Pres. Trump has touted his sweeping tariffs as decades in the making, saying he's been talking about trade imbalances for "35 years" and that "nobody but me would do this."
https://abcnews.go.com/Politic....s/trump-moves-full-s
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Pres. Trump has touted his sweeping tariffs as decades in the making, saying he's been talking about trade imbalances for "35 years" and that "nobody but me would do this."
https://abcnews.go.com/Politic....s/trump-moves-full-s
Poison Ivy (1992)
ဒီကားထဲက Drew Barrymore ရဲ့ စတိုင်နဲ့ ရဲတင်းတဲ့အလှအပတွေဟာ လူပြောများခဲ့ပါတယ်…
နွယ်ပင်ဆိုတာ ရစ်ပတ်နွယ်တတ်တဲ့အမျိုးပဲ…
ဒါပေမယ့်အဆိပ်နွယ်ပင်ဆိုရင်တော့ တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့မှုတွေကြားမှာ ရုန်းထွက်မရဘဲအဆိပ်သင့်သွားနိုင်ပါတယ်…
ဒီလိုအဆိပ်နွယ်ပင်အကြောင်းဆိုရင်တော့ Poison Ivy (1992) ဇာတ်ကားလေးက သံဝေဂရစရာပါ…
ဇာတ်လမ်းလေးကတော့…
Ivy ဆိုတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်က ချမ်းသာတဲ့သူငယ်ချင်းရဲ့အဖေကိုချဉ်းကပ်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
ချဉ်းကပ်တဲ့နေရာမှာ နာမည်နဲ့လိုက်အောင် အဆိပ်ပြင်းတဲ့ “Ivy” နွယ်ပင်ဆိုတဲ့အတိုင်း သေသေချာချာအကွက်ချစီစဉ်ပြီး သူငယ်ချင်းမိသားစုကို ပြိုကွဲအောင်ကြံစည်တာမျိုးပါ။
Ivy ရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဘယ်လိုရစ်ပတ် အဆိပ်သင့်သွားသလဲဆိုတာ……
Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။
The U.S. Army says it's looking at options to make its 250th birthday celebration in June "bigger," with events planned on the National Mall that might include a military parade — although officials say no decisions have been made.
The Army celebration, which has been in the works for several months, has fueled speculation that Pres. Trump will try to turn the event into the kind of grand military parade he wanted in his first administration.
Read more: https://abcnews.visitlink.me/-pUA5D
Jungle Beat: The Movie (202
ဒီတစ်ခါတော့ ကလေးတွေ အကြိုက်ကာတွန်းကားလေး တင်ဆက်ပေးပါမယ်။ ကလေးတွေအတွက် တင်ဆက်ပေးနေတဲ့
ချစ်စရာ ကောင်းတဲ့ တောကောင်လေးတွေရဲ့ ရယ်စရာလေးများကို သဘာဝအငွေ့အသက်နဲ့ ဖန်တီးထားတဲ့ Animation
Series – Jungle Beat ရဲ့ Jungle Beat: The Movie ဖြစ်ပါတယ်။ Series တွေထဲမှာတော့ တိရစ္ဆာန်လေးတွေက စကား
မပြောနိုင်ပေမဲ့ ဒီ Movie ထဲမှာတော့ စကားပြောနိုင်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဂြိုလ်သားလေး
တစ်ယောက် သူတိုနေတဲ့တောထဲကို ရောက်လာလိုပါပဲ။ သူတိုတွေ တခြားကမ္ဘာကလာတဲ့ သူငယ်ချင်းကိုတွေ့ပြီး အထီးကျန်
နေတဲ့၊ အိမ်ကိုလွမ်းနေတဲ့ သူတိုရဲ့သူငယ်ချင်းကို အိမ်ပြန်နိုင်အောင် သူတိုတွေ ကူညီပေးတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းလေး
က ချစ်စရာလေးပါပဲ။ ဒီကားလေးဟာ IMDb Rating 5.6/10 ရထားပါတယ်။
ဇာတ်ကားလင့်
https://t.me/c/2186686827/236
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Dominion of Darkness (2024)
ဖာသာ သောမတ်စ်ဟာ မိခင်နဲ့ညီမဖြစ်သူကို မတော်တဆမှုတစ်ခုမှာဆုံးရှုံးခဲ့ပြီးနောက်၊ သူ့ကိုယ်သူလိပ်ပြာမလုံစိတ် သံသယစိတ်တွေနဲ့ယုံကြည်ချက်ပြိုကွဲနေခဲ့ပြီး အသင်းတော်ကနေနူတ်ထွက်ဖို့ကြံစည်နေတဲ့သူတစ်ယောက်ပါ။
သွားလေသူ သူ့ ညီမဖြစ်တဲ့ဒီယန်ဒရာရဲ့သူငယ်ချင်း ကေလာဆိုတဲ့ကောင်မလေးကတော့ သူ့မိခင်ဖြစ်တဲ့သူတွဲနေတဲ့ လူရှုပ်လူပွေဖြစ်သူ ဒင်းနစ်စ်ကို မျက်မုန်းကျိုးကြည့်မရသလို အဲ့ဒီလူနောက် သူ့အမေ ပါသွားမှာကိုလည်း အစိုးရိမ်ကြီးစိုးရိမ်နေခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဆယ်ကျော်သက်ပီပီကြံရာမရစဉ်းစားရင်း သူငယ်ချင်းနောက်တစ်ယောက်ဖြစ်တဲ့ စီလာရဲ့အကြံနဲ့ ဝိဉာဉ်ခေါ်အရုပ်ကိုသုံးပြီး ဖခင်ဖြစ်သူရဲ့ဝိဉာဉ်ကိုခေါ်ယူပြီး အကူအညီတောင်းဖို့ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီမကြံမကောင်းမစည်ရာအကြံအစည်ကို အကောင်အထည်ဖော်ပြီးပြီးချင်း သူတို့နှစ်ဦးလုံး ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေဆက်တိုက်ကြုံခဲ့ပြီးတဲ့နောက်မှာတော့ အသင်းတော်ရဲ့တာဝန်ရှိသူတွေ၊
အပနှင်ဘုန်းတော်ကြီးတွေ အားလုံးပါ ပေါင်းစည်းနှိမ်နင်းရတဲ့ ဆရာမနိုင်မိစ္ဆာတွေနဲ့ရင်ဆိုင်တွေ့ကြုံရတဲ့အဖြစ်တွေကိုသည်းထိတ်ရင်ဖိုခံစားကြရမှာပါ။
ဂီတစာပေအနုပညာတွေအကြောင်းကို တစ်စိုက်မက်မက် ရိုက်ကူးပြသထားတဲ့အရမ်းကြည့်လိုကောင်းတဲ့ရုပ်ရှင်
Dead Poets Society
PG 1989 ‧ Comedy/Drama ‧ 2h 8m
အခုပြောမှာက ဒီရုပ်ရှင်ကနေ ကျွန်တော်
ဖမ်းဆုပ်လိုရသလောက် အတွေးမျှင်တွေအကြောင်းပါ။
ဒီ ရုပ်ရှင်ထဲက Robin Willain ရဲ့ စကားကို မှီးပြောရရင်
ပညာရေးဆိုတာ ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို
သင်ပေးရတာပါတဲ့။ကိုယ့်ဘာသာ တွေးခေါ်တတ်ဖို (ဝါ)
ကိုယ့်ဆင်ခြင်တုံတရား ကိုယ့်အသိစိတ်နဲ့ ကိုယ် ရှင်သန်တတ်ဖို
ကျွန်တော်တို လိုအပ်တဲ့အရာကရော ဘာများလဲ
ကျွန်တော်ကတော့ အနုပညာလိုပဲ ဆိုချင်တယ်။
ဂီတ စာပေ ကဗျာ ပန်းချီ ဘာမဆိုပါပဲ။ ဒီရုပ်ရှင်မှာတော့
ကဗျာတွေနဲ့ပဲ ဥမေယျပြုသွားပါတယ်။
အတွေးအခေါ်နဲ့ ခံစားချက်အပေါ်အခြေခံတဲ့ ကဗျာဆိုတာဟာ
အပေါ်ယံကြည့်ရင် ဘာမှမဆိုင်သလိုနဲ့ တစ်သားတည်းပါပဲ။
အနုပညာကိုမုန်းပါတဲ့ ကျော်ကြားလှစွာသော
ဒဿ နိကဆရာကြီး ပလေတိုတောင် သူ ဘယ်လိုပဲ
အနုပညာကိုမုန်းမုန်း သူ့ကျမ်းတွေကတော့
အတော်ပြေပြစ်လှပတဲ့ အရေးအသား ဖြစ်နေခဲ့ပါတယ်။
အနုပညာနဲ့ ဒဿဘ နိကဟာ မဆိုင်သလိုနဲ့ဆိုင်နေတဲ့
ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းပါပဲ။ပြီးတော့ကာ တွေးခေါ်မှုဟာ
ခံစားချက်မပါရင် အတော်အန္တရယ်ကြီးတဲ့အရာပါပဲ။
ဒီဇာတ်လမ်းမှာ တွေးခေါ်တတ်ဖို လွတ်လပ်စွာ
ရှင်သန်တတ်ဖို ကဗျာသင်ပေးတဲ့ ဆရာတစ်ယောက်….
ခံစားချက်တွေနဲ့ ပြည့်နှက်ဖွဲစည်းနေတဲ့
လူ့အဖွဲအစည်းကြီးမှာ ကဗျာတွေရဲ့ အရေးပါမှုအကြောင်းကို
သင်ပြပေးသွားခဲ့တဲ့ လူတစ်ယောက် ပါပါတယ်။
ကဗျာသင်ရိုးမှာပါတဲ့ ကဗျာတစ်ပုဒ်ကို
တိုင်းတာပြထားတဲ့ စံညွှန်းတွေကို အကုန်ဆွဲဖြဲပြီး
ကဗျာရဲ့ တန်ဖိုးအစစ်အမှန်ကို မိဘတွေရဲ့ဆန္ဒအောက်
ပိတ်မိနေတဲ့ တပြည့်တွေကို မီးမောင်းထိုးပြခဲ့တဲ့
အဲ့ဒီဆရာနာမည်က ဂျွန် ကိတင်း…ပါတဲ့။
ခင်ဗျားတိုရော ဘဝတစ်ခု ကဗျာတစ်ပုဒ်ကို
ဘယ်လိုများတိုင်းတာကြလဲ။
အသုံးဝင်မှုတန်ဖိုးနဲ့လား အရည်အသွေးတန်ဖိုးနဲ့လား…
ဘာနဲ့မှ မတိုင်းတာပါနဲ့
ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ကဗျာကိုရေးထားတဲ့
စည်းမျဉ်းစည်းကမ်းလည်းမဟုတ်သလို
သူ့ရဲ့ ကျန်တဲ့ စံညွှန်းတွေလည်း မဟုတ်ပါဘူး။
ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးဟာ နှလုံးသားကခံစားရတဲ့
ခံစားချက်ပါပဲ။ ဒီလိုပါပဲ ဘဝတစ်ခုရဲ့တန်ဖိုးဟာ
ကျွန်တော်တိုရဲ့ တော်နေတတ်နေမှု အသုံးဝင်မှုတွေ
ကျွန်တော်တို ဘာကောင်ကြီးဆိုတာတွေ မဟုတ်ပါဘူး။
ကျွန်တော်တိုရဲ့ လွတ်လပ်မှုတွေ ဆန္ဒတွေ
ကျွန်တော်တိုချစ်တဲ့ ကျွန်တော်တိုကို ချစ်တဲ့လူတွေပါပဲ။
ဘာကောင်ကြီးဆိုတာအောက် ပိတ်မိမသွားကြဖို
ကျွန်တော့်ကိုယ်ကျွန်တော်တို ရှာဖွေကြဖို
ကျွန်တော်တို ဘာလုပ်သင့်တယ်ဆိုတာကိုသိဖို
တွေးခေါ်တတ်ဖို ဘဝရဲ့တန်ဖိုးကို သိဖို….
ကျွန်တော်တို ပညာတွေသင်နေ အသိညဏ်တွေ
ရှာနေကြရတာပါပဲ။ ဒီရုပ်ရှင်ဟာ ခင်ဗျားတိုတည်ဆောက်ရမဲ့
ကိုယ်ပိုင်အတွေးအခေါ်တွေအတွက်
အုပ်တစ်ချပ်သဲတစ်ပွင့် ဖြစ်ပါစေလိမ့်မယ် ထင်ပါတယ်။
အက္ခရာတင် ရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို
အမြဲလိုက်နာနေဖို မလိုသလို ပိုကျယ်ပြန့်နက်နဲတဲ့
မရေးထိုးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို တစ်ရံတစ်ခါ
လိုက်နာတတ်ဖိုလည်း လိုပါတယ်။
ဘယ်ဟာကို လိုက်နာရမလဲဆိုတာကိုတော့
ကျွန်တော်တိုရဲ့ လူသားဆန်မှုက ဆုံးဖြတ်ပေးပါလိမ့်မယ်။
ဒီဇာတ်လမ်းမှာလည်း ရေးထိုးထားတဲ့
ဆရာတွေကိုညာမပြောရဆိုတဲ့ စည်းမျဉ်းကို လိုက်နာပြီး..
မရေးထားတဲ့ ပိုကျယ်ပြန့်နက်နဲတဲ့ “မိတ်ဆွေတွေကို
သစ္စာမဖောက်ရ ” ဆိုတဲ့စည်းမျဉ်းကို ဖောက်ဖျက်မိတဲ့
ကျောင်းသားလေးတစ်ယောက် ပါပါသေးတယ်။
ဒီရုပ်ရှင်ကတော့…တကယ့်ကို..ခံစားချက်အကြောင်း
ဖတ်စာ ပါပဲ။ ခင်ဗျား အများကြီး သင်ယူရရှိပါလိမ့်မယ်။
ဆန်တာကလော့ရဲ့ စွတ်ဖားလေးကနေ ပြုတ်ကျကျန်နေခဲ့တဲ့ ဆုတောင်းပြည့် ခေါင်းလောင်းလေး ပျောက်ဆုံးသွားတဲ့အခါ
A Christmas Mystery
2022 • Mystery/Comedy • 1h 46m
ခရစ္စမတ်ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။
အဲ့ဒါကတော့ လွန်ခဲ့တဲ့နှစ်တစ်ရာလောက်တုန်းက ဂျင်မီစတက်ဘင်ဆိုတဲ့
ကောင်လေးတစ်ယောက်နဲ့ ရွှေခေါင်းလောင်းတွေအကြောင်းပဲဖြစ်ပါတယ်။
ဂျင်မီစတက်ဘင်ဆိုတဲ့ ကောင်လေးနေထိုင်တဲ့ ပလဲဆန့်ဘေးဆိုတဲ့မြိုလေး
တစ်မြိုမှာ မိုးခေါင်ရေရှားမှုတွေဖြစ်ပြီးသူတို မြိုရဲ့အဓိကစီးပွားရေး
လုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်ကိုပိတ်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ခရစ္စမတ်အကြို
ညမှာ ဆန်တာကလော့စ်လာတဲ့ အသံကိုကြားပြီး ဂျင်မီလေးကထွက်ကြည့်တဲ့
အခါမှာ ဆန်တာရဲ့ စွပ်ဖားလှည်းကနေ တောက်ပနေတဲ့အရာတစ်ခု ကျကျန်ခဲ့တာ
ကိုတွေ့ခဲ့ရပါတယ်။အဲ့ဒါကတော့ ရွှေခေါင်းလောင်းလေးတွေဖြစ်ပြီး ဂျင်မီက
သူ့မြိုရဲ့သစ်ခွဲစက်ကို ပြန်ဖွင့်နိုင်ပါစေလို အဲ့ဒီခေါင်းလောင်းတွေကို ကိုင်ပြီး
တောင်းဆုပြုခဲ့ပါတော့တယ်။နောက်နေ့ မနက်မှာတော့သူ့ရဲ့ဆုတောင်းတွေက
တကယ်ပြည့်ဝသွားပြီး အဲ့ဒီအကြောင်းကလဲ သူတိုမြိုလေးနဲ့တခြားမြိုတွေ
ကိုပါပြန့်နှံသွားပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီခေါင်းလောင်းကိုပြတိုက်မှာ ပြသထား
ကြပြီး နှစ်တိုင်းခရစ္စမတ်အကြိုနေ့မှာ ခေါင်းလောင်းတီးပွဲကို ကျင်းပလာခဲ့တာ
အခုဆိုရင်နှစ်တစ်ရာရှိခဲ့ပါပြီ။ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီလိုနှစ်တစ်ရာ
ပြည့်တဲ့နှစ်မှာပဲ အဲ့ဒီရွှေခေါင်းလောင်းတွေက ပျောက်ချင်းမလှပျောက်ဆုံးသွား
ပါတော့တယ်။အဲ့ဒီခေါင်းလောင်းကိုဘယ်သူကခိုးသွားတာလဲ ဘယ်သူတွေကရော
အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြမလဲ ဆိုတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာ
ခရစ္စမတ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။