1 y - Translate

၂၀၂၅ ခုနှစ် - စစ်ကိုင်းငလျင်ကြီး လှုပ်ပြီး နောက်ဆက်တွဲငလျင်လှုပ်သည့် အခြေအနေ
ဧပြီလ ၂ ရက်၊ နေ့လည် ၂ နာရီ ၂၀ မိနစ် update
ထိုင်းမိုးလေဝသဌာန၊ ငလျင်ဌာနမှ ရယူပါသည်၊ နောက်ဆက်တွဲငလျင်အကြိမ်ရေ ၂၇၁ ကြိမ် ရှိပြီဖြစ်ပါတယ်။
Aftershocks total 271
1.0 to 2.9 = 80
3.0 to 3.9 = 123
4.0 to 4.9 = 58
5.0 to 5.9 = 9
6.0 to 6.9 = 0
7.0 = 1

#crd

image
1 y - Translate

nail gallery

image
1 y - Translate

nail gallery

image
1 y - Translate

nail gallery

image
1 y - Translate

nail gallery

image
1 y - Translate

nail gallery

image
image
image
image
1 y - Translate

ငလျင်ဘေးသင့်ခဲ့တဲ့ မြန်မာပြည်သူတွေအတွက် မြန်မာငွေကျပ် သိန်း ထောင်ကျော် လှူဒါန်းခဲ့တဲ့ Kim Go Eun
သူမကတော့ ကိုရီးယားငွေ ဝမ် သန်း ၅၀ လှူဒါန်းလိုက်တာဖြစ်ပါတယ်။ မြန်မာပရိသတ်တွေအခိုင်အမာရရှိထားတဲ့ မင်းသမီးလေးလည်းဖြစ်ပါတယ်။ သူမရဲ့ မြန်မာပရိသတ်တွေအပေါ်ထားတဲ့ ကိုယ်ချင်းစာနာမှုတရားကြောင့် ပရိသတ်တွေကလည်း ချစ်ခြင်းမေတ္တာအပြည့်နဲ့ အားပေးနေကြပါတယ်။

#crd
#celenews

image
1 y - Translate

၆ ရက်အတွင်း ငလျင် ၅၇ ကြိမ် လှုပ်ခတ်ခဲ့
ရန်ကုန်၊ ဧပြီ ၂
မတ်လ ၂၈ ရက်ကနေ ဧပြီ ၂ ရက်နေ့အထိ မြေငလျင် ၅၈ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဧပြီလ ၂၈ ရက်နေ့ တစ်ရက်တည်းမှာ ရစ်(ခ်)တာစကေး ၇.၇ ပြင်းအားရှိတဲ့ လှုပ်ခတ်မှုအပါအဝင် မြေငလျင် ၁၃ ကြိမ်အထိ လှုပ်ခတ်ခဲ့ပါတယ်။
အဲ့ဒီနောက် မတ်လ၂၉ ရက်မှာ ၁၁ ကြိမ်၊ မတ်လ ၃၀ ရက်မှာ ၁၀ ကြိမ်၊ မတ်လ ၃၁ ရက်မှာ ၁၃ ကြိမ်၊ ဧပြီလ ၁ ရက်မှာ ၇ ကြိမ်နဲ့ ဧပြီလ ၂ ရက် မနက်ပိုင်းမှာတော့ နောက်ထပ် (၃) ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီလ ၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်အထိ စာရင်းကောက်ယူမှုတွေအရ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၂,၇၁၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄,၅၂၁ ဦး၊ ပျောက်ဆုံးနေသူ ၄၄၁ ဦး ရှိလာပါတယ်။
သတင်း - BETV Business

image
1 y - Translate

(၂.၄.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊
ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၆၁၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၇,၀၆၀,၀၀၀ ကျပ်
၁၅ ပဲရည်ပေါက်စျေး- ၆,၆၄၅,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၃၈၀ ကျပ်(ဝယ်)၊ ၄၄၃၀ ကျပ်(ရောင်း)
👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၀၀၀ ကျပ်
Octane 95 - ၃၀၅၀ ကျ​ပ်
Premium Diesel - ၃၁၉၀ ကျပ်
Diesel - ၂၅၈၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news

image
1 y - Translate

မြန်မာ့အာမခံလုပ်ငန်းက ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးမည်
ရန်ကုန်၊ ဧပြီ ၂
မြန်မာ့အာမခံလုပ်ငန်းက မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးလျော်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
မြန်မာ့အာမခံလုပ်ငန်းမှာ မီးနဲ့ မြေငလျင်ဘေးဒဏ်အကာအကွယ်နဲ့ အာမခံထားရှိခဲ့တဲ့ အစိုးရဌာနများ၊ လုပ်ငန်းရှင်တွေနဲ့ ပြည်သူများပိုင် အဆောင်အဦ၊ စက်ပစ္စည်းတွေနဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုတွေကို စိစစ်တွက်ချက်ပြီး အမြန်ဆုံးပေးလျော်သွားမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သက်ဆိုင်သူတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်း (ရန်ကုန်ရုံးချုပ်)နဲ့ နီးစပ်ရာ မြန်မာ့အာမခံလုပ်ငန်းရုံးခွဲတွေထံ ဆက်သွယ်ပြီး လျော်ကြေးတောင်းခံစာတွေ ပေးပို့ကြဖို့ အကြောင်းကြားထားကာ ဖုန်းနံပါတ် ၀၉ ၄၂၅၂၆၃၄၄၇၊ ၀၉ ၇၆၅၂၁၀၄၆၈ ထံ ဆက်သွယ်စုံစမ်းကြဖို့ အသိပေးထားပါတယ်။
သတင်း - BETV Business

image