1 y - Translate

ရုပ်အလောင်းတွေ သယ်ထုတ်ပေးခဲ့တဲ့ ဗီယက်နမ်စစ်သားတွေကို မိသားစုဝင်တွေက ငိုယိုပြီး ထိုင်ကန်တော့ခဲ့ကြ 🥹🙏🙏
ဗီယက်နမ်စစ်သားတွေကို မြန်မာမိသားစုဝင်တွေက ငိုယိုပြီး ထိုင်ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။ ငလျင်ဒဏ်ကြောင့် ပြိုကျပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ရတဲ့သူ ၃ ဦးကို ဗီယက်နမ်စစ်သားတွေက သယ်ထုတ်ပေးခဲ့ကြတာပါ။ အဆိုပါ အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေက ကျေးဇူးတင်စွာဖြင့် ကယ်ထုတ်ပေးခဲ့တဲ့ ဗီယက်နမ်စစ်သားတွေကို မျက်ရည်များစွာနဲ့ ထိုင်ကန်တော့ပြီး ကျေးဇူးတင်ကြောင်း ပြသခဲ့ကြတာပါ။

#crd
#celenews

image
1 y - Translate

ပျဉ်းမနားတပ်ရင်းတစ်ခု၌တွေ့ရသော ဗိုလ်နေဝင်းနှင့်ဗိုလ်ချုပ်အောင်ဆန်း

#crd

image
1 y - Translate

ဇာတ်ကားသစ်

“လှုပ်လှုပ်ရှားရှား ညလေးတစ်ည” မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်
ညအချိန်မှာ တချိုက အပျော်ရှာကြသလို တချိုက စီးပွားရှာဖိုရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ်
ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊
လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို သောကများနေတဲ့
လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့
ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ
ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ …..
အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ်

#crd

image
1 y - Translate

ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒရဲ့ ငလျင်ဘေးအလှူတော်မှာ ပါဝင်ခဲ့တဲ့ နေခြည်ဦးတို့ ဇနီးမောင်နှံ 🙏
သရုပ်ဆောင် နေခြည်ဦးတို့ဇနီးမောင်နှံဟာ ဘုန်းဘုန်းကြီးရဲ့ ငလျင်ဘေးအတွက် အားတက်သရော ဝင်ရောက်ကူညီနေတာကိုတွေ့ပြီး ပါဝင်လှူဒါန်းချင်ခဲ့တာလို့ဆိုပါတယ်။ ဓမ္မဒူတအရှင်ဆေကိန္ဒဟာ စစ်ကိုင်းမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေကို အစားအသောက်များသုံးဆောင်ရန်အတွက်လည်း ပြင်ဆင်ပေးထားတာဖြစ်ပါတယ်။ နေခြည်ဦးတို့ဇနီးမောင်နှံဟာလည်း ဆရာတော်ရဲ့ ငလျင်အလှူမှာ ငွေသားအလှူတွေပါဝင်ခဲ့တာပါ။

#crd
#celenews

image
1 y - Translate

Relationship ဆိုတာ ယောက်ျားလေးရဲ့အချစ်က မိန်းကလေးရဲ့အချစ်ထက်ပိုသာနေမှသာ အဆင်ပြေတယ်လို့လူတွေကပြောကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားတစ်‌ယောက်အတွက် သူ့ရဲ့ခံစားချက်က အဓိက အရေးအကြီးဆုံးဖြစ်ပြီး၊
မိန်းကလေးတစ်ယောက်အတွက် ယောက်ျားလေးကသူ့ကိုဘယ်လိုခံစားရစေလဲဆိုတာအရေးကြီးဆုံးပါ။
ယောက်ျားလေးက မင်းကိုချစ်နေသ၍
သူမင်းကို ဘယ်တော့မှ ပစ်ထားမှာမဟုတ်သလို
မိန်းကလေးကလည်း သူအချစ်ခံနေရတယ်လို့
ခံစား‌နေရသ၍ ထွက်သွားမှာမဟုတ်ပါဘူး။

#crd

image

အချစ်က အရာအားလုံးကို ကျော်လွှားနိုင်ပြီး အောင်မြင်စေနိုင်ပါတယ် ???

1 y - Translate

ဂယ်ရီနဗီးလ် - " ဒီအခြေအနေက ခြေထောက်ကျိုးသွားနိုင်တဲ့ အနေအထားပါ.."
(ဒါပေမယ့်လည်း ဒီအဖြစ်အပျက်အတွက် တာကော့စကီးကိုတော့ အဝါကဒ်သာ ပြသသွားခဲ့ပါတယ်)
ပရီးမီးယားလိဂ် ဒိုင်တွေ ဘာလဲ..ဘယ်လဲ..?

image
1 y - Translate

ရီးရဲလ် အတွက် အရေးပါတဲ့ အဖွင့်ဂိုး ကို လှလှပပ ကန်သွင်း အဆုံးသတ်ပြနိုင်ခဲ့ပေမယ့် အသင်းမှာ ဒိတ်ဒိတ်ကြဲ စီနီယာ တွေကြောင့် မိမိဟာ သာမည အဆင့်သာ ရှိကြောင်း ညှိုးငယ်စွာပဲ အန်းဒရစ်ခ် က ရင်ဖွင့်လာခဲ့ပါတယ် ။
“ဒီမှာဆိုရင် ဗင်နီစီးယပ်စ်၊ အမ်ဘာပေ၊ ဘယ်လင်ဟမ် နဲ့ ရိုဒရိုင်ဂိုတို့တွေ ရှိတယ်။ သူတို့လေးယောက် က ကမ္ဘာပေါ်မှာဆိုရင် အကောင်းဆုံးကစားသမားတွေဖြစ်ကြတယ်ဗျ။
သူတို့တွေကြားထဲမှာဆိုရင် ကျွန်တော်က ဘောင်မဝင်သေးဘူး။
ကျွန်တော် အဆင်သင့်ဖြစ်နေဖို့အတွက်ဆိုရင် အလုပ်ကြိုးစားရမယ်။ သင်ယူရမယ်။ ဒီအသင်း ရီးရဲလ် မှာ တစ်ဘဝစာလုံးနေရဖို့အတွက်ဆိုရင်တော့ ကြိုးစားမှကို ရမယ်..”လို့ အန်းဒရစ်က မီဒီယာ ကို ဖြေကြားခဲ့တာ ဖြစ်ပြီး ရီးရဲလ် မှာ ကစားခွင်် ပိုရဖို့ သူ့အနေနဲ့ များစွားကြိုးစားဖို့ လိုအပ်ကြောင်း ဖြေကြားထားပါတယ် ။

image
1 y - Translate

ငလျင်ကယ်ဆယ်ရေးအတွက် DeepSeek အရေးပေါ် ဘာသာပြန်စနစ်ဖန်တီး
မြန်မာ့ငလျင်ဘေး ကယ်ဆယ်ရေးမှာ ဘာသာစကားပြဿနာကျော်လွှားနိုင်ဖို့ DeepSeek AI ကို အခြေခံထားတဲ့ တရုတ်-မြန်မာ-အင်္ဂလိပ် ဘာသာပြန်စနစ်တစ်ခု သုံးနေတယ်လို့ မြန်မာနိုင်ငံ တရုတ်သံရုံးက ပြောပါတယ်။
ဒီအရေးပေါ် ဘာသာပြန်စနစ်ကို ၇ နာရီအတွင်း ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ CCTV သတင်းမှာတော့ ဒီ system ကို တရုတ်အမျိုးသားဘာသာစကားဝန်ဆောင်မှုအတွင်းဝန်ရုံးနဲ့ ဘေဂျင်းဘာသာစကားနဲ့ ယဉ်ကျေးမှုတက္ကသိုလ်တို့‌ ပေါင်းပြီး ရေးဆွဲထားတာလို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုချိန်အထိ ဒီပလက်ဖောင်းကို ဆက်သွယ်ရေးအထောက်အကူပြုစနစ်အနေနဲ့ သုံးနေသူ ၇၀၀ ကျော်ပြီလို့လည်း သိရပါတယ်။
DeepSeek ကို နိုင်ငံတကာငလျင်ကယ်ဆယ်ရေးမှာ ပထမဆုံးသုံးတာလို့လည်း သတင်းထဲမှာ ပြောထားပါတယ်။

image
1 y - Translate

ငလျင်ဘေးအတွက် Moblie Legends Bang Bang - MM မှ ကျပ်သိန်း ၁၀၈၀ လှူဒါန်း
မြန်မာနိုင်ငံက ငလျင်ဘေးသင့် ပြည်သူတွေအတွက် Mobile Legends Bang Bang - MM (MOONTON Games) က ခိုင်နှင်းဝေပရဟိတအသင်းကတစ်ဆင့် မြန်မာငွေ ၁၀၈,၀၀၀,၀၀၀ ကျပ် လှူဒါန်းခဲ့တယ်လို့ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
Mobile Legends: Bang Bang -MM ရဲ့ စာမျက်နှာမှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် လွန်စွာဝမ်းနည်းကြောင်း ပြောထားပြီး ထိခိုက်ပြည်သူတွေကို ကူညီဖို့ ပရဟိတအဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခုလှူဒါန်းမှုဟာ သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံရှိ ညီအစ်ကိုမောင်နှမတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်သက်သာရာရစေမယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

image