50 w - Translate

Skin သစ်နဲ့မြင်ချင်ရင် ငါ့ကိုပန်းဆိုးတန်း လိုက်ပို့ကြသားကြီးတို့

image

NSCN-K/AM က အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရန်ပြင်ဆင်

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃

NSCN-K/AM (Ang Mai-Mulatonu)အဖွဲ့က နာဂလူထု၏ ပြင်းပြသော ရည်မှန်းချက်ကို ဖော်ဆောင်ပေးသည့် အနေဖြင့် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၉ ရက် က ပြောကြားခဲ့သည်ဟု Eastern Mirror သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယ-နာဂ-မြန်မာ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် လုပ်ငန်းစဉ်ကို သွက်လက် မြန်ဆန်စေရန်နှင့် ဆွေးနွေး ညှိနှိုုင်းမှုများအတွက် အထောက်အကူ ဖြစ်စေသည့် အခြေအနေအား ဖန်တီးရန် လုပ်ဆောင်နေကြောင်းလည်း NSCN-K/AM (Ang Mai-Mulatonu) အဖွဲ့က ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်စေလိုသည့် လူထု၏ ဆန္ဒကို ဖြည့်ဆည်းရန် ရည်မှန်းချက်နှင့်အတူ ထိုရည်မှန်း ချက်ကို အကောင်အထည်ဖော်ရာတွင် NSCN သည် အိန္ဒိယအစိုးရ၏ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း ထိပ်တိုက်တွေ့မှုများနှင့် သွေးထွက်သံယို ဖြစ်မှုများကို တားဆီးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုအချိန်အတောအတွင်း NSCN က နာဂအချုပ်အခြာအာဏာကို ထိန်းသိမ်းရန် စုပေါင်းလုပ်ဆောင်နေချိန်တွင် နာဂလူမျိုးများအနေဖြင့် မိမိတို့အား ထောက်ခံပေးရန်နှင့် ငွေကြေး အကူအညီများ ပေးရန်လည်း မေတ္တာရပ်ခံခဲ့ သည်။

ထိုအကြောင်းအရာကို Dimapur(ဒီမာပူ)၊ Niuland(နွီလန်)နှင့် Chümoukedima (ချူမောက်ကီမာ) ခရိုင်များ အတွက် တာဝန်ယူရသည့် ministry of Chaplee affairs ဝန်ကြီးဌာနနှင့် လက်ထောက်အတွင်းရေးမှူး ကန်ရှီလန်း (Kangxi Lang)တို့အား အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့သည် NSCN-K/YA အဖွဲ့ကနေ ၂၀၂၃ ခုနှစ်က ခွဲထွက်ရေး ထူထောင်ခဲ့သော နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထိုနာဂလက်နက်ကိုင်အဖွဲ့သည် မြန်မာဘက်ခြမ်းတွင် အခြေစိုက်ရေး စစ်ရေးလှုပ်ရှားလျက်ရှိသည်။

Source: Eastern Mirror

ပုံ - NSCN-K/AM အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အန်းမိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
50 w - Translate

ကျွန်တော်တို့မှာ လုပ်ချင်တာတွေမှ အများကြီး
ဒါပေမယ့် တစ်ခုဆီကို တစ်နေ့ နည်းနည်းဆီသာ ရွေ့ပါ
ကိုယ်လုပ်နိုင်တုန်းက အရှိန်နဲ့ အလုပ်လုပ်နေပြီး
Motivation ကျရင် လုပ်နေတာတွေ အရှိန်သတ်သွားရော
အဲ့တာကြောင့် ဘာမှ မလုပ်ပဲတော့ မနေပါနဲ့
Motivation ရှိတုန်း အရှိန်နဲ့လည်း လုပ်ပါ
အရှိန်သတ်သွားလည်း တနေ့ကို နည်းနည်းချင်းဆီ ရွေ့ပါ
တိုးတက်လာပါလိမ့်မယ် အချိန်က လူကို မစောင့်တာမို့
လုပ်စရာရှိတာ လုပ်ပြီး နောင်မှ နောင်တ မရအောင်
အချိန်ရတုန်း စာလုပ်ဖို့ တိုက်တွန်းပါတယ်

image

ဂါဇာကို လွှဲယူမည့် ထရမ့် အစီအစဉ်ကို မြောက်ကိုရီးယား ရှုတ်ချ

ဖေဖော်ဝါရီ ၁၃

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဂါဇာဒေသကို လွှဲပြောင်းရယူပြီး ပါလက်စတိုင်းများကို ရွှေ့ပြောင်းနေရာ ချထားပေးမည်ဟု အဆိုပြုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်သည် ဓားပြတိုက်နေကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့သည်။

ထိုအဆိုပြုချက်ကြောင့် ပါလက်စတိုင်းများသည် ဘေးကင်းလုံခြုံစွာနှင့် ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် မျှော်လင့်ချက်များကို မှေးမှိန်စေခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့ပြီး ထရမ့်ကိုမူ တိုက်ရိုက်အမည်တပ် ပြောဆိုခဲ့ခြင်းမရှိပေ။

“အမေရိကန်ရဲ့ ကြေညာချက်ကြောင့် ကမ္ဘာကြီးဟာ အခုဆိုရင် ပွက်ပွက်ဆူနေတဲ့ ယာဂုအိုးကြီးတစ်လုံးလို ဖြစ်နေပါပြီ” ဟု KCNA က ဖော်ပြခဲ့သည်။

KCNA ၏ ထုတ်ပြန်ချက်သည် ဂါဇာဒေသခံများကို ဂါဇာမှဖယ်ရှားပြီး စစ်ပွဲကြောင့် ကြေမွနေသည့် ဂါဇာကို အရှေ့အလယ်ပိုင်းဒေသ၏ လှပသော အပန်းဖြေကမ်းခြေအဖြစ် ဖန်တီးသွားမည်ဆိုသည့် ထရမ့်၏ အံ့အား သင့်ဖွယ် ကြေညာချက်အား ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပနားမားတူးမြောင်းနှင့် ဂရင်းလန်းကျွန်းတို့ကို လွှဲပြောင်းရယူလိုပြီး မက္ကဆီကို ပင်လယ်ကွေ့၏ အမည်အား အမေရိကပင်လယ်ကွေ့ဟု အမည်ပြောင်းလဲလိုသည့် ထရမ့်အစိုးရအဖွဲ့ကို KCNA က ဝေဖန်ခဲ့သည်။

“အမေရိကန်အနေနဲ့ ယုတ္တိမရှိတဲ့ အိမ်မက်ကနေ နိုးထသင့်နေပါပြီ။ အခြားနိုင်ငံတွေရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာ အာဏာကို ထိပါးနေတဲ့ လုပ်ရပ်ကိုလည်း ရပ်တန်းက ရပ်သင့်နေပါပြီ” ဟု KCNA က ထုတ်ပြန်ခဲ့ပြီး အမေရိကန် ကို ကြမ်းကြုတ်ရက်စက်သည့် ဓားပြဟု ခေါ်ဆိုခဲ့သည်။

ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ အဆင်ပြေခဲ့သည်။

ထရမ့်သည် မကြာသေးမီကလည်း ကင်မ်နှင့် နောက်တစ်ကြိမ် အဆက်အသွယ် လုပ်သွားမည်ဟု ပြောကြားခဲ့သော် လည်း မြောက်ကိုရီးယားကမူ ထရမ့်၏ ဒုတိယသက်တမ်းနှင့်ပတ်သက်ပြီး မှတ်ချက် အနည်းငယ်သာ ပြောကြားခဲ့ သည်။

ထို့ပြင် မြောက်ကိုရီးယားသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၏ လှုပ်ရှားမှုများကို ဆိုးရွားသည့် လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည်။

Source: ရိုက်တာ

ပုံ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

ညတိုင်း အိပ်ချိန် ၁၁ နာရီထက် နောက်မကျပါစေနှင့်
************************************
ညအိပ်ယာထဲ အထိ အွန်လိုင်းသုံးရင်
ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ဖတ် ဖြစ်အောင် ဖတ့်သွားကြပါ။
ညနက်တဲ့အထိ ဖေ့စ်ဘုတ်သုံး လျှင်
ဘာတွေ ဖြစ်လာမလဲ ဖတ်ကြည့်ပါ ။
(တကယ်ကြောက်စရာမို့ သတိထားသင့်ပါ
တယ်)
ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့
ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးပါးက
လည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်း
မဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။
အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့
မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများ
ကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို
တဖြေးဖြေး ပျက်စီးသွားစေပါတယ်။
အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီ၀
ကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ
စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေ
နိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အ
သည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်း
ရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်း
ရောဂါများအပြင် အခြားရောဂါများလည်း
တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။
ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ၀နျထမျးမြားကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။
အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြစ်နေတာကြောင့်
အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြု
နိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ်
အသိပေးလိုက်ပါတယ်။ ဖေ့စ်ဘုတ်တစ်ခုတည်းမဟုတ်ပဲ အခြား ဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။
လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်
ကြပါစေ။
#ကျန်းမာရေးဗဟုသုတအနေဖြင့်မျှဝေပေးလိုက်ပါတယ်
#မူရင်းရေးသားသူအားcrd

image
50 w - Translate

Donald Trump ကြောင့် Google Calendar မှာ Pride Month ကို ဖယ်လိုက်ရပြီ..
Google ကနေ Google Calendar မှာ Pride Month ကို ဖယ်ရှားလိုက်ပါတယ်။ ဒီလိုဖယ်ရှားလိုက်ရတာဟာ အသစ်တက်လာတဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ ပြောင်းလဲလိုက်တဲ့ မူဝါဒအသစ်တွေနဲ့ သက်ဆိုင်နေမယ်လို့ မှတ်ချက်ပေးနေကြပါတယ်။
ဇွန်လဟာ လိင်တူချစ်သူများနှင့် လိင်ပြောင်းအသိုက်အဝန်းကို ဂုဏ်ပြုသော Pride Month ဖြစ်ပါတယ်။ နောက်မကြာခင်မှာလည်း LGBTQ+ အခွင့်အရေးများနှင့်ပတ်သက်ပြီး ချိုးနှိမ်မှုတွေရှိလာနိုင်မယ့်အပြင် အထူးသဖြင့် လိင်တူလက်ထပ်ခွင့်ကို အသိအမှတ်ပြုခဲ့တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကိုလည်း ဖယ်ရှားသွားနိုင်မလားဆိုပြီး အတော်လေး စိုးရိမ်နေကြပါတယ်။
Pride Month တင် ဖယ်ရှားခံရတာမဟုတ်ပါဘူး။ Black History Month, Indigenous Peoples’ Month, Holocaust Remembrance Day, Jewish Heritage Month, Hispanic Heritage Month တို့လည်း အပါအဝင်ဖြစ်ပါတယ်။

image
50 w - Translate

Ronaldo \s Dailt life
အသက် ၄၀ ထိ ရိုနယ်ဒိုတစ်ယောက် အကောင်းဆုံး ရှိနေတဲ့အကြောင်းအရင်းတွေဘာလဲ
ရှင်းပါတယ် နေ့တိုင်းကြိုးစားလို့ပါ Hard work beat talent ဆိုတဲ့အတိုင်းပါပဲ
နေ့တိုင်းမဆုတ်မနစ်ကြိုးစားမှသာ အောင်မြင်နိုင်မှာပါ။

50 w - Translate

2025 မှာ ဘန်ကောက်ဟာ ကမ္ဘာ့အကောင်းဆုံး ဒုတိယမြို့အဖြစ်သတ်မှတ်ခံရ
ဘန်ကောက်မြို့ဟာ ကမ္ဘာရဲ့ ဒုတိယအကောင်းဆုံးမြ်ို့ဖြစ်တယ်လို့ Time Out မဂ္ဂဇင်းမှာဖော်ပြလာပါတယ်။
ဒီ Ranking ဟာ ကမ္ဘာတစ်ဝှမ်းက ခရီးသွား ၁၈၅၀၀ရဲ့ မြို့တွေရဲ့အပေါ် အမြင်ကို စစ်တမ်းကောက်ယူပြီးရလာတာပါတဲ့။ မြို့တစ်ခုချင်းစီရဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ nightlife စတဲ့ ရှုထောင့်အမျိုးမျိုးအပေါ်မူတည်ပြီး စစ်တမ်းကောက်ထားတာပါ။
ထိုင်းနိုင်ငံက လှပတဲ့ ပန်းခြံတွေ၊ ဘုရားတွေနဲ့ မဟာနန်းတော်တွေလို ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အထင်ကရနေရာတွေကြောင့်လဲဖြစ်တယ်လိုြဆိုပါတယ်။
အဲ့ဒီအပြင် BTS နဲ့ MRT တွေလို ဒေသခံတွေရော ခရီးသွားတွေအတွက်ပါ ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလဲ ချီးကျူးခံနေရပါတယ်။
ဘန်ကောက်ဟာ အရင်က Ranking ၂၄ ကနေ အခု နံပါတ် ၂ နေရာအထိခုန်တက်လာခဲ့တာဘဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံရဲ့တိုးတက်မှုကတော့ အံ့မခန်းဘဲလို့ပြောရပါမယ်။

image
50 w - Youtube

50 w - Translate

ကောင်းမွန်တဲ့
လူတွေကို ဘယ်တော့မှ
နှစ်ခါ ပြန်မရနိုင်ဘူးတဲ့။
အသစ်အသစ်သော
သူတွေနဲ့ ဆုံရင် ဆုံနိုင်တယ်။

ကိုယ့်အပေါ် ကောင်းမွန်တဲ့
လူတွေကိုတော့
အစားထိုး ပြန်မရတော့ဘူး။
ဒီစကားကို အသက်ကြီးမှ
နားလည်လာတယ်။

ငယ်ရွယ်တုန်း
အချိန်တွေမှာတော့
ခွဲခွါမှုတွေအပေါ်
ပေါ့ပေါ့တန်တန်ပဲ
သဘောထားခဲ့မိတယ်။

လူတစ်ယောက်ကို
ဆုံးရှုံးလိုက်ရခြင်းအပေါ်လည်း
သိပ်ပြီး ခံစားပူဆွေးမနေတတ်ဘဲ
တစ်ယောက်ထွက်သွားရင်
တစ်ယောက် ဝင်လာမှာ
ပေါ့လို့ တွေးခဲ့တာ။
တကယ်တော့ မဟုတ်ဘူး။

ကိုယ်ဆုံးရှုံးလိုက်ရတဲ့သူဟာ
ကိုယ့်အတွက် သိပ်ကို
ကောင်းတဲ့ လူတစ်ယောက်
ဖြစ်နေတတ်တယ်။

သူ့ကို ဆုံးရှုံးပြီးနောက်ပိုင်းမှာ
လူတွေအများကြီးနဲ့
ထပ်တွေ့နိုင်တယ်။
ကိုယ့်အပေါ်လည်း
ကောင်းချင်ကောင်းနိုင်တယ်။

ဒါပေမဲ့လို့ မတူတော့ဘူး။
လူလည်းမတူတော့သလို၊
ခံစားချက်တွေလည်း
မတူတော့ဘူး။

ကိုယ်ဘာပဲ လုပ်လုပ်
အမြဲ ပြုံးပြီး ကြည့်နေတတ်သူ၊
ကိုယ်လိုအပ်ချိန်တိုင်းမှာ
အမြဲ အနားမှာ ရှိနေပေးတဲ့သူ၊
ကိုယ့်ရဲ့ စိတ်
အတက်အကျတိုင်းမှာ
မညည်းမညူ ရှိနေပေးတတ်သူ၊
ပြိုလဲချိန်တိုင်းမှာ
ဆွဲထူပေးတဲ့သူ...

ဒီလိုမျိုး လူတွေဟာ
နှစ်ခါပြန်ပြီး မရနိုင်တော့ဘူး။
အစားထိုးလို့လည်း မရဘူး။
ဘာကြောင့်လည်းဆိုတော့
သူတို့ရဲ့ ဖြစ်တည်မှုလေးကိုက
သူများနဲ့ မတူလို့ပဲ။

နောင်တတွေဆိုတာ
နောင်မှ ရတာဆိုတဲ့
စကားကလည်း အမှန်ပဲ။
အဲဒါကြောင့် ကိုယ့်ဘဝမှာ
ကောင်းတဲ့ လူတွေနဲ့
ဆုံစည်းရတဲ့အခါ တန်ဖိုးထားပါ။
ရှိနေတုန်းမှာ ချစ်ခင်ကြပါ။
လူကောင်းတွေဟာ
နှစ်ခါပြန်မရဘူး မဟုတ်လား။

image