14 w - Translate

ambi 2 ကတော့ Disney ရဲ့ ဂန္တဝင်ကာတွန်း (Bambi) ရဲ့
ကြည်နူးစရာကမ္ဘာဆီကိုပြန်လည်ခေါ်ဆောင်ပေးသွားမယ့်
နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။
Bambi 2 ရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေထဲကတစ်ခုကတော့
ရုပ်ရှင်ကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးပြန်ရေးဆွဲတဲ့အချိန်မှာ မူ
ရင်းလက်နဲ့ရေးဆွဲထားတဲ့ကာတွန်းပုံစံကိုလည်းဂုဏ်ပြုတဲ့အနေနဲ့
မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။
စိမ်းလန်းစိုပြေတဲ့တောအုပ်တွေ ချစ်စရာကောင်းတဲ့တောအုပ်ထဲက
သတ္တဝါလေးတွေနဲ့ ဘမ်ဘီနဲ့သမ်ပါတို့လိုအဓိကဇာတ်ကောင်လေးတွေဟာ
အရင်အတိုင်းတက်ကြွတဲ့ပုံစံနဲ့နှစ်ခြိုက်ဖွယ်ကောင်းနေတုန်းပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအမှန်တကယ်ထူးခြားစေတာက
သူ့ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ အရွယ်ရောက်လာမယ့်
ဘမ်ဘီရဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေပြသထားပြီး
အဖေနဲ့သားကြားက ဆက်ဆံရေးအပေါ်အာရုံစိုက်ဖော်ထုတ်ထားတဲ့အတွက်
ကြည်ရှုသူတွေကို အသက်အရွယ်မရွေးဘဲ
ဇာတ်ကောင်နဲ့ချိတ်ဆက်ခေါ်ဆောင်ပေးသွားနိုင်တာဖြစ်ပါတယ်။
Bambi 2 မှာ ရွန်နိုနဲ့မီနာတို့လိုဇာတ်ကောင်အသစ်တွေကိုလည်း
မိတ်ဆက်ပေးထားပြီးတော့ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုရှိစေမယ့်
အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘမ်ဘီနဲ့ရွန်နိုတို့ရဲ့ပြိုင်ဆိုင်မှုတွေ ပ
ဋိပက္ခတွေကိုလည်းပေါင်းထည့်ပေးထားပါတယ်။
မူရင်းကအရမ်းကောင်းမွန်နေရင် နောက်ဆက်တွဲထွက်လာတဲ့ဇာတ်ကားကပိုကောင်းမွန်တဲ့
မှတ်ချက်ရဖို့အင်မတန်ရုန်းကန်ရပါတယ်။
နောက်ဆက်တွဲဇာတ်ကားတွေကမူရင်းအရသာကိုဖျက်မိတဲ့
များပြားလှတဲ့ဇာတ်ကားတွေကြားထဲမှာ Bambi 2 လေးကတော့
ကောင်းမွန်တဲ့ဥပမာတစ်ခုရဲ့ပြယုဂ်တစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပါတယ်။
သင်နဲ့သင့်မိသားစုရဲ့အပြုံးတွေပြန်လည်အသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးအေးချမ်းမှုဆိုတဲ့
ကောင်းမွန်တဲ့စိတ်ခံစားချက်လေးတွေပြန်လည်ခံစားနိုင်စေဖို့
Bambi 2 ကို တင်ဆက်ပေးလိုက်ပါတယ်။
 
Bambi 2

ဇာတ်ကားလင့်
https://t.me/c/2186686827/226

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
14 w - Translate

မိုင်ပေါင်း ၃.၇ ဘီလီယံ (ကီလိုမီတာ ၆ ဘီလီယံ) အကွာအဝေးကနေ ရိုက်ကူးထားတဲ့ ကမ္ဘာမြေရဲ့ဓါတ်ပုံ..📸
ဒီပုံကို "Pale Blue Dot" လို့ခေါ်ပြီး ၁၉၉၀ ခုနှစ်၊ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ Voyager 1 အာကာသ ယာဉ်ကနေ ပြန်လည်ရိုက်ကူးပေးပို့ခဲ့တာဖြစ်ပါတယ်။
#area51 #voyager #palebluedot #earth

image
14 w - Translate

Sydney မှာကျင်းပမယ့် ဖြူဖြူကျော်သိန်းရဲ့ Show ပွဲမှာ အတူရှိနေကြမယ့် အနုပညာရှင်များ
အဆိုတော်ဖြူဖြူကျော်သိန်း၊ ယုဇန ၊ အလှမယ် ထားထက်ထက် နဲ့ ဆရာဝန် မြဝတ်ရည်တို့က ဖြူဖြူရဲ့ပွဲကိုလာရောက်အားပေးရင်း အတူတကွ ရှိနေကြမှာပဲဖြစ်ပါတယ်။ အဆိုတော်ဖြူဖြူကျော်သိန်းဟာ နိုင်ငံတကာပွဲတွေကို ကျင်းပစီစဉ်နေခဲ့တာ ယခုဆိုရင် Sydney မြို့မှာကျင်းပမယ့် ပွဲထိဖြစ်လာခဲ့ပါတယ်။ April လ ၅ ရက်နေ့မှာကျင်းပမှာဖြစ်ပြီး စိတ်တူကိုယ်တူရှိကြတဲ့ သူတို့အနုပညာမောင်နှမတွေ အတူတကွ ရှိနေကြမယ်လို့ ဖြူဖြူကပြောလိုက်ပါတယ်။

#crd
#celenews

image
14 w - Translate

မန္တလေးငလျင်ပျက်စီးမှု အကဲဖြတ်ဖို့ Microsoft AI နည်းပညာ အသုံးပြု
မန္တလေးငလျင် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အကဲဖြတ်ရာမှာ Microsoft က ဂြိုဟ်တုဓာတ်ပုံများနှင့် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
Microsoft ရဲ့ AI for Good Lab အဖွဲ့က AI နည်းပညာ သုံးပြီး ဘယ်နေရာမှာ အဆောက်အဦဘယ်လောက် ပြိုကျပျက်စီးခဲ့တယ်/ဘယ်နေရာတွေက အပျက်အစီးများတယ်ဆိုတာ ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်သိအောင် Planet Labs ဂြိုလ်တုကနေ ဓါတ်ပုံတွေ ရိုက်တာပါ။
Microsoft ရဲ့ ငလျင်ဘေး ပျက်စီးမှုဆန်းစစ်ချက်ဟာ အစပိုင်းမှာ တိမ်တွေကြောင့် အခက်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Microsoft ရဲ့ AI for Good Lab အဖွဲ့က အရင်ကလည်း ဒါမျိုး AI နည်းပညာနဲ့ ထိခိုက်ပျက်စီးမှု ကြည့်ပေးတာတွေ လုပ်ဖူးပါတယ်။ ဥပမာ - ၂၀၂၃ လစ်ဗျား ရေကြီးမှုနဲ့ အခုနှစ် LA တောမီးဘေးတွေမှာပါ။ မန္တလေးငလျင်ဘေးအပျက်အစီးကြည့်ဖို့အတွက်တော့ AI ကွန်ပျူတာအမြင်အာရုံမော်ဒယ်ကို ပြန် customize တည်ဆောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
Microsoft AI analysis မှာတော့ မန္တလေးမှာ ပျက်စီးမှု ၈၀% ကနေ ၁၀၀% ရှိ အဆောက်အဦ ၅၁၅ လုံး ၊ ပျက်စီးမှု ၂၀% ကနေ ၈၀% ကြား အဆောက်အဦပေါင်း ၁၅၂၄ လုံး ရှိတယ်လို့ ပြထားပါတယ်။ Microsoft က ရလာတဲ့ သတင်းအချက်အလက်တွေကို မြေပြင်မှာ ပြန် အတည်ပြုဖို့ လိုတယ်လို့ ပြောပါတယ်။
Microsoft ရဲ့ AI analysis နည်းပညာက ရလာတဲ့ အချက်အလက်တွေကို ကြက်ခြေနီလိုမျိုး ကူညီရေးအဖွဲ့တွေဆီ မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

image
14 w - Translate

ပဲခူးမြို့စွန်မှ ဗြိတိသျှရှားမန်းတင့်ကားများ(1945)

#crd

image
14 w - Translate

မန္တလေး၌ ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲက ယာယီဆေးရုံတည်ဆောက်ပြီး အခမဲ့ကုသမှုများ ဆောင်ရွက်ပေး
********************
(ပြည်တွင်း) ဧပြီ ၅
ဧပြီလ ၄ ရက်မှစ၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးဝန်းအတွင်း၌ Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ့က ယာယီဆေးရုံတည်ဆောက်ပြီး ကုသမှုများ ဆောင်ရွက်ပေးနေခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအကြီးအကဲ Mr. Shogo Yoshitake က မတ်လ ၂၈ ရက်က လှုပ်ခတ် ခဲ့တဲ့ မြေငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသူများအတွက် များစွာဝမ်းနည်းကြေကွဲ ရကြောင်း ပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR)က မန္တလေးမြို့တွင်းမှာ ဆေးကုသရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ဧပြီလ ၄ ရက်မှစ၍ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

လက်ရှိတွင် မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးဝန်း အတွင်း၌ ဧပြီလ ၄ ရက် မွန်းလွဲ ၁နာရီမှ စတင်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူလူထုများကို Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ့မှ ဆေးရုံတည်ဆောက်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ပြင်ပထိခိုက်ဒဏ်ရာများ၊ အရိုးကျိုးခြင်းနှင့် အထွေထွေရောဂါများအတွက် ဆေးအဖွဲ့ဝင် ၃၁ ဦး နဲ့ အခမဲ့စမ်းသပ် ကုသပေးလျက်ရှိကြောင်း သိရပါတယ်။

image
14 w - Translate

မန္တလေးက သူမရဲ့အထည်ဆိုင်လေး ရစရာမရှိအောင်ပျက်စီးသွားလို့ အသစ်ပြန်ဆောက်ရတော့မယ်ဆိုတဲ့ မေကဗျာ
မန္တလေးမှာ မေကဗျာဖွင့်လှစ်ထားတဲ့ အထည်ဆိုင်လေး တစ်ခြမ်းကပြိုပြီး တစ်ခြမ်းကကွဲအက်သွားလို့ တစ်အိမ်လုံးကို ဖြိုပြီး အသစ်ပြန်ဆောက်ရတော့မယ်လို့ သူမကပြောပါတယ်။ ဒါကြောင့် သူမရဲ့အထည်ဆိုင်ကို အချိန်အတိုင်းတာတစ်ခုထိ ပိတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူမကတော့ ကံကောင်းထောက်မစွာနဲ့ ငလျင်လှုပ်ချိန် မန္တလေးမှာ မရှိပေမယ့် မန္တလေးက ဝန်ထမ်းတွေအားလုံးလည်း ထိခိုက်မှုမရှိဘူးလို့ သူမက ပြောပါတယ်။

#crd
#celenews

image
14 w - Translate

The Witch. Revenge (2024)
=============

အိုလီနာ ဆိုတဲ့စုန်းမတစ်ယောက်ဟာ အန်ဒရေဆိုတဲ့ ယူကရိန်းစစ်သားနဲ့အတူ သာမန်ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။

တစ်နေ့တော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ပွားရာ နိုင်ငံအတွင်းရုန်းရင်ဆန်ခတ်တွေဖြစ်ပေါ်နေပြီး အိုလီနာတိုလည်း အဒေါ်အိမ်ကိုထွက်ပြေးတိမ်းရှောင်ဖိုကြိုးစားပါတယ်။

ဒါပေမယ့် လမ်းခုလတ်မှာ ရုရှားတပ်ဖွဲတစ်ခုနဲ့တွေ့ဆုံခဲ့ပြီး ပဋိပကခဖြစ်ပွားပြီး ပစ်ခတ်ကြရင်းက အန်ဒရေဆုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်အပြီး အိုလီနာ က ထိုတပ်ဖွဲကိုလက်စားချေရန်ဆုံးဖြတ်လိုက်ပါတော့တယ်။

စုန်းမတစ်ယောက်က ရုရှားတပ်ဖွဲ၀င်တွေကို တစ်ယောက်ချင်း ဘယ်လိုလက်စားချေသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။

image
14 w - Translate

ပြင်းထန်လှတဲ့ စကားလုံးတွေရဲ့ စွမ်းအားကို ကြည့်ရှုရမယ့်ရုပ်ရှင်

The Great Debaters
2007 ‧ Drama/Historical drama ‧ 2h 6m

စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်….
ကျွန်တော်တိုငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာ
စာပေကျမ်းဂန်မှာ နှံစပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်

တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ…
ကျွန်တော်ဘာလို ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့
ခင်ဗျားတိုလည်းမှန်းမိလောက်မှာပါ….
ကျွန်တော်တိုရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့
ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်….
သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့  အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်…
ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို  အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေ
မြင်နေရလိမ့်မယ်…ဒီကားကိုကြည့်မယ်ဆိုရင်  debate ပွဲတွေများစွာကြည့်ရမယ့်အပြင်
ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..
ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ…အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချိုတွေ တွေ့ရလိမ့်မယ်…
နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်…
ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို ခင်ဗျားဟာ
ကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်….

image

တိုတောင်းလှတဲ့
လူ့ဘဝလေးမှာ
ကိုယ်က
ခွင့်လွှတ်ချင်ရင်တောင်
သူက မရှိနိုင်တော့သလို
သူ့ရဲ့ခွင့်လွှတ်မှုကို
မခံယူခင်မှာ
ကိုယ်လည်း
မရှိနိုင်တော့တာမျိုးလည်း
ဖြစ်သွားနိုင်ပါတယ်။
ဒါ့ကြောင့်မို့
သက်ရှိထင်ရှား
ရှိနေခိုက်မှာ
ခွင့်လွှတ်သင့်တဲ့သူကို
ခွင့်လွှတ်ကြဖို့၊
တောင်းပန်သင့်တဲ့သူကို
တောင်းပန်ကြဖို့ ဝန်မလေးကြပါနဲ့။
ကိုယ်ပျော်ရွှင်ရဖို့
သူတပါးရဲ့ဘဝတွေ မပျက်ပါစေနဲ့။
ကိုယ်စားရဖို့အတွက်
သူတပါးတွေ မငတ်ပါစေနဲ့။
ကိုယ်ရယ်မောရဖို့အတွက်
သူတပါးရဲ့ဂုဏ်သိက္ခာ မထိခိုက်ပါစေနဲ့။
ကိုယ်အထင်ကြီးခံရဖို့အတွက်
သူတပါးဘဝတွေကို တက်မနင်းမိပါစေနဲ့။
ဘဝက တိုတိုလေးပါ။
ဘယ်အရာမှ မမြဲကြပါဘူး။
မေတ္တာဖြင့်
ပြန်လည်မျှဝေပါသည်။
အရှင်ဇဝန(လယ်ဝေး)

image
//