23 w - Translate

မြန်မာ့ပင်လယ်ပြင်ကိုအစောဆုံးအလင်းပြခဲ့သည့်
လေးရှင်းတောင်မီးပြတိုက် (စစ်တွေကမ်းလွန် Savage ကျွန်း)
***********************************
လေးရှင်းတောင်မီးပြတိုက်သည် မြန်မာ့ပင်လယ်ပြင်၏ အစောဆုံးမီးပြတိုက်များထဲမှ တစ်ခုဖြစ်ပြီး ၁၈၄၄ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၅၆ ခုနှစ်အထိ အသုံးပြုခဲ့သည်။ အမြင့် ၁၃၈ ပေ ရှိသည်။ ယခင်က မီးပြအလင်းရောင်ကို ၁၄ မိုင်ထိ
တည်နေရာ
လေးရှင်းတောင်မီးပြတိုက်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တောင်ဘက် နှစ်မိုင်အကွာမြင်နိုင်ခဲ့သည်။ရှိ ကုလားတန်မြစ်ဝရှိ ကျွန်းရိုင်း( Savage Island ) ခေါ် လေးရှင်းတောင်ကျွန်းပေါ်တွင် တည်ရှိသည်။ Savage Island ၏ ဧရိယာမှာ (၇.၁၂ )ဧကရှိသည်။ကျွန်းအရှေ့ဘက်တွင် မြေငူကျွန်း ရှိသည်။
သမိုင်းကြောင်း
အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ အပြီး နှစ်(၂၀) အကြာ တွင် မီးပြတိုက် ကို တည်ဆောက်ခဲ့သည်။ ၁၈၄၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော မီးပြတိုက်သည် မြန်မာ့ ပင်လယ်ပြင်၏ အစောဆုံး မီးပြတိုက်တစ်ခုလည်း ဖြစ်ခဲ့သည်။
#အိမ်ကြီး ရခိုင်
#rakhineculture

imageimage
+5
23 w - Translate

မပြီးသေးဘူးလို့ ထင်ရတဲ့ ဒီဇိုင်းနဲ့ အံ့ဖွယ် တံတား-ဥမင်
The Chesapeake Bay တံတားဥမင်လမ်း (CBBT) ဟာ Virginia ကမ်းခြေကနေ အရှေ့ပိုင်းကမ်းရိုးတန်းကို ဆက်သွယ်ထားတာဖြစ်ပါတယ်။
Chesapeake ပင်လယ်အော်ဝကို ဖြတ်ပြီး ၁၇.၆ မိုင် အလျားရှိတဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အံ့ဖွယ်တည်ဆောက်မှု တခုလည်းဖြစ်ပါတယ်။
တံတားနဲ့ ရေအောက်ဥမင်လိုဏ်ခေါင်းတွေ ပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။
၁၉၆၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီတံတားရဲ့ထူးခြားချက်က တံတားအပိုင်း ၁၂ မိုင်၊ ရေအောက်လိုဏ်ခေါင်း နှစ်ခု (တစ်ခုချင်းစီ တစ်မိုင်စီရှည်)နဲ့ လူတို့ဖန်တီးထားတဲ့ ကျွန်းလေးခုတို့ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။
ဒီတံတားဥမင်လမ်းကို တည်ဆောက်ရတဲ့ အဓိကအကြောင်းရင်းက စစ်သင်္ဘောတွေ အထူးသဖြင့် ရေငုပ်သင်္ဘောတွေ၊ လေယာဉ်တင်သင်္ဘောတွေ သွားလာနိုင်ဖို့အတွက် ဖြစ်ပါတယ်။
တံတားတစ်ခုတည်း ဆောက်မယ့်အစား ဥမင်လိုဏ်ခေါင်းတွေ ထည့်သွင်းထားတာက သင်္ဘောကြီးတွေ အဆင်ပြေပြေ ဖြတ်သန်းသွားလာနိုင်စေဖို့ ဖြစ်ပါတယ်။
CBBT ဟာ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုတစ်ခုသာမက ခရီးသွားတွေအတွက် ပင်လယ်အော်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာရဲ့ လှပတဲ့ပတ်ဝန်းကျင် ရှု့ခင်းတွေကို ပိုင်ဆိုင်ထားပါတယ်။
တံတားဥမင်လမ်းဟာ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ နဲ့ ဒေသခံလူ့အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးတဲ့ အရေးပါတဲ့စီးပွားရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
နှစ်တွေကြာလာတာနဲ့အမျှ CBBT ဟာ လုံခြုံရေးတိုးတက်စေဖို့နဲ့ တိုးပွားလာတဲ့ယာဉ်သွားလာမှုကို လက်ခံနိုင်ဖို့ တိုးချဲ့မှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာ တစ်နေ့ကို ယာဉ်အစီးရေထောင်ချီပြီး ဖြတ်သန်းသွားလာနေကြပြီး ၂၀၂၁ ခုနှစ်အထိ စုစုပေါင်း ယာဉ် ၁၄၀ သန်းကျော် ဖြတ်သန်းသွားလာခဲ့ပြီး ဖြစ်ပါတယ်။
ဒီတံတားကြီးဟာ မြောက်အမေရိကတိုက်မှာရှိတဲ့ တံတား-လိုဏ်ခေါင်း ပေါင်းစပ်စနစ်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပြီး ကမ္ဘာပေါ်မှာလည်း ထိုကဲ့သို့သော တံတားပုံစံ ၁၄ ခုသာ ရှိတယ်လို့ သိရပါတယ်။

image
23 w - Translate

နှုတ်ချိုတိုင်း မသာယာပါနဲ့
******************
တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အိမ်တစ်အိမ်မှ ဒိန်ခဲတစ်တုံးကို ခိုးယူပြီး သစ်ပင် တစ်ပင်ပေါ်သို့ နားနေတယ် ။ ဒိန်ခဲနံ့ရသော မြေခွေး တစ်ကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေ၏ ။ ထိုအခါ မြေခွေးဟာ အဲဒီ ဒိန်ခဲတုံးကို ဘယ်လို ကြံလျှင် ပိုင်ဆိုင်ရမည်ဟု တွေးတော နေပါတော့တယ် ။
မြေခွေးလည်း " မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး ၊ နေကောင်း ကျန်းမာတော် မူရဲ့လား ။ အမွေးအတောင်တွေ လှပသလို မရွှေကျီးရဲ့ အသံကလည်း သာယာမှာပဲနော် " ဟု ကျီးကန်းကို ပြောကြားလိုက်၏ ။ ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏ ။
ထိုအခါ မိမိ ဒိန်ခဲအောက်သို့ကျ ပြီးမြေခွေးစာ
ဖြစ်ရ ရှာတော့တယ်။
Ref : The Fox and the Crow { Ref = Reference }
ကျွန်တော့ ပတ်ဝန်းကျင်မှာ လူတစ်ချို့ ဒီပုံပြင်တိုလေးက မြေခွေးလို ရှိတတ်ကြပါတယ် ။ မနာလိုမှုတွေ ဖြစ်သော အခါများတွင် လူတစ်ချို့က မြေခွေးလို ချိုသာသော စကားပြော၍ မြှောက်ပင့် တတ်လေ့ရှိ်ကြ၏ ။ ထိုသူတို့ဟာ သူတစ်ပါးကို နာကျင်အောင် ထိခိုက်အောင် လုပ်ချင်သူသာ ဖြစ်ပါတယ် ။
မြှောက်ပင့်မှုကို ကြိုက်သူဟာ တစ်ခါတလေမှာ ဒုက္ခတွေ ရတတ်ပါတယ် ။ ကျွန်တော်တို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတစ်ချို့က ချိုသာမှုများဖြင့် ပြောဆို၍ မှောင်းထုတ်တတ်လေ့ ရှိတတ်ပါတယ် ။ အဲဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာမိဖို့ သတိပြုရန် လိုအပ်ပါတယ် ။
အတုအယောင် ဟန်ဆောင်၍ မြှောက်ပင့်သူတို့ရဲ့ စကားကို နားထောင်မိသော သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ် ။
အတုအယောင်တို့ရဲ့
စကားတိုင်းမှာ
ကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။
အကယ်၍ သာယာခဲ့မိလျှင်
ကိုယ်ဆီက တစ်ခုခု
ပေးတတ်ရ၏ ။
Credit

image

ဂျပန်၏ 7-Eleven ကုန်စုံဆိုင်များက ခရီးသွားများကို ဆွဲဆောင်နေ

တိုကျို၊ ဖေဖော်ဝါရီ ၁၁

ဂျပန်နိုင်ငံရှိ 7-Eleven ကုန်စုံဆိုင်များသည် ဂျပန်သို့လာရောက်သည့် နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်သော အရာများထဲတွင် တစ်ခု အပါအဝင် ဖြစ်လာကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဂျပန်၏ 7-Eleven စတိုးဆိုင်များတွင် ထမင်းဆုပ်များ၊ အသားညှပ်ပေါင်မုန့်များ၊ ခေါက်ဆွဲ များ၊ အချိုပွဲများကဲ့သို့ အရသာနှင့် အမျိုးအစား စုံလင်သည့် စားစရာများကို စျေးသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် 7-Eleven ဆိုင်များတွင် ဒေသခံများနှင့် ခရီးသွားများအတွက် ဒေသထွက် အစားအစာများ၊ ရာသီပေါ် အစားအစာများကိုလည်း ရောင်းချနေခြင်းကြောင့် ခရီးသွားများအကြား ရေပန်းစားလျက်ရှိသည်။

7-Eleven ဆိုင်များတွင် ငွေသားနှင့်သာမက ATM စက်များနှင့်လည်း ပေးချေနိုင်သဖြင့် နိုင်ငံတကာသုံး ဘဏ်ကဒ် များကို ကိုင်ဆောင်လေ့ရှိသည့် ခရီးသွားများအတွက် ငွေပေးချေမှု အဆင်ပြေ ချောမွေ့စေခြင်းကြောင့် ဖြစ်သည်။

အလားတူ 7-Eleven ဆိုင်များတွင် ပစ္စည်းများ ဝယ်ယူရ အဆင်ပြေစေရန် ပစ္စည်းအမျိုးအစားများကို touch-screen မျက်နှာပြင်များပေါ်၌ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား ဘာသာစကားများဖြင့် ရှင်းပြထားပြီး မိမိနားလည် သည့် ဘာသာစကားဖြင့် ဝယ်ယူနိုင်သည်။

ရထားလက်မှတ်များ၊ ပွဲအခမ်းအနား လက်မှတ်များ ဝယ်ယူနိုင်ခြင်း အွန်လိုင်းရှော့ပင်အတွက် ပါဆယ်များ စုဆောင်းခြင်းတို့ကို ပြုလုပ်နိုင်သဖြင့် ခရီးသွားများအကြား 7-Eleven ဆိုင်များက ရေပန်းစားသည်။

ထို့ပြင် ၂၄ နာရီနှင့် ၇ ရက်ပတ်လုံး ဖွင့်ထားခြင်း၊ အချို့ 7-Eleven ဆိုင်များတွင် ဝိုင်ဖိုင်များအခမဲ့ အသုံးပြုနိုင် ခြင်း၊ သန့်ရှင်းပြီး ပစ္စည်းများကို စနစ်တကျ ထားရှိမှု၊ ဝန်ထမ်းများ၏ ဖော်ရွေစွာ ဆက်ဆံမှုတို့ကြောင့် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် 7-Eleven ဆိုင်များသည် ဂျပန်နိုင်ငံ၏ ခရီးသွားများကို ဆွဲဆောင်နိုင်သဖြင့် ခရီးသွားကဏ္ဍနှင့် နိုင်ငံစီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက မြှင့်တင်ပေးနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

Source: Nikkei Asia

ပုံ - ဂျပန်က 7-Eleven ဆိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦး ထပ်မံဖမ်းမိ၍ ယင်းဒေသတွင် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံသား ၅၀ အပါအဝင် စုစုပေါင်း ၁၀၂ ဦး ဖမ်းမိ

ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင် ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့၍ ယင်းဒေသတွင် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံသား ၅၀ ဦးအပါအဝင် စုစုပေါင်း ၁၀၂ ဦးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း အဆိုပါတရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့များက တက်ကြွစွာဖြင့် တင်းတင်းကြပ်ကြပ် ရှာဖွေစစ်ဆေးဖော်ထုတ် ဖမ်းဆီးမှုများ အဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့်စစ်ဆေးမှုအား ဆောင်ရွက်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ကြောင်း ထုတ်ပြန်ထားသည်။

၎င်းနယ်မြေအတွင်း ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများကို လုံခြုံရေးဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၂၆၀ လုံး၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက် ၂ လုံး၊ Starlink ၇ လုံး၊ လက်နက်မျိုးစုံ ၇ လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၃ စီး၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဉပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
23 w - Translate

Johnny Puff: Secret Mission (2024)

ပေါ့ပေါ့ပါးပါး သားသားမီးမီးတို့ကြည့်ဖို့ကာတွန်းကားလေး
တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကာတွန်းကားလေးရဲ့နာမည်ကတော့ Johnny Puff : Secret Mission ဖြစ်ပြီး2020 တုန်းက ထွက်ရှိခဲ့တဲ့ Puffins ဆိုတဲ့ တီဗီ Series လေးရဲ့
အဆက်ဖြစ်ပါတယ်။ဇာတ်ကားနာမည်က Johnny Puff ဖြစ်သလိုအသံသရုပ်ဆောင်ကလည်း ဂျက်စပဲရိုးသရုပ်ဆောင် Johnny Depp ပဲဖြစ်ပါတယ်။ဒီကာတွန်းကားလေးရဲ့အဓိကဇာတ်ဆောင်တွေကတော့ ပင်လယ်ပျော်ငှက်ကလေး ၄ ကောင်နဲ့ သူတို့ရဲ့ရန်သူတော်အင်ဂျင်နီယာ ဖျံကြီးတို့ပဲဖြစ်ပါတယ်။အဲ့ဒီပင်လယ်ပျော်ငှက်ကလေး ၄ ကောင်ကစွန့်စားခန်းတွေထွက်ရတာကြိုက်ပြီး တစ်နေ့မှာတော့ ဥက္ကာခဲကြီးတစ်ခုနဲ့တွေ့ကာတစ်ကောင်ကိုအစွမ်းတစ်မျိုးစီရခဲ့တဲ့စူပါငှက်ကလေးတွေဖြစ်တဲ့အတွက်သူတို့ရဲ့ရန်သူတော် လူဆိုးဖျံကြီးက သူတို့ကိုနှောင့်ယှက်ဖို့ပစ္စည်းတစ်ခုတီထွင်လိုက် မအောင်မြင်လိုက်နဲ့လုံးလည်ချာလည်လိုက်နေပုံတွေကိုရယ်စရာရိုက်ကူးထားတာဖြစ်တဲ့အတွက် သားသားမီးမီးတွေသဘောကျမဲ့ကာတွန်းကားလေးတစ်ကားပဲဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ

https://t.me/+nqhhs6tGKeRjZjA1

ဇာတ်ကားကြည့်ရန်နှိပ်ပါ

https://t.me/c/2088510221/1375

image
23 w - Translate

"ငါချစ်ရင် မိုးကို လှေကားထောင်ပေးမယ်..ပင်လယ်ကို တံတားခင်းပေးမယ်.. ငါမုန်းရင်တော့ ငရဲကိုတောင်
ပြာကျအောင် မီးရှို့ပစ်မယ်..."

သီချင်းလေး တစ်ပုဒ်ပါ။
ဘွဲ့ထူး ဂုဏ်ထူးတွေ တပ်မထားပါဘူး။
စကားလုံး အချွန်အတက်တွေနဲ့လည်း နှလုံးသားကို
ထိုးစိုက်မထားပါဘူး။
ရည်ရွယ်ချက်တစ်ခုတည်းပါ။
နားထောင်ဖူးရင်သိလိမ့်မယ်။
ချစ်သူလက်ညှိုးထိုးတိုင်း ပန်းတွေဝေပေးချင်တယ်။
အဲဒီအစွမ်းကိုလဲ ကျွန်တော်ရချင်တယ်။
တစ်ကယ်........။

"ဘာပဲဖြစ်ဖြစ်ပေါ့ကွယ် ချစ်သူလက်သာထိကိုင်ထားရရင် အသက်မရှုပေမဲ့လဲ အသက်ရှိနိုင်ပါသေးတယ်"

... သိုးဆောင်း ( လက်ညှိုးထိုး၍ ပန်းဝေသည်) ...

ယိုးမယ်ရယ်...

ချစ်လိုက်တာ...ကိုယ့်ကို အဲလောက်တောင် ချစ်သတဲ့လား။

ကျွန်တော်နဲ့ နီးရဖို့၊ ကျွန်တော်တို့နှစ်ဦး အတူလွတ်မြောက်ဖို့အတွက် ကိုယ့်အသက်ကိုတောင် မငဲ့ဘဲ မီးတောကို ဖြတ်နင်းခဲ့ပါသတဲ့...။ အရင်က မြေသားမာမာပင် မနင်းခဲ့ဖူးသော ယိုးမယ်ခြေဖဝါးနုနုမှာ မီးလျှံများကို တစ်လှမ်းချင်း နင်းလျှောက်ခဲ့ပါသတဲ့။ လေးစားဖို့ကောင်းလိုက်တာ...။

ပူလောင်မှု ဒဏ်ရာတွေနဲ့ သတိရလာတော့ ကျွန်တော့်လက်ကိုကိုင်ပြီး တခုတ်တရမေးပါသည်။

ကနောင်...ဘာဖြစ်သွားသေးလဲ တဲ့။

ကျွန်တော့်မှာ ကြည်နူးမှု၊ လှိုက်မောမှု၊ မချိတင်ကဲဖြစ်မှုတွေနဲ့ စကားပင် မဆိုနိုင်။ သွေးလျော့ဖြူလျော်သွားသော မျက်နှာနှင့် လက်ချောင်းသွယ်သွယ်လေးများကို ဖျစ်ညှစ်ဆုပ်ကိုင်ရင်း မျက်ရည်များပင် သွင်သွင်စီးကျလာရသည်။

ကိုယ်...ဘာမှမဖြစ်ပါဘူး ယိုးမယ်ရယ်၊ အရေပြားနဲ့အသားပေါ်က ဒဏ်ရာတွေထက် ယိုးမယ်လေးကိုကြည့်ပြီး နာကျင်ရတဲ့ ရင်ထဲက ဒဏ်ရာက ပိုနာရပါတယ်ကွယ်...

... သိုးဆောင်း ( လက်ညှိုးထိုး၍ပန်းဝေသည်)...

သိုးဆောင်း လို့ကြားလိုက်တာနဲ့ တော်တော်များများ ပြေးမြင်မိမှာက ( အကြင်သူသည် ) ပါ။ တစ်ကယ်လည်း ကောင်းတဲ့ စာအုပ်ပါ ၊ ဒါပေမယ့် ကျွန်တော်ပြောတာကိုယုံပါ ၊ အခု စာအုပ်က ( အကြင်သူသည် ) ထက်မသာရင်တောင် သူ့ထက်တော့ မလျော့ဘူးဆိုတာ အာမခံရဲပါတယ် ။

အမှန်တိုင်းပြောရရင် ဆရာသိုးဆောင်းရဲ့ (လက်ညှိုးထိုး ၍ ပန်းဝေသည် ) စာအုပ်ကို နာမည်လေးကြောင့် ဖတ်ဖြစ်ခဲ့တာ စိတ်ထဲမှာတော့ လေးလေးနက်နက် မရှိလှဘူး ၊ လူငယ် type စာအုပ်မျိုးလို့ပဲ ထင်ခဲ့တာ ၊ ဖတ်ပီးချိန်မှာတော့ အထင်နဲ့အမြင်က တလွဲပါပဲ ။

ဒီစာအုပ်ဖတ်ပီး နာရီပိုင်းလောက်ထိ ကျွန်တော် ဘာမှလုပ်မရခဲ့ဘူး ရင်ထဲမှာ မွန်းကျပ် နေမိတယ် ။ ကျွန်တော်တွေးနေမိတာက ဘာကြောင့်လဲပေါ့ ။ စာအုပ်ရဲ့ အဓိက ကျောရိုးက ' ယိုးမယ် နဲ့ ကနောင် ' ရဲ့ အချစ်အကြောင်းဆိုပေမယ့် အပေါစား အချစ်စာအုပ်တွေလို ချစ်ကြိုက်လွမ်းဆွေးမျိုး မဟုတ်ပါဘူး ။

ဒီစာအုပ်ဖတ်ရင်း ခင်ဗျားကိုယ်တိုင် မွန်းကျပ်လာမယ် ဝမ်းနည်းလာမယ် နှမြောမိလာမယ် ၊ ထိုင်ရာကမထဘဲ ဖတ်ချင်လာအောင် ဒီစာအုပ်က ဆွဲခေါ်သွားပါလိမ့်မယ် ။ ကျွန်တော့်စာက ဒီစာအုပ် ဘယ်လောက်ကောင်းကြောင်း ဖော်ပြနိုင်မှာ မဟုတ်ပါဘူး ဖတ်ကြည့်လိုက်ပါ ၊ ဆရာ သိုးဆောင်း ရဲ့ပရိသတ်တစ်ယောက်ဆို ဒီစာအုပ်က ခင်ဗျားအတွက်ပါပဲ...........

image
23 w - Translate

စာရေးဆရာ ဟမ်စိုင်း (ဆေး မန်း) ရဲ့ "တိမ်ပန်းချီ" ဆိုတဲ့ စာအုပ်ပါ။ ရသမျိုးစုံပါတဲ့ အချစ်ဝတ္ထုစာအုပ်တစ်အုပ်ပါ။ ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့အပြင် ရုပ်ရှင်ကလည်း ရုံမတင်ခင်တည်းက အရမ်းပေါက်နေတာကြောင့် စိတ်ဝင်စားလို့ ဖတ်ဖြစ်သွားတာပါ။ ပထမဆုံးပြောချင်တာကတော့ စာအုပ်ထက် ရုပ်ရှင်က ပိုသာသွားတယ်လို့ Karine ကတော့ ခံစားရတယ်။ ရုပ်ရှင်က ပိုပြီး ရုပ်လုံးပေါ်ပြီး ပိုပြီး Entertained ဖြစ်ပါတယ်။ စာအုပ်က ရေးထားတာ အရမ်းသော့တယ်၊ လောလော လောလော နဲ့ ဖတ်ရတာ 2x နဲ့ ရစ်ထားသလိုတောင်ခံစားရတယ်။ ဇာတ်ကောင် ၃ယောက်ကို တစ်ယောက်တည်းဖြစ်အောင်ပေါင်းပြီး ဇာတ်ကို အတိုချုံ့ထားလို့လည်း ဖြစ်မယ်လို့ ထင်ပါတယ်။
ဇာတ်လမ်းက တိမ်ပန်းချီဆိုတဲ့ မိန်းကလေးက သူ့ယောင်္ကျားအမှုကနေ ပြစ်ဒဏ်လျော့လျော့ပေါ့ပေါ့ဖြစ်စေဖို့အတွက် ရှေ့နေနဲ့ လာတွေ့တဲ့အခန်းကနေစထားတာပါ။ အတိတ်ကိုပြန်ပြီး ပြောပြတဲ့အနေနဲ့ ရေးထားတာပါ။
တခါမှ အချစ်ကို မထိတွေ့ဘူးတဲ့ ဆရာဝန်ပေါက်စလေးနဲ့ ကျားတွေကြားထဲမှာ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ စင်တင်မယ်လေးတို့ ည တစ်ညမှာဆုံတွေ့ခဲ့ကြတယ်။ မြင်မြင်ချင်းအချစ်ဆိုတဲ့အတိုင်း ကောင်လေးရဲ့ ရိုးသားတဲ့ အဖြူရောင်မျက်ဝန်းတွေကို မြင်တည်းကချစ်မိခဲ့တယ်။ သူရဲကောင်းဆန်တဲ့ အချစ်စိတ်တွေနဲ့ ကောင်မလေး ဘဝကို ကယ်တင်ချင်စိတ်တွေ တဖွားဖွားဖြစ်လာခဲ့တယ်။
"ကြယ်စင်" ဆိုတဲ့ အမှောင်တွေကြားမှာ ဘဝအတွက်ရှင်သန် ရုန်းကန်ရတဲ့ကောင်မလေးအတွက် "ဝေယံ" ဆိုတဲ့ အလင်းရောင်လေးတစ်ခုကို ရှာတွေ့ခဲ့တယ်။ နှစ်ယောက်အတူတူ မိုးမမြင် လေမမြင် ချစ်ခဲ့ကြတယ်။ သိပ်မကြာဘူး လက်ထပ်ဖို့ စီစဉ်တယ်။ ကြယ်စင်ဘဝရဲ့ အရိပ်မည်းကြီးကို ဝေယံက အပြီးတိုင်း ဖျောက်ဖျက်ပြီး အလင်းရောင်တွေပေးနိုင်မလား။ အတိတ်ဆိုးထဲကနေရော တကယ်ပဲ ဆွဲခေါ်ထုတ်သွားမှာလား။ သူတို့နှစ်ဦးရဲ့ ဘဝထဲကို "မသူဇာ" ဆိုတဲ့ အမျိုးသမီးကရော ဘယ်လိုပုံစံနဲ့ ဝင်ရောက်လာမှာလဲ။ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ငွေနဲ့ပေါက်ပြီး ဖျက်စီးလို့ရသလား ... ။ ကိုယ်ကျင့်တရားကို ငွေနဲ့ လဲလှယ်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတတော့ ဖတ်ကြည့်ပါလို့ပဲပြောချင်ပါတယ်။
ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ လူတိုင်းမှာ အတိတ်ကိုယ်စီရှိကြတာပါပဲ။ တချို့က သိသိကြီးနဲ့ လမ်းမှားကိုရွေးချယ်ခဲ့ကြပေမယ့် တချို့ကတော့ ရွေးချယ်ခွင့်မရှိလို့ ရောက်ခဲ့ကြရတယ်။ နာကျင်စရာ အတိတ်တွေကနေ ကျောခိုင်းပြီးရင် ဘယ်သူမှပြန်မကြားချင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တကယ်ချစ်ခင်မြတ်နိုးလို့ ဘဝတစ်ခု ထူထောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ရင် နာကျင်စရာ အတိတ်တွေကို မေ့ပစ်လိုက်ဖို့လိုပါတယ်။ အတိတ်က အမှားတွေကို ပြန်လည်တူးဆွမိတဲ့အခါ နှစ်ယောက်လုံးစိတ်ထိခိုက်နာကျင်ကြရတယ်။ အချစ်ဆိုတာ တကယ်တော့ လက်တွေ့မှာ ချစ်ပြ၊ ကာကွယ်ပြရတာပါ။ လူနှစ်ယောက်ချစ်နေဖို့အတွက် အရေးအကြီးဆုံးက သံသယကင်းနေဖို့ပါပဲ။ သံသယစိတ်ဆိုတာ ကြောက်စရာကောင်းသလို အရမ်းလည်းပူလောင်စေတယ်။ စာအုပ်ထဲမှာရေးသားထားတဲ့အကြောင်းတွေကတော့ အပြင်လောကကြီးမှာ လူ့အဖွဲ့အစည်းမှာ တကယ်ကိုဖြစ်ပျက်နေတဲ့ အရာတွေပါပဲ။ လူတွေရဲ့ အလွယ်လေး ဖောက်ပြန်တတ်တဲ့ အကျင့်စရိုက်၊ ကိုယ်ကျင့်တရားကို ငွေနဲ့ လဲလှယ်တတ်တဲ့သဘောကို မြင်ရမှာပါ။

image
23 w - Translate

ရွှေဥဒေါင်း စာအုပ်များ စုစည်းမှု 🌃
🌃 စန္ဒာဒေဝီ
http://www.mediafire.com/download/21qqdf6hah1vdj7/
🌃 ရူပနန္ဒီ ရူပကလျာဏီ
http://www.mediafire.com/download/1qn1jz4de6czu6r/
🌃 ရှိတ်စပီးယား ဝတ္ထုတိုများ
http://www.mediafire.com/download/9mzerfbg46wsuxr/
🌃 ကတုံးပေါ်ထိပ်ကွက်
http://www.mediafire.com/download/vm3vrkp851jpo31/
🌃 ဂမုန်းနက်
http://www.mediafire.com/download/9mb2xgsvb2aysln/
🌃 စုံထောက်ဦးစံရှား ပေါင်းချုပ် (စဆုံး)
http://www.mediafire.com/download/9gcbmtqas1swabc/
🌃 စုံထောက်ဦးစံရှား၊ တဂူကူးကူးနှင့်အခြားဝတ္ထုတိုများ
http://www.mediafire.com/download/ak052340wwa09qf/
🌃 စုံထောက်မောင်စံရှားပေါင်းချုပ် (ဒုတိယအုပ်)
http://www.mediafire.com/download/cy3id8uaf72mwrr/
🌃 စစ်ကိုယ်တွေ့
http://www.mediafire.com/download/hdrld4wmdd4pkuq/
🌃 စွန့်ဝံ့သူ
http://www.mediafire.com/download/4qavcglagcswiar/
🌃 စာရေးဆရာတို့၏ ပထမဆုံးလက်ရာမွန်များ
http://www.mediafire.com/download/ulh7ny74g47cuno/
🌃 ဆင်စွယ်မင်းသမီး
http://www.mediafire.com/download/k801g3zm2z6zbcq/
🌃 ဆုကြီးပန်
http://www.mediafire.com/download/eytbvo8878275ua/
🌃 တသက်တာမှတ်တမ်း နှင့် အတွေးအခေါ်များ
http://www.mediafire.com/download/rk0ytb9lhycfhr3/
🌃 ဒဂုံတင့်
http://www.mediafire.com/download/939mot1w13afb6e/
🌃 ပထမံဆရာသိန်း
http://www.mediafire.com/download/au9ris6v3wftak3/
🌃 ဘတ်စ်ကာဗျီလ်ခွေးကြီး
http://www.mediafire.com/download/f2mm7j297m60cmr/
🌃 မြတ်သက်မော်
http://www.mediafire.com/download/ayso85b63mqi2t8/
🌃 ရတနာပုံ
http://www.mediafire.com/download/f5i2l5amilcenkz/
🌃 ရတနာသိုက်
http://www.mediafire.com/download/4o41k21ulor4443/
🌃 ရုပ်ခွဲနာမ်ခွဲ နှင့်တခြားဝတ္တုတိုများ
http://www.mediafire.com/download/9zm1e44xczhjbjk/
🌃 လက်မတင်လေး
http://www.mediafire.com/download/gtpeqsrsq64djq2/
🌃 ဝတ္တုတိုပေါင်းချုပ်(ပဉ္ဖမတွဲ).
http://www.mediafire.com/download/5jxrrwmwuowhjpb/
🌃 ဝတ္ထုတိုပေါင်းချုပ် (အဋ္ဌမတွဲ)
http://www.mediafire.com/download/a03ku4m7ffsux25/
🌃 ဒေါက်တာသောင်းထိုက်
http://www.mediafire.com/download/2a54rfjcwfiair4/
🌃 သူရဲကောင်းသုံးယောက်
http://www.mediafire.com/download/hed5m9ed9dfdzwm/
🌃 အရိပ်မထွက်သော ပြည်နှင့် ဂန္တဝင် လျှို့ဝှက်သဲဖို
ဝတ္တုတိုများ
http://www.mediafire.com/download/r5x6wrhma7kv59j/
🌃 အဟာရ နှင့် ကျန်းမာရေး
http://www.mediafire.com/download/p73xdmkekana50c/
🌃 အတွေးအမြင်နှင့်ရှုထောင့်
http://www.mediafire.com/download/yygs4um14mb90cc/
🌃 စောလမွန်သိုက်
http://www.mediafire.com/download/i9hyf1dudtou17p/
🌃 ဒေါက်တာ ဘွတ်ကာတီဝါရှင်တန်
http://www.mediafire.com/download/2d82txzowfh5hxc/
𝐁𝐨𝐨𝐤𝐢𝐬𝐡 𝐛𝐲 𝐊𝐚𝐫𝐢𝐧𝐞 📚✨

image
23 w - Translate

အနိုင်ပိုင်းခြင်းအနုပညာ
ကြေးစားဘဝကို အနိုင်ပိုင်းပြီး အနားယူသွားကြတဲ့ ကစားသမားက သိပ်မများပါဘူး။ မြင်လွယ်တဲ့ဥပမာပေးရရင် ခါဘစ်နဲ့ မေဝယ်သာပါ။ ခါဘစ်က အကောင်းဆုံးအချိန်မှာ အနားယူခဲ့တာပါ။ သူအနားယူတော့ (၃၂) နှစ်ပဲရှိပါသေးတယ်။ မေဝယ်တာက စီနီယာ၊ ခေတ်ပြိုင်နဲ့ ဂျူနီယာတွေကို အနိုင်ယူပြီး အသက် (၄၀) အရွယ်မှာ နားသွားတာပါ။ တချို့တွေက အနိုင်မပိုင်းဘဲ ဆက်ကစားကြတာ ရှုံးပွဲမရှိစံချိန်ပျက်သွားရဖူးတယ်။
ဘောက်ဆင်ပရိသတ်ဆိုရင် Julio Cesar Chavez ကို သိကြလိမ့်မယ်။ ဒီဘဲကြီးက တော်တော်ကောင်းတယ်။ သူဆိုရင်လည်း နိုင်ပွဲဆက်တာပဲ။ ငယ်ငယ်တုန်းက ပွဲစိပ်လွန်းတယ်။ တစ်နှစ်အတွင်းမှာ (၁၂) ပွဲလောက်ထိုးတယ်။ ပွဲနည်းတယ်ဆိုရင်တောင် တစ်နှစ်ကို (၁၀) ပွဲလောက်ထိုးတယ်။ ထိုးတိုင်းလည်း နိုင်တာပဲ။ အစောပိုင်းမှာတင် အလဲထိုးနိုင်တော့ ဒဏ်ရာကင်းစင်ပြီး နောက်ပွဲကို အချိန်တိုအတွင်းမှာ ကစားနိုင်တယ်။
၁၉၈၀ ခုနှစ်မှာ Julio Cesar Chavez က ကြေးစားစထိုးတယ်။ အပေါ်မှာရေးပြထားသလို ပွဲကူးကြမ်းတော့ ၁၉၉၃ ခုနှစ်မှာ ပွဲ (၉၀) လောက်ထိုးထားပြီ။ ကြေးစားသက်တမ်း (၁၃) နှစ်အတွင်းမှာ ပွဲ (၉၀) လောက်ထိုးထားတာပါ။ ရလဒ်ကိုလည်း ကြည့်လိုက်ဦး။ (၈၉) ပွဲနိုင်ပြီး (၁) ပွဲသရေကျတယ်တဲ့။ ရှုံးပွဲမရှိပါဘူး။ ဝိတ်တန်း (၃) ခုမှာလည်း ကမ္ဘာ့ချန်ပီယံဖြစ်ထားတယ်။ စဉ်းစားကြည့်ရအောင်။
မေဝယ်သာရဲ့ ကြေးစားမှတ်တမ်းက ၅၀ - ၀ ဖြစ်ပါတယ်။ ကြေးစား (၅၀) ပွဲနိုင်ထားပြီး ရှုံးပွဲမရှိဘူး။ Julio Cesar Chavez ရဲ့ မှတ်တမ်းက ပိုမမြင့်ဘူးလား။ (၈၉) ပွဲနိုင်ပြီး (၁) ပွဲသရေလေ။ အံ့သြစရာမှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် ဆရာသမားက အနိုင်မပိုင်းချင်ဘူး။ အဲဒီအချိန်မှာ အသက်က (၃၁) နှစ်ဖြစ်နေပြီ။ အနိုင်ပိုင်းချင်ရင် နားလို့ရတယ်။ အနားမယူဘဲ ဆက်ထိုးလိုက်တာ ရှုံးပွဲတချို့ကြုံခဲ့ရတယ်။
Julio Cesar Chavez က အသက် (၄၃) နှစ်အရွယ်မှာ အနားယူခဲ့ပါတယ်။ ကြေးစားပွဲပေါင်း (၁၁၅) ပွဲတောင် ကစားသွားတယ်။ နည်းတာ မဟုတ်ဘူး။ အသက်ကြီးတဲ့အထိကို ကစားသွားတာပါ။ (၁၀၇) ပွဲနိုင်ပြီး (၆) ပွဲရှုံးလို့ (၂) ပွဲသရေကျပါတယ်။ အခုချိန်ထိလည်း သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးဘောက်ဆင်သမားတွေကို ရွေးချယ်ရရင် Julio Cesar Chavez က တန်းမြင့်မြင့်မှာရှိနေတုန်းပဲ။ ပွဲ (၁၀၀) ကျော်နိုင်ဖို့ဆိုတာ လွယ်မှမလွယ်တာလေ။ အနိုင်မပိုင်းတတ်တာက တစ်မျိုးပေါ့။

image
//