တနင်္ဂနွေညပိုင်းနှင့် တနင်္လါမနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image
image
51 w - Translate

က်ဒရစ်ဒါဘီပွဲရလဒ်ကတော့ ဘာစီလိုနာအကြိုက်ဖြစ်သွားတယ်။ ၁-၁ နဲ့ ပြီးခဲ့ပြီး နှစ်သင်းစလုံး အမှတ်လျော့ခဲ့တာမို့ ဘာစီလိုနာက ဒီရလဒ်အတွက် သေချာပေါက်ကို ပျော်ရွှင်နေပါလိမ့်မယ်။ သူတို့ကစားရမယ့်ပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ရီးရဲလ်နဲ့ ၂မှတ်၊ အေတီကိုနဲ့ ၁ မှတ်ပဲ ကွာတော့မှာပါ။ အချိန်မရွေး ဇယားထိပ်ကို သူတို့သိမ်းပိုက်နိုင်မယ့် အခွင့်အရေးကြီး ရလာပါလိမ့်မယ်။
တသင်းသင်းနိုင်သွားခဲ့ရင်တောင် ဘာကာအတွက် အဲဒီအသင်းနဲ့ အမှတ်ကွာဟချက်က အရင်အတိုင်းရှိနေမှာပါ။ အခုတော့ နှစ်သင်းစလုံးနဲ့ အမှတ်လျှော့ချနိုင်မှာမို့ သင်္ချာနည်းနဲ့တွက် တော်တော်လေးအမြတ်ထွက်သွားပြီ။ ဘာကာကောင်းစားဖို့အတွက် မက်ဒရစ်နှစ်သင်းက လုပ်ပေးလိုက်သလိုပဲ။
အယ်လ်ဗာရက်ဇ်ရဲ့ ပင်နယ်တီဂိုးနဲ့ အေတီကိုက ဦးဆောင်းခဲ့ပြီး ဘတ်ပီက ပြန်ချေပခဲ့တာပါ။ ဗင်နီရှပ်ကတော့ ဆီမြွန်နီအသင်းနဲ့ဆိုရင် ခြေစွမ်းမပြနိုင်တဲ့ ထုံးစံဖြစ်နေပြီ။ ၁၅ ပွဲမှာ ရင်ဆိုင်ဖူးပြီး ၁ ဂိုးပဲ သူရထားတာပါ။း ဂိုးမသွင်းနိုင်ခဲ့သလို ခြေစွမ်းလည်း သိပ်မပြနိုင်ခဲ့ပါဘူး။

image

ဖေဖော်ဝါရီ ၁၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centtalnewsnaypyitaw

image

ဖေဖော်ဝါရီ ၁၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
51 w - Translate

စပါးတို့ဘာမှားနေတာလဲ

စပါးအသင်းဟာ သုံးရက်အတွင်း ဖလားပြိုင်ပွဲ ၂ ပွဲကနေ ထွက်ခွာခဲ့ရပါပြီ ❌
ကြာသပတေးနေ့ - ကာရာဘောင်းဖလားကနေ ထွက်
တနင်္ဂနွေနေ့ - အက်ဖ်အေဖလားကနေ ထွက်

image
51 w - Translate

Plymouth 1-0 Liverpool
ချန်ပီယံရှစ်ရဲ့ အဆင့်အောက်ဆုံးက Plymouth ရှုံးခဲ့လို့ လီဗာပူးလ်ရဲ့ အက်ဖ်အေဖလားခရီးစဉ်ပြီးဆုံးခဲ့ရပြီး
ဒီရာသီ Quadruple အိပ်မက်လည်း လေထဲလွင့်သွားရပါပြီ Real Madrid
▪️ Chelsea
▪️ AC Milan
▪️ Man City
▪️ Arsenal
▪️ Man United
ဒီအသင်းတွေ မနိုင်ခဲ့တဲ့ လီဗာပူးလ်ကို ချန်ပီယံရှစ်ဇယား အဆင့် အောက်ဆုံးက Plymouth က အနိုင်ရခဲ့တာပါ 🫣
Football 💀

image

တစ်ကြိမ် ဖူးခွင့်ရလျှင် ​
နောက်တစ်ကြိမ် ပြန်ဖူးရတဲ့ မြဘုရား 🙏🙏🙏

#သွားမယ်&တည်းမယ်

image

နော်

image

လူငယ်တွေ 🌧⛈မိုးလေဝသကို စိတ်မဝင်စားတာလဲ မပြောနဲ့

image
51 w - Translate

#နိုင်ငံတကာသတင်း
◾️TikTok အား ဝယ်ယူရန် အစီအစဉ်မရှိကြောင်း အီလွန်မာ့စ်ပြော

တရုတ်ကုမ္ပဏီ ByteDance ကြောင့် အမျိုးသားလုံခြုံ‌ရေးစိုးရိမ်မှုများနှင့်အတူ အမေရိကန်အစိုးရက ပိတ်ပင်ရန်ကြိုးစားနေသည့် လူကြိုက်များသော ဗီဒီယိုရုပ်သံအတိုလေးများ မျှဝေသည့် TikTok ကို ဝယ်ယူရန် အစီအစဉ်မရှိကြောင်း အမေရိကန်ဘီလျံနာသူဌေး အီလွန်မာ့စ်က ပြောကြားသည်။

“TikTok ကို ဝယ်ယူဖို့ အဆိုပြုထားတာမရှိပါဘူး။ ကျွန်တော်သာ TikTok ကို ရရှိခဲ့ရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်လည်း မရှိပါဘူး။” ဟု အီလွန်မာ့စ် ကပြောကြားပြီး ကုမ္ပဏီများကို ဝယ်ယူခြင်းထက် အသစ်က စတင်တည်ဆောက်ရသည်ကို ပိုမိုနှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။”

ယင်းအက်ပလီကေးရှင်းအား အီလွန်မာ့စ်က ဝယ်ယူရေးကိုလမ်းဖွင့်ထားကြောင်း သမ္မတ‌ဒေါ်နယ်ထရန့်က ပြောကြားပြီး သီတင်းတစ်ပတ်အကြာ ဇန်နဝါရီ ၂၈ ရက်တွင် ဂျာမနီနိုင်ငံ၌ ပြုလုပ်သည့် WELT စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ အွန်လိုင်းမှ တစ်ဆင့် အီလွန်မာ့စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

X ဟုနောက်ပိုင်းတွင် အမည်ပြောင်းလဲခဲ့သော တွစ်တာ လူမှုကွန်ရက်ကိုလည်း လွတ်လပ်စွာပြောဆိုခွင့်အပေါ် စိုးရိမ်မှုများကြောင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မာ့စ် က ပြောသည်။

TikTok အား တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီက ပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီမှာတရုတ်ကွန်မြူနစ်ပါတီနှင့် ချိတ်ဆက်ထားကာတရုတ်အစိုးရအတွက် ထောက်လှမ်းရေးနှင့် အချက်အလက်စုဆောင်းရေး အရင်းအမြစ်အဖြစ် လုပ် ကိုင်ပေးနေကြောင်း စွပ်စွဲခံထားရသည်။

သို့ရာတွင် ထိုကဲ့သို့ လုပ်ဆောင်ခြင်းမရှိကြောင်း TikTok က ငြင်းဆိုထားသည်။

အဆိုပါဆိုရှယ်မီဒီယာကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင်ဒေါ်လာ ၄၀ နှင့် ၅၀ ဘီလီယံ အကြား ပိုင်ဆိုင်မှု ရှိကြောင်း CNN စီးပွားရေးသတင်း က ခန့်မှန်းထား သည်။

ဇန်နဝါရီ ၁၉ ရက်တွင် ပိတ်ပင်ရမည့် TikTok အား ဒေါ်နယ်ထရန့်က သမ္မတလုပ်ပိုင်ခွင့်အမိန့်တစ်ရပ်ဖြင့် ယာယီဆိုင်းငံ့ထားခဲ့သည်။

သို့ရာတွင် အက်ပဲလ် နှင့် ဂူဂဲလ် တို့ကမူ TikTok အား ၎င်းတို့၏ အက်ပလီကေးရှင်းစတိုးများတွင် ပြန်လည်ထည့်သွင်းထားခြင်းမရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

အမေရိကန်နိုင်ငံတွင် သုံးစွဲသူ သန်း ၁၇၀ ရှိသော TikTok အား ဝယ်ယူ‌ရေးနှင့် ပတ်သက်၍ လူအများအပြားနှင့် ပြောဆိုနေကြောင်း ‌ဒေါ်နယ်ထရန့် က ပြောကြားထားကာ ယင်းအက်ပ် ၏ အနာဂတ်နှင့်ပတ်သက်၍ ယခုလအတွင်း ဆုံးဖြတ်သွားဖွယ်ရှိကြောင်း ဆိုသည်။

တရုတ်အခြေစိုက် ByteDance ကုမ္ပဏီကမူ TikTok အား ရောင်းချသွားရန် အစီအစဉ်ရှိကြောင်း ယခင်က ပြောကြားထားသည်။

image