36 w - Translate

အကျင့်အသစ်တွေကို တည်ဆောက်ခြင်းက သင့်ရဲ့ခံစားချက်နဲ့ နေ့စဉ်တာဝန်တွေကို လန်းဆန်းစေပါတယ် ။ ဒါပေမဲ့
ဘယ်အကျင့်တွေကို လိုက်လုပ် ၊ ဖြတ်ထုတ်ရမလဲ ဆိုတာတော့ ရှာဖွေရမှာပါ ။ သင့်ရဲ့ ပျော်ရွှင်မှုနဲ့ စိတ်ခံစားချက်တွေကို ပြည့်စုံစေဖို့ ဘယ်လိုအကျင့်အသစ်တွေကို အောင်မြင်အောင် တည်ဆောက်ရမလဲ ။ ဒီစာအုပ်က သင့်ကို လမ်းပြပေးပါလိမ့်မယ် ။
ဒီစာအုပ်က ခန္ဓာ ၊ စိတ် ၊ ဆက်ဆံရေး ၊ အလုပ် ၊ အိမ် နဲ့ အကျင့်စရိုက်တွေကို တိုးတက်လာစေမဲ့ အလေ့အကျင့်တွေအကြောင်းကို ဖော်ပြထားပါတယ် ။ သင့်ရဲ့ ရှိနေတဲ့အကျင့်တွေကို ပိုကောင်းလာအောင်ဘယ်လို အသုံးချမလဲ
ပျော်ရွှင်မှုကို ပိုတိုးလာစေမဲ့ အံ့ဩစရာကောင်းတဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ နေ့စဉ်ဘဝထဲကို အကျင့်ကောင်းလေးတွေ ဘယ်လိုရောက်လာအောင်လုပ်ရမလဲဆိုတာတွေ ပါဝင်ပါတယ်။
အရမ်းကောင်းတဲ့ လေ့လာချက်တွေ နဲ့ ရိုးရှင်းတဲ့ နည်းလမ်းတွေ အများကြီးပါဝင်ပြီး သင့်ဘဝကို ပျော်ရွှင်မှုတွေ နည်းလမ်းပေါင်းစုံသုံးပြီး ဖိတ်ခေါ်ပေးမှာ ဖြစ်ပါတယ် ။
#ပျော်ရွှင်တဲ့အလေ့အကျင့်များ #မြတ်နေခြည်

image
Like
36 w - Translate

ကင်မရာပါတဲ့ နာရီတွေ Apple ဖန်တီးနေ
Apple Watch တွေက နောက်ဆို ကင်မရာပါတဲ့ AI နာရီတွေ ဖြစ်လာနိုင်ပါတယ်။
Apple အကြောင်း ရေးတဲ့ Bloomberg က မာ့ခ်ဂါးမန်းကတော့ ၂၀၂၇ မှာ ကင်မရာ built-in ပါမယ့် Apple Watch မော်ဒယ်သစ်တွေ ထွက်မယ်လို့ ပြောလာပါတယ်။
ဂါးမန်းပြောပုံအရ Apple ဟာ နောက်ထွက်မယ့် Watch Series ရဲ့ screen area ထဲမှာ ကင်မရာတစ်လုံး ထည့်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ Apple Watch Ultra သစ်ရဲ့ Digital Crown ဘေး ညာဘေးဘောင်မှာ ကင်မရာ ပါမယ်လို့ ဂါးမန်းက တွက်ထားတာပါ။
ဒီကင်မရာနဲ့ FaceTime သုံးလို့ ရဖို့တော့ မရှိပါဘူး။ နာရီမှာ ကင်မရာတပ်တဲ့ Apple ရဲ့ ရည်ရွယ်ချက်က Apple Watch သစ်တွေမှာ Visual Intelligence လို့ ခေါ်တဲ့ အနီးနားက အရာဝတ္ထုတွေ ၊ နေရာတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အမြန်သိနိုင်တဲ့ နည်းပညာ ထည့်သွင်းဖို့ပါ။
ဥပမာ - စားသောက်ဆိုင်ဘေး ဖြတ်သွားရင်းနဲ့ ဒီဆိုင်ဘယ်အချိန် ဖွင့်လဲတို့ ဒီဆိုင်ကို လူတွေ rating ဘယ်လောက် ပေးကြလဲတို့ကို ဆိုင်ထဲ ဝင်စရာမလိုဘဲ နာရီနဲ့ ဆိုင်ကို point ထောက်လိုက်ရုံနဲ့ အချက်အလက်တွေ သိတာမျိုးပါ။
Visual Intelligence က မနှစ်က ထွက်တဲ့ iPhone 16 စီးရီးတွေမှာ ပါပြီးသားပါ။ iOS 18.4 မှာ iPhone 15 Pro model တွေလည်း ဒီ feature ရလာပါတယ်။ သတင်းတွေအရဆို Apple က နောက်ထွက်မယ့် AirPods တွေပါ အသေးစားကင်မရာလေးတွေ တပ်သွားမယ်လို့ ကြားထားပါတယ်။
ကြည့်ရတာ Apple က သူ့ product ecosystem ကို AI ထုတ်ကုန်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြံစည်ထားပုံပါပဲ။

image
Like
36 w - Translate

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပြတ်တောက်နေသည့်အခြေအနေနှင့် ပတ်သက်၍ အများပြည်သူသို အသိပေး သတင်းထုတ်ပြန်ခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်

၁။ ၂၈.၃.၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးချိုယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။ အဆိုပါ ပျက်စီးချိုယွင်းမှု ဖြစ်ပေါ်ခဲ့မှုများအနက် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လျှပ်စစ်ဓာတ်အားပိုလွှတ်ရေးလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံ ပျက်စီးခဲ့မှုများကို လျှပ်စစ်ဓာတ်အားပိုလွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၄ ဦးဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တိုမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၂၆ ဦး စုစုပေါင်းဝန်ထမ်းအင်အား ၅၆၀ ဦးတိုဖြင့် ဓာတ်အား အမြန်ပိုလွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်း ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၄၅ ဦးတိုဖြင့် ဓာတ်အားအမြန် ပိုလွှတ်ဖြန့်ဖြူး နိုင်ရေး အင်အားစုဖွဲ၍ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက် လျက်ရှိပါသည်။

၃။ ထိုသို လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ပိုလွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန် အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြည်ထောင်စု ဝန်ကြီး ဦးစီး၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယဝန်ကြီးဦးစီး၍ လည်းကောင်း ပြုပြင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ်လျက်ရှိနေသည့်အပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန် သတင်းထုတ်ပြန် အပ်ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

image
Like
36 w - Translate

အိမ်၀ယ်တာ သရဲပါအဆစ်ပါလာသောအခါ ..😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလိုCanadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကို
remake ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖုစ်ပါတယ်

။ဇာတ်လမ်းအညွှန်း-ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်းလူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့…ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။

image
Like
36 w - Translate

TECNO Myanmar မှ ငလျင်ဘေးသင့်ဒေသများသို့ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ အရေးပေါ်ပစ္စည်းများ လှူဒါန်း
ငလျင်ဘေးဒဏ်ခံစားနေရသော ဒေသများအတွက် အရေးကြီးဆုံးလိုအပ်သော ပစ္စည်းများကို ကျပ်သိန်း ၅၀၀ တန်ဖိုးဝယ်ယူကာ TECNO အဖွဲ့သားများမှ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအလှူငွေများဖြင့် ငလျင်ဘေးသင့်ဒေသများအတွက် အရေးပေါ်လိုအပ်သော စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အခြားလိုအပ်သောပစ္စည်းများကို ဝယ်ယူကာ လှူဒါန်းသွားမည်ဖြစ်သည်။
TECNO အဖွဲ့သားများသည် လက်လှမ်းမီသလောက် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းသွားမည်ဖြစ်ပြီး စတင်သွားရောက်လှူဒါန်းမည့်နေရာများကို အချိန်နှင့်တပြေးညီကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

image
Like
36 w - Translate

၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကျေးလက်ကျေးရွာတစ်ခုရှိ ရထားဘူတာငယ်လေးတစ်ခုကို လုံးဝပိတ်သိမ်းရန် စီစဉ်ထားခဲ့ပါတယ်။ သို့သော် ပိတ်သိမ်းရန် မတိုင်မီတွင် မီးရထား အရာရှိများက ကျောင်းသူတစ်ဦးသည် နေ့စဉ် ထိုဘူတာကို အသုံးပြု၍ ကျောင်းသို့ သွားလာနေတာကို အံ့ဩစရာတစ်ခုကို သတိပြုမိခဲ့ပါတယ်။
ဒါကြောင့် ဘူတာကို ပိတ်သိမ်းမည့်အစား ၎င်းတို့သည် စိတ်နှလုံးကို နွေးထွေးစေသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ထိုကျောင်းသူအတွက် ဘူတာကို ဆက်လက်ဖွင့်ထားပေးခဲ့ပါသည်။
သူမဘွဲ့ရပြီးတဲ့အထိ ရထားကို တစ်နေ့လျှင် နှစ်ကြိမ် ပြေးဆွဲပေးခဲ့ပါတယ်။—တစ်ကြိမ်မှာ သူမကို ကျောင်းသို့ ပို့ဆောင်ရန်နှင့် တစ်ကြိမ်မှာ အိမ်သို့ ပြန်ပို့ပေးရန်ဖြစ်ပါသည်။ နောက်ဆုံးတွင် သူမဘွဲ့ရပြီးမှ ဘူတာကို ပိတ်သိမ်းခဲ့ပါတယ်။

image
Like
36 w - Translate

ငလျင်ဘေးသင့် မြန်မာကို Starlink စက်တွေ ပို့ပေးမယ်လို့ အီလွန်မတ်စ်ပြော
SpaceX သူဌေး အီလွန်မတ်စ်က ငလျင်ဒဏ်ခံရတဲ့ မြန်မာနဲ့ထိုင်းကို Starlink kits တွေ ပေးဖို့ ဆန္ဒရှိကြောင်း ထုတ်ပြောပါတယ်။
အစိုးရတွေက ခွင့်ပြုမိန့်ပေးတာနဲ့ ဆက်သွယ်ရေးနဲ့ ကယ်ဆယ်ရေးပိုင်းကို ထောက်ပံ့ဖို့ Starlink စက်တွေ ချပေးဖို့ အသင့်ဖြစ်နေပြီလို့လည်း Starlink ရဲ့ X မှာ မတ်လ ၂၈ ရက်နေ့က ကြေညာထားပါတယ်။
SpaceX အာကာသလုပ်ငန်းအောက်မှာ ရှိတဲ့ Starlink ဟာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပြီး လက်ရှိအချိန်အထိ ကမ္ဘာအနိမ့်ပတ်လမ်း LEO ထဲမှာ ဂြိုလ်ပေါင်း ၇၀၀၀ ကျော်လွှင့်တင်ပြီး ကမ္ဘာကို အင်တာနက်ပေးနေတာပါ။
ကမ္ဘာ့နိုင်ငံဒေသ ၁၂၀ ကျော်ကို ဂြိုလ်တုအင်တာနက်ပေးနေတဲ့ Starlink ဝန်ဆောင်မှုဟာ မကြာသေးခင်ကပဲ ဗီယက်နမ်မှာ ကနဦး trial ဝန်ဆောင်မှုပေးခွင့် ရထားပါတယ်။

image
Like
36 w - Translate

ငလျင်ဘေးသင့် ဒေသများကို လှူဒါန်းမှူများ ပြုလုပ်သွားမည်လို့ Apple CEO ပြော
ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ပြည်သူများအတွက် Apple ကုမ္ပဏီမှ စိတ်မကောင်းဖြစ်ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် Apple ကုမ္ပဏီသည် မြေပြင်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အကူအညီပေးနိုင်ရန်အတွက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Apple ကုမ္ပဏီမှ ထုတ်ပြန်သော ကြေညာချက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများအား အားပေးစကားဆိုထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အကူအညီပေးနိုင်ရန်အတွက် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

image
Like
36 w - Translate

စစ်ကိုင်းငလျင် ကယ်ဆယ်ရေး မလေးရှား SMART အဖွဲ့ စတင်
ရန်ကုန်၊ မတ် ၃၁
ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြီး၏ ဗဟိုချက်နားတွင်ရှိပြီး ပျက်စီးမှုကြီးမားခဲ့သော စစ်ကိုင်းမြို့ ငလျင်ဘေးအတွင်း ပိတ်မိသူများကို ကယ်ဆယ်နိုင်ရေး မလေးရှား SMART အဖွဲ့ ယနေ့ (မတ်လ ၃၁ ရက်နေ့)တွင် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား SMART အဖွဲ့က သတင်းထုတ်ပြန်သည်။
မလေးရှားသဘာဝဘေးကူညီကယ်ဆယ်ရေးအထူးအဖွဲ့ (SMART) သည် မြန်မာနိုင်ငံသို့ မတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိပြီး (၂၄) နာရီအတွင်း စစ်ကိုင်းသို့ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည်ဟု ကြေညာထားသည်။
မလေးရှားအမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (Nadma )မှ အဖွဲ့ဝင် ၁၀ ဦးပါဝင်သော ကနဦးအကဲဖြတ်အဖွဲ့သည် နည်းပညာပံ့ပိုးကူညီမှုနှင့် လုပ်ငန်းခွင်လိုအပ်ချက် အကဲဖြတ်မှုများဆောင်ရွက်ရန် မြန်မာနိုင်ငံတွင်ရောက်ရှိနေပြီး မတ်လ ၃၀ ရက်နေ့တွင် အဖွဲ့ဝင် ၄၀ ပါဝင်သော ဒုတိယအဖွဲ့ ရောက်ရှိလာခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့ငလျင်ဘေးကို စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီကယ်ဆယ်ပေးနေပြီဖြစ်သည်။

image
Like
36 w - Translate

စစ်ကိုင်းငလျင် ကယ်ဆယ်ရေး မလေးရှား SMART အဖွဲ့ စတင်
ရန်ကုန်၊ မတ် ၃၁
ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြီး၏ ဗဟိုချက်နားတွင်ရှိပြီး ပျက်စီးမှုကြီးမားခဲ့သော စစ်ကိုင်းမြို့ ငလျင်ဘေးအတွင်း ပိတ်မိသူများကို ကယ်ဆယ်နိုင်ရေး မလေးရှား SMART အဖွဲ့ ယနေ့ (မတ်လ ၃၁ ရက်နေ့)တွင် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား SMART အဖွဲ့က သတင်းထုတ်ပြန်သည်။
မလေးရှားသဘာဝဘေးကူညီကယ်ဆယ်ရေးအထူးအဖွဲ့ (SMART) သည် မြန်မာနိုင်ငံသို့ မတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိပြီး (၂၄) နာရီအတွင်း စစ်ကိုင်းသို့ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည်ဟု ကြေညာထားသည်။
မလေးရှားအမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (Nadma )မှ အဖွဲ့ဝင် ၁၀ ဦးပါဝင်သော ကနဦးအကဲဖြတ်အဖွဲ့သည် နည်းပညာပံ့ပိုးကူညီမှုနှင့် လုပ်ငန်းခွင်လိုအပ်ချက် အကဲဖြတ်မှုများဆောင်ရွက်ရန် မြန်မာနိုင်ငံတွင်ရောက်ရှိနေပြီး မတ်လ ၃၀ ရက်နေ့တွင် အဖွဲ့ဝင် ၄၀ ပါဝင်သော ဒုတိယအဖွဲ့ ရောက်ရှိလာခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ့ငလျင်ဘေးကို စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီကယ်ဆယ်ပေးနေပြီဖြစ်သည်။

image
Like