ထိုင်းနိုင်ငံက နိုင်ငံဖြတ်ကျော်နှင့် အွန်လိုင်းရာဇဝတ်မှုများကိုတိုက်ခိုက်ရန် အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းချိတ်ဆက်ရေး စင်တာတစ်ခု တည်ထောင်မည်
ဖေဖော်ဝါရီ ၁၁
ထိုင်းနိုငိငံအနေနဲ့ နိုင်ငံဖြတ်ကျော်နဲ့ အွန်လိုင်းရာဇဝတ်မှုတွေကို တိုက်ခိုက်နှိမ်နင်းဖို့ အားထုတ်မှုတွေရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုတွေကို နှိမ်နင်းရာမှာ သတင်းအချက်အလက်ဖလှယ်ဖို့ အပြည်ပြည်ဆိုင်ရာညှိနှိုင်းချိတ်ဆက်ရေး စင်တာတစ်ခု တည်ထောင်ဖို့ အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ထိုင်းအဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးဖြစ်တဲ့ သတ်ချိုင်း ပီတာနီလ်အဘုသ်က ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ရဲ့ စစ်ဆေးရေးအရာရှိချုပ် သတ်ချိုင်းက အဆိုပါ ညှိနှိုင်းချိတ်ဆက်ရေးစင်တာက လူကုန်ကူးမှုဒါမှမဟုတ် ဥပဒေနဲ့မညီဆောင်ရွက်မှုတွေမှာ ဓားစာခံဖြစ်ရသူတွေကို မည်သူမည်ဝါစစ်ဆေးဖော်ထုတ်ဖို့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ နိုင်ငံခြားသံရုံးတွေ၊ ဥပဒေစိုးမိုးရေးအဖွဲ့တွေအကြား ဆက်သွယ်မှုကို ကောင်းမွန်စေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ညှိနှိုင်းချိတ်ဆက်ရေးစင်တာမှာ ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအတွင်း ဖွင့်လှစ်ဆောင်ရွက်နေကြတဲ့ အွန်လိုင်းလိမ်လည်မှုကျားဖြန့်စခန်းတွေမှာ သွားရောက်လုပ်ကိုင်ဖို့ လှည့်ဖြားခေါ်ဆောင်မှုတွေအရ ထိုင်းနယ်စပ်ကိုဖြတ်ပြီးတဲ့နောက် တစ်ဖက်နိုင်ငံအတွင်း ဝင်ရောက်ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်နိုင်ရေး အခက်အခဲတွေ့နေတဲ့ နိုင်ငံအားလုံးလည်း ပူးပေါင်းပါဝင်ကြမှာ ဖြစ်တယ်လို့ သတ်ချိုင်းက သတင်းထောက်တွေကို မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ ပြောခဲ့ပါတယ်။
ထိုင်းအစိုးရက ဥပဒေနဲ့မညီလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ သူ့ရဲ့အားထုတ်ချက်တစ်ရပ်အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ မြန်မာနိုင်ငံတွင်းဒေသတွေကို လျှပ်စစ်မီးထောက်ပံ့နေမှုကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖြတ်တောက်ခဲ့ပါတယ်။
Ref- Xinhua
#သတင်းဟင်းလေးအိုးကြီး
