Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Mobile Suit Gundam: Hathaway's Flash (2021)
Genres: Mecha, Military, Sci-Fic, Action, Drama
🌟🍀 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
🍀🌟ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1795
Trump ရဲ့တိုးမြင့်လာတဲ့အခွန်နဲ့ ၂ ဆပေးဝယ်ရတော့မယ့် iPhone
Donald Trump ကျေးဇူးနဲ့ iPhone တွေကို ၂ ဆပေးဝယ်ရပါတော့မယ်။
Donald Trump ရဲ့ အခွန်တိုးမြှင့်ကောက်ခံနေတဲ့ကိစ္စက နည်းပညာပိုင်းတွေလည်း အပါအဝင်ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့အပတ်က ထပ်မံကြေညာပုံအရ အခွန်တွေဟာ ပုံမှန်ထက် 30% ကနေ 40% အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လေ့လာဆန်းစစ်သူတွေအရ အခွန် 40% သာတိုးသွားမယ်ဆိုရင် iPhone ရိုးရိုးမော်ဒယ်တွေဟာ ဥပမာ - ဒေါ်လာ 800 တန်က 1200 နီးပါးဖြစ်သွားမှာဖြစ်ပြီး Pro မော်ဒယ်တွေဆိုရင် ဒေါ်လာ 2300 ဝန်းကျင်လောက်အထိ ဖြစ်သွားနိုင်ခြေရှိတယ်ဆိုပြီး ပြောထားကြပါတယ်။ (ဒါဆို ဒေါ်လာ 2300 လို့ ခန့်မှန်းထားကြတဲ့ Apple ခေါက်ဖုန်းသာဆို ဒေါ်လာ 5000 လောက် ရှိသွားမလားပဲ) ဆိုတော့ iPhone တင်မဟုတ်ပါဘူး။ Apple Watch, iPad, Mac နဲ့ AirPod တွေလည်း အပါအဝင်ပါပဲ။ ထပ်ပြီးစိတ်မအေးလိုက်ပါနဲ့ Apple တင်မကပါဘူး။ အခြား Brand တွေ ထိုနည်း၎င်းပါပဲ။ အကုန်လုံး ၂ ဆနီးပါးမဟုတ်တောင် အရင်ထက် ပိုဈေးကြီးလာမှာတော့ အတိအကျပါပဲ။
Photo/Video - CJ
ရန်ကုန်တိုင်း သုံးခွမြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့
ဧပြီ ၁၀ - ၂၀၂၅
SN (VOM)
ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းက ပျဥ်းမကန်ကျေးရွာအနီး ပုလဲကျေးရွာမှာ ဧပြီ ၈ ရက်နေ့က လေဆင်နှာမောင်း အသေးစား တိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လေဆင်နှာမောင်းကြောင့် နေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
“သုံးခွနယ် အစက ပုလဲကျေးရွာမှာ ဖြစ်သွားတာပါ။ သန်လျင် ကျောက်တန်း အပိုင်ထဲက ရွာပေါ့။ မိုးအုံ့၊ မိုးတွေခြိမ်းပြီး လေပြင်းတွေ တိုက်နေရင်း ဖြစ်သွားတာ။ အိမ် သုံးလုံးလောက်ကတော့ အလုံးလိုက် ပါသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လေဆင်နှာမောင်းဟာ ကုန်းတွင်းပိုင်းမှာ ဖြစ်ပေါ်တိုက်ခတ်တဲ့ မုန်တိုင်းအမျိုးအစား ဖြစ်ပြီး မြေပြင်ရှိ အဆောက်အအုံတွေကို လေထဲကို မြောက်တက် ကျွတ်ပါသွားအောင် တိုက်ခတ်တတ်တဲ့ အင်အားပြင်း မုန်တိုင်းအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။
လေဆင်နှာမောင်း စတင်ဖြစ်ပေါ်ခြင်းကို လေ့လာကြည့်မယ်ဆိုရင် နေပူရှိန်ကြောင့် မြေမျက်နှာပြင် အပူချိန် ရုတ်တရက် မြင့်တက်လာရာကနေ စိုစွတ်တဲ့လေထု ပူနွေးလာရာမှ လေထု အထက်ကို စတင် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလေထု ပူနွေးလာချိန်မှာတော့ စိုစွတ်တဲ့လေထုနဲ့ အပေါ်ရှိ အေးမြ ခြောက်သွေ့တဲ့ လေထု ပေါင်းဆုံမိပြီး မိုးအရွာမှာ ပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ကာ ထစ်ချုန်း မိုးတိမ်တိုက်တခု ဖြစ်ပေါ်လာပြီးနောက် လေဆင်နှာမောင်းအဖြစ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
အဲဒီ လေဆင်နှာမောင်းဟာ လျင်မြန်စွာ အားကောင်းလာပြီး မိုးရွာခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းခြင်းတွေ ဖြစ်ပေါ်ကာ ဒေါင်လိုက် ရွေ့လျားနေတဲ့ လေထုမှာ အလွန်လျင်မြန်စွာ ရွေ့လျားပြီး လေတွေဟာ လားရာအမျိုးမျိုးကြောင့် ပတ်ချာလည်နေတယ်လို့ သိရပါတယ်။
မြေပြင်နဲ့ တိမ်တိုက်တွေအကြား ဖန်ကတော့ပုံ အနေအထားအတိုင်း ရွေ့လျား တိုက်ခတ်နေတာကို တွေ့မြင်နိုင်မှာဖြစ်ပြီး အဲဒီ တိုက်ခတ်နေတဲ့ လေပွေ၊ လေဝဲဟာ အရွယ်အစားနဲ့ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။
အရွယ်အစားမှာ မီတာ ရာနဲ့ချီ ကျယ်ပြန့်လာနိုင်ပြီး လေဆင်နှာမောင်းတခုဟာ စက္ကန့်ပိုင်းမှ တနာရီအထက် ကြာမြင့်စွာ တိုက်ခတ်နိုင်သလို ရွေ့လျားတိုက်ခတ်တဲ့ လမ်းကြောင်းမှာလည်း နာရီပိုင်းအတွင်း မိုင်အများအပြား တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။
လေဆင်နှာမောင်းအတွင်းရှိ လေတွေဟာ လျင်မြန်စွာ တိုက်ခတ်နေတာကြောင့် တိုင်းတာဖို့ မလွယ်ကူပေမယ့်လည်း လေဆင်နှာမောင်းတခုရဲ့ တိုက်ခတ်နှုန်းကို ဖူဂျီတာစကေးနဲ့ ခန့်မှန်း တိုင်းတာကြတယ်လို့ သိရပါတယ်။
လေဆင်နှာမောင်းရဲ့ လေတိုက်နှုန်းနဲ့ ပြင်းအားပမာဏ အတိုင်းအတာကို ချီကာကိုတက္ကသိုလ် ပါမောက္ခ ပေါက်တာဖူဂျီတာက တိုင်းတာတွက်ချက် ဖော်ထုတ် အသိပေးနိုင်ခဲ့တဲ့အတွက် အဲဒီ စကေးကို ဖူဂျီတာစကေး (Fujita Scale) လို့ ခေါ်တွက်ခဲ့တာ ဖြစ်ပါတယ်။
ဖူဂျီတာစကေး အနိမ့်အမြင့်ကိုလိုက်ပြီး အဆင့် F0, F1, F2, F3, F4, F5 သတ်မှတ်ထားပြီး အနိမ့်ဆုံးလေတိုက်နှုန်း တနာရီ ၇၅ မိုင်မှ ၃၁၈ မိုင်အထိ ရှိတတ်တယ်လို့ သိရပါတယ်။
လေဆင်နှာမောင်းတွေဟာ တနှစ်ပတ်လုံး အချိန်မရွေး၊ နေ့ရော ညပါ ဖြစ်ပွားနိုင်ပေမယ့် လေဆင်နှာမောင်း အများစုဟာ ညနေ ၄ နာရီကနေ ၉ နာရီကြားမှာ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
လေဆင်နှာမောင်းကို စိုက်ဆင်းလေပြင်းလို့ခေါ်တဲ့ Downburst နဲ့ ရောထွေး အမှတ်မှားလေ့ရှိကာ လေဆင်နှာမောင်းမှာ အရှိန်မြင့် တိုက်လေတခု အလယ်ဗဟိုပြုပြီး လေက အတွင်းဘက်နဲ့ အပေါ်ဘက်ကို ရွေ့လျားခြင်းဖြစ်ကာ စိုက်ဆင်းလေပြင်းကတော့ အောက်သို့တဖန် ဆင်းသက်သော အမှတ်မှ အပြင်ဘက်ကို ဖြာထွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်ခံရပြီးတဲ့နောက် တွေ့ရတဲ့ အပျက်အစီးတွေရဲ့ လားရာက စက်ဝိုင်းပုံအတိုင်း လဲပြို ပျက်စီးနေတတ်ပြီး စိုက်ဆင်းလေပြင်းကြောင့် ဖြစ်တဲ့ အပျက်အစီးတွေကတော့ စိုက်ဆင်းလေပြင်း မြေပြင်ကို စတင်ထိတွေ့တဲ့ နေရာမှ လားရာတဘက်တည်းကိုသာ ပျက်စီးလဲပြိုနေတာကို တွေ့ရတတ်တယ်လို့ သိရပါတယ်။
ခြေလေးချောင်းပါ စက်ရုပ်မြင်းကို မိတ်ဆက်
Kawasaki Heavy Industries ကနေ Expo 2025 Osaka ပွဲမှာ CORLEO လို့ခေါ်တဲ့ စက်ရုပ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ခြေလေးချောင်းပါပြီး စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ပါဝါရိန်းဂျားကားတွေထဲကလို စက်ရုပ်တွေစီးရသလိုကြီး စီးလို့ရမယ့်ပုံစံမျိုး (ဒါက မြင်သာအောင်ပြောတာမို့ အမှားပါရင်တော့ ခွင့်လွှတ်ပါ)
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ Osaka-Kansai Expo ပွဲမှာ Kawasaki Heavy Industries ကနေ လူသားတွေစီးနင်းနိုင်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး CORLEO စက်ရုပ်ကို ကမ္ဘာ့ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တာပါ။ ဒီစက်ရုပ်က မော်တော်ဆိုင်ကယ်အင်ဂျင်နီယာနည်းပညာနှင့် စက်ရုပ်နည်းပညာ ၂ ခုကို ပေါင်းစပ်ဖန်တီးထားတာပါ။
စက်ရုပ်ခြေထောက်တွေဟာ ချော်မလဲစေတဲ့ ရော်ဘာခွာဒီဇိုင်းဖြစ်ပြီး မြက်ခင်း၊ ကျောက်စရစ်ခင်းလမ်းတွေအပြင် ကြမ်းတမ်းတဲ့ မြေကြီးတွေမှာပါ ပေါ့ပါးသွက်လက်စွာ မောင်းနှင်နိုင်တယ်လို့ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်အတွက်လည်း သဟဇာတဖြစ်စေပြီး စွန့်စားလိုတဲ့ ဝါသနာရှင်တွေအတွက်လည်း စီးနင်းမှုအတွေ့အကြုံအသစ်ကိုလည်း ခံစားရမှာဖြစ်တဲ့အပြင် မသန်စွမ်းသူတွေအတွက်လည်း အဆင်ပြေစေမယ့် ယာဉ်ပုံစံလို့ ကုမ္ပဏီက ဆိုထားပါတယ်။
Event မှာတော့ ထုံးစံအတိုင်း Concept အနေနဲ့ မိတ်ဆက်သွားတာဆိုတော့ အပြင်မှာ တွေ့ရဖို့တော့ အချိန်တစ်ခုအထိ စောင့်ရဦးမှာပါ။