35 w - Translate

ငလျင်လှုပ်နေချိန်မှာ နေအိမ်ကို လေပေါ်မြောက်တက်နိုင်တဲ့ နည်းပညာကို ဂျပန် တီထွင်
=================================================
ဂျပန် ဟာ ကမ္ဘာမှာ ငလျင်ဘေးဒဏ်ကို အဆိုးဆုံး ခံစားရတဲ့နိုင်ငံ ဖြစ်တဲ့အတွက် ငလျင်ဒဏ်ကို ကာကွယ်နိုင်မယ့် နည်းပညာတွေကို စဉ်ဆက်မပြတ် တီထွင်နေပါတယ်။
အခုလည်း အဆန်းကြီးတွေကို လုပ်ပြလိုက်ပါတယ်။ Air Danshin လို့ ခေါ်တဲ့ ဂျပန် ကုမ္ပဏီက ငလျင်လှုပ်တဲ့အချိန်မှာ နေအိမ်ကို လေပေါ်မြောက်တက်နိုင်တဲ့နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ နည်းပညာမှာ လေဖိအားကို အသုံးပြုထားတာ ဖြစ်ပါတယ်။
ဒီနည်းပညာမှာ နေအိမ်အောက်မှာ လေလျှော့ထားတဲ့ လေအိတ်တွေကို ထားရှိထားပါတယ်။ ငလျင်လှုပ်တဲ့ အချိန်မှာ အဲဒီ စနစ်က အာရုံခံနိုင်ပြီး လေအိတ်ထဲကို လေ ဖြည့်သွင်းပေးမှာ ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ လေအိတ်တွေက နေအိမ်ကို မြေပြင်အထက်ကို တွန်းပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နေအိမ်ဟာ မြေပြင်တုန်ခါမှုတွေကို မခံရတော့ပါဘူး။ ငလျင်လှုပ်တာ ရပ်သွားတာနဲ့ နေအိမ်ဟာ မြေပြင်ပေါ် ပြန်လည် ကျရောက်လာမှာ ဖြစ်ပါတယ်။
ဂျပန်မှာ ဒီနည်းပညာကို သုံးတဲ့ နေအိမ်တွေ တည်ဆောက်ထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ ၇.၃ မဂ္ဂနီကျု ငလျင် လှုပ်တဲ့အခါမှာ ဒီနည်းပညာကို အသုံးပြုထားတဲ့ နေအိမ်တွေဟာ ပျက်ဆီးမှု မရှိဘူးဆိုတာတွေ့ခဲ့ရပါတယ်။
Ref : Amazing Japan

image
Like
35 w - Translate

မသိစိတ်ထဲမှာ ခိုဝင်စွဲလမ်းနေတဲ့ ကိလေသာတွေကို သတိပဋ္ဌာန်နည်းတွေနဲ့ ရှင်းထုတ်ရပါတယ် ။ ကိလေသာတွေကို အရှိတရားအဖြစ်နဲ့ စွဲလမ်းမှု ဥပါဒါန်ဖြစ်တာကို စိတ်ရောဂါလို့ ခေါ်ပါတယ် ။ ဘာကြောင့် စိတ်ရောဂါ ဖြစ်ရသလဲဆိုရင် ကိလေသာကို ကိလေသာလို့ မမြင်တော့ဘဲ အဲဒီကိလေသာကို တကယ့်အရှိတရားအဖြစ်နဲ့ မသိစိတ်ကနေ စွဲစွဲလမ်းလမ်း လက်ခံယုံကြည်ထားခဲ့လို့ပဲ ဖြစ်ပါတယ် ။
စိတ်ရောဂါဆိုတာ အတိတ် နဲ့ အနာဂတ်ဆိုတဲ့ အတွေးနယ်နိမိတ် ကျယ်ကျယ်ထဲမှာ ကိလေသာကို ရသလောက် ထိုးသိပ်ထည့်ထားပြီး မရုန်းထွက်နိုင်အောင် ပိတ်လှောင် ထားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ် ။ အတိတ် နဲ့ အနာဂတ်ကို တွေးတောစဉ်းစားတဲ့ ဘောင်နယ်နိမိတ် ပိုကျယ်လေလေ စိတ်ဖိစီးမှု (Stress) နဲ့ စိတ်ကျမှု (Depression) ဖြစ်စေတဲ့ ကိလေသာတွေ ပိုပိုပြီး ခိုအောင်းခွင့်ရလေလေပဲ ဖြစ်ပါတယ် ။
အဲဒီအတိတ် နဲ့ အနာဂတ်ထဲမှာ ပိတ်မိနေတဲ့ ကိလေသာတွေဆီကနေ ရုန်းထွက်ဖို့ဆိုရင် ပစ္စုပ္ပန်အခိုက်အတန့်ဆီကို တွန်းထိုးရုန်းကန်ရပါတယ် ။ အဲဒီလို ပစ္စုပ္ပန်ဆီ ရုန်းကန် ထွက်နိုင်တဲ့ စွမ်းအားသတ္တိတွေကို အသိတရား အတားအဆီး ၅ မျိုးဖြစ်တဲ့ နီဝရဏ တရား ၅ ပါးက ဟန့်တားပိတ်လှောင်ထားတာပဲ ဖြစ်ပါတယ် ။ အဲဒီလို အသိတရား အဟန့်အတား နီဝရဏတရား ၅ ပါးကို တွန်းဖယ်ပစ်ဖို့ဆိုရင် သတိစွမ်းအား သတ္တိဖြစ်တဲ့ သတိပဋ္ဌာန်လိုပါတယ် ။ သတိစွမ်းအား သတ္တိရှိလာမှ အသိဉာဏ်အတားအဆီးဖြစ်စေတဲ့ နီဝရဏ ၅ ပါးကို သုတ်သင်ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ် ။
သတိဆိုတာ အတိတ် နဲ့ အနာဂတ်အပေါ်မှာ ပျော်မွေ့နေတဲ့ ကိလေသာတွေကို သတ်ဖြတ်သုတ်သင်နိုင်တဲ့ ပစ္စုပ္ပန်အခိုက်အတန့် ဖြစ်ပါတယ် ။ အဲဒီလို သတိနဲ့ ရှင်းလင်း သုတ်သင်နိုင်မှပဲ ကိလေသာအရှုပ်အထွေးကို မြင်တွေ့နိုင်ပါတယ် ။
အဲဒီ ကိလေသာကို သတိနဲ့ ရှုမှတ်မြင်တွေ့ပြီးရင် လက္ခဏာ ၃ ပါးဖြစ်တဲ့ အနိစ္စ ၊ ဒုက္ခ နဲ့ အနတ္တကို ဆင်ခြင်ရပါတယ် ။ အဲဒီလို ဆင်ခြင်နိုင်မှလဲ သတိလက်လွတ်ဖြစ်သွားတာနဲ့ ခိုးခိုးပြီး တိုးတိုးဝင်လာတဲ့ ကိလေသာဆိုတာ အရှိတရား မဟုတ်ဘူး ။ အမြဲပြောင်းလဲနေတတ်တဲ့ ပုံရိပ်ယောင်ပဲဆိုတာကို နှလုံးသွင်း ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ် ။
အဲဒီလို သတိတရား အားကောင်းကောင်းနဲ့ နှလုံးသွင်းဆင်ခြင်နိုင်မှလဲ နီဝရဏ ၅ ပါးနဲ့ ဖုံးထားတဲ့ ကိလေသာအစွဲအလမ်းကို လွှတ်ချလိုက်နိုင်ပြီး စိတ်ရောဂါကနေ လွတ်မြောက်သွားမှာပဲ ဖြစ်ပါတယ် ။

image
Like
35 w - Translate

#knowledge

image
Like
35 w - Translate

Ruben Brandt, Collector(2018)
********
သင်ဟာ now you see me တိုလို money heist တိုလို အဖွဲလိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကို
သဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊
ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊
ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။
ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊
two-dimensional တွေ စတဲ့
ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလိုဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာ
ဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို အရသာမျိုး၊
တစ်ခုခုကြည့်စရာရှိနေစေချင်လိုပါတဲ့။
ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။
ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီး
ဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊
Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ…

ဇာတ်ကားလင့်
https://t.me/c/2186686827/216

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
Like
35 w - Translate

ကျားဇွန်ဘီကြီးနဲ့ ရင်ဆိုင်ကြရမယ့် ‌စစ်သည်များ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။
ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။
ဇာတ်လမ်းက ဒီလိုပါ …..လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေထိန်းမရတော့ဘဲ တစ်မြိုလုံး ဇွန်ဘီးဖြစ်သွားပါတယ်။
ဒါနဲ့ တစ်မြိုလုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့
မြိုကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို ဆုံးဖြတ်လိုက်ပါပြီ။
နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြိုရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို
အရင်က အထူးတပ်ဖွဲဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲကို အလုပ်အပ်လာပါတယ်။ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။
သန်း ၂၀၀ ကို ယူလိုရမှတော့ ဘာလို ၅၀ ပဲ ယူမှာလဲ တွေးလိုမရပါဘူး။တရားဝင်ငွေ မဟုတ်လိုပါ။


image
Like
35 w - Translate

“စည်းကမ်းအကြိမ်ကြိမ်ဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းများကို ယာဉ်မောင်းနှင်ခွင့် ရာသက်ပန်ပိတ်မည်”

(ပြည်တွင်း) ဧပြီ ၈
ယာဉ်စည်းကမ်းနှင့်လမ်းစည်းကမ်းဖောက်ဖျက်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့တဲ့ YBS ယာဉ်မောင်းများအား YBS ယာဉ်မောင်းနှင်ခွင့် Smart Card ကိုပိတ်သိမ်းသွားမှာဖြစ်ပြီး ရာသက်ပန် YBS ယာဉ်မောင်းနှင်ခွင့် မရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပိုဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှသိရပါတယ်။YRTC အနေနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းများကို ပြစ်ဒဏ်ချမှတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ မီးနီ ၃ ကြိမ်ဖြတ်မောင်းခြင်း၊ ဘေးတံခါးဖွင့်မောင်းခြင်း၊ ယှဉ်ပြိုင်ကျော်တက်ခြင်းစတဲ့ ပြစ်မှု များကို အကြိမ်ကြိမ်ကျူးလွန်သည့် YBS ယာဉ်မောင်းများကို YBS မောင်းနှင်ခွင့် Smart Card ပိတ်သိမ်းသွားမှာ ဖြစ်သလို YBS ယာဉ်များကိုလည်း မောင်းနှင်ခွင့်လုံးဝခွင့်ပြုတော့မှာ မဟုတ်ကြောင်း သိရပါတယ်။

လက်ရှိမှာ YBS ယာဉ်မောင်းများကို ဘေးတံခါးများဖွင့်ကာ မမောင်းနှင်ကြရန် အသိပေးစတေကာများကို ကပ်ထားပေးခြင်း၊ ခရီးသည်များနှင့်သက်ဆိုင်သည့် စတေကာများကိုလည်း တံခါးအဆင်းအပေါက်မှာ ကပ်ထားပေး ခြင်းများအပြင် ယာဉ်ယှဉ်ပြိုင်ကျော်တက်ခြင်းကို အသိပေးတဲ့အနေနဲ့ YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်ကျော် တက်ခြင်းမပြုရစာတန်းပါ စတေကာများကို ကပ်ထားပေးကာ သတိပေးစတေကာများနဲ့ အသိပေးထားပါတယ်။

image
Like
35 w - Translate

ဒီကားကတော့ အရမ်းလန်ထွက်နေတဲ့ ကားကောင်းတစ်ကားပါ၊2009 တုန်းကထွက်ထားတဲ့ ဂိမ်းကိုအခြေခံပြီး ထုတ်လုပ်ထားတာပါ၊

Bayonetta: Bloody Fate (2013)

ဂိမ်းကလည်းရှယ်မိုက်သလို Anime ကျတော့လည်း ရေလည်လန်းတာမို မကြည့်ရင် လူဖြစ်ရှုးပါမယ်။

🌱🍀 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🍀🌱 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1790

image
Like
35 w - Translate

ခင်ပွန်းဖြစ်သူနဲ့အတူ မန္တလေးသို့ကိုယ်တိုင်တက်ပြီး ဆေးရုံတွေမှာ လိုက်လံလှူဒါန်းနေတဲ့ ဝတ်မှုန်ရွှေရည် ❤️
မန္တလေးက အရိုးဆေးရုံမှာ သွားရောက်လှူဒါန်းနေတာဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာပဲ ခင်ပွန်းသည်နဲ့အတူ မန္တလေးသို့ တက်လာပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဘုန်းဘုန်းတွေနဲ့ ပြည်သူတွေကို မနားမနေ ကူညီလှူဒါန်းနေတာ တွေ့ရပါတယ်။ ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံဟာ ငလျင်ဘေးစကြုံရတည်းက သိန်းရာချီလှူဒါန်းနေခဲ့တာဖြစ်ပါတယ်။ ယခုတခေါက်မှာတော့ သူမကိုယ်တိုင် မန္တလေးသို့လာရောက်ခဲ့တာကို တွေ့ရပါတယ်။

image
Like
35 w - Translate

စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများ ဆက်လုပ်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဆက်ပြောပြန်
ရန်ကုန်၊ ဧပြီ ၈
စစ်တပ်ကလွဲရင် KIA ၊ TNLA ၊ AA နှင့် KNDF/KNPP တို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းမရှိဘဲ တိုက် ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုနေပြန်ပါတယ်။
စစ်တပ်အနေနဲ့ ငလျင်ဒဏ်ကူညီရေးနဲ့ ကယ်ဆယ်ရေးအတွက် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့ အထိ ရက် ၂၀ အကြာ အပစ်ရပ်ထားပေမယ့်လည်း တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ တိုက်ခိုက်မှုတွေကို ဆက်လုပ်နေတယ်လို့ ဇော်မင်းထွန်းက ဆိုပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာ အပစ်ရပ်ကြေညာပြီး လေယာဉ်နဲ့ ဗုံးကျဲတာ၊ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကျဲတာ၊ ပြည်သူတွေကို ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်တာတွေကို အပစ်ရပ်ကြေညာပြီး စစ်တပ်က စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။
အကြမ်းဖက် ဇော်မင်းထွန်းကတော့ ဧပြီလ ၆ ရက်နေ့မှာ KIA ၊ TNLA ၊ AA နှင့် KNDF/KNPP အနေနဲ့ စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက် တိုက်ခိုက်နေပြီး အပစ်ရပ်ရေး ကြေညာချက်ကို ဆက်လက် ချိုးဖောက်နေတယ်လို့ စွပ်စွဲပါတယ်။
"၆ ရက်နေ့ KIA အနေနဲ့ ဗန်းမော်မှာရှိတဲ့ တပ်မတော် ဌာနချုပ်တွေကို ၈၂ မမ စိန်ပြောင်းနဲ့ အဝေးကနေ ပစ်ခတ်မှုကို ည ၁၀ နာရီခွဲခန့်မှာ ပြုလုပ်ခဲ့ပါတယ်။ TNLA အဖွဲ့အနေနဲ့လည်း တောင်ခမ်းဒေသမှာ မနေ့က နေ့လယ် ၁၂ နာရီ ခွဲကျော်ကျော်လောက်မှာ ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ KNDF/ KNPP အနေနဲ့ ဘောလခဲမှာရှိတဲ့ ဘောလခဲ သစ်တောရုံးအနီးမှာ လုံခြုံရေးယူနေတဲ့ အဖွဲ့ကို မနေ့(ဧပြီလ ၆ ရက်နေ့) မနက် ၈ နာရီခွဲလောက်မှာ ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။ AA အနေနဲ့ ဂွမြို့မှာ လုံခြုံရေးယူနေတဲ့ စစ်ရေယာဉ်တစ်စီးကို အဝေးကနေ ပစ်ခတ်ခဲ့ပါတယ်။ ကျောက်ဖြူမှာ လုံခြုံရေးယူနေတဲ့ စခန်းတွေကို အဝေးကနေ ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်" လို့ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုပြန်ပါတယ်။
လတ်တလော ရခိုပြည် ကျောက်ဖြူမြို့နဲ့ အနီးတစ်၀ိုက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာရက္ခတပ်တော်ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေကြတယ်လို့ ကျောက်ဖြူ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ဟာ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းတွေကြောင့် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်နားထားမယ်လို့ နှစ်ဖက်စလုံးက ဧပြီလ ပထမ အပတ်မှာ ထုတ်ပြန်ထားကြပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်ရင်းတွေ၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ ထိုးစစ်တိုက်ခိုက်လာရင်တော့ ခုခံစစ်အနေနဲ့ ပြန်လည် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။
ကျောက်ဖြူမြို့က စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းအနီးတစ်ဝိုက်နဲ့ ဓညဝတီရေတပ် သစ်ပုတ်တောင်ကျေးရွာ အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေကြတယ်လို့ ကျောက်ဖြူဒေသပြည်သူက ပြောဆိုပါတယ်။

image
Like

ယောက္ခမ ; ဘာချက်တတ်လဲ?
မိမိ ;

image
Like