50 ပတ် - ဘာသာပြန်ပါ။

၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကျေးလက်ကျေးရွာတစ်ခုရှိ ရထားဘူတာငယ်လေးတစ်ခုကို လုံးဝပိတ်သိမ်းရန် စီစဉ်ထားခဲ့ပါတယ်။ သို့သော် ပိတ်သိမ်းရန် မတိုင်မီတွင် မီးရထား အရာရှိများက ကျောင်းသူတစ်ဦးသည် နေ့စဉ် ထိုဘူတာကို အသုံးပြု၍ ကျောင်းသို့ သွားလာနေတာကို အံ့ဩစရာတစ်ခုကို သတိပြုမိခဲ့ပါတယ်။
ဒါကြောင့် ဘူတာကို ပိတ်သိမ်းမည့်အစား ၎င်းတို့သည် စိတ်နှလုံးကို နွေးထွေးစေသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ထိုကျောင်းသူအတွက် ဘူတာကို ဆက်လက်ဖွင့်ထားပေးခဲ့ပါသည်။
သူမဘွဲ့ရပြီးတဲ့အထိ ရထားကို တစ်နေ့လျှင် နှစ်ကြိမ် ပြေးဆွဲပေးခဲ့ပါတယ်။—တစ်ကြိမ်မှာ သူမကို ကျောင်းသို့ ပို့ဆောင်ရန်နှင့် တစ်ကြိမ်မှာ အိမ်သို့ ပြန်ပို့ပေးရန်ဖြစ်ပါသည်။ နောက်ဆုံးတွင် သူမဘွဲ့ရပြီးမှ ဘူတာကို ပိတ်သိမ်းခဲ့ပါတယ်။

#crd

image
50 ပတ် - ဘာသာပြန်ပါ။

အီလွန်မတ်စ် ကြွယ်ဝမှု ဒေါ်လာဘီလျံ ၄၀၀ အောက် ကျဆင်း
` OpenAI ကို ဝယ်ဖို့ လေသံပစ်နေတဲ့ အီလွန်မတ်စ်ရဲ့ ကြွယ်ဝမှု ဒေါ်လာဘီလျံ ၄၀၀ အောက် ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ပါတယ်။
အီလွန်မတ်စ်ရဲ့ ဓနဥစ္စာဒီရေက Tesla ရှယ်ယာနဲ့ ချိတ်ဆက်နေတာပါ။ ပြောရရင် အီလွန်မတ်စ်ဆီ ဝင်တဲ့ ပိုက်ဆံရဲ့ ၆၀% ကျော်က Tesla အစုရှယ်ယာနဲ့ ခံစားခွင့်တွေက လာပါတယ်။ ဒီတော့လည်း Tesla ရှယ်ယာ ဂဏန်းနှစ်လုံးစာ ကျဆင်းတဲ့နောက် အီလွန်မတ်စ် စီးပွားရေးထိလာတာ အဆန်းတော့ မဟုတ်ပါဘူး။
ဒီဇင်ဘာလလယ်မှာ အမြင့်ဆုံး တက်ခဲ့ပြီးနောက် Tesla ရှယ်ယာဈေး ၂၇% အထိ ထိုးကျလာနေပါတယ်။ အီလွန်မတ်စ် တွန်းတင်ခဲ့တဲ့ ဒေါ်နယ်ထရမ့် သမ္မတဖြစ်သွားပြီးနောက် Tesla ကုမ္ပဏီ အခုထက်ပို ကြီးပွားဦးမယ်လို့ မျှော်လင့်ချက်နဲ့ ဒီဇင်ဘာလယ်တုန်းက Tesla ရှယ်ယာတွေ အမြင့်ဆုံးဈေးပေါက်ခဲ့တာပါ။
Tesla ရှယ်ယာဈေး အမြင့်ဆုံးအချိန်မှာ အီလွန်မတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၄၈၆.၄ ဘီလျံအထိ ရောက်ခဲ့ပါတယ်။ ခေတ်သစ်စီးပွားရေးသမိုင်းမှာ ဒီလောက် ချမ်းသာတဲ့သူကို မမြင်ဖူးခဲ့ကြပါဘူး။ ပြီးခဲ့တဲ့အပတ်ကတော့ Tesla စတော့ရှယ်ယာတွေ အဆိုးဆုံး ကျခဲ့တဲ့ အပတ်ပါ။
Tesla ရဲ့ထိပ်တန်း ဥရောပဈေးကွက်ဖြစ်တဲ့ ဂျာမနီမှာ ၂၀၂၁ နောက်ပိုင်း ရောင်းအား ၅၉% အထိ အဆိုးဆုံး ထိုးကျသွားခဲ့သလို BYD လို တရုတ်ကုမ္ပဏီတွေ ပြိုင်ဆိုင်မှုကောင်းတဲ့ တရုတ်မှာလည်း အရင်နှစ်ကထက် ရောင်းအား ၁၁.၅% ကျသွားခဲ့ပါတယ်။
အီလွန်မတ်စ်ကတော့ Tesla ကားရောင်းအားကျနေချိန်မှာ အိမ်ဖြူတော်အရေးကို ပိုအာရုံကျနေပုံပါပဲ။ ဘတ်ဂျက်ဖြတ်မယ့် DOGE ဌာနသစ်ကို ကိုင်ပြီးကတည်းက USAID ကို ဖြုတ်ဖို့ လုပ်နေသလို ဖက်ဒရယ်ဝန်ထမ်းတွေ လူလျှော့ပြီး ဘဏ္ဍာရေးဌာနတွင်း ငွေပေးချေတဲ့ နောက်ကြောင်းတွေ လိုက်နေတာတွေ လုပ်နေပါတယ်။
Tesla ရှယ်ယာဈေးကျပြီး ဓနဥစ္စာ ဒေါ်လာ ဘီလျံ ၄၀၀ အောက်ရောက်သွားပေမယ့် လက်ရှိ ဒေါ်လာ ၃၉၄.၆ ဘီလျံကြွယ်ဝတဲ့ အီလွန်မတ်စ်က ဒုတိယအချမ်းသာဆုံးသူဌေး မတ်ခ်ဇူကာဘတ်ထက် ဒေါ်လာ ၁၄၀ ဘီလျံကျော် ချမ်းသာနေတုန်းပါပဲ။

image
50 ပတ် - ဘာသာပြန်ပါ။

နေတတ်အောင် နေရမယ်
မနေတတ်ရင် စိတ်ကို ကျိုးကြေသွားစေမယ့် အရာတွေ အများကြီး။

#စာတို
#as

pose for girl

သူငယ်ချင်းကောင်းဆိုတာ 🤭

image
50 ပတ် - ဘာသာပြန်ပါ။

Iphone SE4
Phone SE 4 နဲ့ပတ်သက်ပြီး ပြောကြရအောင်။ အခုချိန်ထိ Apple က ဒီဖုန်းကို တရားဝင်ကြေညာထားတာမျိုး မရှိသေးဘူး။ ဒါပေမယ့် နည်းပညာနယ်ပယ်မှာ ပြောနေကြတဲ့ ကောလဟလတွေ၊ ခန့်မှန်းချက်တွေအရတော့ iPhone SE 4 က ဒီလထဲ မှာ ထွက်လာနိုင်တယ်လို့ သိရတယ်။

စလိုက်ကြရအောင်
ပထမဆုံး iPhone SE ကို ၂၀၁၆ မှာ စထွက်ခဲ့တာ၊ ပြီးတော့ ၂၀၂၀ မှာ ဒုတိယမျိုးဆက်၊ ၂၀၂၂ မှာ တတိယမျိုးဆက် 5G ပါတဲ့ iPhone SE 3 ထွက်လာခဲ့တယ်။ အခု iPhone SE 4 ကတော့ အရင်ကမျိုးဆက်တွေထက် ပိုပြီးခေတ်မီတဲ့ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်တွေ ပါလာမယ်လို့ ပြောကြတယ်။

ပုံစံအနေနဲ့ကတော့ iPhone SE 4 က iPhone 14 လို ဒါမှမဟုတ် iPhone XR လို ဖန်သားပြင်အပြည့်ပုံစံ (Full-Screen Design) ပြီးတော့ Home Button မပါတော့ဘဲ Notch ပါတဲ့ ဒီဇိုင်း။ ဖန်သားပြင်ကတော့ 6.1 လက်မ Super Retina XDR OLED ဖန်သားပြင်ဖြစ်ပြီးတော့၊ 60Hz Refresh Rate ပါလာမယ်လို့ ခန့်မှန်းရတယ်။ Face ID ပါလာနိုင်တယ်၊ Touch ID ကတော့ ဖယ်ရှားသွားနိုင်တယ်။

စွမ်းဆောင်ရည်အနေနဲ့ကတော့ iPhone SE 4 မှာ Apple ရဲ့ A18 Bionic Chipset သုံးထားတယ်။ ဒါဆို စွမ်းဆောင်ရည်က တော်တော်မြင့်လာမှာပေါ့။Ram အနေနဲ့ကတော့ 6GB ram ပဲ။ ကင်မရာကတော့ Single Camera System ပါလာနိုင်ပြီး၊ Smart HDR နဲ့ Night Mode တွေ ပါလာနိုင်တယ်။Front Camera 48MP နဲ့ Back camera ကတော့ 12MP ပါ။Video ကိုလည်း 4K ထိရိုက်ကူးနိုင်ပါမယ်။ 5G ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ ပြောကြတယ်။

စျေးနှုန်းအနေနဲ့ကတော့ iPhone SE 4 က 400 ကနေ 500 ဒေါ်လာအကြားမှာ ရှိနိုင်တယ်။ ဒါဆို စျေးနှုန်းချိုသာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာနိုင်တယ်။ ဖုန်းအရွယ်အစားသေးငယ်ပြီး လက်ကိုင်လွယ်ကူသူတွေ၊ ဒါမှမဟုတ် စမတ်ဖုန်းကို ပထမဆုံးအကြိမ် ဝယ်ယူမယ့်သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်လာနိုင်တယ်။

ဒါပေမယ့် အတိအကျအချက်အလက်တွေကို Apple က တရားဝင်ကြေညာတဲ့အထိ စောင့်ကြည့်ရမှာပေါ့။ ဒါကြောင့် iPhone SE 4 ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ Apple ရဲ့ တရားဝင်ကြေညာချက်တွေကို စောင့်မျှော်ကြည့်ရှုသင့်တယ်။ ဒါဆို ပိုပြီးသေချာတဲ့အချက်အလက်တွေကို ရရှိမှာပေါ့။

50 ပတ် - ဘာသာပြန်ပါ။

ရုပ်ရှင်လေးကတော့ neo-noir film တွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ crime/drama အမျိုးအစားပါ IMDb rating 7 နဲ့ Letterboxd မှာ 3.6 ထိ ရထားပါတယ်
Neo-noir ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပဲ ဒီဇာတ်လမ်းမှာ လူကောင်း လူဆိုး ဆိုတာရယ်လို့ ကွဲကွဲပြားပြားမရှိနေဘဲ ဇာတ်ကောင်တွေရဲ့ စိတ်တွင်းကစရိုက်ကို မြင်သာအောင် ရိုက်ပြထားပါတယ်
အဓိကဇာတ်ဆောင်အဖြစ် Legendary actor လို့ တင်စားကြတဲ့ Robert Duvall က သရုပ်ဆောင်ထားပါတယ် သူနဲ့ ဆိုးဖော်ဆိုးဖက်အဖြစ် tough guy ကာရိုက်တာတွေမှာ တော်တော်များများတွေ့ရတတ်တဲ့ Joe Don Baker က ပါဝင်ထားပါတယ်
ဒီရုပ်ရှင်ဟာ ဒီဇာတ်လမ်းရဲ့ main villain အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Robert Ryan ရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်ပါတယ်
neo-noir style အလင်းအမှောင်၊ ဇာတ်လမ်းဇာတ်ကွက်၊ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ၁၉၇၀ ခုနှစ်ကာလတွေရဲ့ သရုပ်ကို ကောင်းကောင်းရိုက်ပြထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ
ဇာတ်လမ်းအကျဉ်းကတော့ ဒုစရိုက်သမားတစ်ယောက်ဖြစ်သူ မက်ကလင်ဟာ ထောင်ကနေထွက်လာချိန် သူ့ရဲ့ညီဖြစ်သူ အက်ဒီတစ်ယောက် The Outfit ဆိုတဲ့ဂိုဏ်းရဲ့ အသတ်ခံလိုက်ရတာကို သိလိုက်ရပါတယ် သူ့ညီအတွက် လက်စားပြန်ချေဖို့ တွဲဖက်ဟောင်းကြီး ကိုဒီနဲ့ ပြန်ပူးပေါင်းပြီး The Outfit ဂိုဏ်းကို တိုက်ဖို့ စီစဉ်ပါတော့တယ်
ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်း လူဆိုးလူမိုက်တွေရဲ့ မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ဆိုတာမျိုးပါပဲ အချင်းချင်း အပြန်အလှန် သတ်ဖို့ချောင်းနေကြတဲ့အချိန်မှာ ကံကောင်းတဲ့ကောင်က အသာစီးရတတ်သလိုပေါ့
သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်နဲ့ တစ်ထပ်တည်းကျတဲ့ သရုပ်ဆောင်မှု၊ neo-noir ရုပ်ရှင်ရသ၊ crime, drama ရသကို အပြည့်အဝ ခံစားရမှာပါခင်ဗျ….
 #movie

image
50 ပတ် - ဘာသာပြန်ပါ။

钦 မင်းတပ်မြို。အလှ

image
50 ပတ် - ဘာသာပြန်ပါ။

钦 မင်းတပ်မြို。အလှ

image
50 ပတ် - ဘာသာပြန်ပါ။

钦 မင်းတပ်မြို。အလှ

image