1 y - Translate

"King's Reception" by Saya U Saw Maung (1900-1969)
ဦးစောမောင်သည် နန်းတွင်းပန်းချီတော် ဆရာချုံ၏တပည့်ဆရာအေး၏သားဖြစ်သည်။

#crd

image
1 y - Translate

စစ်ကိုင်းမှာ ဆွမ်းခံကြွရန်ခက်ခဲနေသော သံဃာတော်၊ သီလရှင် အပါး ၅၀၀၀ ကို ဆွမ်းလှူဒါန်းခဲ့တဲ့ လှမျိုးသဉ္ဇာနွယ် 🙏
စစ်ကိုင်းမြို့တွင် ငလျင်ဘေးဒဏ်သင့်ပြီး ဆွမ်းခံကြွရန်ခက်ခဲလျက်ရှိနေတဲ့ သံဃာတော်နဲ့ သီလရှင် အပါး ၅၀၀၀ ကို ဆွမ်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ အရပ်လေးမျက်နှာက ကြွလာ အလှူခံတော်မူကြသူအားလုံးကို လှူဒါန်းခဲ့တာဖြစ်ပြီးတော့ ယခုကဲ့သို့ လှူဒါန်းရတဲ့အတွက် ငလျင်ကြောင့်ကွယ်လွန်သွားကြသူများကုသိုလ်ရစေဖို့ ရည်ရွယ်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

#crd
#celenews

image
1 y - Translate

ရုတ်တရက်လောကကြီးကနေ ထွက်ခွာသွားကြတဲ့လူတချို့ကို ငါမြင်တွေ့ရတော့ ငါကိုယ်တိုင်ကရော အသက်၃၀အထိ အသက်ရှည်နေပါ့မလား ။
သေဖို့အတွက်ကြိုးစားရှင်သန်နေရတဲ့ဘဝမှာ
ဒီနေ့အတွက် ပျော်ရွှင်ချင်တယ်။

တတ်နိုင်သလောက်မိဘနှစ်ပါးကို ဖြည့်ဆည်းပေးချင်တယ် ။
သွားချင်တဲ့ခရီးတွေ ရောက်အောင်သွားချင်တယ်။
တွေ့ချင်တဲ့လူတချို့ကို တွေ့ခွင့်ရချင်တယ်။
မဖြစ်နိုင်တော့တဲ့အရာတွေကို မေ့ပစ်ထားချင်တယ် ။

ကမ္ဘာကြီးနဲ့လူတွေလည်း အေးချမ်းပါစေ
ငါကိုယ်တိုင်လည်း အေးချမ်းပါစေ ။

#ဖားစည်ရည်ကျော်

image
MyatThaw changed his profile picture
1 y

image
1 y - Translate

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။
လောကမှာ
တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...
လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...
တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...
အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။
#crd

image

အချစ်ဆိုတာ ပေးဆပ်ခြင်းပါ <br>ဆုံးရှုံးတယ်လို့ခံစားရတာမျိုးမဟုတ်ပါဘူး

1 y - Translate

ငလျင်ကြောင့် အုတ်တံတိုင်း ပိခဲ့တဲ့ သမီးငယ်လေးဆီသွားရောက်ကာ အားပေးစကား ပြောခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင် ❤️
ငလျင်လှုပ်ခတ်ချိန် သူကိုယ်တိုင်လည်း မန်းလေးမှာရောက်ရှိနေတာကြောင့် ဆိုးဝါးလှတဲ့ ငလျင်ဒဏ်ကို ကိုယ်တွေ့ခံစားခဲ့ရတာပါ။ စိုင်းစိုင်းခမ်းလှိုင်က ငလျင်ဒဏ်ခံခဲ့ရပြီးနောက် ဒုက္ခတွေကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ရည်ရွယ်ကာ မန္တလေးဆေးရုံကြီးနဲ့ ၊ အရိုးဆေးရုံသို့ သွားရောက်ပြီး ရေသန့်ဘူး ငွေကျပ် သိန်း ၂၀၀ ဖိုးဝယ်ယူလှူဒါန်းခဲ့ပါတယ်။ အဆိုပါဆေးရုံမှာတက်ရောက်နေတဲ့ သမီးငယ်လေးကိုလည်း အားပေးစကားသွားရောက်ပြောဆိုခဲ့ပါသေးတယ်။ အဆိုပါသမီးငယ်လေးဟာ ငလျင်ဒဏ်ကြောင့် အုတ်တွေပြိုကျပြီး ပိမိရာမှာ ခြေထောက်အရိုးတွေ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image

သူ့အဖေသေသွားတာကိုမသိရှာဘူးတဲ့

ငါအိမ်မှာနေတုန်းက
ငါ့ခြေထောက်တွေဟာ အိမ်ရဲ့အဝေးကို
အမြဲတမ်း ရောက်ချင်ခဲ့တယ်။

အိမ်ရဲ့အဝေးကို တကယ်ရောက်သွားတော့
ငါ့ခြေထောက်ဟာ အိမ်ဆီကို
ထွက်ပြေးချင်နေတော့တာပဲ။

နောက်ဆုံးတော့ အိမ်ဟာ အိမ်ပါပဲ။

နွေးထွေးမှုနှင့်ကြင်နာမှုတွေကို
လိုအပ်တဲ့အချိန်တိုင်း မငြိုမငြင်ဘဲ ရမြဲရနေတဲ့
နေရာတစ်ခုပါပဲ။

ကျနော်အိမ်ကို လွမ်းတယ်။
အတိအကျပြောရရင် အမေရှိနေတဲ့ အမေ့အိမ်လေးကို
ကျနော် လွမ်းတယ်။

image