1 y - Translate

ရီးရဲလ်မက်ဒရစ်ကိုဂိုးသွင်းယူပြီးနောက် ရော်နယ်ဒိုရဲ့ပုံစံနဲ့အောင်ပွဲခံခဲ့တဲ့ ဒီကလန် ရို၊က်စ် 🐐🔴

image
1 y - Translate

နန်းကျဘုရင် Alexander Volkanovski
Alexander Volkanovski က ဖယ်သာဝိတ်တန်းမှာ (၁,၅၂၆) ရက်ကြာ ချန်ပီယံဖြစ်ဖူးတယ်တဲ့။ မြင်လွယ်အောင်ပြောရရင် ဖယ်သာဝိတ်ချန်ပီယံဘဝက (၄) နှစ် (၂) လ (၆) ရက် ကြာလိုက်တယ်။ ဖယ်သာဝိတ်ဖိုက်တာတွေကိုလည်း ရှင်းထုတ်ထားတယ်။ နောက်ဆုံးပွဲကျမှသာ တစ်ချက်ကောင်းထိပြီး အလဲထိုးခံရတာပါ။
အရင်တုန်းက Alexander Volkanovski ဟာ ဘိုကေထားတယ်။ ဘိုကေဆိုပေမယ့် ဆံပင်က စတိလောက်ပဲပါတယ်။ ချန်ပီယံဖြစ်တဲ့အထိကို ဘိုကေထားတုန်းပဲ။ နောက်ပိုင်းကျမှသာ ကတုံးတုံးတာပါ။ ဆံပင်မကောင်းရင် ကတုံးတုံးတာက ပိုကြည့်ကောင်းပါတယ်။ Dana White တို့ Joe Rogan တို့လည်း ဆံပင်သိပ်မကောင်းတာမို့ ကတုံးတုံးလိုက်တာပဲလေ။
Volkanovski နဲ့ Ortega တွဲဆိုင်းကို အခုထိလည်း သတိရမိသေးတယ်။ တတိယအချီလောက်မှာ Brian Ortega က ချုပ်ထားလိုက်တာ အကြာကြီးပဲ။ အောင်းမလေး ဒီတစ်ခါတော့ Alexander Volkanovski လည်း မျိုးတုံးပြီထင်တယ်လို့ ထင်မိတယ်။ ဘယ်ဟုတ်မလဲ။ Brian Ortega ရဲ့ ချုပ်ကွက်ကို ပြန်ရုန်းနိုင်ခဲ့တယ်။ Alexander Volkanovski က ချန်ပီယံစိတ်ဓာတ်ကို ပြသွားတာပါ။ စိတ်ဓာတ်ကိုတော့ ဆလံသမိပါရဲ့။ စိတ်ဝင်စားရင် ဒီမှာ bit.ly/42p8HZQ ကြည့်ပါ။
Volkanovski နဲ့ Makhachev တွဲဆိုင်းကို အကြိုက်ဆုံးပါ။ ပထမပွဲကို ပြောတာပါ။ Alexander Volkanovski က လိုက်ဝိတ်တန်းမှာ တက်ကစားရပေမယ့် ပြင်ဆင်မှုအားကောင်းတယ်။ Islam Makhachev ကို အသာစီးထိုးနိုင်တယ်။ ထိချက်အသာထိုးနိုင်တာပါ။ ဒါပေမယ့် Takedown နဲ့ Control Time တွေကြောင့် လိုက်ဝိတ်ချန်ပီယံမဖြစ်လိုက်ဘူး။ အမှတ်ပြတ်ရှုံးပေမယ့် Alexander Volkanovski က စွမ်းဆောင်ရည်ကောင်းပါတယ်။ စိတ်ဝင်စားရင် ဒီမှာ bit.ly/4jqFDYZ ကြည့်ပါ။
အခုတက်လာတဲ့ Diego Lopes ဆိုတာက UFC အဖွဲ့အစည်းကိုရောက်တာ (၂) နှစ်မပြည့်သေးပါဘူး။ ပွဲဦးထွက်မှာ Diego Lopes က Movsar Evloev ကို အမှတ်ပြတ်ရှုံးပါတယ်။ အဲဒီနောက်မှာ နိုင်ပွဲဆက်ပြီး အဆင့် (၁၂) ကို ရောက်လာတယ်။ အဲဒီအချိန်မှာ Brian Ortega က အဆင့် (၃) ဖြစ်ပါတယ်။ Ranking ကွာပေမယ့် တည်ပေးလိုက်တယ်။ Dana White က Diego Lopes ကို Role တင်ချင်တာပါ။
ဖြစ်ချင်တော့ Diego Lopes က Brian Ortega ကို အမှတ်ပြတ်နိုင်သွားပါတယ်။ အဲဒီပွဲမှာ စွမ်းဆောင်ရည်က တော်တော်ကောင်းပါတယ်။ အဆင့် (၁၂) သမား Diego Lopes က Brian Ortega ကိုနိုင်ပြီး အဆင့် (၃) ဖြစ်လာတယ်။ အရှင်မွေး နေ့ချင်းကြီးဆိုသလို နတ်ရေကန်ထဲ ပစ်ချလိုက်သလို ချန်ပီယံလုခွင့်ရသွားတာပါ။ Movsar Evloev လေးတောင် ငြိမ်နေရတယ်။
Alexander Volkanovski က နန်းကျဘုရင်ဆိုပေမယ့် အများကြီးကျန်ပါသေးတယ်။ နောက်ဆုံးပွဲမှာ အလဲထိုးရှုံးပေမယ့် စွမ်းဆောင်ရည်ကောင်းပါတယ်။ ပြောရရင် Diego Lopes က စန်းတက်နေတယ်။ အဆင့် (၁၂) သမားက (၉) ဆင့်ခုန်တက်ပြီး ချန်ပီယံလုခွင့်ရသွားတာ ဘယ်လောက်မိုက်သလဲ။ ကြည့်ကောင်းပါလိမ့်မယ်။

image
1 y - Translate

အလုပ်မှာဖြတ်သန်း ကြုံတွေ့နေတဲ့
အခက်အခဲနဲ့ဖိအားတွေကို
မိသားစုက သိမှာမဟုတ်သလို
အလုပ်ကလူတွေကလဲ
ကိုယ့်အိမ်မှာ ဖြစ်နေ ကြုံနေရတဲ့
အခြေအနေတွေကို သိကြမှာမဟုတ်ပါဘူး။

သူငယ်ချင်းတွေ မိတ်ဆွေတွေကလဲ
ကိုယ်ယူထားရတဲ့ တာဝန်တွေရဲ့
လေးနက်မှု နက်ရှိုင်းမှုကို
နားလည်ကြမှာမဟုတ်ပါဘူး။

ဘဝရဲ့လက်တွဲဖော်ဆိုသူကလည်း
ကိုယ့်ဆီကသာ ချစ်ခြင်းတွေနဲ့
အားပေးမှုတွေ နွေးထွေးမှုကိုပဲ
မျှော်လင့်လေ့ရှိကြတာဖြစ်ပြီး
ကိုယ်ရင်ဆိုင်နေရတဲ့ ဖိအားတွေအကြောင်း
(ဘယ်လိုပဲပြောပြပြောပြ)
ကိုယ်ချင်းစာနိုင်ကြမှာမဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ဘယ်သူကမှ
ကိုယ့်ဘဝမှာတကယ်ဖြစ်ပျက်နေတဲ့အရာတွေကို
နားလည်ပေးနိုင်ကြမှာမဟုတ်သလို
သင့်ရဲ့ကြိုးစားအားထုတ်မှုတိုင်းကိုလဲ
အသိအမှတ်ပြုနိုင်မှာ မဟုတ်ပါဘူး။

ဒါဟာသာမန်ပါ။
ဒါဟာဘဝပါ။

ဘယ်သူ့ကိုမှ အပြစ်တင်နေဖို့မလိုပါဘူး။

ကိုယ့်ဘဝကို ကိုယ်တိုင်နားလည်နိုင်ဖို့က
အရေးကြီးပြီး ကိုယ်ပျော်ဖို့က
ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။

image
1 y - Translate

မြန်မာ player လေးတွေ ရဖို့ခက်ခဲမဲ့ Achievement အသစ်

image
1 y - Translate

ဘဝမှာ
နောက်ကျသွားပြီ ဆိုတာ
တကယ်ရှိတယ်
ပြောရမဲ့အချိန်မှာ
ပြောသင့်တဲ့စကားကို
ပြောဖြစ်အောင် ပြောပါ
ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်
မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ် ။
#လူခေး

image
1 y - Translate

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ အကောင်းဆုံးရရှိခဲ့ကြတဲ့ ကစားသမားများ 🏅👏

image
1 y - Translate

အိုကေပါ

image

Game of thrones ပဲ့ကိုင်ရှင် George R.R. Martin နဲ့ နှစ် 10,000 အကြာမှ မွေးဖွားလာတဲ့ ဒိုင်းယားဝံပုလွေ

image
1 y - Translate

အမလေး ကျေးဇူးနော်

image

Robert Pattinson ကို Dune 3 ဇာတ်ကားအတွက် စိတ်ဝင်စားနေ

ဒါရိုက်တာ Denis Villeneuve ကတော့ နာမည်ကြီး သရုပ်ဆောင် Robert Pattinson ကို “Dune: Messiah” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်လိုကြောင်းနဲ့ သူ့ရဲ့ A-list သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဇာတ်ကားအဖွဲ့ထဲမှာ ထည့်ဖို့ စီစဥ်နေကြောင်းသိရပါတယ်။

Villeneuve ကတော့ Dune: Messiah ကို လာမယ့် နွေရာသီမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပြီး နောက်ဆက်တွဲအတွက် ဇာတ်ညွှန်းကို အပြီးသတ်ရေးသားနေစဉ်၊ Pattinson ကို Timothée နဲ့ Zendaya တို့လို Dune မှာလည်း ပါဝင်စေလိုတဲ့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Pattinson နဲ့ တရားဝင် ကမ်းလှမ်းတာမျိုးတော့မလုပ်ရသေးသလို ဘယ်နေရာက သရုပ်ဆောင်ရမယ်လို့လည်း တိတိကျကျမသိရသေးပါဘူး။

Pattinson ကလည်း မကြာသေးမီက Zendaya နဲ့အတူ A24 ဇာတ်ကား “The Drama” မှာ အတူတူပါဝင်ခဲ့ကြပြီး၊ လက်ရှိမှာတော့ Christopher Nolan ရဲ့ “The Odyssey” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးနေပါတယ်။ ဒါ့အပြင် Warner Bros. ရဲ့ “The Batman 2 ” ဇာတ်ကားမှာလည်း အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး၊ ၂၀၂၇ ခုနှစ်မှာ ရုံတင်ပြသမယ်လို့သိရပါတယ်။

ပြီးခဲ့သည့်နှစ်က Legendary မှ “Dune: Part 2” ရဲ့ အောင်မြင်မှုကြောင့် “Dune 3” ကို ရိုက်ကူးမယ်လို့ အတည်ပြုခဲ့သည်။ ပထမနှင့် ဒုတိယဇာတ်ကားများကတော့ ကမ္ဘာ့ရုံဝင်ငွေ စုစုပေါင်း ၁.၁၂ ဘီလီယံဒေါ်လာ ရရှိခဲ့ပြီး၊ အော်စကာဆု ၁၅ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ကာ ၈ ဆုရရှိခဲ့ကြပါတယ်။ ဇာတ်ကားနှစ်ကားလုံးကလည်း အကောင်းဆုံးဇာတ်ကားဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ကြပါတယ်။

Villeneuve ရဲ့ “Dune” ဇာတ်ကားများမှာတော့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ Javier Bardem, Rebecca Ferguson, Josh Brolin, Austin Butler, Oscar Isaac, Stellan Skarsgard, Léa Seydoux, Charlotte Rampling, Dave Bautista နဲ့ Christopher Walken တို့ပါဝင်ခဲ့ကြပါတယ်။ နောက်ဆက်တွဲဇာတ်လမ်းမှာတော့ Florence Pugh နဲ့ Anya Taylor-Joy တို့ပါဝင်လာခဲ့ပြီး သူတို့ကလည်း Dune Part 3 မှာ ပြန်လည်ပါဝင်သွားမယ်လို့သိရပါတယ်။

ဒါ့အပြင် Jason Momoa ကလည်း Duncan Idaho ဇာတ်ကောင်အတွက် ပြန်လည်သရုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။

image