1 နှစ် - ဘာသာပြန်ပါ။

"ကားဆိုတဲ့ အရာဟာ လူသားတွေ ဖန်တီးခဲ့သမျှထဲ စွဲမက်ဖွယ်အကောင်းဆုံးနဲ့ အလှပဆုံးပါပဲ"
"Cars are some of the most intoxicating, most beautiful things ever forged by mankind"
~ Jeremy Clarkson
Ferrari F40, Mclaren F1 တို့လို The greatest of all time ဆိုတဲ့ ဒိတ်ဒိတ်ကြဲကားတွေရဲ့ အနှစ်သာရကို ခံစားကြည့်ချင်ပေမယ့် ကျွန်တော် လူ့လောကထဲကို ရောက်လာတဲ့အချိန်ဟာ နောက်ကျတာကြောင့် အဲဒီအခွင့်အရေးတွေမရခဲ့ပါဘူး Bugatti Veyron ‌ခေတ်မှာတောင် ကျွန်တော် ကွန်ပျူတာ စ ကိုင်ဖူးခါစပဲရှိပါတယ်
GMA T.50 ကတော့ Powertrain, Drivetrain, Aerodynamic ဆိုတာတွေကို ထဲထဲဝင်ဝင်လေ့လာမိပြီး အရူးအမူးကြိုက်ခဲ့ရတဲ့ ကားတစ်စီးပါပဲ
"ပညာရှင်တစ်ယောက်ရဲ့ Masterpiece ဟာ တစ်သက်မှာ တစ်ခါပဲပေါ်တယ်" ဆိုတဲ့ အဆိုကို Gordon Murray က Mclaren F1, T.50 တို့နဲ့ ချိုးဖျက်ပြသွားပါတယ်

image
image
image

ပိုက်ဆံမရှိဆော့လို့သာ ငြိမ်နေတာပါ စာ ;ချင်တဲ့မုန့်တွေမှ အများကြီး

image

To Day mood

1 နှစ် - ဘာသာပြန်ပါ။

ပြောလက်စနဲ့ဆက်ပြောလိုက်တော့မယ် အဲ့ခေတ် ရုပ်ရှင်လောကမှာ "စိုးသူ" ပြီးရင် အကြီးဆုံးက "စင်ရော်မောင်မောင်" ပဲ သူတို့နှစ်ယောက်ကို ဘယ်သူမှ မယှဉ်ရဲကြဘူး အားလုံးကလည်းကြောက်ကြတယ်
အတွင်းသတင်းမို့နင်တို့ ဘယ်သူမှလျှောက်မပြောကြနဲ့ ဒါပဲ

image
1 နှစ် - ဘာသာပြန်ပါ။

seen မပြတော့မယ့် မက်ဆေ့တွေမှာ
ခံနိုင်ရည်အင်အားမဲ့နေပါပြီ ။
အရင်လို "မောနီး " ဆိုတဲ့စာတိုလေးတွေ
"ဂွတ်နိုက်နော် " ဆိုတဲ့စာတိုလေးတွေလည်း
ဘယ်အရပ်မှာ ပျော်နေရှာပါလိမ့် ။
မဆိုင်ခဲ့ကြပေမယ့်
ဂရုစိုက်ခြင်းတွေအပြည့်နဲ့
တစ်ယောက်ပေါ်တစ်ယောက်
အပြန်လှန် တွေ ရှိခဲ့ကြရင်း
အရင်းနှီးဆုံးသူတွေ ဖြစ်ခဲ့ကြသေးတယ်နော် ။
ဘုရားမှာဆုတောင်းခဲ့တာသူနဲ့ဝေးပါစေလို့
ဆုတောင်းခဲတာမဟုတ်ဘူးလေ
သူနဲ့မဝေးပါရပါစေနဲ့လို့ပေါ့ ။
အခုတော့လည်း
ဘယ်တက်နိုင်ပါ့မလည်းလေ ။
မုန်းလို့မှ မဟုတ်ပဲ
စကားတွေမပြောဖြစ်ကြတော့လို့သာ
သူစိမ်းတွေ ဖြစ်သွားခဲ့ကြတာ ။
အဲ့ဒီလိုနဲ့ပဲ... ဝေးခဲ့ကြရပေါ့ ။

1 နှစ် - ဘာသာပြန်ပါ။

ဝါဝါဝင်းရွှေကို သွားရောက်ကန်တော့ရင်း ၂၂ နှစ်ကြာ မကိုင်ခဲ့ရတဲ့ အကယ်ဒမီရုပ်လေးကို ကိုင်ကြည့်ခဲ့ကြတဲ့ ခင်ဇာခြည်ကျော်တို့သားအမိ 🏆
သူမကိုယ်တိုင်လည်းအကယ်ဒမီဆုရှင်ကြီးဖြစ်ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ ငါ၊သူတပါး၊ ယောက်ကျား၊ မိန်းမ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားနဲ့ရရှိခဲ့တာပါ။ ယခုနှစ် ရုပ်ရှင်တစ်သက်တာဆုကိုရရှိခဲ့တဲ့ ဝါဝါဝင်းရွှေဆီကို သွားရောက်ဂါရဝပြုရင်း အကယ်ဒမီဆုနဲ့ အလှမ်းဝေးကွာသွားခဲ့တာ ၂၂ နှစ်ကြာခဲ့ပြီမို့ နတ်သမီးရုပ်လေးကို ကိုင်ကြည့်ခဲ့တယ်လို့ သူမက ပြောပါတယ်။

#celenews

image
1 နှစ် - ဘာသာပြန်ပါ။

𝗦𝗣𝗦 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗙𝗶𝗻𝗮𝗹 𝗚𝗿𝗼𝘂𝗽 𝗦𝘁𝗮𝗴𝗲 𝗺𝗮𝘁𝗰𝗵
မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ Falcon Esport ကတော့ ၂ပွဲရှုံး ၂ပွဲနိုင်ရလဒ်နဲ့ ပဲအဆုံးသတ်လိုက်ရပါပြီ။

Falcon 2- 0 Aurora
Falcon1-2 Onic ID
Falcon 1- 2 Evos
Falcon 1- 2 RRQ
Falcon 2-1 Team Falcons

image

မန်စီးတီး Ballon d'Or စာတန်းက ပိုပြီးခွန်အားပေးတယ်လို့ ဗီနီစီးယက်စ်ပြော

ဖေဖော်ဝါရီ ၁၃

ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ် မှာ မန်စီးတီးအသင်း ပရိသတ်တွေရဲ့ ရိုဒရီ Ballon d'Or စာတန်းက သူ့ကိုပိုပြီး ခွန်အားပေးခဲ့တယ်လို့ ဗီနီစီးယက်စ်က ပြောခဲ့ပါတယ်။

ဗီနီစီးယက်စ်က “ကျနော် ဒီစာတန်းကို မြင်တွေ့ခဲ့ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေရဲ့ ဒီလိုမျိုး လုပ်ဆောင်မှုက ပွဲကောင်းတစ်ပွဲကစားဖို့ ကျနော့်ကို အမြဲတမ်း ခွန်အားတွေပေးပါတယ်။ ကျနော်လုပ်လည်း လုပ်နိုင်ခဲ့ပါတယ်။ မန်စီးတီးက ကျနော်တို့ရဲ့ သမိုင်းကြောင်းနဲ့ ဒီပြိုင်ပွဲမှာ ကျနော်တို့လုပ်ခဲ့တဲ့ အရာအားလုံးကို သိပါတယ်”လို့ Movistar ကိုပြောခဲ့တာပါ။

မန်စီးတီးအသင်း ပရိသတ်တွေဟာ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ် မတိုင်ခင်မှာ ရိုဒရီ Ballon d'Or ဆုကို နမ်းနေတဲ့ပုံနဲ့အတူ "Stop Crying Your Heart Out” ဆိုတဲ့ စာသားရေးထားတဲ့ စာတန်းအကြီးကို ပြသခဲ့တာ ဖြစ်ပါတယ်။

ဗီနီစီးယက်စ်ဟာ မန်စီးတီးအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် ဒီပွဲမှာ အကောင်းဆုံး ကစားသမားဆုရတဲ့အထိ ခြေစွမ်းပြသပြီး ပြန်တုန့်ပြန်နိုင်ခဲ့တာပါ။

ဘရာဇီးလ်ကစားသမားဟာ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ သွင်းဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံးကို ဟာလန်းက သွင်းယူခဲ့ပြီး ရီးရယ်လ်အသင်းအတွက် သွင်းဂိုး တွေကို ဘတ်ပီ၊ ဘရာဟင်ဒီယက်ဇ်နဲ့ ဘယ်လင်ဂမ်တို့က သွင်းယူခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဘာနေဗျူးမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် အားသာမှု ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းကတော့ ဒုတိယအကျော့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ရုန်းကန်ရတော့မှာပါ။

ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - ဗီနီစီးယက်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
1 နှစ် - ဘာသာပြန်ပါ။

Skin သစ်နဲ့မြင်ချင်ရင် ငါ့ကိုပန်းဆိုးတန်း လိုက်ပို့ကြသားကြီးတို့

image
1 နှစ် - ဘာသာပြန်ပါ။

NSCN-K/AM က အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရန်ပြင်ဆင်

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃

NSCN-K/AM (Ang Mai-Mulatonu)အဖွဲ့က နာဂလူထု၏ ပြင်းပြသော ရည်မှန်းချက်ကို ဖော်ဆောင်ပေးသည့် အနေဖြင့် အိန္ဒိယအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၉ ရက် က ပြောကြားခဲ့သည်ဟု Eastern Mirror သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယ-နာဂ-မြန်မာ နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် လုပ်ငန်းစဉ်ကို သွက်လက် မြန်ဆန်စေရန်နှင့် ဆွေးနွေး ညှိနှိုုင်းမှုများအတွက် အထောက်အကူ ဖြစ်စေသည့် အခြေအနေအား ဖန်တီးရန် လုပ်ဆောင်နေကြောင်းလည်း NSCN-K/AM (Ang Mai-Mulatonu) အဖွဲ့က ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်စေလိုသည့် လူထု၏ ဆန္ဒကို ဖြည့်ဆည်းရန် ရည်မှန်းချက်နှင့်အတူ ထိုရည်မှန်း ချက်ကို အကောင်အထည်ဖော်ရာတွင် NSCN သည် အိန္ဒိယအစိုးရ၏ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ဒေသတွင်း ထိပ်တိုက်တွေ့မှုများနှင့် သွေးထွက်သံယို ဖြစ်မှုများကို တားဆီးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုအချိန်အတောအတွင်း NSCN က နာဂအချုပ်အခြာအာဏာကို ထိန်းသိမ်းရန် စုပေါင်းလုပ်ဆောင်နေချိန်တွင် နာဂလူမျိုးများအနေဖြင့် မိမိတို့အား ထောက်ခံပေးရန်နှင့် ငွေကြေး အကူအညီများ ပေးရန်လည်း မေတ္တာရပ်ခံခဲ့ သည်။

ထိုအကြောင်းအရာကို Dimapur(ဒီမာပူ)၊ Niuland(နွီလန်)နှင့် Chümoukedima (ချူမောက်ကီမာ) ခရိုင်များ အတွက် တာဝန်ယူရသည့် ministry of Chaplee affairs ဝန်ကြီးဌာနနှင့် လက်ထောက်အတွင်းရေးမှူး ကန်ရှီလန်း (Kangxi Lang)တို့အား အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့သည် NSCN-K/YA အဖွဲ့ကနေ ၂၀၂၃ ခုနှစ်က ခွဲထွက်ရေး ထူထောင်ခဲ့သော နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထိုနာဂလက်နက်ကိုင်အဖွဲ့သည် မြန်မာဘက်ခြမ်းတွင် အခြေစိုက်ရေး စစ်ရေးလှုပ်ရှားလျက်ရှိသည်။

Source: Eastern Mirror

ပုံ - NSCN-K/AM အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်အန်းမိုင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image