49 w - Translate

ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒရဲ့ ငလျင်ဘေးအလှူတော်မှာ ပါဝင်ခဲ့တဲ့ နေခြည်ဦးတို့ ဇနီးမောင်နှံ 🙏
သရုပ်ဆောင် နေခြည်ဦးတို့ဇနီးမောင်နှံဟာ ဘုန်းဘုန်းကြီးရဲ့ ငလျင်ဘေးအတွက် အားတက်သရော ဝင်ရောက်ကူညီနေတာကိုတွေ့ပြီး ပါဝင်လှူဒါန်းချင်ခဲ့တာလို့ဆိုပါတယ်။ ဓမ္မဒူတအရှင်ဆေကိန္ဒဟာ စစ်ကိုင်းမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေကို အစားအသောက်များသုံးဆောင်ရန်အတွက်လည်း ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ နေခြည်ဦးတို့ဇနီးမောင်နှံဟာလည်း ဆရာတော်ရဲ့ ငလျင်အလှူမှာ ငွေသားအလှူတွေပါဝင်ခဲ့တာပါ။

#crd
#celenews

image
49 w - Translate

Relationship ဆိုတာ ယောက်ျားလေးရဲ့အချစ်က မိန်းကလေးရဲ့အချစ်ထက်ပိုသာနေမှသာ အဆင်ပြေတယ်လို့လူတွေကပြောကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတစ်‌ယောက်အတွက် သူ့ရဲ့ခံစားချက်က အဓိက အရေးအကြီးဆုံးဖြစ်ပြီး၊
မိန်းကလေးတစ်ယောက်အတွက် ယောက်ျားလေးကသူ့ကိုဘယ်လိုခံစားရစေလဲဆိုတာအရေးကြီးဆုံးပါ။
ယောက်ျားလေးက မင်းကိုချစ်နေသ၍
သူမင်းကို ဘယ်တော့မှ ပစ်ထားမှာမဟုတ်သလို
မိန်းကလေးကလည်း သူအချစ်ခံနေရတယ်လို့
ခံစား‌နေရသ၍ ထွက်သွားမှာမဟုတ်ပါဘူး။

#crd

image

အချစ်က အရာအားလုံးကို ကျော်လွှားနိုင်ပြီး အောင်မြင်စေနိုင်ပါတယ် ???

49 w - Translate

ဂယ်ရီနဗီးလ် - " ဒီအခြေအနေက ခြေထောက်ကျိုးသွားနိုင်တဲ့ အနေအထားပါ.."
(ဒါပေမယ့်လည်း ဒီအဖြစ်အပျက်အတွက် တာကော့စကီးကိုတော့ အဝါကဒ်သာ ပြသသွားခဲ့ပါတယ်)
ပရီးမီးယားလိဂ် ဒိုင်တွေ ဘာလဲ..ဘယ်လဲ..?

image
49 w - Translate

ရီးရဲလ် အတွက် အရေးပါတဲ့ အဖွင့်ဂိုး ကို လှလှပပ ကန်သွင်း အဆုံးသတ်ပြနိုင်ခဲ့ပေမယ့် အသင်းမှာ ဒိတ်ဒိတ်ကြဲ စီနီယာ တွေကြောင့် မိမိဟာ သာမည အဆင့်သာ ရှိကြောင်း ညှိုးငယ်စွာပဲ အန်းဒရစ်ခ် က ရင်ဖွင့်လာခဲ့ပါတယ် ။
“ဒီမှာဆိုရင် ဗင်နီစီးယပ်စ်၊ အမ်ဘာပေ၊ ဘယ်လင်ဟမ် နဲ့ ရိုဒရိုင်ဂိုတို့တွေ ရှိတယ်။ သူတို့လေးယောက် က ကမ္ဘာပေါ်မှာဆိုရင် အကောင်းဆုံးကစားသမားတွေဖြစ်ကြတယ်ဗျ။
သူတို့တွေကြားထဲမှာဆိုရင် ကျွန်တော်က ဘောင်မဝင်သေးဘူး။
ကျွန်တော် အဆင်သင့်ဖြစ်နေဖို့အတွက်ဆိုရင် အလုပ်ကြိုးစားရမယ်။ သင်ယူရမယ်။ ဒီအသင်း ရီးရဲလ် မှာ တစ်ဘဝစာလုံးနေရဖို့အတွက်ဆိုရင်တော့ ကြိုးစားမှကို ရမယ်..”လို့ အန်းဒရစ်က မီဒီယာ ကို ဖြေကြားခဲ့တာ ဖြစ်ပြီး ရီးရဲလ် မှာ ကစားခွင်် ပိုရဖို့ သူ့အနေနဲ့ များစွားကြိုးစားဖို့ လိုအပ်ကြောင်း ဖြေကြားထားပါတယ် ။

image
49 w - Translate

ငလျင်ကယ်ဆယ်ရေးအတွက် DeepSeek အရေးပေါ် ဘာသာပြန်စနစ်ဖန်တီး
မြန်မာ့ငလျင်ဘေး ကယ်ဆယ်ရေးမှာ ဘာသာစကားပြဿနာကျော်လွှားနိုင်ဖို့ DeepSeek AI ကို အခြေခံထားတဲ့ တရုတ်-မြန်မာ-အင်္ဂလိပ် ဘာသာပြန်စနစ်တစ်ခု သုံးနေတယ်လို့ မြန်မာနိုင်ငံ တရုတ်သံရုံးက ပြောပါတယ်။
ဒီအရေးပေါ် ဘာသာပြန်စနစ်ကို ၇ နာရီအတွင်း ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ CCTV သတင်းမှာတော့ ဒီ system ကို တရုတ်အမျိုးသားဘာသာစကားဝန်ဆောင်မှုအတွင်းဝန်ရုံးနဲ့ ဘေဂျင်းဘာသာစကားနဲ့ ယဉ်ကျေးမှုတက္ကသိုလ်တို့‌ ပေါင်းပြီး ရေးဆွဲထားတာလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုချိန်အထိ ဒီပလက်ဖောင်းကို ဆက်သွယ်ရေးအထောက်အကူပြုစနစ်အနေနဲ့ သုံးနေသူ ၇၀၀ ကျော်ပြီလို့လည်း သိရပါတယ်။
DeepSeek ကို နိုင်ငံတကာငလျင်ကယ်ဆယ်ရေးမှာ ပထမဆုံးသုံးတာလို့လည်း သတင်းထဲမှာ ပြောထားပါတယ်။

image
49 w - Translate

ငလျင်ဘေးအတွက် Moblie Legends Bang Bang - MM မှ ကျပ်သိန်း ၁၀၈၀ လှူဒါန်း
မြန်မာနိုင်ငံက ငလျင်ဘေးသင့် ပြည်သူတွေအတွက် Mobile Legends Bang Bang - MM (MOONTON Games) က ခိုင်နှင်းဝေပရဟိတအသင်းကတစ်ဆင့် မြန်မာငွေ ၁၀၈,၀၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့တယ်လို့ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
Mobile Legends: Bang Bang -MM ရဲ့ စာမျက်နှာမှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် လွန်စွာဝမ်းနည်းကြောင်း ပြောထားပြီး ထိခိုက်ပြည်သူတွေကို ကူညီဖို့ ပရဟိတအဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခုလှူဒါန်းမှုဟာ သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံရှိ ညီအစ်ကိုမောင်နှမတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်သက်သာရာရစေမယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

image
49 w - Translate

“Be strong, Thailand and Myanmar.” 🇹🇭🇲🇲

Cerezo Osaka ကစားသမားများမှ မကြာသေးမီက ငလျင်ဘေးသင့် လူကြီးလူငယ်အားလုံးထံသို့ စိတ်ထားရင်းနှီးစွာ ပေးပို့သော အားပေးစကား။

image

image

ဗုဒ္ဓံ ပူဇေမိ ၊ ဓမ္မံ ပူဇေမိ ၊ သံဃံ ပူဇေမိ 🙏🙏🙏
🙏 {၁၄၁} ရန်ငြိုးရယ် မပြယ် 🙏
🔸 ဒေါသထွက်နေတော့ မဲ့တယ်
🔸 လောဘတက်နေတော့ ပြုံးတယ်
🔸🔸 ဒါတွေဟာ ကလေးအရွယ်က အခုထိ ရလျှင်ပြုံး မရလျှင်မဲ့ နေကြတဲ့ ကျနောတို့တတွေပေါ့...
▪ ဒေါသကို ထိန်းချုပ်ဖို့ဆိုတာ သည်းခံမှု(ခန္တီ) လိုအပ်ပါတယ်.
➡ တခါတုန်းက.....
▪ နုစဥ်အခါ ဘုရားလောင်းတော်က ကုဋေ
ရှစ်ဆယ် ကြွယ်ဝတဲ့ ပုဏ္ဏားမျိုးမှာပေါ့
▪ အရွယ်ရောက်တော့ ပစ္စည်းဥစ္စာတွေ စွန့်လွှတ်
ပြီး ရသေ့ဝတ်လေတယ်မလား...
🔸 ​တနေ့ ဒေဝဒတ်လောင်း ဗာရာဏသီကလာဗုမင်း ရံခြွေတော်တွေနဲ့ ဥယျာဥ်ကစားထွက်လာတယ် ။
ထိုနီးနားမှာပဲ ရသေ့ကြီးလဲ တရားထိုင်နေတယ်တဲ့.
🔸 မင်းကြီး ခဏအိပ်ပျော်သွားချိန် အမှုထမ်းအားလုံး တရားနာနေတော့ နိုးလာချိန်မတွေ့တော့ ဒေါသထွက်ပြီး ရသေ့ကြီးကို မေးတယ်
မင်းကြီး > ရသေ့ကြီး အသင့်ဝါဒက ဘာလဲ
ရသေ့ကြီး > ခန္တီဝါဒ ပါ မင်းကြီး
မင်းကြီး > ခန္တီ ရှိ မရှိ ကြည့်ရသေးတာပေါ့
လက် ခြေ အသား အရေ နားရွက်
နှာခေါင်း ဖြတ်စေ
လို့ မိန့်ပြီး ခြေထောက်နဲ့ကန်ကျောက်သွားပြီး ထွက်သွားလေတယ်
ထိုအချိန် (အရှင်သာရိပုတ္တရာလောင်း) စစ်သူကြီးက လာမေးလေတယ်
စစ်သူကြီး > အရှင်ဘုရား၊ အရှင်ဘုရားကို နှိပ်စက်
စေတဲ့ လူကိုပဲ ဒေါသထွက်ပါ
တိုင်းပြည်ကို ဒေါသမထွက်ပါနှင့် ဘုရား
ရသေ့ကြီး > မင်းကြီးအပေါ်လဲ ဒေါသ မထွက်ပါ
အသင် စစ်သူကြီး ၊ မင်းကြီးအသက်
ရှည်ပါစေ သတည်း
လို့ ပြောလေတယ်ပေါ့.
▪ ထို ကလာဗုမင်းဟာ ဥယျာဥ်တံခါးဝ ရောက်လျှင် မြေမြိုခံရလေတယ်မလားးး
🔸🔸 ရွဲကုန်သည်ဘဝက စခဲ့တဲ့ ဒီဒေါသရန်ငြိုးဟာ ရှည်လျားခဲ့တာကြောင့် ခုတစ်ကြိမ်နှင့် မျောက်မင်းဘဝ၌ တစ်ကြိမ် နုနယ်စဥ်က ဒေဝဒတ် ဟာ
(၂)ကြိမ်တိုင်တိုင် မြေမြိုခံ ခဲ့ရပါတယ်ပေါ့...
🔸 ယခုအချိန်၌လဲ ငါဘုရားကို လုပ်ကြံခဲ့လို့ မြေမြိုခံရကာ ငရဲမှာ ခံနေရလေပြီ.
✅ ဒါကြောင့် မြတ်စွာဘုရားက ေလာဘ ဒေါသ မောဟ နေရာမှာ အဒေါသ အလောဘ အမောဟ ဝင်လာဖို့ လိုအပ်တယ်လို့ ဟောကြားခဲ့တာပေါ့. 🙏🙏🙏
🙏ဗုဒ္ဓဓမ္မ🙏

image