Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထီးရှိတဲ့လူက ‘ဒီနေ့ မိုးရွာလိမ့်မယ်” လို့
ပြောသလို အောင်မြင်ပြီးသားသူတွေကတော့
“ဘဝဆိုတာ ရည်မှန်းချက် ရှိရမယ်”လို့
ပြောတတ်ကြတာပဲ။ သူတို့
ကံကောင်းတာက မိုးဥတု မကုန်သေးတာပဲ။
တစ်ခု ခက်တာက
ကျွန်တော့် ရည်မှန်းချက်တွေက
လေဒီဂါးဂါးရဲ့ ဖက် ရှင်တွေလို
တစ်ခုပြီးတစ်ခု ခပ်မြန်မြန်
ပြောင်းလဲနေတာပဲ။ သုံးနှစ်သားလောက် က
စူပါမင်းရုပ်ပြတွေ ကြည့်ပြီး မိုးပေါ် ပျံချင်တယ်။ ဒါနဲ့ အဖေ့ပုဆိုးတစ်ထည် ကို
လည်ပင်းမှာသိုင်းချည်ပြီး
ထမင်းစားပွဲပေါ်တက် ခုန်ချလိုက်တာ
ခြေသပွတ် တိုင် လည်သွားတယ်။
နည်းနည်း ကြီးတော့ တာဇံကိုအားကျပြီး
သစ်ပင်ပေါ် တက် နွယ်ကြိုး လွှဲတယ်။
ကြိုးပြတ်ကျလို့ ၇ ရက်လောက်
အိပ်ရာထဲ လှဲနေ ခဲ့ရတယ်။
၇ တန်းရောက်တော့ အဆူအရိုက်ကြမ်းတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကြုံပြီး
သူ့ယောက်ျား ဖြစ်ချင်ပြန်ရော။
(ကျောင်းအုပ်ဆရာမကြီးဟာ
သူ့ ယောက်ျားကို တော်တော်ကြောက်ရတယ်
ဆိုတဲ့ သတင်းကြောင့်ပါ) နောက်တော့
ဂျိမ်းစ်ဒင်းကို အားကျလို့ ၅ ပြားတန်
စီးကရက် နှုတ်ခမ်းထောင့်မှာ ခဲထားတုန်း
အဖေက တွေ့သွားပြီး အရွယ်မရောက်သေးဘဲ ဆေးလိပ်သောက်လို့အရိုက်ခံခဲ့ရတယ်။
အဲဒီကတည်းက ရည်မှန်းချက်ဆိုတာ
ကြိမ်လုံး၊ ကျောင်းအုပ် ဆရာမကြီးယောက်ျား၊
ခြေသပွတ်တိုင် လည်ခြင်းတို့နဲ့
တစ်ခါတစ်ရံ ဆက်စပ်နေတတ်ပါလားလို့ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့
ကျွန်တော်က ရည်မှန်းချက်ကို
စွန့်လွှတ်လိုက်ဖို့ စိတ်ကူးမရှိပါဘူး။
အတန်းထဲက ခပ်လှလှကောင်မလေး
သုံးယောက်နဲ့ ရည်းစားဖြစ်ဖို့
ရည်မှန်းချက်ထားခဲ့ပေမဲ့ (သူတို့
ရည်မှန်းချက်ထဲမှာ ကျွန်တော်ပါပုံမရလို့)
မအောင်မြင်ခဲ့ပါဘူး။ အတန်းဖော်
ကျွန်တော့် သူငယ်ချင်းကတော့
ရည်မှန်းချက် တော်တော်ကြီးတယ်။
သူက တင် ၃၆၊ ရင် ၃၂ မပြည့်ရင်
ဘယ်မိန်းကလေးနဲ့မှ အရောတဝင် မနေဘူး။
ရတော့ မီးယပ်ပိန်ကလေးနဲ့ ရသွားရှာတယ်။
ရည်မှန်းချက်ဆိုတာ
တစ်ခါတလေတော့လည်း လွဲတတ်တာပါပဲ။
တစ် ခါက ကျွန်တော် စတိုးဆိုင်တစ်ဆိုင်ထဲ
ဝင်သွားတယ်။ အရောင်းစာရေး
ကောင်မလေးရဲ့ အလှကို မျက်စိအရသာခံရင်း
ဈေးပေါပေါ ပစ္စည်းတစ်ခုလောက်
ဟန်လုပ် ဝယ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။ ကောင်မလေး ကောင်တာရှေ့မှာ ရပ်မိလို့ ကောင်မလေးက ဘာလိုချင်သေးလို့လဲ
မေးတော့ ကျွန်တော်က ငုံ့ မကြည့်ဘဲ
မှန်ဗီရိုထဲကို လက်ညှိုးထိုးပြလိုက်တယ်။
ကျွန်တော် လက်ညှိုးထိုး ပြတဲ့အရာကို ကောင်မလေးက ထုတ်ပေးတော့ အဲဒါက
ကွန်ဒုံးတစ်ခု ဖြစ်နေ တယ်။
ကောင်မလေးက ပြောလိုက်သေးတယ်။
“ပျော်တတ်ရင်
အဖော်ဆောင် ထားတာ ကောင်းတယ်”တဲ့။ ကျွန်တော်လည်း ရှက်ရှက်နဲ့
လှည့်ထွက်လာခဲ့တာ မှန်တံခါးကြီး
တစ်ချပ်လုံးကို ထွက်ပေါက်ထင်ပြီး
ဝင်တိုးမိတော့တာပဲ ...
" ရည်မှန်းချက်များနှင့်ဘဝ / ဝတ္ထုတို - မှ
▪️သစ္စာနီ▪️
နေတွေပြင်းပြီး အစားသောက်ခံတွင်းသိပ်မတွေ့လို့
စားကောင်းနိုးနိုးနဲ့ အိမ်မှာ ဒီလိုလေးချက်စားဖြစ်ပါတယ်
ဆိတ်သားခြောက်ကို မချက်ခင်ညကတည်းက ရေစိမ်ထားပါတယ်
မနက်ရောက်တော့ ဆိတ်သားခြောက်ကို ရေနွေးဆူဆူထဲ ၃ မိနစ်လောက်ထည့်ပြုတ်ပြီး ပြန်ဆယ် အအေးခံ အတုံးလှီးထားပါတယ်
ကြက်သွန်နီဖြူဂျင်းငရုတ်ပုခြောက်ဆနွင်းအကုန်ရောထောင်းပါတယ်
ငရုတ်စပ်စပ်လေးစားချင်လို့ ပီနံသီးအနည်းငယ်ကို
ညက်နေအောင်ကြိတ်ထားပါတယ်
ဆီဆူရင်ထည့် ထောင်းထားတာ ဆီသတ်
ခရမ်းချဥ်သီးတစ်လုံးလောက်ပါးပါးလှီးထည့်မွှေပါတယ်
ပီနံသီးကြိတ်ထားတာထည့်ပါတယ်
အနှစ်လေးနဲ့နယ်စားချင်လို့ အနှစ်ကျရုံအတွက်ဘဲဆိုတော့ ခရမ်းချဥ်သီးအများကြီးမထည့်ပါဘူးနော်
ပျော့အိပြီဆို ဆိတ်သားခြောက်တုံး သကြားနည်းနည်း ဆားနည်းနည်းထည့်ပြီး ရေထည့်ကာ အနှစ်ထွက် အခမ်းချက်ပါတယ်ရှင်
နောက်ဆုံး ပျဥ်းတော်သိမ်းရွက်လေးထည့်လိုက်ပါ ရပါပြီ
ဆိတ်သားကြိုက်သူမို့ စားရတာခံတွင်းတွေ့ပြီး ကိုယ့်အတွက်တော့ တကယ်စားမြိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်ခဲ့ပါတယ် 😌
Credit Thiri
ငပိချက်ကြိုက်တာကို လူထင်သေးမှာစိုးလို
caviar မှကြိုက်တယ်လုပ်နေဖိုမလို
မွဲနေတာကို လူထင်သေးမှာစိုးလို
ရှိချင်ယောင်တောင်ပြီး အထာကျပြနေဖိုမလို
မတတ်တာကို လူထင်သေးမှားစိုးလို
စကားလုံးအကြိးကြီးတွေနဲ့
အထင်ကြီးအောင်လုပ်ပြနေဖိုမလို
ကိုယ့်ရဲ့ ဖြစ်တည်မှု နဲ့လဲပြီးမှရတဲ့
လူရာဝင်မှုက ကျနော့်အတွက်တော့ ဈေးကြီးတယ်
ဟန်ဆောင်စကားအပိုတွေလဲ မပြောတတ်တော့
ဟန်ဆောင်လူသားတွေနဲ့ တွေ့ရမှာလဲရှောင်တယ်
ကိုယ့်ကိုယ်ကိုရော သူများကိုရော
လိမ်စရာမလိုတဲ့ life style ပဲကြိုက်တယ်
#crd
#moti
🍀▪️"#မီးရှို့ပြီး.........ပူဇော်လိုက်ပါ"▪️🍀
မိမိတို့အိမ်မှာ ချိတ်ဆွဲပူဇော်ထားတဲ့
ဘုရားပုံတော်တွေ၊ ဘုရားပုံတော်ပါတဲ့ပန်းချီကားတွေ၊
ဟောင်းနွမ်းစုပ်ပြဲနေလို့ ဖတ်မဖြစ်တော့တဲ့
တရားစာအုပ်တွေရှိပါလိမ့်မယ်
အဲဒီ ဘုရားပုံတော်တွေနဲ့ပန်းချီကားတွေဟာ
ဆက်ပြီးချိတ်ဆွဲထားလို့လဲအမြင်မကောင်းဖြစ်နေတဲ့
အပြင် ၊ တရားစာအုပ်တွေကလည်း ကြာလာတော့
ပိုးတွေထိုးပြီး ပျက်ဆီးလာတတ်ပါတယ်
ဒီပုံတော်တွေ၊ တရားစာအုပ်တွေကို
အမှိုက်ပုံတွေမှာသွားစွန့်ပြန်ရင်လည်း
အပြစ်ဖြစ်မှာကြောက်တာတစ်မျိုး၊ ကိုယ့်စိတ်မှာ
မသန့်ဖြစ်နေတတ်ပါတယ်
"စာတစ်လုံး ဘုရားတစ်ဆူ"လို့ဆိုတဲ့အတွက်
ဟောင်းနွမ်းစုတ်ပြဲသွားတဲ့ တရားစာအုပ်တွေ၊
ပုံတော်တွေကို အပြစ်မဖြစ်အောင်
အကောင်းဆုံးဖြေရှင်းနည်းကတော့
သန့်သန့်ပြန့်ပြန့်နေရာတစ်ခုမှာ စုပုံပြီး
မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ
မီးရှို့ပြီးပူဇော်လိုက်တဲ့အတွက် ဘုရားပုံတော်များ
တရားစာအုပ်ဟောင်းများကို တခြားသူတွေ
အနေနဲ့လည်း ပြန်အသုံးမပြု ဖြစ်တော့ပါဘူး
မီးပူဇော်လိုက်တယ်လို့ စိတ်ထဲမှာဖြစ်နေတဲ့
အတွက် စိတ်သန့်ရှင်းသွားပါတယ်
ဘုရားရှင်ရဲ့ရုပ်ကလာပ်တော်ကို
တေဇောဓာတ်လောင်မြိ ှုက်တဲ့သဘော
အာရုံယူပြီး မီးပူဇော်လိုက်တာ အကောင်းဆုံးပါပဲ
ဒါ့ကြောင့် လွှင့်ပစ်ရတာခက်၊
ထားရခက်တဲ့ဘုရားပုံတော်တွေ၊
ပန်းချီကားတွေနဲ့တရားစာအုပ်အဟောင်းများကို
တွေ့ရာမှာ ဖြစ်သလို စွန့်ပစ်တာမျိုးမလုပ်ပဲ
သန့်ရှင်းသပ်ရပ်တဲ့နေရာတစ်ခုမှာ
မီးပုံရှို့ပြီး မီးပူဇော်တဲ့နည်းနဲ့ ဖြေရှင်းတာဟာ
အကောင်းဆုံးဖြစ်ပါလိမ့်မယ်
မနာပဒါယီ အရှင်ဝိစိတ္တ
"“ယူနိုက်တက်က အရန်သင့်သုံးနိုင်ဖို့အတွက် တိုက်စစ်မှူးလိုအပ်နေတယ်၊ သူတို့တွေ ကစားသမား ၄ ဦးလောက်အထိကို ကြည့်နေတယ်၊ မင်းက တတိယမြောက်ရွေးချယ်မှုဖြစ်နေတယ်လို့ ကျနော့်အေးဂျင့်က ပြောခဲ့ပါတယ်”
“သူတို့တွေ ကျနော့်ကိုပဲ ရွေးချယ်ပါစေလို့ ဆုတောင်းခဲ့ရတာ ခဏခဏပါပဲ။ ငါလစာလျှော့ယူမယ်၊ နောက်ဆုံးတပြားမှမပေးလည်း နေပါစေ၊ ငါဂရုမစိုက်ဘူး၊ ငါ့ကို ယူနိုက်တက်ဆီ ရောက်အောင်လုပ်ပေး၊ အဲဒီအသင်းဂျာစီကို ငါ တကယ်ကို ဝတ်ကစားချင်တာပါလို့ အေးဂျင့်ကို ပြောခဲ့ပါတယ်”
- အီဂါလို
နေ့စဉ်မိုးလေဝသသတင်း
----------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အလယ်ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ ပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
Parasite (2019)
ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။
ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို Memories of murder တိုကို သိကြမှာပါ။
အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d’Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။
အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။
ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။
ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လိုပဲ ညွှန်းချင်ပါတော့တယ်။
❝ဘုရားဂုဏ်တော် ၉-ပါး❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
အရဟံဂုဏ်တော် (၅) ချက်-
၁။ အာရကတ္တာ- ကိလေသာတို့မှ ဝေးတော်မူသောကြောင့် အရဟမည်၏။
၂။ ပစ္စယာဒီနံ အရဟတ္ထာပိ- လူနတ်ဗြဟ္မာသုံးပါးတို့၏ ပစ္စည်းလေးပါး စသော ပူဇော်အထူးကို ခံထိုက်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၃။ နတ္ထိ ရဟော ဧတဿာတိ- ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုပြုခြင်းသည် မရှိသောကြောင့် အရဟမည်၏။
၄။ အရီနံ ဟတတ္တာပိ- ကိလေသာ တည်းဟူသော ရန်သူကို သတ်အပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
၅။ အရာနံ ဟတတ္တာပိ- သံသရာ စက်တို့ ၏အကန့်တို့ကို ဖျက်ဆီးအပ်သည်၏ အဖြစ်ကြောင့် အရဟမည်၏။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရား။
(အရာအားလုံးကို ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် အမှန်အတိုင်းသိမြင်တော်မူသော မြတ်စွာဘုရား။)
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရား။
ဝိဇ္ဇာဉာဏ် (၃) ပါး-
၁။ ပုဗ္ဗေနိဝါသဉာဏ်-ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ဉာဏ်။
၂။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင် အတားအဆီးမရှိ မြင်နိုင်သော ဉာဏ်။
၃။ အာသဝက္ခယဉာဏ် - အာသဝေါတရား လေးပါးကို ကုန်စင်အောင် ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာဉာဏ် (၈) ပါး-
၁။ ဣဒ္ဓိဝိဓဉာဏ် - တန်ခိုးအမျိုးမျိုး ဖန်ဆင်းနိုင်သောဉာဏ်။
၂။ မနောမယိဒ္ဓိဉာဏ် - စိတ်သွားတိုင်း ကိုယ်ပါနိုင်သောဉာဏ်။
၃။ ဒိဗ္ဗသောတဉာဏ် - နတ်တို့၏ နားကဲ့သို့ ကြားနိုင်သောဉာဏ်။
၄။ ပရစိတ္တဝိဇာနနဉာဏ် - သူတပါး၏စိတ်ကိုပိုင်းခြား၍သိနိုင်သောဉာဏ်။
၅။ ပုဗ္ဗေနိဝါသဉာဏ် - ရှေးရှေးသော ဘဝပေါင်းခြားများစွာက နေခဲ့ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သောဉာဏ်။
၆။ ဒိဗ္ဗစက္ခုဉာဏ် - နတ်တို့၏မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်။
၇။ ဝိပဿနာဉာဏ် - ဖြစ်ပေါ်သမျှသော သင်္ခါရတရားတို့ကို လက္ခဏာသုံးပါးတင်၍ ရှုမြင်ဆင်ခြင်နိုင်သောဉာဏ်။
၈။ အာသဝက္ခယဉာဏ် - အာသဝေါတရားလေးပါးကို ကုန်စင်အောင်ပြုတတ်သော အရဟတ္တမဂ်ဉာဏ်။
စရဏ အကျင့် ၁၅ ပါး-
၁။ သဒ်ဓါ
၂။ သတိ
၃။ ဟိရီ
၄။ ဩတ်တပ်ပ
၅။ ဝီရိယ
၆။ သုတ
၇။ ပညာ
၈။ ဘောဇနမတ္တညုတာ
၉။ ဇာဂရိယာနုယောဂ
၁၀။ သီလ
၁၁။ ဣန္ဒြိယသံဝရ
၁၂။ ပထမဈာန်
၁၃။ ဒုတိယဈာန်
၁၄။ တတိယဈာန်
၁၅။စတုတ္ထဈာန် တို့ကို စရဏတစ်ဆယ့်ငါးပါးဟု ခေါ်ဆိုသည်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
❝အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
❝သတ္ထာဒေဝ မနုဿာနံ ဂုဏ်တော်❞ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီးတစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
၁။ ဒုက္ခသစ္စာ - ဒုက္ခဟူသော ဆင်းရဲခြင်းတရားသည် အမှန်တကယ်ရှိသည်။
၂။ သမုဒယသစ္စာ - သမုဒယသည် 'ဒုက္ခ'ကိုဖြစ်စေသော အကြောင်းအရင်း အမှန်ဖြစ်သည်။
၃။ နိရောဓသစ္စာ - ဒုက္ခ၏ ငြိမ်းအေးရာ နိဗ္ဗာန်သည် အမှန်တကယ်ရှိသည်။
၄။ မဂ္ဂသစ္စာ - နိဗ္ဗာန်ကိုရရှိရန် နည်းလမ်းသည် မဂ္ဂင်ရှစ်ပါး အမှန်ပင်ဖြစ်သည်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါး-
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သိရီဘုန်းတော် - အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၅။ ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
၆။ ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဗုဒဓှံ သရဏံ ဂစဆှာမိ၊ ဓမမှံ သရဏံ ဂစဆှာမိ၊ သံဃံ သရဏံ ဂစဆှာမိ။
ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိပါဘုရား။
သတ္တဝါအားလုံး ဘေးရန်ကင်းကြ ပါစေ။
၇ - ရက်သားသမီး အားလုံး
ကျန်းမာ၊ ချမ်းသာကြပါစေ။
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
အလုပ်အကိုင်လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ...
❝ပေးကမ်းမျှဝေကူညီနိုင်သော လက်ပိုင်ရှင်များ ဖြစ်ကြပါစေ။❞
❝ပေးကမ်းမျှဝေကူညီနိုင်သော လက်တစ်စုံပိုင်ရှင်ဖြစ်ရပါလို၏။❞
❝ရယူလို့ဖြစ်တဲ့ ပျော်ရွှင်ခြင်းထက် ပေးကမ်းမျှဝေကူညီနိုင်လို့ရတဲ့ ပျော်ရွှင်မှုက ပိုမိုပြီး ချမ်းမြေ့ပျော်ရွှင်ကြည်နူးပိတိဖြစ်ရပါတယ်။❞