဲ့ချီ ဖြေရှင်းနေရတဲ့ ပုစ္ဆာတွေကို သူငယ်တန်းစာ အပေါင်းအနုတ်တွေသာသာလို ဖြေရှင်းပြသွားတာမျိုး...
ဒါပေမဲ့ လူငယ်ဆန်ဆန် မူးရူးသောက်စားပြီး ဂျစ်ကန်ကန် ဘ၀မျိုးနဲ့ ဖြတ်သန်းနေတယ်...
သူ့ရဲ့ပါရမှီပါလာတဲ့ဂျီးနီးယပ်လယ်ဗယ်ဦးနှောက် ကိုသတိထားမိသွားတဲ့ ပရော်ဖက်ဆာ တစ်ယောက်က သူ့ရဲ့ဘ၀ကို အပြောင်းအလဲ လုပ်ပေးဖို့အတွက် စိတ်ကုထုံး ဆရာနဲ့ပြတာကို ဇာတ်အိမ်တည်ထားတယ်...
ဇာတ်ကားက ကြည့်နေတဲ့ ကိုယ့် အတွေးထဲကို နှစ်၀င်သွားမှန်းမသိ ၀င်သွားလောက်တဲ့အထိကို ကြည့်လို့ကောင်းတဲ့ကားမျိုး...
စိတ်ကုထုံးဆရာနဲ့ ဂျီးနီးယပ် ဦးနှောက်ပိုင်ရှင်တို့ အချင်းချင်း သူ့အမြင် ကိုယ့်အမြင် ပြောကြတဲ့ အခန်းတွေဆို ကျွန်တော်တို့ အပြင်က အတွေးတွေကိုပါ ပြောင်းလဲပေးနိုင်တာမျိုး...
ထပ်ပြောရင် ရေးပြထားတဲ့ စာသားတွေထပ် အဆမတန်ကောင်းတော့ အဲ့လောက်လည်းဟုတ်မှာမဟုတ်ပါဘူးကွာလို့ ခံစားသွားရမှာဆိုးတာကြောင့် ကိုယ်တိုင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်...
အောင်ချိမ့်ကြီးက
အတောင်ပံနဲ့ အမြင့်စီးကနေ
လူ့ဘဝကြီးကို
သမိုင်းနဲ့ချီ တရားနဲ့ချည် ရှုမြင်ပြလိုက်
ထိုင်ခုံမှာထိုင်ပြီး
သူ့ဘဝကို ခေတ်နဲ့ လှောင်ပြောင်လိုက်
ငါနဲ့တော့ကိုက်လို့။
၃။
ကြွပျံတက်လာတဲ့ ရဲနေတဲ့
ကရွတ်နဲ့
ပျံလာတဲ့ ကျီးကန်း စွပ်မိသလို
ငါတို့ ရောက်လာခဲ့ကြပြီ။
၁၀။
ငါတို့ဟာ မြို့တွေမှာ
လူနဲ့ လူ
ညစ်ကြတာ။
၂၃။
ဒါပေမယ့် ငါတို့ဟာ
ကင်မရာရှေ့ ဖြတ်လျှောက်မပျက်
ဖြတ်လျှောက်လျက်ပါပဲ
ဖြတ်လျှောက်မြဲပါပဲ။
အဲဒါ
နည်းသလားကွ။
ငါတို့ဟာ စပ်ဖြဲဖြဲနဲ့
ကင်မရာရှေ့ ဖြတ်လျှောက်ခဲ့သပေါ့။
၃၀။
ငါဟာ ဘဝမှာ နေစရာမရှိလို့
သေပစ်ဖို့ စဉ်းစားဖူးတယ်။
ဟာသပဲ
ငါ သေချင်ခဲ့ပုံများ
ငါ မသေရဲခဲ့ပုံများ
ဟာသပဲ။
၃၂။
ငါဟာ ရွဲကုန်သည်
ငါဟာ ဗင်းနစ်မြို့က ကုန်သည်
ငါဟာ 'ထရိတ်ဒါး' ဟိုတယ်မှာ တည်းတဲ့
ယခုခေတ် ကုန်သည်အကြီးကြီးပဲ။
ဟေး၊ ဘဝမှာ
ဘာတွေ အမြတ်အစွန်းထွက်ခဲ့လဲ
အမြတ်အစွန်းထွက်မှ
ဘဝမှာ နေမှာလား။
၇၁။
ဒါထက်
ပျော်ပွဲစားထွက်တယ် ဆိုတာဟာ
ပျော်လို့လား
စိတ်ညစ်လို့လား။
၇၆။
ဘာမှမဖြစ်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။
အမှားတွေ မကုန်နိုင်ဘူး ကမ္ဘာဟာ
ပြန်လာမယ်။
ပျက်ပြီးတဲ့
အပျက်အစီးတွေကြားကပဲ
ကမ္ဘာဟာ
ပြန်လာမယ်။
၈၄။
ဆံပင်ဖြူကြီး ဆေးမဆိုးဘဲ
ငါတို့ အသက်ကြီးမယ်။
ငါနဲ့တော့ အံကိုကိုက်လို့။
" အရေးအသားတစ်ခု "
_____________________
ဝင်ရိုးစွန်းတူလို့
တစ်ယောက်ကိုတစ်ယောက်
တွန်းကန်ကြတယ်
ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ ။
အဖေဟာ အရောင်သန်းနေတဲ့ သတ္ထု
ကက်ဆက်ကို အကျယ်ကြီး ဖွင့်တယ်
လက်မောင်းမှာ
ဆေးမင်ကြောင် အဝိုင်းအဝိုင်းတွေနဲ့
အဆုတ်တစ်ခြမ်း မကောင်းတော့ဘူး ။
ကျွန်တော်တို့
အမှားအယွင်း တစ်ခုခုလုပ်မိတာနဲ့
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျွန်တော်တို့ကလည်း ခေသူမဟုတ်
ရွေ့တယ် ။
ကျွန်တော်တို့ ပြောလေ့ပြောထ ရှိတဲ့စကားက
သိဒ္ဓတ္ထဟာ သူ့အဖေစကား နားထောင်ရင်
ဘုရားဖြစ်မှာ မဟုတ်ဘူး
ကျွန်တော်တို့ ခေတ်စိတ္တဇများ
ဆံပင်အရှည်ထားလိုက်
ခေါင်းတုံးဖြစ်လိုက်
အိမ်ဟာ လက်ဖက်ရည်ဆိုင်လို
ဝင်လိုက် ထွက်လိုက် ။ ။
▪️စိုင်းဝင်းမြင့်
2012 ကထွက်ထားတဲ့ အထက်တန်းကျောင်းသားအချစ်ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းသားဇာတ်ကားဆိုပေမယ့် ၀တ္ထုရေးဆရာ ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ဖန်တီးရိုက်ကူးထားတဲ့အတွက် တင်ဆက်ပုံကွာခြားတဲ့အတွက် တကယ်ကြည့်လို့ကောင်းမယ့်ရုပ်ရှင်ကား ဆိုတာ အာမခံပါတယ်။
ဇာတ်လမ်းအကျဉ်း
အထက်တန်း ပထမနှစ်ကျောင်းသား Charlie ၊ သူဟာ သူငယ်ချင်းမရှိ-ကိုယ်ပျောက်လူသားလို အတန်းထဲမှာ အရှုံးသမားတစ်ယောက်ပါ။ တကယ်က သူ့ရဲ့ စိတ်ရောဂါကြောင့်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်မဲ့နေပြီး ရုန်းကန်နေရတဲ့သူပါ။ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်း တစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက် စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ခင်မင်သွားခဲ့ပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျပေမယ့် သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ ဒါပေမဲ့ Sam နှင့် Patrick တို့နဲ့ သူငယ်ချင်းဖြစ်သွားတဲ့နေ့ကတည်းက Charlie တစ်ယောက် စပြီး ပျော်ရွှင်လာခဲ့ပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie က Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Samက အခြားတစ်ယောက်နဲ့တွဲသွားပါတယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲဖြစ်သွားပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။
ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ...
Charlie က Sam ကို ဖွင့်ပြောရဲပါ့မလား ...
Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလား ...
သဘောကျနေတာကို ဖွင့်မပြောရဲတဲ့ ဘရိုတို့လည်း ကြည့်သင့်ပြီး ဇာတ်ကားက အေးအေးလေးနဲ့ဇာတ်လမ်းထဲ မျောသွားအောင် ဆွဲဆောင်နိုင်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါကြောင့် "The Perks of Being a Wallflower" ဆိုတဲ့ အချစ်ကားလေးကို ဒီနေ့အတွက် ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။