51 ပတ် - ဘာသာပြန်ပါ။

အဘွားက ပြောခဲ့ဖူးတယ်။
ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။
လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။
ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။
ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။
ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။
ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။
နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။
အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။
~ အယ်လီနာ မီခယ်လ်ခိုဗာ
#စိတ်သစ်ပင်စာအုပ်စင်

image
51 ပတ် - ဘာသာပြန်ပါ။

မင်း လုပ်နိုင်တယ်
မင်းဟာ စိန်တစ်ပွင့်လိုနေရင် မင်းကို
ဘယ်အရာကမှ ဖျက်စီးလို့ မရဘူး
ဖန်ခွက် တစ်လုံးလို နေရင်တော့
နည်းနည်းထိတာနဲ့ မင်း တစစီ
ကြေမွပျက်စီး သွားမှာပဲ.
လောကမှာ မင်းသာ ကံအဆိုးဆုံး
ထင်တယ်ပေါ့. No No No...
မင်းထက်ဆိုးတဲ့သူတွေ တပြုံကြီး
မင်းဘဝကို ကံဆိုးမုန်တိုင်း တိုက်ပါစေ
ကံဆိုးမိုးမပြတ် ရွာနေပါစေ..
မပူနဲ့ ဘယ်လောက် အချိန်ကြာအောင် သဲကြီးမဲကြီး ရွာပါစေ..
အချိန်တန်ရင် တိတ်မှာပဲ ...
အချိန်တစ်ခုပဲ လိုမှာ..
အားငယ်စရာ မလိုဘူး...
တွေးပူတတ်တဲ့ အလေ့အကျင့်ထဲက ရုန်းထွက်လိုက်တော့....
မင်း ရဲရင့်ရမယ့် အချိန်ကျပြီ...
အမြဲတမ်း တစ်ယောက်တည်း
ဖြစ်နေတတ်လို့ စိတ်အားငယ်တာလား..
တစ်ကောင်ကြွက် ဘဝကို ခံယူထားရင် စိတ်ဓာတ်ကို အမြန်ပြန်ပြင်ဆင်တော့
တစ်ကောင်တည်းဆိုလဲ မင်း ခြင်္သေ့ပဲ ဖြစ်ရမယ်..
မင်းလျှောက်လှမ်းနေတဲ့ လမ်း
ဘယ်လောက်ကြမ်းကြမ်း
စိတ်မာမာနဲ့ ဇွဲကောင်းရင်
လမ်းဆုံးရင် အောင်မြင်မှုရဲ့
အသီးအပွင့်ကို မင်းခံစားရလိမ့်မယ်
လမ်းတစ်ဝက်က လှည့်ပြန်လာရင်
မင်းပိုရှုံးတယ် အချိန်ရော စိတ်ပိုင်းဆိုင်ရာရော ပေါ့....
မင်းရည်မှန်းချက် မင်းအိမ်မက္ကို
မင်းစိတ်ကြိုက် ပုံဖော်ခွင့် ရှိတယ်..
ရည်မှန်းချက်တို့ အိမ်မက္တို့ဆိုတာ
ဒိတ်ကုန်ရိုး ထုံးစံမရှိဘူး....
အမြဲ မှန်မှန်လေးသာ ကြိုးစား..
မင်းလုပ်နိုင်တယ်....
မင်းလုပ်နိုင်တယ်....
မင်းသာ အတော်ဆုံးပဲ...

image
51 ပတ် - ဘာသာပြန်ပါ။

#အချိန်မရှိလို့ပါ

စာရေးဆရာ စတီဖင်ကိုဗီ (Stephen R. Covey) ရေးထားတဲ့ ‘The 7 Habits of Highly Effective People’ စာအုပ်ထဲက အကြောင်းအရာလေးတစ်ခုကို မှီးရေးလိုက်ပါတယ်။

တစ်ရက်မှာ စတီဖင်ဟာ တောအုပ်တစ်အုပ်ထဲကို ဖြတ်သွားရင်းနဲ့ သစ်ပင်တစ်ပင်ရဲ့ ပင်စည်ကို လွှနဲ့ အားသွန်ခွန်စိုက် တိုက်ဖြတ်နေတဲ့ သစ်ခုတ်သမားတစ်ယောက်ကို တွေ့လိုက်တယ်။ သစ်ခုတ်သမားဟာ လွှတိုက်နေရင်းနဲ့ ပါးစပ်က တစ်ခုခုကို မကျေမနပ်ဖြစ်ပြီး တတွတ်တွတ် ရေရွတ်ပြောနေပါတယ်။

စတီဖင်က သူ့ကို မေးလိုက်တယ်။

- “ဘာဖြစ်နေတာလဲဗျ”

- “ငါ့လွှသွားတွေ တုံးနေလို့ကွာ။ ဒီသစ်ပင်ကို ဖြတ်နေတာ ၃ နာရီတောင် ကြာနေပြီ။ ပင်စည်တစ်၀က်တောင် ဖြတ်မရလို့ စိတ်ပျက်နေတာပါ”

- “ဒါဆိုလည်း ခင်ဗျားလွှသွားတွေကို သွေးလိုက်ပါလားဗျ”

- “အဲဒါဆိုရင် ငါ လွှတိုက်နေတာကို ရပ်လိုက်ရမှာပေါ့”

- “ဒါပေမဲ့ ခင်ဗျား လွှသွားတွေကို ထက်အောင် သွေးလိုက်ရင် အရင်ထက် သစ်ပင်ကို ဖြတ်ရာမှာ ပိုမြန်ပြီး ပိုလည်း သက်သာလာမှာပေါ့ဗျာ”

- “ငါ့မှာ လွှတိုက်တာကို ရပ်ဖို့ အချိန်မရှိပါဘူးကွာ”

စတီဖင်လည်း ခေါင်းမာတဲ့ ဒီသစ်ခုတ်သမားကို စကားဆက်ပြောလည်း အကျိုးထူးမှာ မဟုတ်လို့ အဲဒီနေရာက ခွာပြီး သူ့ခရီးကို ဆက်သွားလိုက်တယ်။

ငါ ဘာကြောင့် ဒီအကြောင်းလေးကို ပြောပြရတာလဲဆိုတော့ မင်းတို့အားလုံးနဲ့ သက်ဆိုင်နေလို့ပါ။ မင်းတို့ဟာ သစ်ခုတ်သမားတွေ မဟုတ်ကြဘူးဆိုတာကို ငါ သိပါတယ်။ ဒါပေမဲ့ မင်းတို့လည်း သစ်ခုတ်သမားလို ပြုမူနေတတ်ကြလို့ ငါ ပြောပြချင်တာပါ။

သစ်ခုတ်သမားဟာ သူ့လွှကို သွေးလိုက်ရင် သစ်ပင်ကို ပိုမြန်မြန်နဲ့ သက်သက်သာသာ ဖြတ်နိင်မယ်မှန်း သိပေမယ့် လွှတိုက်နေတာကို မရပ်ဘဲ ဆက်လုပ်နေတယ်။ ပြီးတော့ သစ်ပင်ကို ဖြတ်မရဖြစ်နေလို့ စိတ်တိုနေတယ်။

မင်းတို့လည်း အလုပ်တွေကို ကြိုးစားလုပ်တယ်။ အလုပ်ကို ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်အောင် သက်ဆိုင်တဲ့ သင်တန်း တက်ပါလားဆိုတော့ မင်းတို့က အချိန်မရှိဘူးလို့ ပြောကြတယ်။ နောက် ရာထူးမတက် လစာမတိုးတော့ ကံကို အပြစ်ပုံချကြတယ်။

အသိဥာဏ်ပညာ တိုးတက်အောင် စာတွေ ဖတ်ပါဆိုတော့ အချိန်မရှိဘူးလို့ ပြောကြတယ်။ မင်းတို့ သူငယ်ချင်းတွေဟာ စာတွေ ဖတ်ရင်း မင်တို့ထက် ဘ၀အခြေအနေ အများကြီး သာသွားတာကို အားကျပြီး ငေးကြည့်နေကြတယ်။

မင်းတို့ရဲ့ အရည်အချင်း တိုးတက်လာစေဖို့ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေကို လုပ်ရမှာကို အဲဒီအတွက် အချိန်မရှိဘူးဆိုရင်တော့လည်း ကိုယ်ဖြစ်ကိုယ်ခံပေါ့ကွာ။ နောင်မှ ငါ ကံမကောင်းဘူးလို့ မညည်းတွားပါနဲ့။ အသက်ကြီးမှ နောင်တ မရပါနဲ့။

image
51 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
51 ပတ် - ဘာသာပြန်ပါ။

#englisheverywhere

image
image
image
image
image

အစဉ်ကျန်းမာဖို့ သိထားသင့်တဲ့အချိန်များ
_____________________________
နံနက် ၅နာရီမှ ၇နာရီအတွင်း အူမကြီး
အလုပ်လုပ်ချိန်ဖြစ်သောကြောင့်
ထိုအချိန်အတွင်း အိပ်ရာထကာ
ရေတစ်ခွက် အဝသောက်ပြီး
ဝမ်းမှန်မှန်သွားသင့်သည် ။ ထိုသို့မဟုတ်ပါက
အူမကြီးညှစ်အားနည်းနေ၍ ဖြစ်ပြီး
အမျှင်ရိုသော အစားအစာများများစားပေးပါ။
နံနက် ၇နာရီမှ ၉နာရီအတွင်း
အစာအိမ်အလုပ်လုပ်ချိန်ဖြစ်
ဖြစ်သောကြောင့် ထိုအချိန်မှ
နံနက်ခင်းစာ ( Breakfast )
အဝ စားသင့်သည် ။
နံနက် ၁၁နာရီမှ ၁နာရီအတွင်း
နှလုံး ( Heart ) အလုပ်လုပ်ချိန်
ဖြစ်သောကြောင့် ထမင်းစားပြီး
ခဏတဖြုတ်အနားယူသင့်သည် ။
ညနေ ၁နာရီမှ ၃နာရီအတွင်း
အူအိမ်မှ အလုပ်လုပ်ချိန်ဖြစ်ကာ
အလေးအပင်များ မ ခြင်းမှ
ဆင်ခြင်ရန် အထူးလိုအပ်သည် ။
ညနေ ၃နာရီမှ ၅နာရီအတွင်း
ဆီးအိမ်မှ ခန္ဓာကိုယ်တွင်း
အဆိပ်အတောက်များကို
စွန့်ပစ်ချိန်ဖြစ်သောကြောင့်
အနည်းဆုံး ၁ လီတာမှ စပြီး
ရေများများ သောက်ရန်လိုအပ်သည် ။
ညနေ ၅နာရီမှ ၇နာရီသည်
ကျောက်ကပ်အလုပ်လုပ်ချိန်ဖြစ်သည်။
ထိုအချိန်တွင် ရေချိုးနေစဉ် ဆီးသွားခြင်း
ရှောင်ပါ ကျောက်ကပ် ပျက်စီးလွယ်သည် ။
ည ၇နာရီမှ ၉နာရီတွင်
နှလုံးအမြှေးပါးအလုပ်လုပ်ချိန်
ဖြစ်သောကြောင့် စိတ်အပန်းပြေစေသည့်
( Entertainment ) များ ရယ်မောဖွယ်
ဟာသများ စသဖြင့် ကြည့်ရှုခံစားသင့်သည်။
ည ၉နာရီမှ ၁၁နာရီသည်
ခန္ဓာကိုယ် အပိုင်းကြီး ၃ ပိုင်း
( ဦးခေါင်း ကိုယ်ပိုင်း ခြေထောက်ပိုင်း ) များကို
နှီးနှောဖလှယ်ချိန်ဖြစ်သည်။
ည ၁၁နာရီမှ ၃နာရီသည် အသည်း
( Liven ) အလုပ်လုပ်ချိန်ဖြစ်သောကြောင့်
၁၁နာရီထက် နောက်ကျပြီး မအိပ်သင့်ပါ
သင့်အသည်းကို အနားပေးရန် လိုအပ်ပါသည်။
ထိုအပြင် ၁၁နာရီမှ ၁နာရီတွင်
သည်းခြေမှ အလုပ်လုပ်သည်။
နံနက် ၃နာရီမှ ၅နာရီထိသည်
အဆုတ်မှ အလုပ်လုပ်ချိန်ဖြစ်သောကြောင့်
မနက် ၅နာရီအထိ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သင့်သည် ။

image