Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
◾️Overseas Customer Service Executive - Yangon
Company: Creative Coding Academy
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23128
◾️Admin Assistant - Yangon
Company: NAY & MAY Company Limited
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23127
◾️Production Assistant - Yangon
Company: NAY & MAY Company Limited
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23126
- ထမင်းပေါင်းအိုးနဲ့ သီးစုံထောပတ်ထမင်းအလွယ်ချက်နည်း -
ဆန်ပေါင်းအိုးဆန်ချိန်ခွက်သုံးခွက်စာ
မုန်လာဥနီ ဥတဝက်လောက် လေးထောင့်သေးသေးလေးတွေလှီးထား
ပဲစိမ်းအနည်းငယ်
စပျစ်သီးခြောက် နှစ်ဇွန်းစာလောက်
သီဟိုစေ့ နှစ်ဇွန်း
ပြောင်းဖူးစေ့အနည်းငယ်
ဆီသတ်ဖို့ကြက်သွန်နီတလုံးလောက်ပါးပါလှီးထား
ထမင်းကိုအနံ့လေးမွှေးမှကြိုက်လို့ သစ်ဂျပိုးခေါက်တခုလောက်၊ ကရဝေးရွက်နှစ်ရွက်၊ နာနတ်ပွင့် နှစ်ခုလောက်သုံးပါမယ် ။
ဆန်ကိုရေးဆေးပြီးစစ်ထားပါ ။
အရင်ဆုံး ဒယ်အိုးနဲ့ပဲဆီသတ်ပါမယ် ။
ဆီထမင်းစားဇွန်းနစ်ဇွန်းလောက်ကို ပူအောင်တည်ပြီးကြက်သွန်နီကိုထည့်ဆီသတ်ပါ ။
ပြီးရင်ထောပတ်နှစ်ဇွန်းလောက်ထည့် ။
ဟင်းခတ်အမွေးအကြိုင်တွေထည့်ပြီးဆီသတ်ပါ ရေစစ်ထားတဲ့ဆန်တွေ ထည့်မွေပါ ။
အရသာအတွက် ပြီးရင်ချက်မဲ့ပေါင်းအိုးထဲပြောင်းထည့်ပါ ။
ရေကိုတော့ချက်နေကျအတိုင်းအတာအတိုင်းထည့်ပြီးချက်ပါ ။
ထမင်းမကျက်ခင် ငါးမိနစ်အလိုလောက်မှာအသီးအနှံလေးတွေထည့်ပါ ။
ဒါဆို သီးစုံ ထောပတ်ထမင်း စားလို့ရပါပြီး ။
ဟင်းကတော့ကြက်သားဆီပြန် ချက်နေကျအတိုင်းလေးပဲချက်လိုက်ပါတယ် ။
ကိုယ်အဆင်ပြေတဲ့ဟင်း နဲ့ ချက်စားလို့ရပါတယ်
အာရုံကြောအားနည်း ခေါင်းချွေး တအားထွက် ဝမ်းချုပ် မူးဝေတာတွေ အတွက် ပျောက်ကင်း သက်သာစေမည့် ဆေ:နည်း
ဖတ်ကြည့်ပေးနော်
++++++++++++
ကျွန်တော် အာရုံကြောအားနည်း ခေါင်းချွေးတအားထွက် ဝမ်းချုပ် မူးဝေတာတွေတော့ အခုဘာဆေ:မှ သောက်စရာ မလိုလောက်အောင် ဒီပျားသံပရာကို လုပ်စားကြည့်လာတာ အတော်လေးအဆင်ပြေသွားပါပြီ။ ခေါင်းချွေးများ ထွက်လာပြီဆို ဘာမှ မလုပ်ချင်လောက်အောင် စိတ်ပျက်မိတာ။
ပျားရည်တော့စစ်ဖို့လိုမယ်ထင်တယ်။ အရမ်းကောင်းတယ် မနက်အိပ်ယာ ထထချင်း ပျားသံပရာ စားလိုက်တယ် မုန့်ဟင်းငါး ငံပြာရည်ချက် ငပိရည် အခုအကုန်စားတာ သွေးတိုး မရှိတာ့ဘူး။
တအားတော့ မစားနဲ့ပေါ့ နော် မျှဝေပေးပါ လက်တွေ့ကောင်းတယ်။ အာရုံကြောအတွက် ဆေ:ကုထားတာ ချေလက်တွေ ထုံကြင်တာတွေ သက်သာ လာတယ်။ လက်တွေ့ဆေ:အဖြစ် ရာသက်ပန် သုံးတော့မည်။ အခုပျားရည်အစစ် လိုက်ရှာနေတယ် ထပ်လုပ်ထားမလို့
ပြုလုပ်ပုံအဆင့်ဆင့်
သံပရာသီးကို ဆားနဲ့ပွတ်ပေးပြီး ရေဆေ:လိုက်။ ရေအေချာက်ခံ ရေပြောင်အောင်သုတ်ပြီး အကွင်းလေးတွေလှီး။ အစေ့ဖယ် လှီးပီးသား သံပရာသီးကို ပုလင်းထဲထည့်။ ပျားရည်လောင်းထည့်။ ပြီးရင် ရေခဲေ.သတ္တာထဲထား။ သုံးရက်လောက်ဆို စားတော့ရပါပြီ။
အပြစ်ကို လူတိုင်း မြင်တတ်ကြပေမယ့်
ကျေးဇူးတရားကိုတော့ လူတိုင်း မမြင်တတ်ကြဘူး။
#စာတို
နေ့ရက်တိုင်းကို အကောင်းမြင်စိတ်နဲ့ ပဲ
ရှင်သန်နေထိုင်တယ်။
နေ့တိုင်း ထိတွေ့ဆက်ဆံရတဲ့
လူအနည်းစုကို နွေးထွေးကြင်နာစွာ
အကောင်းမွန်ဆုံးဆက်ဆံတယ်။
မေတ္တာတရားကို ရှေ့တန်းတင်ပြီ
လူတွေကို ပြုံးပြနှုတ်ဆက်နိုင်အောင် ကြိုးစားတယ်။
ဒီနေ့ပွင့်ပြီ
မနက်ဖြန်ညှိုနွမ်းတဲ့ ပန်းတွေလိုမျိုး
ငါလည်း တစ်နေ့နေ့ကျရင် ပျောက်ကွယ်သွားရမှာဘဲ အတ္တတွေ ၊ မာန တွေ မထားချင်ပါ
စိတ်ရော လူရော အေးချမ်း ငြိမ်းချမ်းချင်ပါတယ်။
" ပင်ပန်းမှုတွေနဲ့ နေသားကျနေဖို့လိုတယ်"
"ကြီးကြီးမားမားရလဒ်တိုင်းက
ပြင်းပြင်းထန်ထန်အလုပ်လုပ်တာနဲ့ လုံ့လစိုက်ထုတ်ခြင်းတွေကနေသာ ပေါ်ထွက်လာတာ၊ ဆင်ခြေတွေကနေ
မဟုတ်ဘူး"
Kobe Bryant
ပြင်းထန်တဲ့အလုပ်လုပ်ခြင်းက ကျွန်တော်တို့အတွက်
ဘာကြောင့်လိုအပ်ရသလဲဆိုတော့ကိုယ်လုပ်တဲ့အလုပ်မှာ အကျွမ်းကျင်ဆုံးနဲ့
အလုပ်အများဆုံးပြီးစေမှာ ဖြစ်လို့ပဲ။
ဘယ်နယ်ပယ်မှာမဆို မကျွမ်းကျင်တဲ့သူကို လူရာမသွင်းဘူး၊ မလေးစားဘူး၊ မတက်သာလို့ခေါ်ပြောနေရရင်တောင်
အားကိုးလောက်စရာ အရည်အချင်းမရှိတဲ့သူလို့ လူတွေက တွေးနေကြမှာ။
ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတဲ့ စကားလိုပဲ၊
အခု ပင်ပန်းဆင်းရဲတာ မှန်သမျှက နောင်တချိန် ကျွန်တော်တို့အတွက် သက်တောင့်သက်သာ နေထိုင်နိုင်ဖို့ နစ်နာရမှုပဲ။ဒါဘဝရဲ့ အမှန်ကန်ဆုံး နိယာမပဲ။ပြောင်းလဲလို့ မရဘူး။
သက်သက်သာသာနဲ့ ဖြတ်လမ်းနည်းသုံးပြီးအောင်မြင်သွားတယ်ဆိုတာမျိုးက ရုပ်ရှင်တွေထဲမှာတောင်မရှိတော့ဘူး။ ကံကောင်းမှုသက်သက်
ကြောင့်ဖြစ်လာတဲ့ အကျိုးရလဒ်မျိုးကို
လုံးဝ မမျှော်လင့်တာ အကောင်းဆုံးပဲ။မျှော်လင့်ရင်လည်း စိတ်ပင်ပန်းရရုံပဲ ရှိလိမ့်မယ်။
အကြောင်းပြချက်တွေပဲ
စဥ်းစားနေရင် ပင်ပန်းမှုဒဏ်ကို
ခံနိုင်မှာ မဟုတ်ဘူး။
အလုပ်တစ်ခုကို ပြီးမြောက်အောင်လုပ်သင့်တဲ့ မှန်ကန်တဲ့အကြောင်းရင်းကို
ဆင်ခြေတွေက ရှာပေးမှာ မဟုတ်ဘူး။
ပင်ပန်းမှုတွေနဲ့ နေသားကျနေဖို့လိုတယ်၊
ပင်ပန်းဆင်းရဲမှုဟာ ဒူပေဒါပေ
ခံနိုင်တဲ့ ရင့်ကျက်မှုမျိုးကို ပေးလိမ့်မယ်၊
နာကျင်မှုတွေကြားမှာ ရုန်းကန်
ကြိုးစားနေရတာက ဘဝရဲ့
အဓိပ္ပါယ်အစစ်ပဲ။ ဒါကို
လက်မခံနိုင်ရင် သာယာချောင်ချိတဲ့
အလုပ်တွေလုပ်ရင်း တဖြည်းဖြည်းခက်ခဲလာတဲ့ ဘဝကို ရင်ဆိုင်ရလိမ့်မယ်၊
စိတ်ခံစားချက်တွေနောက်လိုက်ရင်း အသုံးမကျတဲ့ ဘဝ၊ အထီးကျန်တဲ့ဘဝမျိုးကိုပဲ ကိုယ်တိုင်ဖန်တီးမိနေလိမ့်မယ်။
ပင်ပန်းမှုတွေကြားမှာ နေသားကျဖို့သာ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပေးရမယ်။
ဒီအချက်က ကျွန်တော်တို့အမြဲတမ်း လက်ခံကြိုးစားသွားရမယ့် အမှန်တရားပဲ။
အလုပ်လုပ်လွန်းလို့ စိတ်ဓာတ်ကျရတဲ့သူ မရှိဘူး၊
ဘာမှမလုပ်ပဲနေတာကြာသွားလို့
စိတ်ဓာတ်ကျလာတဲ့သူတွေသာ ရှိတယ်။
အခန်းထဲမှာ အိပ်လိုက်စားလိုက်နဲ့ ဘယ်လောက်နေနိုင်မှာလဲ၊ ဒီအတိုင်းတစ်သက်လုံးနေနိုင်မှာလား၊ လူရဲ့ သဘာဝက သက်သာမှုကိုတောင့်တမက်မောတာတော့ အမှန်ပဲ၊ ဒါပေမယ့် သက်သာမှုက ဘယ်သူ့အတွက်မဆို နည်းနည်းလေးပဲ လိုအပ်တာ။
မသက်သာမှု၊ လှုပ်ရှားရုန်းကန်မှုတွေကြားမှာပဲ တခြားသူတွေနဲ့ ဆက်ဆံရေးတွေ၊ မိမိရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေကတိုးလာရတာပဲ မဟုတ်လား။ သက်သာမှုကို ကျွန်တော်တို့ အမြဲတမ်းလိုချင်တယ်ထင်နေတာဟာ မှားတယ်၊ တကယ်တမ်းက သိပ်ပင်ပန်းဆင်းရဲတဲ့အချိန် ခနလောက်စိတ်အပန်းဖြေဖို့လောက်သာ တောင့်တကြတာ။
နာမည်ကြီးစာရေးဆရာ Robert Greene ကပြောဖူးတယ်။
" ပင်ပန်းမှုကြောင့် လူတွေ ဘယ်တော့မှ သေဆုံးမသွားလူး၊
သက်သာလွန်းတာကြောင့်ပဲ သေသွားနိုင်တယ်၊ ငါကတော့ သိပ်သက်သာတဲ့ဘဝမျိုးထက် သိပ်ပင်ပန်းတဲ့ဘဝမျိုးနဲ့ အလုပ်လုပ်ရင်း သေသွားရတာမျိုးကိုပဲ ရွေးချယ်မယ်"။
ရုန်းကန်လှုပ်ရှားမှုတွေနဲ့သာ
ကျန်းမာရေးတွေလည်း ကောင်းလာတာ။ ဘယ်မှမသွားပဲ ၊ အိပ်ယာထဲ ၅ ရက်လောက်လှဲနေကြည့်လိုက်၊ ခေါင်းကိုက်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ ညောင်းညာတာတွေဖြစ်လာလိမ့်မယ်။လူ့သဘာဝက လှုပ်ရှားရုန်းကန်မှုနဲ့အတူ ရှင်သန်နေမှ
ပင်ပန်းဆင်းရဲတာတွေကြုံရမှလည်း စိတ်ကျေနပ်မှုကို ရနိုင်တာ။
"ငါသိပ်ပင်ပန်းလိုက်တာ" လို့
ညည်းမိတာ၊ "ဘဝက သိပ်ခက်ခဲတာပဲ"လို့ တွေးမိတာတွေက မထူးခြားဘူး။ ထုတ်မပြောတာပဲ
ရှိရင်ရှိမယ်၊ ရုန်းကန်ကြိုးစားနေတဲ့သူတိုင်း အဲ့လိုခံစားချက်မျိုးက တစ်ခါမဟုတ်တစ်ခါတော့ ဝင်လာတာ ချည်းပဲ။
ရင့်ကျက်မှုကို စာတစ်ကြောင်းတည်းနဲ့ ဖော်ပြရရင်
" အလိုဆန္ဒတွေထက် လုပ်သင့်တာ၊ ကိုယ့်အတွက်လိုအပ်တာတွေကို ရွေးချယ်နိုင်ဖို့ သတ္တိရှိခြင်း" လို့ပြောနိုင်တယ်။
သူလည်းလူ ကိုယ်လည်းလူပဲ၊ သူလည်း အသွေးအသားနဲ့ ကိုယ်လည်း အသွေးအသားနဲ့၊
ဘယ်သူမဆို ပင်ပန်းခက်ခဲတဲ့လမ်းမျိုးကို လျှောက်ဖို့ ဘယ်ရွေးချယ်ချင်ပါ့မလဲ။
ဒါပေမယ့် ဒီခက်ခဲပင်ပန်းတဲ့လမ်းက ကျွန်တော်တို့ဘဝအတွက် မှန်ကန်တဲ့လမ်းဖြစ်နေတော့ စိတ်ဆင်းရဲမှုတွေကို
ခါးစည်းကျော်ဖြတ်ဖို့ ကြိုးစားရတာကပဲ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ဖြစ်လာတယ်။
ရင့်ကျက်ခြင်းရဲ့ အင်အားဖြစ်လာတယ်။