နွေရာသီမှာ ကစားသမားအများအပြားကို ထွက်ခွာခွင့်ပေးဖို့ အာဆင်နယ်စီစဉ်

ဖေဖော်ဝါရီ ၁၁

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ထိပ်တန်းကစားသမား ၄ ဦးကို ခေါ်ယူဖို့ ရည်မှန်းထားတာကြောင့် အသင်းဟာ နွေရာသီမှာ ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပြည်တွင်းဖလား ၂ ခုစလုံးကနေ ထွက်ခွာခဲ့ပြီးဖြစ်သလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ ဆုဖလား ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။

နည်းပြ အာတီတာဟာ လာမယ့်နွေရာသီမှာ အသင်းလူစာရင်း အင်အားကို ပိုပြီးတောင့်တင်းအောင် ကစားသမား သစ်တွေ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း နည်းပြအာတီတာရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမား ၇ ဦးကို ထွက်ခွာခွင့် ပေးသွားမယ်လို့ The Mirror က ဖော်ပြထားတာပါ။

ချယ်လ်ဆီးနဲ့ ဘုန်းမောက်အသင်းတွေကနေ အငှားနဲ့ခေါ်ယူထားတဲ့ စတာလင်နဲ့ နက်တိုတို့ဟာ စာချုပ်ကုန်ဆုံး ချိန်မှာ သူတို့ရဲ့အသင်းတွေထံ ပြန်ရမှာဖြစ်ပါတယ်။

စတာလင်ဟာ အာဆင်နယ်အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားအပြီးမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ကာ နက်တို ကတော့ ၁ ပွဲသာ ပါဝင်ကစားရသေးတာပါ။

ရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ပါတေး၊ ဂျော်ဂျင်ဟိုနဲ့ တီယာနေးတို့ဟာ အာဆင်နယ်အသင်းကနေ အလွတ်နဲ့ထွက်ခွာရမှာ ဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုနဲ့ တီယာနေးတို့ဟာ ဇန်နဝါရီက ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် အသင်းရဲ့ဒဏ်ရာ အခြေအနေကြောင့် နည်းပြ အာတီတာက သူတို့ကို ဆက်ထိန်းသိမ်းခဲ့တာပါ။

အာဆင်နယ်အသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ခီဗီရောတို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ နွေရာသီမှာ တိုက်စစ်မှူး၊ ခံစစ်ကွင်းလယ်လူနဲ့ ဂိုးသမားသစ်တစ်ဦး ခေါ်ယူသွားဖို့ လုပ်ဆောင်နေတာပါ။

လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကိုနဲ့ နယူးကာဆယ်အသင်း တိုက်စစ်မှူးတို့ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ်ရှိနေပြီး ကွင်းလယ်နေရာအတွက် ဆိုစီဒက်အသင်းက ဇူဘီမန်ဒီနဲ့ ဂိုးသမားနေရာအတွက် အက်စ်ပန်ညိုအသင်းက ဂါစီယာတို့ကို ခေါ်ယူမယ့်စာရင်းထဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Source: Metro

ပုံ - အာဆင်နယ်အသင်းသားတွေနဲ့ အာတီတာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပဈေးကွက်မရှိတော့သည့် မြန်မာ့ဖရဲ

ဖေဖော်ဝါရီ ၁၁

နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် မြန်မာ့ဖရဲသီးများသည် ပြည်ပဈေးကွက်မရှိတော့ကြောင်း ဖရဲစိုက်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။

မြန်မာ့ဖရဲသီးများ ပြည်ပဈေးကွက်မရှိတော့သည့်အတွက် ပြည်တွင်းဈေးကွက်ကို အဓိကအားထား‌၍ ရောင်းချနေရကြောင်း သိရသည်။

"တရုတ်ကိုက မတင်ပို့နိုင်တော့ဘူး။ ကုန်ကျစရိတ်အရမ်းများလို့။ ပြည်တွင်းဈေးကွက်ကိုပဲ ရောင်းနေရတယ်။ အခု ရောင်းနေတဲ့အသီးတွေက မိုးတွင်းတုန်းကစိုက်ထားတဲ့အသီးတွေပေါ့။ ဒီနှစ်မှာလုံးဝရှုံးတယ်။ ရေကြီးတုန်းကလည်း စိုက်ခင်းတွေပျက်ကုန်တာ။ အသီးထွက်ပြန်တော့လည်း‌ ဈေးကွက်ကမရှိတော့ဘူး။" ဟု မကွေးမြို့မှ ဖရဲစိုက်တောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုထွက်ရှိနေသည့် ဖရဲသီးအားလုံးကို ရန်ကုန်သီရိမင်္ဂလာစျေးနှင့် တညင်းကုန်းစျေးကိုသာ အဓိကတင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဖရဲသီးကို တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ ယခင်လမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားတာလော့ဂိတ်မှ ကုန်သွယ်ခွင့်ခက်ခဲသည့်အခြေအနေများကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

ဖရဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အပြင် ဒေသအသီးသီးရှိ မြေလွတ်မြေရိုင်းများ ဖော်ထုတ်စိုက်ပျိုးလျက်ရှိသလို ခရမ်း၊ သုံးခွ၊ လှည်းကူး၊ ပဲခူးတိုင်း၊ ဟင်္သာတ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ သာစည်၊ မြစ်သား၊ မြင်းခြံ၊ ကျောက်ဆည်၊ တံတားဦး၊ စစ်ကိုင်း၊ ကသာ၊ ထီးချိုင့်ဒေသများတွင် အ များအပြားစိုက်ပျိုးကြောင်း သိရသည်။

#centralnewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဖေဖော်ဝါရီ ၁၁

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၉၄၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၉၀၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၉၀ ကျပ်
ဝယ်ဈေး - ၄၃၉၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၅၀ ကျပ်
ဝယ်ဈေး - ၃၂၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၅၀ ကျပ်
ဝယ်ဈေး - ၄၅၃၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၉ ကျပ်
ဝယ်ဈေး - ၂၈.၉၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၁.၅၄ ကျပ်
ဝယ်ဈေး - ၅၀.၂၁ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၁ ကျပ်
ဝယ်ဈေး - ၃.၀၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၅၇၀ ကျပ်
ဝယ်ဈေး - ၅၄၃၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၃၀ ကျပ်
ဝယ်ဈေး - ၂၇၅၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၀ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၉ ကျပ်
ဝယ်ဈေး - ၁၁၉၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

#သတင်းဟင်းလေးအိုးကြီး

image

11/02/2025 🌤🌤🌤🌤
ဘင်္ဂလားပင်လယ်အော်ကြီးမှာကြည်လင်သာယာနေပါတယ်
မုန်တိုင်းမရှိပါဘူး
မြန်မာတစ်နိုင်ငံလုံးမှာလည်း
ရာသီဥတု ကောင်းမွန်ကြည်ကြည်လင်လင်သာသာယာယာ ရှိနေစေပါလိမ့်မယ်
ISSUED TIME
11/02/2025 7:30am(MMT)

image
23 w - Translate

#ယနေ့ထုတ်သတင်းစာ_နည်းပညာသတင်း
◾️ အန္တာတိကရဲ့ ချောင်အကျဆုံးနေရာတွေမှာ ပလတ်စတစ်မှုန်တွေရှာဖွေတွေ့ရှိ
ကမ္ဘာမြေရင်ဆိုင်နေရတဲ့ ပလတ်စတစ် အမှုန်အမွှားပြဿနာရဲ့ အတိုင်းအဆဟာ တွေးထင်ထားတာထက် ပိုကြီးမားတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
ဗြိတိသျှ အန္တာတိကလေ့လာရေးဌာန (ဘီအေအက်စ်)က သိပ္ပံပညာရှင်တွေဟာ အန္တာတိကဒေသရဲ့ အခေါင်ဆုံးနယ်မြေတွေမှာ ပလတ်စတစ်အမှုန်အမွှားတွေ ရှိနေတာကိုဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။
ဗြိတိသျှ သိပ္ပံပညာရှင်တွေဟာ ယူနီယံရေခဲပြင်နဲ့ ချန့်ဇ်ရေခဲပြင်ဒေသတွေမှာရှိတဲ့ သုတေသနစခန်းသုံးခုအနီးကဆီးနှင်းနမူနာတွေကို လေ့လာခဲ့ကြပါတယ်။
လေ့လာချက်က ပေါ်ထွက်လာတဲ့ ရလဒ်တွေအရဆီးနှင်းတစ်လီတာမှာ ပလတ်စတစ်မှုန် ၇၃ ခုကနေ ၃၀၉၉ ခုအထိ ပါဝင်နေတယ်လို့ သိရပါတယ်။
အန္တာတိက ဆီးနှင်းတွေထဲမှာပါတဲ့ ပလတ်စတစ်အမှုန်အများစု၊ တစ်နည်းအားဖြင့် ၉၅ ရာခိုင်နှုန်းဟာ အရွယ်အစားအားဖြင့် ၅၀ မိုက်ခရိုမီတာအောက်သာရှိပါတယ်။
ယူနီယံရေခဲပြင်နဲ့ ချန့်ဇ်ရေခဲပြင်ဒေသတွေဟာ အန္တာတိကရဲ့ အခေါင်ဆုံး၊ ချောင်အကျဆုံးနေရာတွေပဲ ဖြစ်ပါတယ်။

image
23 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️ထိုင်းနိုင်ငံဘက်သို့ကူးကာစက်သုံးဆီဝယ်မည့် မော်တော်ယာဉ် ရာ နှင့် ချီမြ၀တီမြို့အမှတ်(၁)ချစ်ကြည်ရေးတံတားတွင်စောင့်ဆိုင်းနေရ
ထိုင်းနိုင်ငံဘက်သို့ကူးကာစက်သုံးဆီဝယ်မည့် မော်တော်ယာဉ်ရာနှင့်ချီ၍ မြ၀တီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားတွင်စောင့်ဆိုင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့အမှတ် (၁)ချစ်ကြည်ရေးတံတားတွဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင်ထိုင်းနိုင်ငံဘက်သို့ စက်သုံးဆီသွားရောက်ဝယ်ယူမည့် ယာဉ်ရာနှင့် ချီတန်းစီ စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြ၀တီမြို့တာဝန်ရှိသူများ တံတားထိပ်တွင် သွားရောက်ကြီးကြပ်ဆောင်ရွက်နေပြီး မြ၀တီမြို့စက်သုံးဆီ လုံလောက်ရေးအတွက်ဘားအံမြို့မှတစ်ဆင့် သယ်ဆောင်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
လက်ရှိ မြ၀တီမြို့ရှိ စက်သုံးဆီဆိုင်များ ယခင်ကဲ့သို့ အချိန်ပြည့်ဖွင့်လှစ်ရောင်းချခြင်း မရှိတော့ဘဲအချိန်ပိုင်းဖြင့်သာ ဖွင့်လှစ်ရောင်းချနေခြင်းကြောင့် ဝယ်ယူလိုသူများပြားနေခြင်းဖြစ်သည်။

#ပြည်တွင်းသတင်း
◾️ ရန်ကုန်၌ ယမန်နေ့နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့တွင် သုံးနေရာမီးလောင်
ရန်ကုန်တိုင်းအတွင်း ယမန်နေ့(ဖေဖော်ဝါရီ ၁၀ ရက်) နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့တွင် နေရာသုံးနေရာ၌ မီးလောင်မှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ နေအိမ်တစ်အိမ်၌ ယမန်နေ့ နံနက် ၁၁ နာရီ ၅၄ မိနစ်တွင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၂ မိနစ်တွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ ဦးထွန်းရှိန်(၃)လမ်းတွင် မီးလောင်မှုများဖြစ်ပေါ်ခဲ့သည်။
ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင်လည်းကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ ဆူးလေဘုရား လမ်းနှင့် အနော်ရထာလမ်းထောင့်၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင်မီးငြိမ်း ခဲ့ကြောင်းသိရသည်။
ထို့ပြင် ယမန်နေ့မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ကျေးရွာ၌ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီ ၅၂ မိနစ်တွင်မီးငြိမ်းခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနကထုတ်ပြန်သည်
ဖေဖော်ဝါရီ ၉ ရက်တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်း ကျေးရွာ၊ လေထီး ၁၆ လမ်းနှင့် အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်‌မြစ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သကဲ့သို့ မကွေးတိုင်း၊ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မန်ကျီးကျောင်းရပ်တို့ တွင်လည်း မီးလောင်မှုများဖြစ်ပွားခဲ့သည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များ၌ မကြာခဏမီးလောင်မှုများ ဖြစ်ပေါ်နေသောကြောင့် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ဖယောင်းတိုင်မီး၊ ဂတ်စ်မီးဖိုနှင့် မီးစက်မောင်းခြင်း၊ စသည့်မီးလောင်မှုဖြစ်ပေါ်စေနိုင်သည့် ကိစ္စရပ်များကိုသတိပြုဆင်ခြင်ကြရန် လိုအပ်ကြောင်း လူမှုကူညီရေးဆောင်ရွက်နေသည့်အဖွဲ့များက သုံးသပ်ပြောဆိုထားသည်။

image
//