51 ပတ် - ဘာသာပြန်ပါ။

ဒေါ်လာ ၈၀၀ ဈေးက စမယ့် ပရီမီယမ် Galaxy S25 စီးရီး ထွက်ရှိ
AI features သစ်တွေနဲ့ custom chip သုံးထားတဲ့ Samsung အဆင့်မြင့်ဖုန်းတွေ လာပါပြီ။
မနေ့က Galaxy Unpacked ပွဲမှာ Samsung က Galaxy S25 , S25+ နဲ့ S25 Ultra ဆိုပြီး မော်ဒယ်သုံးမျိုး ကြေညာသွားတာပါ။ Samsung ရဲ့ ကိုယ်ပိုင် Galaxy AI suite နဲ့ လာတဲ့ ဖုန်းတွေ ဖြစ်ပြီး S25 စီးရီးမှာ ဖုန်းတစ်လုံးကို ဒီဂျစ်တယ် PA တစ်‌ယောက် ပိုဆန်လာမယ့် နည်းပညာတွေ သုံးလာပါတယ်။
ဥပမာ - AI ကို ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်းရဲ့ ပွဲချိန်ဇယားရှာခိုင်းထားပြီး ကိုယ့် calendar ထဲမှာ ထည့်ခိုင်းတာမျိုး ၊ အနီးနားက တိလေးတွေ ထားလို့ရတဲ့ စားသောက်ဆိုင်လိပ်စာ AI ကို ရှာခိုင်းပြီး contact ထဲ ပို့ခိုင်းတာမျိုးတွေ လုပ်လို့ရမှာပါ။ AI ခေတ်မှာ ဖုန်းကို AI device တစ်ခုလို အဆင့်မြှင့်လာတာလို့ ဆိုနိုင်ပါတယ်။
မျှော်လင့်ထားနိုင်တဲ့ Specification တွေ:
Processor: Qualcomm Snapdragon 8 Gen 4 (သို့) Samsung Exynos 2400 (ဒေသအလိုက် ကွဲပြားနိုင်ပါတယ်)

Display: 6.2-inch Dynamic AMOLED 2X, 120Hz refresh rate, HDR10+ support

RAM: 8GB/12GB options

Storage: 128GB/256GB/512GB options (နောက်ဆုံးပေါ် UFS 4.0 technology သုံးနိုင်ပါတယ်)

Camera:

Rear Camera: 50MP (main) + 12MP (ultrawide) + 10MP (telephoto with 3x optical zoom)

Front Camera: 12MP (ပိုမိုကောင်းမွန်တဲ့ low-light performance နဲ့)

Battery: 4,500mAh (အမြန်အားသွင်းနိုင်တဲ့ 45W+ charging support)

Operating System: Android 15 (One UI 7.0 နဲ့အတူ)

Connectivity: 5G, Wi-Fi 6E, Bluetooth 5.3, NFC

Design: IP68 water and dust resistance, Gorilla Glass Victus 2

Other Features: In-display fingerprint scanner, stereo speakers, wireless charging, reverse wireless charging ဒီမော်ဒယ်တွေအကုန်လုံး OneUI 7 သစ်နဲ့ လာပြီး Android Update ၇ နှစ် ရမှာပါ။
Galaxy S25 (128G ၇၉၉ ဒေါ်လာ ၊ S25 Plu (256G ၉၉၉ ဒေါ်လာနဲ့ Galaxy S25 Ultra (256G ကို ၁၃၀၀ ဒေါ်လာ ဈေးတွေကနေ စတင်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ စဝယ်နိုင်မှာပါ။ PreOrder မှာသူတွေအတွက် ဒေါ်လာ ၁၂၅၀ အထိ သက်သာခွင့်နဲ့ အမေရိကန်မှာဆို ‌ဒေါ်လာ ၅၀၀၀ credit ကံစမ်းခွင့်ပါ ရမယ်လို့ ဆိုပါတယ်။

image
51 ပတ် - ဘာသာပြန်ပါ။

ထရမ့်အကောင့် ပိတ်ခဲ့မိလို့ ဒေါ်လာ ၂၅ သန်း ပေးရမယ့် Meta
ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာကတည်းက Meta လည်း ပိုက်ဆံအတော်သုံးနေရပါတယ်။
သမ္မတကျမ်းကျိန်ပွဲအတွက် ဒေါ်လာ ၁ သန်းလှူခဲ့တဲ့အပြင် အခုလည်း ထရမ့်နဲ့ ဖြစ်ခဲ့တဲ့ အမှုတစ်ခု ပိတ်ဖို့ ဒေါ်လာ ၂၅ သန်း ကုန်ဦးမှာပါ။ အမှုက ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်ရှုံးပြီး Capitol ကို သူ့လူတွေ ဝင်စီးခဲ့တဲ့နောက် Meta ဘက်က ထရမ့်သုံးနေတဲ့ Social Media အကောင့်တွေ ပိတ်ခဲ့တဲ့ အမှုပါ။
အကောင့်ပိတ်ခံရလို့ မကျေနပ်တဲ့ ထရမ့်က ၂၀၂၁ ခုနှစ်မှာ Meta ကို တရားစွဲပါတယ်။ ထရမ့် သမ္မတပြန်ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ Meta ဘက်က အမှု ကျေအေးဖို့ ဒေါ်လာ ၂၅ သန်း ပေးဖို့ သဘောတူလိုက်တာပါ။ ထရမ့်က အခု X ဖြစ်လာတဲ့ Twitter နဲ့ YouTube တို့ကိုလည်း အကောင့်ဆိုင်းငံ့ခံရတဲ့ကိစ္စနဲ့ တရားစွဲခဲ့ပေမယ့် တရားသူကြီးက ၂၀၂၃ မှာ အမှုပိတ်ခဲ့တာပါ။
Meta ပေးမယ့် လျော်ကြေး ၂၅ သန်းထဲက ၂၂ သန်းက ထရမ့်ရဲ့ သမ္မတစာကြည့်တိုက် ရံပုံငွေထဲ ရောက်မှာ ဖြစ်ပြီး ကျန်တဲ့ ၃ သန်းက သက်သေနဲ့အမှုစရိတ် ပေးရမယ်လို့ ဆိုပါတယ်။ Meta ကုမ္ပဏီဟာ ၂၀၂၄ ရွေးကောက်ပွဲအပြီးမှာ ထရမ့်နဲ့ ဆက်ဆံရေးအဆင်ပြေအောင် ကြိုးစားနေတာ တွေ့ရပါတယ်။
ထရမ့် သမ္မတဖြစ်လာပြီးနောက်မှာ အချက်အလက်ဆန်းစစ်တဲ့ အစီအစဉ်ဖျက်သိမ်းခဲ့တာ ၊ အငြင်းပွားဖွယ်ခေါင်းစဉ်နဲ့ ပြောဆို ဆွေးနွေးမှုတွေကို ဖြေလျှော့ခွင့်ပြုတာတွေ လုပ်ခဲ့ပါတယ်။

image
51 ပတ် - ဘာသာပြန်ပါ။

လူတွေက သူတိုတန်ဖိုးထားချင်တဲ့
သူကိုပဲတန်ဖိုးထားပြီး တန်ဖိုးမထားချင်တဲ့သူကိုဆို ဘယ်လိုပဲတောင်းဆို" တန်ဖိုးမထားဘူးနော် ။
ဘယ်အချိန်က ဝမ်းနည်းဖို အကောင်းဆုံးလဲသိလား..
ငါခက်ခဲ"တောင်းဆိုရင်တောင် မရခဲ့တဲ့
အရာအားလုံးကို တခြားတစ်ယောက်ကတော့
လွယ်လွယ်ကူကူလေးနဲ့ရသွားတဲ့ အချိန်မျိုးပဲ ။
#စာတို

မိမိမှာဟင်းမကော- င်း၍ သူငယ်ချင်းများနှင့်စုစာ:သောအခါ...

image
51 ပတ် - ဘာသာပြန်ပါ။

𝟐𝟐 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟓
𝐓𝐡𝐞 𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐑𝐚𝐧𝐠𝐨𝐨𝐧 - 𝐓𝐇𝐎𝐑 မှာကျင်းပသွားမဲ့ 𝐑𝐈𝐓𝐌𝐀𝐃𝐀 𝐅𝐞𝐬𝐭𝐢𝐯𝐚𝐥
🔊 RITMADA ဟာဆိုရင် February လ 22 နေ့မှာကျင်းပသွားမယ့် Baile Funk Festival ပဲဖြစ်ပါတယ် 🇧🇷
Baile Funk Music ကိုအသားပေးပြုလုပ်သွားမဲ့ မြန်မာပြည်ရဲ့ပထမဆုံး Baile Funk Festival တစ်ခုပဲဖြစ်ပါတယ် 🇧🇷
RITMADA မှာပါဝင်ဖျော်ဖြေသွားမယ့် Artists တွေကတော့ (in alphabetical order)
CREWBASS
DREWCHENZO
JAGM33T
JAY
LOKO
LOSTFIRE
OTIYAS
PAST12
ST3VN
Y3llO
တို့ပဲဖြစ်ပါတယ် 🔊

#evententertainment #festival
#ritmada
#echo

image
51 ပတ် - ဘာသာပြန်ပါ။

No One Gets Out Alive
==================

ဒီ Horror ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ဆောင်ကတော့ အမ်ဘာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ပါဘဲ။သူက ရည်မှန်းချက်အိပ်မက်တွေနဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့် အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အကောင်အထည်ဖော်ဖို့နှေးကွေးခဲ့ရတယ်။

အမ်ဘာဟာ သူ့အနာဂတ်အတွက် ကြံစည်ရင်း တရားမ၀င်မှတ်ပုံတင်နဲ့ အမေရိကန်ကိုရောက်လာခဲ့ပြီး မိန်းကလေးအဆောင်တစ်ခုမှာ နေဖို့ ဖြစ်လာခဲ့တယ်။အဆောင်ပိုင်ရှင်ကလည်း ထူးဆန်းတဲ့ အဘိုးကြီးတစ်ယောက် အိမ်ကလည်း သိပ်ကောင်းမနေလှတဲ့ အိမ်အိုအိမ်‌ဟောင်းတစ်လုံးပေမယ့် တရားမ၀င်နေထိုင်သူဖြစ်တဲ့ အမ်ဘာအဖို့ ‌ရွေးချယ်စရာမရှိလှပေ။

အဲ့ထက်ဆိုးသည်မှာ အဲ့အိမ်ကိုရောက်လာတဲ့သူတိုင်းဟာ အိမ်မက်ဆိုးတွေ မက်လေ့ရှိပြီး ပရလောကသားတွေကိုလည်းထင်ယောင်ထင်မှားသလိုလို၊ တကယ်မြင်တွေ့ရသလိုလိုတွေနဲ့ ခဏခဏကိုတွေ့မြင်နေရတာပေါ့။

နောက်ပြီး ဒီအိမ်ကြီးရဲ့ထူးဆန်းမှုတွေ အဆောင်ပိုင်ရှင်အဘိုးကြီးရဲ့ လျှို့ဝှက်ချက်တွေကိုလည်း အမ်ဘာတစ်ယောက် တစ်စတစ်စသိလာခဲ့ပြီးနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့.....

ကြည့်ရန်နှိပ်ပါ👇

https://t.me/movieforhorror/628

Main channel

t.me/addlist/43SAvNGGjGExNWVl

image

#မနက်စောစောနိုးနိုးခြင်းရေသောက်တတ်တဲ့အကျင့်ဖြစ်အာင်လုပ်ထားကြပါနော်
မနက်စောစောအိပ်ယာကနိုးတာနဲ့ ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ
မနက်ခင်းနိုးထခြင်းမှာ ရေသောက်ရမယ်ဆိုတာ များသောအားဖြင့် သိကြမှာပါ။ ဒါပေမဲ့ သေချာမသိကြသေးတဲ့သူတွေ ရှိကြပါသေးတယ်
ရေဆိုတာ ခန္ဓာကိုယ်အတွက် နေ့စဉ်နှင့်အမျှ အဓိကလိုအပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရေအသက်တစ်မနက်ဟူ၍ ဆိုရိုးစကားပင် ရှိပါသည်။ ရေသောက်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်ကို ကြည့်ကြပါစို့
1 အူလမ်းကြောင်းကိုသန့်ရှင်းစေပါသည်
မနက်နိုးထလာတာနဲ့ ရေသောက်ခြင်းကြောင့် အညစ်အကြေးများစွန့်ပစ်ဖို့ အားပေးပါတယ်။ ဝမ်းချုပ်တတ်သူများ မနက်နိုးတာနဲ့ ရေများများ သောက်ဖို့ အကြံပေးချင်ပါတယ်။
2 ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်
အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသားအရေများ စိုပြည်လာပြီး မျက်နှာလေးဟာ ရွှေလိုဝင်းပြီး တောက်ပလာမှာဖြစ်ပါတယ်။
အရွယ်တင်ခြင်း ၊ အချိန်မတန်ခင် ပါးရေတွန့်ခြင်းတွေကလည်း ကာကွယ်ပေးပါသေးတယ်။
3 ခေါင်းကိုက်ခြင်းမှ ကာကွယ်ပေးတယ်
ခေါင်းကိုက်စေတဲ့ အဓိကအကြောင်းရင်းက ရေပုံမှန်မသောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ပါးစပ်ကနေ အနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။
4 ဗိုက်ဆာစေတယ်
မနက်စောစော ရေသောက်ခြင်းဟာ အညစ်အကြေးများကို စွန့်ထုတ်ပေးပြီး သင့်ကိုဗိုက်ဆာစေပါတယ်။
5 အင်အားတိုးစေတယ်။
ခန္ဓာကိုယ်ထဲမှ သွေးနီဥထုတ်လုပ်မှုကို ပိုမိုမြန်ဆန်စေလို့ အားအင်တွေလည်း တိုးပွားစေပါတယ်။
6 ဝိတ်ကျစေပါတယ်
ရေများများသောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမိုမြန်ဆန်စေတဲ့အတွက် ဝိတ်ချရန် အကောင်းဆုံးနည်းလမ်းအဖြစ် အသုံးပြုလို့ရပါတယ်။
7 ဆံနွယ်လေးတွေ ကျန်းမာသန်စွမ်းစေပါတယ်
ရေများများသောက်ခြင်းကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ရမှာပါ။ ရေသောက်နည်းမယ်ဆိုလျှင် ဆံပင်တွေကျွတ်တာ ၊ အားနည်းတာတွေ ၊ အရောင်မတောက်ဘဲ ခြောက်ကပ်ကပ် ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။
8 ကျောက်ကပ် ကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်
9 ကိုယ်ခံအားကိုလည်း မြင့်တက်စေပါသေးတယ်
ဒါကြောင့်မနက်စောစောနိုးထတာနဲ့ ရေတစ်ခွက်သောက်ပေးခြင်းဖြင့် အထက်ပါ အကျိုးကျေးဇူးများကို ဒီနေ့ပဲ စတင်ခံစားလိုက်ကြရအောင်

image
51 ပတ် - ဘာသာပြန်ပါ။

ပြောင်းဖူးသုပ် (သက်သတ်လွတ်)

​ပြောင်းဖူးပြုတ် ၂ဖူး
ကြက်သွန်နီ ၂လုံး
ခရမ်းချဉ်သီး ၂လုံး
သံပုရာသီး ၁လုံး
ဆား အနည်းငယ်
အချိုမှုန့် အနည်းငယ်
နံနံပင်
ငရုပ်သီးစိမ်း
(ပုစွန်ခြောက်
ကြက်ဥပြုတ် ၁လုံး)သက်သတ်လွတ်ဆို မထည့်နဲ့နော်😁
နှမ်း အနည်းငယ်
ရောသုပ်လိုက်ရုံပဲ
#crdဆွေဇင် 🌸

image
51 ပတ် - ဘာသာပြန်ပါ။

combo
Split push လို့အကောင်းဆုံး combo ထဲကတစ်ခုဖြစ်တဲ့

Claude - Luo yi combo

51 ပတ် - ဘာသာပြန်ပါ။

ထုတ်​ပေးဖို့ပြင်ဆင်ထားပေမဲ့ နှစ်အတော်ကြာဆိုင်းငံ့ခံထားရသော Skin များ 💔
မျှော်နေတဲ့ Skin တွေပါကြရဲ့လား

image