Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အမေရိကန်နိုင်ငံထုတ် ကိုဗစ်- ၁၉ ကာကွယ်ဆေး Pfizer ကို ကမာရွတ်မြို့နယ်ရှိ လူ ၂၀၀ အား ထိုးနှံ
ဖေဖော်ဝါရီ ၁၀
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးခြင်းအနေနဲ့ အမေရိကန်နိုင်ငံထုတ် Pfizer/Comirnaty Original ကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ သံလွင်လမ်းရှိ အိမ်အမှတ် 49/C မှာ လူအယောက် ၂၀၀ ကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီနေ့က ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးတာပါ။ ဒီရောဂါက ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေပါပြီ။ ၂၀၁၉ ခုနှစ်ကုန်ခါနီးကတည်းက တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါအသွင်နဲ့ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကူးစက်ရောဂါပါ။ နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့ အမေရိကန်နိုင်ငံ Pfizer ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဒီဆေးကို တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်ပနိုင်ငံကအကူအညီနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ရရှိပါတယ်။ ဒီဆေးကလည်း နောက်ဆုံးဆေးဖြစ်တဲ့ အိုမီခရွန် Omicron XBB ဆေးကို ထိုးပေးတာပါ။ အသက် ၁၈ နှစ်က ပြီးထိုးနိုင်တဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေလည်း ထိုးနိုင်ပါတယ်။လူအများနဲ့ အလုပ်လုပ်သူတွေအတွက်လည်း ဒီဆေးတွေကို ဦးတည်ထိုးပေးနေပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်ကူးစက်ဌာနခွဲက ဒေါက်တာ ပြည့်စုံလင်းက ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ ကျန်းမာရေးဌာနကသက်ဆိုင်ရာလူကြီးတွေနဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ပိုင်၊ ခိုင်သဇင်ငုဝါ၊ ခိုင်သဇင်ယုဝါတို့ တက်ရောက်ခဲ့ပြီး ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးခဲ့ကြပါတယ်။ ကမာရွတ်မြို့နယ်မှာ လူဦးရေအယောက် ၂၀၀ ကျော်ကို ထိုးပေးနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီဆေးဟာ အသက် ၁၈ နှစ်ကစပြီးထိုးနိုင်တဲ့ ဆေးအမျိုးအစားဖြစ်ပြီး ဦးစားပေးအနေနဲ့ အသက် ၆၀ ကျော် အသက်အရွယ် ကြီးရင့်သူနဲ့ အသက် ၄၀ ကျော် နာတာရှည် ရောဂါရှိသူအပြင် အသက် ၁၈ နှစ်ပေမဲ့ ခုခံအားကျဆင်းသူ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေးထိုးပေးနေလျှက်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှာလည်း ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေလျှက်ရှိတယ်လို့ သိရပါတယ်။ လူတစ်ဦးအနေနဲ့ ကိုဗစ် – ၁၉ ကာကွယ်ဆေးကို ၄ ကြိမ်လောက် အနည်းဆုံး ထိုးထားသင့်တယ်လို့ ဆိုပါတယ်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး
“လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်ကာကွယ်ဆေး Pfizer အပါအဝင် ၂ သန်းကျော်ထိုးပြီးပါပြီ။ ရှေ့မှာထိုးထားတဲ့ ဆေးတွေမပါဝင်ဘဲ XBB ကိုပဲ တစ်သိန်းသုံးသောင်းကျော် ထိုးထားပြီးပါပြီ။ ဒီကြားထဲမှာ ဆေးကြောင့် ပြဿနာတက်တဲ့လူနာ တစ်ယောက်မှ မရှိဖူးပါဘူး။ ဆေးရရှိမှုအပေါ်မူတည်ပြီး ဆေးကို ဖြန့်ပြီးထိုးပေးနေပါတယ်။ အရင်ကာကွယ်ဆေးထိုးတာ ၆ လကျော်ရင် မြို့နယ်အလိုက် ထပ်မံ ထိုးလို့ရပါပြီ”လို့ သူကဆက်ပြောပါတယ်။


+5
မြန်မာ့ငြိမ်းချမ်းရေးကို ကူညီရန်လာရောက်ခြင်းဟု ဂုရုပြော
ဖေဖော်ဝါရီ ၁၀
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးနိုင်ရန် အတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်း ဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar က ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သံတမန်ကြီး ဂုရုတို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ္ဘာတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ကြီးအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်ခဲ့မှုအတွက် ဝမ်းမြောက်ကြိုဆိုကြောင်း ပြောသည်။
Gurudev Sri Sri Ravi Shankar က “ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါ သည်”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးချိန်မှစတင်၍ ယနေ့အချိန်ထိ လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ မှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၂၀၁၁ ခုနှစ်မှ စတင်၍ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများကို ရှင်းပြ ဆွေးနွေးခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ မြန်မာနိုင်ငံအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကိုလည်း နစကဥက္ကဋ္ဌက ရှင်းပြခဲ့ကြောင်း သိရသည်။
NLD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် နစကနှင့် မြန်မာ့တပ်မတော် ဖြုတ်ချရေး NLD ပါတီခေါင်းဆောင်တချို့နှင့် လွှတ်တော်အမတ်များ အပါအဝင် လက်နက်ကိုင်များ၊ ဒီမိုကရေစီအရေး တက်ကြွသူများ၊ အရပ်ဖက်အဖွဲ့အစည်းများက လက်နက်ကိုင် တော်လှန်လျက်ရှိနေသည်။
အဆိုပါ လက်နက်ကိုင် တော်လှန်ရေးခြင်းကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး အရပ်သားများ ထိခိုက်သေဆုံးခြင်းနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိနေသည်။
ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဂုရုကြီးကိုတွေ့ရစဉ်
#centralnewsnaypyitaw