နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။

image
41 w - Translate

သူကျွမ်းကျင်တဲ့ ဆေးပညာနဲ့ စစ်ကိုင်းက ငလျင်ဘေးသင့်ပြည်သူတွေကို လုပ်အားဒါနပြုခဲ့တဲ့ ဒေါက်တာစိုင်းစည်တွမ်ခမ်း ❤️
ဆရာဝန်လေးကတော့ မန္တလေးနဲ့စစ်ကိုင်းမှာ ရှိတဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို လုပ်အားပေးကူညီဖို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 'နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့' နဲ့ခဏတာပူးပေါင်းပြီး မိဘပြည်သူတွေအတွက် လုပ်အားဒါနပြုခဲ့တာပါ။ စိုင်းစည်တွမ်ခမ်းဟာ မန္တလေး ၊ အမရပူရနဲ့ စစ်ကိုင်းတောင်ခြေတို့ကိုသွားရောက်ကာ ကူညီကယ်ဆယ်လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image

အရပ်ဆယ်မျက်နှာ မေတ္တာဖြန့်ဝေခြင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
၁။ အရှေ့အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၂။ အနောက်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၃။ မြောက်အရပ်၌ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၄။ တောင်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ။
၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော
အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၉။ အောက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန ္တစင်္ကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါ တို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင်
အနန်တစကွာဝဠာ အနန်တနတျဗွဟ်မာတို့ -
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်းငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်းငြိမ်း ကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~
မေတ္တာသုတ်လာ မေတ္တာ ဘာဝနာပွားနည်း (၁၁)နည်း။
၁။ လုံးစုံများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ
သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊
သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
သာဓု သာဓု သာဓု

image

image
41 w - Translate

ကေ အသစ် ၊ အထာ အသစ် နဲ့ ကိုဘီမိုင်နူး 🔴💇
ဒီနေ့ ယူနိုက်တက်အသင်းနဲ့ ထရိန်နင်ပြန်ဆင်းနေပါပြီ

image
41 w - Translate

#englisheverywhere

image
41 w - Translate

#englisheverywhere

image
41 w - Translate

#englisheverywhere

image
41 w - Translate

#englisheverywhere

image
image
image
41 w - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋🚨

ပရီးမီးယားလိဂ်ရဲ့ အဆင့် ၅ ရတဲ့အသင်းဟာလည်း နောက်ရာသီချန်ပီယံလိဂ်ကို ဝင်ခွင့်ရမှာဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ

image