1 y - Translate

Deathwatch (2002)

ပထမကမ္ဘာစစ်ကာလကို အခြေခံပြီးရိုက်ထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်သားအချို့ အဖွဲ့ ကွဲ၍ ဂျာမန် ရှေ့တန်းတပ်စခန်းတစ်ခုကိုရောက်သွားသောအခါ တပ်စခန်းမှာ ဂျာမန်စစ်သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါတယ်။

ဗြိတိသျှစစ်သားများက ပုန်းခိုနေနိုင်မည့် နောက်ထပ်ဂျာမန် တပ်သားတွေကို ရှာဖွေရင်း ထူးဆန်းတဲ့အဖြစ်ပျက်တွေတစ်ခုပြီး တစ်ခုဖြစ်ကာ အဖွဲ့သားအချင်းချင်းရန်လိုမှုတွေ စတင်ဖြစ်ပွါးလာ ပါတယ်။

ရန်သူ့နယ်မြေမှာ လမ်းပျောက်နေတဲ့ ဗြိတိသျှတပ်သားအဖွဲ့ အန္တရာယ်ကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ပါ့မလား သူတို့အဖွဲ့ကိုနှော င့်ယှက်နေတဲ့

ထူးဆန်းတဲ့အရာကရော ဘာဖြစ်မလဲ စသည်ဖြင့် သည်းထိပ်ရင်ဖို ကြည့်ရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

image

Peace maker 2 trailer sneak peek

1 y - Translate

သမိုင်းထဲက ဒိန်းမက်နိုင်ငံရဲ့ ပြောင်းလဲပုံအကြောင်းကို ကြည့်ရှုရမယ့် သမိုင်းဝင်ရုပ်ရှင်တစ်ကား

The Promised Land
2023 ‧ Western/Thriller ‧ 2h 7m

ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။
IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။
The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို ကြည့်သင့်တဲ့

ရုပ်ရှင်ကောင်းတစ်ခုပါပဲ။
ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီး
ဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။
၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာ
လူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှ
မအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုးလိုမရတဲ့အပြင်
ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလိုပါ။
အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေ
ပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲက
သူအောင်မြင်မယ်လို မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီး
ခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင်
လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့
သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင်
သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ နဂိုကမှ ခက်ခဲနေတဲ့အလုပ်ဟာ
မဖြစ်နိုင်စရာဖြစ်လာပါတယ်။ ဒါတွေကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊
အောင်မြင်ဖိုအတွက် ဘာတွေပေးဆပ်လိုက်ရလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ
ဆက်ကြည့်ရမှာပါ။

image
1 y - Translate

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ ထုတ်ပြန်ချက်
April 10, 2025
(မိုး/ဇလ) ဧပြီ ၁၀

ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်း ထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိ အားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါ သည်။

ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေ ပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

image
1 y - Translate

ဘောက်ဆင်မှာ ဘောင်းဘီအရောင်တူ ဝတ်ခွင့်ရှိလား
အားကစားသမားတွေက အရောင်အသွေးကို အစွဲအလန်းရှိကြတယ်။ Muhammad Ali ဆိုရင် အများအားဖြင့် ဘောင်းဘီဖြူပဲ ဝတ်လေ့ရှိတယ်။ Ricky Hatton လည်း မိုးပြာရောင်ပါတဲ့ ဘောင်းဘီပဲ သုံးပါတယ်။ သံမဏိမိုက် Mike Tyson ကတော့ ဘောင်းဘီနက်ပဲ သဘောကျတယ်။ ထပ်မေးစရာရှိတာက ပွဲထိုးရင် ဘောင်းဘီအရောင်တူ ဝတ်ဆင်ခွင့်ရှိလားဆိုတာပါပဲ။
ဘောက်ဆင်စည်းမျဉ်းထဲမှာ ကစားသမားတွေက ဘောင်းဘီအရောင်တူ ဝတ်ခွင့်မရှိဘူးလို့ တားမြစ်မထားဘူး။ ဒါပေမယ့် ဝိတ်ချိန်တဲ့နေ့မှာ အားကစားကော်မရှင်က ခွင့်ပြုပေးတဲ့ အသုံးအဆောင်တွေကိုပဲ ဝတ်ဆင်ရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကလည်း အားကစားကော်မရှင် ခွင့်မပြုရင် ဝတ်ခွင့်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၁၉၈၆ ခုနှစ်မှာ Mike Tyson ဟာ Trevor Berbick ကို စိန်ခေါ်လိုက်တယ်။ Trevor Berbick က WBC Heavyweight Champion ဖြစ်ပါတယ်။ ထူးခြားတာက ကစားသမားတွေဟာ ဘောင်းဘီအရောင်တူ ဖြစ်နေတာပဲ။ နီဗားဒါးပြည်နယ် အားကစားကော်မရှင်က ချန်ပီယံကိုပဲ ဦးစားပေးပါတယ်။ ဒါက ထုံးစံပါပဲ။ ဒါဆိုရင် စိန်ခေါ်သူ Mike Tyson ဟာ ဘောင်းဘီအရောင် ပြောင်းဝတ်ရပါမယ်။ ဘောင်းဘီနက် ဝတ်ခွင့်မရှိတော့ပါဘူး။
Mike Tyson ကလည်း ခေါင်းမာတယ်။ ပွဲနေ့မှာ ဘောင်းဘီနက်ဝတ်ပြီး တက်ထိုးတာပဲ။ လက်အိတ်က အနီရောင်ဆိုတော့ ဆင်တူဖြစ်ကုန်တယ်။ ဖိနပ်ကလည်း အရောင်တူပါ။ ခြေအိတ်ရှည် ဝတ်မထားလို့ တော်သေး။ ဒါပေမယ့် အကုန်လုံးက ခပ်ဆင်ဆင်ဖြစ်သွားတယ်။ ခြေအိတ်နဲ့ အရပ်အမြင့်ပဲ ကွဲတာပါ။ Mike Tyson က Trevor Berbick ကို ဒုတိယအချီမှာ အလဲထိုးပြီး WBC Heavyweight Champion ဖြစ်လာပါတယ်။ အသက်ငယ်ဆုံးကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ပွဲအပြည့်အစုံကို စိတ်ဝင်စားရင် ဒီမှာ bit.ly/2Hl3MDP ကြည့်ပါ။
နီဗားဒါးပြည်နယ် အားကစားကော်မရှင်က Mike Tyson ကို ဒေါ်လာ (၅) ထောင် ဒဏ်ရိုက်လိုက်ပါတယ်။ ထိုးကြေးက ဒေါ်လာ (၁.၅) သန်းရထားတာဆိုတော့ အေးဆေးပါပဲ။ ဘာဖြစ်လို့ တားမြစ်သလဲဆိုရင် ရုပ်သံစီစဉ်တင်ဆက်သူတွေ အခက်တွေ့မှာ စိုးလို့ပါ။ "ဘောင်းဘီနက်ကို ဝတ်ဆင်ထားသူက Trevor Berbick ဖြစ်ပါတယ် . . . ဘောင်းဘီပြာကို ဝတ်ဆင်ထားသူက Mike Tyson ပါခင်ဗျာ" လို့ ကြေညာရမှာလေ။ ဘောင်းဘီအရောင်တူနေတော့ ရုပ်ရည်အသွင်အပြင်နဲ့ ကြေညာလိုက်ရင် Body Shaming ဖြစ်သွားလိမ့်မယ်။ အဓိပ္ပာယ်လည်း မရှိတော့ဘူး။ ပြီးတော့ ပရိသတ်တွေလည်း မျက်စိရှုပ်ကုန်မှာလေ။ နောက်ပိုင်းမှာ ဘောင်းဘီဒီဇိုင်းဆန်းတွေ တီထွင်ဖန်တီးလာပြီဆိုတော့ ဆင်တူမဖြစ်တော့ပါဘူး။ ဘောင်းဘီအရောင်တူမယ်ဆိုရင်တောင် ဒီဇိုင်းတူမှာ မဟုတ်ဘူးလေ။ Mike Tyson လို ဒဏ်ရိုက်ခံစရာအကြောင်း မရှိတော့ဘူး

image
1 y - Translate

ပွဲစစခြင်း Wan Wan တို့ Akai တို့ပဲ
ကျနေတယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့ New Player
တွေ အတွက် ...

image
1 y - Translate

Amulet (202
============
Amulet ဆိုတာက အဆောင် လက်ဖွဲ့ ပစ္စည်းတစ်ခုခုကိုပြောချင်တာဖြစ်ပါတယ်။
စစ်သားတစ်ဉီး ရှိပါတယ်သူက အကျင့်စာရိတ္တလည်း မကောင်းပါဘူးသူ တာဝန်ထမ်းဆောင်နေဆဲကာလမှာ ဆိုးရွားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ် ပြီးတော့သူအဆောင် လက်ဖွဲ့တစ်ခုကို တောထဲမှာ ရှာတွေ့ခဲ့ပါတယ်
အဲ့ဒီ့လက်ဖွဲ့ကလေးရပြီးတဲ့နောက် သူ
ထူးထူးဆန်းဆန်းတွေနဲ့ပဲ ကြုံရပါတော့တယ်တစ်နေ့ သူမေ့လဲသွားပြီး မြို့က ဆေးရုံကို ရောက်သွားခဲ့ပါတယ်
အဲ့ဒီနောက် စစ်စတာ တစ်ယောက်နဲ့ အဆက်အသွယ်ရပြီးတော့မြို့က အကူညီလိုအပ်နေတဲ့ မက်ဂဒါလို့ခေါ်တဲ့အမျိုးသမီးအိမ် ကို သွားပြီးတော့ အိမ်အလုပ်တွေ ကူလုပ်ရင်း နေခဲ့ပါတယ်မက်ဂဒါ ရဲ့ အမေက မူမမှန်ပါဘူးဒါကို အစတည်းက တိုးမက်ဇ်က ရိပ်မိပါတယ် ဒါပေမယ့်အမေဖြစ်သူကိုတော့ သူ မမြင်ဖူးခဲ့ပါဘူးဒီအိမ်ကိုစရောက်တဲ့နေ့ကစပြီးတော့ တိုးမက်ဇ်ဟာ
ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခုကြုံလာရပါတော့တယ်အိမ်ကနေ ဘယ်လိုပဲထွက်သွားဖို့ကြိုးစားကြိုးစားသူ ထွက်မသွားနိုင်ခဲ့ပါဘူး

image
1 y - Translate

ပင်လယ်ကုန်တင်သင်္ဘောတစ်စီးကို အာဖရိကပင်လယ်ဓားပြတွေက စီးနင်းပြီး ဓားပြတိုက်ကြတဲ့အခါ

Captain Phillips
2013 ‧ Thriller/Action ‧ 2h 14m

၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။
အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။
ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hank တိုကြားက စကားပြောခန်းတွေဖြစ်ပါတယ်။
IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/10% အထိရရှိထားသော
ဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

image
1 y - Translate

အသက် ၁၅ နှစ်နဲ့ လက်စတာစီးတီးအတွက်ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ဂျီရီမီ မွန်ဂါ 👶🔵

အသက်မပြည့်သေးတာကြောင့် ဂိ၊မ်းကြော်ငြာ ရင်ဘတ်စပွန်ဆာကို ထည့်သွင်းခွင့်မပြုခဲ့ပါဘူး 🚫

image
1 y - Translate

အန္တရာယ် ကင်းစေချင်တယ်
ဆံပင်တွေ လှစေချင်တယ်
မမရေ
ရပ်ကွက်လူမိုက်တွေ ချစ်တတ်လာတဲ့အခါ
၂၄ပစ္စည်း စကျက်ပါတယ်
ကျစ်ဆံမြီးကျစ်နည်း စသင်ပါတယ်။
#သူရဇ္ဇနီ