#cute

Khine Su Zin shared a post  
14 w

14 w

Double cleansing ကို ညဘက်ပဲပြုလုပ်ပေးသင့်တယ်ဆိုတာ ရှေ့မှာပြောခဲ့ပြီနော်။

DC လုပ်တဲ့အခါ 1st step cleanser ကို များသောအားဖြင့် micellar water / cleansing milk / cleansing balm / cleansing oil တွေရွေးတတ်ကြတယ်📌 အကုန်လုံးက သုံးနေကျ water based cleanser မတိုင်ခင် သုံးရမှာဖြစ်ပြီး ဘယ်လိုအသုံးပြုရမလဲဆိုရင်...

✓ Micellar water - Cotton pad ထဲလိုသလောက်ထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ် အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ရေဆေးချပြီး မျက်နှာသစ်လိုက်သုံးပေးရုံပဲ။

✓ Cleansing Milk - အပေါ်က micellar water လိုသုံးချင်လဲဖြစ်တယ်။ မဟုတ်ဘဲ လက်နဲ့ပဲသုံးချင်တယ်ဆိုရင် လက်ထဲသင့်တင့်တဲ့ပမာဏထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ထုံးစံအတိုင်း ရေဆေးချပြီး မျက်နှာသစ်သုံးပေးရုံပါပဲ။

✓ Cleansing Balm - လက်ထဲကို အနဲအကျဉ်းယူပြီး အဆီအဖြစ်ပြောင်းလဲသွားအောင် အရင်ပွတ်ပေးရမယ်။ ပြီးရင် ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, 30-60sec လောက် massage လုပ်ပြီး ရေဆေးချရုံပါပဲ။ အဲ့ဒါပြီးမှ မျက်နှာသစ်လိုက်သုံးပေးပေါ့နော်။

✓ Cleansing Oil - Cleansing balm လိုပဲ ခြောက်သွေ့နေတဲ့မျက်နှာပေါ် လိုသလောက်တင်, 30-60sec လောက် massage လုပ်ပေးပြီး ရေဆေးချရုံပါပဲ။ ပြီးရင်တော့ နောက်ကနေ water based cleanser တခုလိုက်သုံးပေးပါ။

ဒီမှာ ❗တခုသိစေချင်တာက တချို့သော cleansing oil/balm တွေက ရေဆေးချပြီးလဲ အသားပေါ်မှာ oily residue အနည်းငယ်ကျန်တတ်လို့ ကိုယ်က cleansing oil/balm သုံးမယ်ဆိုရင် နောက်ကလိုက်မယ့် water based cleanser ကို အရမ်းတွေ soap free ဘာညာလုပ်လို့မရဘူး။ အမြုပ်တထောင်းထောင်းထပြီး super duper deep cleansing ဖြစ်ဖို့ထိတော့ မလိုပေမဲ့ proper cleansing လောက်တော့နိုင်တဲ့ gel type လောက်တော့ သုံးပေးသင့်ပါတယ်။

#crd
#skincarereview

image
14 w - Translate

Double cleansing ကို ညဘက်ပဲပြုလုပ်ပေးသင့်တယ်ဆိုတာ ရှေ့မှာပြောခဲ့ပြီနော်။

DC လုပ်တဲ့အခါ 1st step cleanser ကို များသောအားဖြင့် micellar water / cleansing milk / cleansing balm / cleansing oil တွေရွေးတတ်ကြတယ်📌 အကုန်လုံးက သုံးနေကျ water based cleanser မတိုင်ခင် သုံးရမှာဖြစ်ပြီး ဘယ်လိုအသုံးပြုရမလဲဆိုရင်...

✓ Micellar water - Cotton pad ထဲလိုသလောက်ထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ် အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ရေဆေးချပြီး မျက်နှာသစ်လိုက်သုံးပေးရုံပဲ။

✓ Cleansing Milk - အပေါ်က micellar water လိုသုံးချင်လဲဖြစ်တယ်။ မဟုတ်ဘဲ လက်နဲ့ပဲသုံးချင်တယ်ဆိုရင် လက်ထဲသင့်တင့်တဲ့ပမာဏထည့်ပြီး ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, အနှံ့ပွတ်ပေးရမယ်။ ပြီးရင် ထုံးစံအတိုင်း ရေဆေးချပြီး မျက်နှာသစ်သုံးပေးရုံပါပဲ။

✓ Cleansing Balm - လက်ထဲကို အနဲအကျဉ်းယူပြီး အဆီအဖြစ်ပြောင်းလဲသွားအောင် အရင်ပွတ်ပေးရမယ်။ ပြီးရင် ခြောက်သွေ့နေတဲ့မျက်နှာပေါ်တင်, 30-60sec လောက် massage လုပ်ပြီး ရေဆေးချရုံပါပဲ။ အဲ့ဒါပြီးမှ မျက်နှာသစ်လိုက်သုံးပေးပေါ့နော်။

✓ Cleansing Oil - Cleansing balm လိုပဲ ခြောက်သွေ့နေတဲ့မျက်နှာပေါ် လိုသလောက်တင်, 30-60sec လောက် massage လုပ်ပေးပြီး ရေဆေးချရုံပါပဲ။ ပြီးရင်တော့ နောက်ကနေ water based cleanser တခုလိုက်သုံးပေးပါ။

ဒီမှာ ❗တခုသိစေချင်တာက တချို့သော cleansing oil/balm တွေက ရေဆေးချပြီးလဲ အသားပေါ်မှာ oily residue အနည်းငယ်ကျန်တတ်လို့ ကိုယ်က cleansing oil/balm သုံးမယ်ဆိုရင် နောက်ကလိုက်မယ့် water based cleanser ကို အရမ်းတွေ soap free ဘာညာလုပ်လို့မရဘူး။ အမြုပ်တထောင်းထောင်းထပြီး super duper deep cleansing ဖြစ်ဖို့ထိတော့ မလိုပေမဲ့ proper cleansing လောက်တော့နိုင်တဲ့ gel type လောက်တော့ သုံးပေးသင့်ပါတယ်။

#crd
#skincarereview

image

🍗 ဆေးဖက်ဝင် ကျန်းမာရေး ကြက်ပေါင်း 🍗
*********
💖 ( ဆီးချို သွေးတ်ိုးသမားများအတွက် ) 💖

အရသာရှိတဲ့ အစားအသောက်တွေ တင်ခဲ့ပြီးပါပြီ။
ဒီတစ်ခါတော့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်လှတဲ့
ကျန်းမာရေး ကြက်ပေါင်းလုပ်နည်းကို တင်ပေးပါမယ်။

ဒီနည်းဟာ မြန်မာဆေးဆရာကြီး
ဆရာကမ္ဘာအေးအောင်မြင့်ကျော်မှ
ဆီးချို သွေးတိုးသမားများအတွက်
ဓါတ်စာအဖြစ် စားသုံးခိုင်းတဲ့
ဆေးဖက်ဝင် ကျန်းမာရေး ကြက်ပေါင်း လုပ်နည်းပဲ ဖြစ်ပါတယ်။

ကျမအိမ်မှာ ဆီးချို သွေးတိုးရှိတဲ့
ကျေးဇူးရှင် မိခင်ကြီးကို
တစ်ပတ်လျှင် ၃ ကြိမ် ပြုလုပ်ပြီးတိုက်ရင်းနဲ့
အများ သူငါ အတွက်ပါ စေတနာအရင်းခံဖြင့်
လုပ်နည်းကို မျှဝေပေးခြင်းဖြစ်ပါတယ်။

လုပ်နည်းကတော့
💖 မြန်မာကြက် အသားချည်းပဲ ၂၅ ကျပ်သား ( ခုတ်ထစ်ထား )
💖 သံပုရာသီး ၃ လုံး ( ပါးပါးလွီးထား )
💖 ဂျင်း ( အချောင်းလိုက် လှီးထား )
💖 အရသာ ( အချို, အငံ သင့်ရုံ )

အသင့်ပြင်ထားတွေကို ပေါင်းအိုးထဲထည့်ရပါမယ်။
ကြက်သားကို အရသာနယ်၍
အသင့်ပြင်ထားတဲ့ ဂျင်း, သံပုရာကွင်းများပါထည့်ပြီး
အဖုံးအုပ်၍ အနည်းဆုံး ၃ နာရီကြာ ပေါင်းရပါမယ်။
ရေထည့်စရာ မလိုပါဘူး။
အသားထဲက ကြက်ပေါင်းရည်လေးများ ထွက်လာပါလိမ့်မယ်။

အရသာကတော့ ချဉ်ခါးခါး ရှိပါမယ်။
သို့သော် ကျန်းမာရေးအတွက်တော့
အင်မတန် ဆေးဖက်ဝင်လှတာမို့
ဆီးချို သွေးတ်ိုးသမားများအတွက်
အထူး သင့်လျှော်လှပါကြောင်းနှင့်
အရည် အသား အဖပ်များအားလုံး
တစ်ထိုင်တည်း အကုန်စားရမည် ဖြစ်ပါကြောင်း။

ပေါင်းအိုးကတော့ သံစျေးမှာ ဝယ်ယူရရှိနိုင်ပါတယ်။

#credit ပဲခူး ဒေါ်ထွေးရီ

image
14 w - Translate

cooling fan
🌞 နွေရာသီရဲ့အပူဒဏ်ကို သက်သာစေမယ့် Portable Air Conditioner Fan💨
💰 ဈေးနှုန်း [၆၅၀၀၀ကျပ်]
💦 Spray Technology - 200ml ရေတိုင်ကီနဲ့ နာရီပေါင်းများစွာ အေးမြစိုပြည်တဲ့ လေအေးကို ခံစားရမယ်။

🔋 2000mAh Battery - USB Rechargeable ဖြစ်လို့ တစ်ကြိမ်အားသွင်းရုံနဲ့ ၁ နာရီအထိ သုံးလို့ရပါတယ်။

🌈 Colorful LED Lights - ရောင်စုံမီးလေးတွေနဲ့ အိမ်အလှဆင်ဖို့ရော ပျော်စရာလေးဖြစ်အောင်ပါ အဆင်ပြေတယ်။

💨 Multi-Speed Wind - လေတိုက်နှုန်း ၃ ဆင့် ချိန်ညှိနိုင်ပြီး 360-degree rotation နဲ့ အနှံ့အေးမြမှုကို ပေးစွမ်းတယ်။

🏡 ဘယ်နေရာမှာမဆို အဆင်ပြေ - အိမ်၊ ရုံးခန်း၊ မီးဖိုချောင်၊ စာကြည့်တိုက်၊ အဆောင်၊ အပြင်ထွက်တဲ့အခါပါ အသုံးပြုလို့ရတယ်။

📦 Package ထဲမှာ

1 x Double-Ended Spray Fan
Mainland China မှထုတ်လုပ်ထားပြီး အရွယ်အစား 31x11x11cm (12.2x4.33x4.33inch) ရှိတဲ့ ဒီ Double-Ended Spray Fan လေးက အိမ်သုံး၊ ရုံးသုံး၊ အပြင်ထွက်ရင်ပါ အဆင်ပြေတဲ့ အရမ်းအသုံးဝင်တဲ့ item လေးပါ။ 🌿

🔥 ဒီနွေမှာ အေးမြစရာ လေအေးပေးစက်လေးနဲ့ သက်သာအောင်နေမယ်ဆိုရင် အခုပဲ မှာလိုက်ပါ။

📩📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။

#portablefan #airconditionerfan #sprayfan #coolingfan #homeessentials #officegadgets #summermusthave #myanmarshopping #onlinesale

14 w - Translate

ငါကရတယ် ကိစ္စမရှိဘူး
ဆိုတဲ့စကားကို
ချစ်တဲ့သူတွေနဲ့ဆို အမြဲပြောဖြစ်ပါတယ်
လိုချင်တာရှိရင် မ ရ မ က ယူ- တတ်ပေမယ့်
ချစ်တဲ့သူတွေနဲ့ယှဉ်လာတဲ့ကိစ္စမှန်သမျှမှာ
ငါပဲနောက် ဆု- တ်ပေးခဲ့တာများတယ်
အဲ့ဒါမို့အဆင်ပြေတဲ့အရာကိုသာရွေးကြပါ
ငါကရတယ် ကိစ္စမရှိဘူး။အဆင်ပြေတယ်။
အဆင်ပြေအောင်နေတတ်တာမို့ပူ ပ- န်တဲ့စိ- တ်နဲ့တောင်ထည့်မတွေးကြနဲ့။လှ- ည့်မကြ- ည့်ပေးနဲ့။
ငါကရတယ် ကိစ္စမရှိဘူး။

#crd

image
14 w - Translate

၇ ရက်မြောက်နေ့အထိ Great Wall ဟိုတယ်မှာ ပိမိနေတဲ့ မိသားစုဝင် ၃ ယောက်လုံးကို ရှာဖွေခွင့်မရသေးတဲ့ မိခင် 💔

၇ ရက်ဆိုတဲ့အချိန်အတိုင်းအတာဟာ လူတစ်ဦး အသက်ရှင်သန်ကျန်ရစ်ဖို့ မျှော်လင့်ချက်နည်းပါးနေပေမယ့် မိသားစုဝင်ဖြစ်တဲ့ သမီးလေး နှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ သူမကတော့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို ဖော်ခွင့်ရဖို့ မျှော်လင့်နေတာပါ။ သို့သော်လည်း ဒီနေ့အချိန် ၇ ရက်မြောက်နေ့အထိ ပိတ်မိနေတဲ့ Hotel အရှေ့ဘက်ခြမ်းကို ဖြိုချခွင့်လည်းမပေးသလို အပေါ်ထပ်တွေမှာ ဧည့်သည်တွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေရှိတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထက်ကိုစာတင်ပြီးမှ ဖြိုချလို့ရမယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးဝင်တဲ့ရက်ဟာ ၃ ရက်မြောက်နေ့မှာ ဝင်ခဲ့ပေမယ့် ဟိုတယ်ရဲ့ အနောက်ဘက်ခြမ်းကိုသာ ဝင်ခဲ့ပြီး အရှေ့ဘက်ခြမ်းကို ကယ်ဆယ်ရေးမဝင်ခဲ့တာက အရှေ့ဘက်မှာ လူသိပ်မရှိဘူးဆိုတဲ့အကြောင်းပြချက်ကြောင့်ရယ်နဲ့ အသက်ရှင်သန်သူမရှိတော့ဘူးဆိုတာကြောင့် ကယ်ဆယ်ရေးဆက်မလုပ်တော့ကြောင်း မိခင်ဖြစ်သူ သူမကဆိုပါတယ်။ ဟိုတယ်ဘက်ကလည်း တာဝန်ယူသူမရှိ ၊ ပူးပေါင်းပါဝင်မှုမရှိကြောင်းနဲ့ မိခင်ဖြစ်သူ သူမရဲ့ပူလောင်သောကတွေကြောင့် ပြည်သူတွေကလည်း ဝိုင်းဝန်းကူညီကာ ပြောပေးကြဖို့ သူမက တောင်းဆိုထားပါတယ်။

#crd
#celenews

image
14 w - Translate

#ပင်လယ်ရေအောက်ပိုက်လိုင်းပြင်တဲ့ရေငုပ်သမားရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်း 🔥🔥
နာမည်ကြီး ရုပ်ရှင်စတားတွေဖြစ်တဲ့ Shang Chi မင်းသား Simu Liu , Woody Harrelson , Finn Cole တို့ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် ကားကောင်းတစ်ကားပါ။
စကော့တလန်ကမ်းရိုးတန်းက ပင်လယ်ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပြုပြင်တဲ့ ရေငုပ်သမားတစ်ယောက်အကြောင်းကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။
ရေငုပ်သမားတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်နဲ့ ပင်လယ်ရေအောက် ပေ ၃၀၀ လောက်က အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို ရိုက်ပြထားတာပါ။
လူ့ဦးနှောက်ထဲကို အောက်ဆီဂျင် မိနစ် ၂၀ လောက်မဝင်ရင်သေသွားပြီလို့ယူဆရပေမဲ့ ခရစ်ဆိုတဲ့ ရေငုပ်သမားကတော့ ပင်လယ်ဂက်စ်ပိုက်လိုင်းပြင်ရင်း မတော်တဆမှုနဲ့ ဆက်သွယ်ရေးပြတ်တောက်ပြီး
ကယ်ဆယ်ရေးမလာခင်အထိ အောက်ဆီဂျင် မရဘဲ မိနစ် ၄၀ လောက်နေလိုက်ရပါတယ်...ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အလောင်းပြန်ဆယ်ဖို့သွားပေမယ့်
အသက်ရှင်နေသေးတဲ့ ခရစ်ကို ယနေ့ခေတ်ကျွမ်းကျင်သူတွေကလည်း ဘာကြောင့်လဲဆိုတာ အဖြေမရှာနိုင်သေးတဲ့ ဖြစ်ရပ်မှန်ကားလေးပါ။

image
14 w - Translate

ဥစ္စာနွမ်းပါးတဲ့ မိဘတွေက
သားသမီး ပညာတတ်ဖို့ အတွက်
နေပူထဲ. . အလုပ်ခွင်ထဲမှာ
နှစ်ဆ အပင်ပန်းခံပြီး ရုန်းကန်ကြရတယ်။
သားသမီး ဘွဲ့တစ်ခု ရဖို့အတွက်
ထမင်းစားပွဲဝိုင်းက ဟင်းတစ်ခွက်ကို လျှော့ပစ်လိုက်ရတယ်။ရှိတာလေးနဲ့ ရောင့်ရဲ တင်းတိမ်ခဲ့ကြရတယ်။
အချိန်တန်လို့ သားသမီးက ဘွဲ့လည်းရရော
မိဘတွေလည်း ဖတ်ဖတ်ကို မောလို့. . .
တော် တော် ကို နွမ်းလျ ပင်ပန်း သွားကြပြီ။
နှစ်တွေ လတွေ နဲ့ ချီပြီး
သူတို့ ပင်ပန်းလာခဲ့ သမျှ သားသမီး ရဲ့ လခ စားလေးနဲ့အပန်းဖြေလိုက်မယ် ကြံရုံကာရှိသေး. . .
အရွယ်ရောက်လို့ ပညာစုံပြီ ဖြစ်တဲ့
သား သမီးက ကြင်ယာစုံဖို့အထိ ပလန် ချပြီးသွားပြီ။
မိဘနှစ်ပါးခမျာ ဘာမှ မတတ်နိုင်ရှာဘူး။
အေးပေါ့ကွယ်. . . လူ့သဘာဝပေကိုး. .။
သူလည်း လက်တွဲဖော်နဲ့ ပျော်ချင်ရှာမှာ ပေါ့. . .
ဒီလို နားလည်ခွင့်လွှတ်စိတ် လေးတွေနဲ့ပဲ
ကိုယ့်စိတ်ကို ဖြေသိမ့်ကြရင်း
သူတို့ရဲ့ ရှေ့ရေးထက် သားသမီးရဲ့ ရှေ့ရေးကိုပဲ
ဦးစားပေး. . . နေရာပေးရင်း
ရင်ကွဲပက်လက် နဲ့ ရင်ဘတ်ထဲက. . . ဘဝထဲက
ခွဲထွက်ခွင့်ကို ပေးလိုက်ကြရတယ်။
တားချင်ပေမယ့် မတားရက်ဘူး
နှမြောပေမယ့် ပြောမထွက်ဘူး။
အားကိုးချင်ပေမယ့် မမျှော်လင့်ရက်တော့ဘူး။
ဝမ်းနည်းလွန်း အားကြီး လာရင်တောင်
ကွယ်ရာသွားပြီး မျက်ရည်ကျ ပစ်လိုက်တယ်။
သားသမီး ရှေ့မှာတော့ သူတို့ဟာ ပျော်ပျော်ပဲ။
မိဘမေတ္တာ စုန်ရေ ဆိုတာ ဒါပါဘဲလေ. . .။
ပညာလည်းစုံ ကြင်ယာလည်းစုံ သွားတဲ့ သားသမီးကတစ်အိုးတစ်အိမ်တည်လို့ ခွဲထွက်ပစ်ခွာသွားတော့
နွမ်းပါးရှာတဲ့ မိဘ နှစ်ပါးခမျာ
ရှိစုမဲ့စု ဥစ္စာပစ္စည်း လေးတွေကလည်း
သားသမီး ပညာရေးထဲ နှစ်မြှပ်လိုက်လို့ ကုန်ခဲ့ပြီ။
အရွယ်ကလည်း ဇရာရဲ့ လက္ခဏာတွေ ထင်ရှားခဲ့ပြီ။
နွမ်းပေမယ့်လည်း အပန်းဖြေခွင့် မရကြတော့ဘူး။
သူတို့ဟာ ဝမ်းစာရေးအတွက်
နေပူထဲ. . . အလုပ်ခွင်ထဲမှာ
ဆက်ကာ ဆက်ကာ ရုန်းကန် နေခဲ့ ကြရတော့တယ်။
နေညိုချိန်မလှတဲ့ စုန်ရေ တို့ ဘဝပါပဲ။
မိဘ အများစု ဟာ
ဘယ်လောက် လိမ္မာတဲ့ သားသမီးကိုပဲ ဖြစ်ဖြစ်
ဘယ်လောက် အလိုက်သိတဲ့ သားသမီးကိုပဲ ဖြစ်ဖြစ်
အိမ်ထောင် ကျသွားခဲ့ပြီ ဆိုရင်
အဲ့ဒီ သားသမီး အပေါ်မှာအားကိုးမျှော်လင့်စိတ်တွေ သိပ်မထားတတ်ကြတော့ဘူး။သူတို့ဘဝကို ဖြစ်သလိုသာ ရုန်းကန်ကြတော့တယ်။
မိဘ ကို အရမ်းချစ်တဲ့ သားသမီး ကတော့
မိဘအတွက် ပြန်ပြီး လုပ်ကျွေးချင်စိတ် ရှိပါတယ်။
သို့ပေမယ့် သူ့မှာကလည်း အိမ်ထောင်ရှိနေတဲ့အခါ
စိတ်ကသာ ရောက်ပြီး လက်တွေ့ ရောက်မလာနိုင်တော့ဘူး။
မွေးကတည်းက မိဘဆီ က
အယူချည်း သက်သက် နဲ့ ကြီးပြင်းလာခဲ့တော့
ပြန်လုပ်ကျွေးနိုင်ချိန်ရောက်တော့
အိမ်ထောင်သည် ဖြစ်နေပြီ။
ဘာမှမတတ်နိုင်တော့ဘူး။ကိုယ်က မိဘကို ကျွေးချင်ရင်တောင်
အိမ်ထောင်ဘက်ရဲ့ မျက်နှာကို ကြည့်နေရပြီ။
သူ မကြည်ဖြူရင် ကိုယ်ဘာမှလုပ်လို့ မရတော့ဘူး။
ဒါတင် မကပါဘူး. . .
ကိုယ့်မိဘကို ပံ့ပိုးပေးချင်ရင်
သူ့ မိဘ အတွက်ပါ ထည့်တွေး ပေးလာရတော့တယ်။
ကျွေးချင်ရင် နှစ်ဖက်စလုံးကို ကျွေး. . .
ပေး ချင်ရင် နှစ်ဖက်စလုံးကို ပေး. . .
မကျွေးနိုင်. . . မပေးနိုင်ရင် နှစ်ဖက်စလုံးကို
မကျွေးနဲ့ မပေးနဲ့ ဖြစ်လာကုန်ရော. . .။
နှစ်ဦး နှစ်ဖက် မိဘတွေကို ပေးရပြီ ဆိုတော့
ကိုယ့်မှာကလည်း ဥစ္စာပစ္စည်း မလုံလောက်သေးတာနဲ့
မိဘတွေကို မပေးဖြစ်. . မကျွေးဖြစ်တော့ဘူး. . .
ေဩာ် မိဘကျေးဇူး. . . မိဘကျေးဇူး
စိတ်ကူး ပေါက်ရင်တောင်မှ တကယ်ဆပ်ဖြစ်ဖို့
မလွယ်ကူလှပါဘူး။
ကိုယ့်အပူ ကိုယ့်သောက တွေနဲ့
အိမ်ထောင်သည် ဘဝမှာချာချာလည်နေရင်း
မိဘအိမ်နဲ့ ဝေးမှန်းမသိ ဝေးသွား ခဲ့ကြတယ်။
ဒီလို နဲ့ အချိန်တွေ လွန်လာရင်း
မိဘနှစ်ပါးမှာ ဘဝတိမ်းပါး သွါးတဲ့အခါ
ဒီဘဝမှာ မိဘကျေးဇူး ဆပ်ဖို့ အခွင့်အရေး ဟာ
လုံးဝ ကို လက်လွှတ်ဆုံးရှုံး သွားကြရတော့တယ်။
မိဘကျေးဇူး ကို တကယ်ဆပ်ချင်တဲ့သူ အတွက်
မိဘနှစ်ပါး မရှိတော့ရင် ဘာမှ လုပ်လို့ မရတော့ပါဘူး။
မိဘကို ချစ်ကြသူတိုင်း
မိဘကျေးဇူးကို မြန်မြန် ဆပ်နိုင်ကြပါစေ။
Credit

image
14 w - Translate

အပစ်ရပ်ကြေညာထားပေမယ့် မွန်ပြည်နယ်မှာ လေကြောင်းနဲ့ကင်းထောက်မှုတွေဆက်ရှိနေ
မော်လမြိုင်၊ ဧပြီ ၄
ရက်ပေါင်း ၂၁ ရက်အကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း စစ်ကောင်စီဘက်က ကြေညာထားပေမယ့် မွန်ပြည်နယ်မှာ လေကြောင်းနဲ့ ကင်းထောက်မှုတွေ ဆက်ရှိနေတယ်လို့ တော်လှန်ရေးအင် အားစုတွေထံကနေ သိရပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတဝန်း ငလျင်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်ဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့ထိ သုံးပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပါတယ်။
အပစ်ရပ်ကြေညာထားပေမယ့် မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ လေယာဉ်နဲ့ကင်းထောက်မှုတွေ နေ့စဉ်နဲ့အမျှ ဆက်ရှိနေတယ်လို့ KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် လူသားချင်းစာနာထောက်တဲ့အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆိုင်းငံ့ထားပေမယ့် စစ်ကောင်စီဘက်က ထိုးဆင်စစ်လာပါက ပြန်လည်ခုခံတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
အလားတူ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ်ရဲ့ ရေး၊ ကျိုက်မရော၊ သံဖြူဇရပ်မြို့နယ်တို့မှာလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ ကင်းထောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ကြေညာခဲ့ပေမယ့် ချွင်းချက်အနေနဲ့ လက်မခံတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ပါက အရေးယူတုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ထိုးစစ်တွေကို ပြုလုပ်မှာမဟုတ်ဘဲ ဧပြီတစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း MNDAA ၊ TNLA နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့က ဧပြီ ၁ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ငလျင်ဖြစ်ပွားရာဒေသတွေမှာ ထိုးစစ်နှစ်ပတ်ရပ်နားမယ်လို့ ကြေညာထားတာပါ။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် မတ် ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောက်စီတပ်ရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားလေးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း - သံလွင်တိုင်းမ်
ဓာတ်ပုံ-AFP

image
//