1 y - Translate

- အယ်လ်ဟီလယ်နဲ့ပွဲမှာ ၂ ဂိုးသွင်း
- ပွဲစဉ်ရဲ့အကောင်းဆုံးဆုရ
- ကစားသမားဘ၀ ၉၃၁ ဂိုး
ရပ်တန့်လို့မရသေးတဲ့ ရော်နယ်ဒို 🐐🔥

image
1 y - Translate

"ဒါက ကျွန်တော့်ကစားသမားဘ၀ရဲ့နောက်ဆုံးအချိန်တွေပါ၊ ဒါကြောင့် သွင်းဂိုး‌တွေ၊ အောင်မြင်မှုတွေနဲ့အတူ ပရိသ-တ်တွေကို ပျော်ရွှင်မှုပေးချင်ပါတယ်"💔
- ရော်နယ်ဒို

image
1 y - Translate

"ဒိုးနပ်နဲ့ထိုးမုန့်'' အမြဲရန်ဖြစ်နေကျပွဲမှာ
ထိုးမုန့်တို့အလံဖြူပြ ပြီးထွက်သွားပါပြီ ဆိုတဲ့
ပိုစ့်အောက်က ကဗျာလေး။
ရင်ထဲထိလွန်းလို့ Copy ယူခဲ့တယ်။
မူရင်းရေးသားသူအားလေးစားစွာ creditပေးပါတယ်။
ရွှေမန္တလေးရေ
တဖန်ပြန်နိုးထလှည့်ပါအုံး
တကယ်ဆို
မင်းတို့မြို့ကမှ ရှေ့ကရွှေထည့်ခေါ်လို့ရတာ
တို့ရန်ကုန်ကို ဘယ်သူကမှ
ရွှေရန်ကုန်လို့မခေါ်ဘူးလေ
ရတနာပုံမြို့ရေ
တဖန်ပြန်ရုန်းကြွလိုက်ပါအုံး
တို့ရန်ကုန်ဆိုတာ ရန်တွေကုန်ရုံရယ်ပါ
မင်းတို့မြို့လို့ ရတနာတွေပုံမနေပါဘူး
ထိုးမုန့်တို့ရေ
တဖန်ပြန်ရန်တွေ့လှည့်ပါအုံး
တကယ်ဆို တို့တွေရဲ့ဒိုးနတ်က
တို့ရိုးရာအခြေခံတဲ့မုန့်မဟုတ်ဘူး
မင်းတို့ထိုးမုန့်ကမှ မြန်မာ့ရိုးရာစစ်စစ်ကြီးပါ
မုန့်ဟင်းခါးကို စားတယ်ပြောပြော
သောက်တယ်ပဲဆိုဆို
မုန့်တီမှာလို့ နန်းကြီးပဲလာချချ
ငါိိတို့အားလုံးတော့
တူတူကြိုက်ခဲ့ကြတာပဲလေ
မရဘူး ခုကျမှ အလံဖြူမပြနဲ့
ငါတို့က ငြင်းခုန်လို့မဝသေးဘူးလေ
မင်းတို့ငိုသလိုတို့လဲငိုနေတယ်
မင်းတို့က အိမ်ပြို ကျုံးပြို သလို
ငါတို့ကလဲ ရင်ခွင်တွေပြိုကျရတာပါပဲ
သွားသူတို့လမ်း
ထိုင်လွမ်းနေရုံပြီးပါ့မလား
ထားခဲ့ပြီဆိုပေမဲ့
ခွဲသွားကြသူတွေကရော
ကျန်ရစ်သူတွေကို
အရှုံးပေးနေစေချင်ပါ့မလား စဉ်းစား
နိုင်သလောက်ကူ
ပိုင်သလောက်ကူနေကြတာက
ဆိုင်လို့ဆိုတာထက် ပြိုင်လို့မှမဝသေးတာ
ခုမောနေတယ်ဆို
မင်းတို့ခဏတော့ထိုင်နေလိုက်
ငါတို့က ပုဝါနဲ့သုပ်မပေးပဲ
ချွေးနဲ့မျက်ရည်တိတ်စေမယ် နော်
အေး ပြီးရင်တော့
မင်းတို့ရဲ့ မြို့အဝင်သင်္ကေတတောင်
နန်းပြဿဒ်နဲ့
ရတနာပုံရွှေမန္တလေးရေ
ရှေ့တစ်ပြပေါင်းများစွာမှာ
အားမန်ဟုန်လေကိုခွင်းလို့
ပတ္တမြားမှန်နွံမနစ်ဘူးဆိုတာ
အမျိုးမြတ်သူတို့သမိုင်းကြောင်း
တို့ဒိုးနတ်တွေသိအောင်
ခြေကန်ကာအားကုန်ရုန်းလို့
မန်းသားတွေကြံ ဘာခံနိုင်မလဲဆိုတာ
ပြလိုက်ကြစမ်း။
Nyein Nyein Thet
#crd

image
1 y - Translate

Ensure ဗူးနဲ့ ကိုယ့်ကျင်ငယ်ရည်ကိုဖျော်ပြီး အသက်ဆက်ခဲ့ရတဲ့ Golden Country ဟိုတယ်ပြိုကျမှုမှ နာရီပေါင်း ၁၇၀ ကြာအသက်ရှင်ခဲ့သူ ❤️
မန္တလေး ၆၅ လမ်းပေါ်က Golden Country Hotel ဟာ မတ်လ ၂၈ ရက်နေ့ ငလျင်ဘေးဒဏ်ကြောင့် အောက်ဆုံးအလွှာတွေပြိုကျခဲ့ပါတယ်။ အဆိုပါ ဟိုတယ်ပြိုကျမှုကို တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေကယ်ဆယ်ခဲ့ကြပြီး ၆ ရက်တာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ပြိုကျပြီးပိတ်မိနေတဲ့အချိန်မှာ စားသောက်စရာဘာမျှမရှိသော်လည်း မိခင်အတွက် ဝယ်ယူလာတဲ့ Ensure ဗူးတွေကို ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ရေလည်းမရှိတာကြောင့် သူ့ကျင်ငယ်ရေနဲ့ပဲ ဖျော်ပြီး အသက်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဟာ တိုက်ပြိုကျမှုမှာ နာရီပေါင်း ၁၇၀ ကြာပိတ်မိပြီးမှ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

#crd
#celenews

image
1 y - Translate

တကယ်ပါ။
တစ်ရက် ကုန်သွားတိုင်း
သင်္ကြန်ရောက်တော့မယ်ဆိုတာကြီးက
မိုးလင်း အိပ်ယာ ထ ကတည်းက ရေတွက်နေမိတယ်။
အပျော်ဆုံးကာလလေး တစ်ခုပေါ့
ဒါပေမယ့်...
ပျောက်ဆုံးသွားပြီ။

image
1 y - Translate

သိန်းသောင်းပေါင်းများစွာ ငွေသားလှူဒါန်းတာနဲ့ အားမရလို့ အစားအသောက်နှင့် 6ဆးဝါး ပစ္စည်းများဝယ်ယူပြီး
ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ❤️
#ငလျင်

image
1 y - Translate

မန်စီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ ရာသီကုန်ရင် အသင်းက ထွက်ခွာတော့မှာဖြစ်ပါတယ်။ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ဘဲ ကစားသမားဘဝကို အသင်းသစ်မှာ ဆက်လက်ကစားတော့မှာပါ 😢
Good Bye KDB 💙

image

နေ့စဉ်မိုးလေဝသသတင်း
=================
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ နေရာ ကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

image

မြေငလျင်သတင်းအမှတ်စဉ် ၇၇
=====================
နေ့စွဲ ၅-၄-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၀၆း၂၉း၀၅
အင်အားပမာဏ - ၃.၄ ရစ်(ခ်)တာစကေး
အနက် - ၁၀ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက် (၁၂) မိုင်ခန့်

1 y - Translate

နစက ဥက္ကဋ္ဌ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိ
ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတက်ရောက်ခဲ့သည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၄ ရက်ညပိုင်းက အထူးလေယာဥ်ဖြင့် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှတစ်ဆင့်ပြန်လည်ထွက်ခွာလာရာ ည ၁၀ နာရီတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။
ခရီးစဉ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲများနှင့်တွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ် ကြုံတွေ့နေရသည့် အခြေအနေများ၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရန် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများနှင့်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့သည်။

image