ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Minecraft (2025)
ဇာတ်လမ်းအညွန်း⏬⏬
မိုင်းခရွက်ဖ် (၂၀၂၅)
****
ရုံကူး အကြည်ဗားရှင်း
" မိုင်းခရွက်ဖ် " ဆိုတဲ့ အတုံးဂိမ်းလေးကို လူတော်တော်များများ သိကြမယ်ထင်ပါတယ် အထူးသဖြင့် ကလေးတွေပေ့ါ ၊ ကျွန်တော်တို့ ၂၀၁၃ ၂၀၁၄ တုန်းက အမေတို့ဖုန်းနဲ့ယူပြီးတော့ ဆော့ခဲ့ရတဲ့ အိမ်ဆောက်တဲ့ ဂိမ်းပေါ့
အခုအခါမှာ မိုင်းခရွက်ဖ် ဂိမ်းဟာ live action အနေနဲ့ ဖန်သားပြင်ပေါ်သို့ ရောက်လာပါပြီ ဒီဇာတ်ကားထဲမှာတော့
စတိဗ် ဆိုတဲ့ အဓိကဇာတ်ကောင်ဟာ မိုင်းတွင်း ကြီးတစ်ခုမှာ ဝှက်ထားတဲ့ပစ္စည်းကိုရှာတွေ့ရင်း အခြားကမ္ဘာသို့ရောက်ရှိသွားပါတယ် ထိုကမ္ဘာကို အုပ်စိုးချင်နေတဲ့ ငရဲပြည်က ဝက်တွေဟာ စတိဗ် ကို ဖမ်းလိုက်ကြပါတယ် ၊ နှစ်တွေကြာလာတဲ့အခါမှ ထို ဝှက်ထားတဲ့ပစ္စည်းကို လူ ၄ယောက်ဟာ တွေ့ပြီး စူးစမ်းမိရာ ထိုအခြားကမ္ဘာထဲကို ရောက်သွားပြီး ဒုက္ခပေါင်း သောင်းခြောက်ထောင်ကို ကျော်ဖြတ်ရင်း နဲ့ ကမ္ဘာအစစ်ကြီးဆီ ဘယ်လိုပြန်ကြရမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ် ။
◾️Academic Heads (International Pre-school/ Government English) - Shan
Company: AEC International & Private School
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/23466
◾️Digital Content Creator - Yangon
Company: Missyo Boutique Shop
Salary Range: Negotiation
https://www.joimyanmar.com/job/detail/23465
◾️English 4 skills Teacher - Shan
Company: AEC International & Private School
Salary Range: MMK 500,000 - 600,000
https://www.joimyanmar.com/job/detail/23464
◾️Cambridge Subject Teacher (English/ Maths/ Science) - Shan
Company: AEC International & Private School
Salary Range: MMK 700,000 - 800,000
https://www.joimyanmar.com/job/detail/23463
💎 လှော်စာ လုပ်နည်း 💎
************************
ဆေးလုံးကို အမှုန့်ကြိတ်ပီး ဇကာနဲ့ ချထားပါ။
ကောက်ညှင်းဆန် ၂ လုံးကို ပေါင်းပီး အိုးသန့်သန့်ထဲ ထည့်ပါ။
ရေတဖန်ခွက် ထည့်နယ်ပီး အအေးခံထားပီးရင်
ဆေးမှုန့် ထည့်ပီး နှံ့အောင် ခပ်ဖွဖွ နယ်ပေးပါ။
အသာလေး ဖိသိပ်ပီး အလယ်မှာ အပေါက်လေးဖေါက်လိုက်ပါ။
အိုးအဖုံး အုပ်ပါ။
ပိတ်စလေးနဲ့ လုံအောင်ထုပ်ထားပါ။
တစ်ညသိပ်လိုက်ပါ။
နောက်တစ်နေ့မနက် ရေ တစ်လီတာ ထည့်ပီးအဖုံးပြန်အုပ်ထားပါ။
၅ နာရီခန့် ကြာရင် သကြားရည်ထည့်ပီး အဖုံးပြန်အုပ်ထားပါ။
တစ်ညထပ်သိပ်ပီး နောက်တစ်နေ့မနက်ကျရင် လှော်စာ ရပါပြီ။
မြည်းကြည့်ပီး အချိုကြိုက်ရင် ထပ်ထည့်ပေးပါ။
______________________________________________________
ဆေးတစ်လုံး
ကောက်ညှင်းဆန် ၂ လုံး
သကြား အကြမ်းပန်းကန် ၄ လုံး ကျိုပီး အအေးခံထားပါ။
အချို့ကတော့ ကောက်ညှင်းပေါင်းပီးပီးချင်း ရေနဲ့ ဆေးချပါတယ်။
မလိုအပ်လို့ ကျမကတော့ ရေဆေးမချပါ။
၂ ညပဲထားပါ။ အဲ့ထက်ပိုရင် အရမ်းချဉ်သွားပါလိမ့်မယ်။
အပြင်မှာထားရင် အချဉ်လွန်ပီး ကစော်ဖောက်သွားမှာမို့
ရေခဲသေတ္တာထဲ ဗူးနဲ့ ထည့်ပီး သိမ်းထားပေးပါ။
ဆေးလုံးကတော့ ပရဆေးဆိုင်တွေမှာ ရောင်းပါတယ်။
◾️Government Primary + Secondary Main Teacher (Myanmar/ Maths/ Science) - Shan
Company: AEC International & Private School
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23462
◾️International Pre-school Main Teacher - Shan
Company: AEC International & Private School
Salary Range: MMK 400,000 - 500,000
https://www.joimyanmar.com/job/detail/23461
◾️Jr Accountant - Yangon
Company: RG Logistics Co., Ltd
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23460
◾️Graphic Designer - Yangon
Company: Success Admissions Center
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23459
ငံပြာရည်ဆီသတ်
===========
♦ မြန်မာမီးဖိုချောင်မှာ အခြေခံပစ္စည်းတူပေမဲ့
ချက်ပုံချက်နည်းကွဲပြားလို့ အခေါ်အဝေါ်မတူကြပါဘူး။
ငံပြာရည်ချက်(ငံပြာရည်ဆီသတ်)၊ငပိကြော်၊ဘာလချောင်ကြော်၊
ငရုတ်သီးကြော်၊ဆံမြိတ်ခုံ စသည်ဖြင့် အမျိုးမျိုးကွဲပြားကြပါတယ်။
♦ ငံပြာရည်ချက်ချက်ဖို့ ငရုတ်သီးအရှည်တောင့်အခြောက်ကို
လေးစိတ်ကွဲထောင်းထားပါ။
လေးစိတ်ကွဲရင် ကြက်သွန်ဖြူ +နီရောထောင်းပါ။
♦ ပုဇွန်ခြောက်ကို ရေနွေးစိမ်ပြီး မညက်တညက်ထောင်းထားပါ။
ပုဇွန်ခြောက်မှုန့်သုံးရင် ပုဇွန်ခြောက်မှုန့်ကိုရေနွေးလောင်းထားပါ။
♦ အိုးထဲကို ဆီထည့်ပြီး ဆီကျက်လာရင် ငရုတ်သီးဆီသတ်ပါ။
ငရုတ်သီးစိမ်းနံ့ပျောက်ရင် ထောင်းထားတဲ့ပုဇွန်ခြောက်ထည့်ပါ။
ပုဇွန်ခြောက်မှုန့်နဲ့ချက်ရင်
ရေနွေးလောင်းထားတဲ့ပုဇွန်ခြောက်ကို ရေစစ်ပြီးထည့်ပါ။
♦ ဆားနည်းနည်း၊ငံပြာရည်များများ၊၊သကြားနည်းနည်းထည့်ပါ။
♦ ကြက်သွန်ဖြူ +နီကြော်အဖတ်ထည့်ချင်ရင်ထည့်နိုင်ပါတယ်။
ငံပြာရည်ဆီသတ်က စိုစိုလေးချက်ရတာမို့
ဆီမပြန်တပြန်ချရပါတယ်။
♦ ပုဇွန်ခြောက် အခြောက်နဲ့ကြော်ရင်တော့-
ဘာလချောင်ကြော်ဖြစ်ပါတယ်။
ရာသီဥတုပူနေတဲ့အချိန် ဘာလို့ ဖရဲသီး စားပေးသင့်တာလဲ
ပူအိုက်တဲ့ ရာသီမှာ လူတော်တော်များများက ရေမကြာခဏ ဆာတတ်ကြတာကြောင့် ဖရဲသီးကို စားတတ်ကြပါတယ်။ နေပူတဲ့နေ့ရက်တွေမှာဆိုရင် စတိုးဆိုင်တွေမှာကအစ လှည်းလေးတွေအဆုံး ဖရဲသီးတွေ လှီးစိတ်ပြီး ရောင်းနေတာလည်း တွေ့ဖူးကြမှာပါ။
အရည်ရွှမ်းပြီး အရသာလည်း ရှိတဲ့ ဖရဲသီးက ဒီလို ပူအိုက်တဲ့ ရာသီအတွက် ကျန်းမာရေးဆိုင်ရာ ဘယ်လိုအကျိုးကျေးဇူးတွေ ရစေနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။
၁။ ရေဓါတ်ဖြည့်တင်းပေးတယ်။
ရာသီဥတုပူလာရင် ချွေးထွက်လာမယ်။ ဆီးသွားများတဲ့အခါ ခန္ဓါကိုယ်က ရေဓါတ်ဆုံးရှုံးတာ သဘာဝပါပဲ။ ရေဓါတ်ဆုံးရှုံးတဲ့အခါမှာ ကိုယ်လက်မအီမသာဖြစ်တာ၊ လည်ချောင်းခြောက်ပြီး နာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ နေရထိုင်ရခက်တာ၊ အလုပ်လုပ်ချင်စိတ် မရှိတာ၊ မူးဝေအော့အန်ချင်စိတ်တွေ ဖြစ်လာမှာပါ။
ဖရဲသီးမှာ ရေဓါတ် ၉၂ရာခိုင်နှုန်းပါဝင်တာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်တယ်။ ဒီလို ပူအိုက်တဲ့ ရာသီမှာ သဘာဝရေသန့်အပြင် ဖြည့်စွက်အစားအစာအနေနဲ့ စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။
၂။ အာဟာရဓါတ်ပေါင်း များစွာ ပါဝင်ပါတယ်။
ဖရဲသီးမှာ ကယ်လိုရီပမာဏ အလွန်နည်းပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် B အုပ်စု၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ် အစရှိတဲ့ သတ္တုဓါတ်တွေ များစွာ ပါဝင်ပါတယ်။ ရေဓါတ်ဖြည့်တင်းပေးပြီး ဗီတာမင် C ကြောင့် အသားအရေကို ကြည်လင်လန်းဆန်းကာ လှပစေတယ်။ နေရောင်ခြည်ဒဏ်ေကြာင့် အသားအရေပျက်စီးကြမ်းတမ်းလာတာ၊ အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။
ဖရဲသီးမှာ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓါတ်ပေါင်းအုပ်စုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တာကြောင့် ကျန်းမာစေတယ်။ အစာကြေစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။
၄။ နှလုံးကျန်းမာရေးကို ကောင်းစေတယ်။
နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးသူတွေ ကမ္ဘာအနှံ့ များသထက် များလာတာကို သိကြမှာပါ။ နေထိုင်စားသောက်မှု ပုံစံအပြင် နေ့စဉ် အစာအာဟာရမျှတစွာ စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဖရဲသီးဟာ သွေးတွင်း ကိုလက်စထရောဓါတ်ကို လျှော့ချပေးနိုင်တယ်။ ကယ်လိုရီ ပါဝင်မှုနည်းတဲ့အပြင် သွေးတိုးကျစေနိုင်ပါတယ်။ ဒါ့အပြင် lycopene လို့ ခေါ်တဲ့ ဖရဲသီးမှာ ပါတဲ့ ဓါတ်ပေါင်းတစ်မျိုးဟာ နှလုံးသွေးကြောနံရံ ကျဉ်းမြောင်းတာကို ကာကွယ်ပေးနိုင်တယ်။
၅။ အမြင်အာရုံ မချို့ယွင်းစေဖို့ ကာကွယ်ပေးနိုင်တယ်။
ဒီနေ့ခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ အကြည့်များတဲ့အပြင် ညဘက်တွေမှာ နောက်ကျအိပ်တာကြောင့် အမြင်အာရုံချို့ယွင်းပြီး မျက်စိမှုန်လာတယ်။ ဖရဲသီးကို ပုံမှန်စားပေးရင် မျက်စိမှုန်တာ၊ မျက်စိအမြင်အာရုံ အားနည်းတာကို ကာကွယ်ပေးနိုင်တယ်။ မျက်စိအမြင် ကြည်လင်စေတယ်။ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း ဖြစ်နိုင်ခြေ လျော့ကျစေနိုင်ပါတယ်။
၆။ ကြွက်သား နာကျင်ကိုက်ခဲတာကို ပြေလျော့စေတယ်။
အပြင်ထွက်ပြီး အမြဲသွားလာနေရသူတွေ၊ အားကစား လိုက်စားသူတွေမှာ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတတ်တာ သဘာဝပါပဲ။ ဖရဲသီးဟာ ဒီလိုဝေဒနာကို သက်သာစေပြီး နှလုံးခုန်မြန်စေတာကြောင့် ပိုပြီး အမောခံနိုင်လာစေတယ်။ ရေဓါတ်လည်း ပြန်လည်ဖြည့်ပေးနိုင်တာကြောင့် ပူအိုက်တဲ့ ရာသီမှာ ရေဓါတ်ခမ်းခြောက်မှာကိုလည်း ပူစရာမလိုတော့ပါဘူး။
၇။ အရေပြားနဲ့ ဆံသားကို ကျန်းမာလှပစေတယ်။
ဖရဲသီးမှာ ပါဝင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ဟာ အသားအရေကို ဖြူစင်ဝင်းပစေပြီး နုပျိုလန်းဆန်းစေတဲ့ အာဟာရဓါတ်တွေ ဖြစ်ပါတယ်။ ဗီတာမင် C က အရေပြားနဲ့ ဦးရေပြားကို သန်စွမ်းစေတယ်။ ဖြူစင်ဝင်းပလာစေတယ်။ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး ကျန်းမာတဲ့ အသားအရေအတွက် ဗီတာမင် A က ကူညီပေးပါတယ်။
၈။ အစာကြေလွယ်စေတယ်။
ရေဓါတ်နဲ့ အမျှင်ဓါတ် ပါဝင်မှုများလို့ အစာကြေလွယ်စေတယ်။ ဗိုက်ပြည့်သွားစေတာကြောင့် မကြာခဏ အစာစားချင်စိတ်ကို မဖြစ်စေပါဘူး။ ဝမ်းကိုလည်း မှန်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတုပူတဲ့ အချိန်မျိုးမှာ ရေဓါတ်များတဲ့ အသီးအနှံတွေ၊ အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ အကြံပေးလိုက်ပါတယ်နော်။