အန်တိုနီကို ဘက်တစ်အသင်း အပြီးသတ်ခေါ်ယူဖွယ်ရှိ

ဖေဖော်ဝါရီ ၁၃

စပိန်လာလီဂါကလပ် ဘက်တစ်အသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အန်တိုနီကို အပြီးသတ် ခေါ်ယူဖွယ်ရှိနေပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ယူနိုက်တက်အသင်း သမိုင်းမှာ အဆိုးရွားဆုံး ကစားသမား ခေါ်ယူမှုတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းမှာ လျင်မြန်စွာ အသားကျပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ဘက်တစ်အသင်းအတွက် ၁ ဂိုး သွင်းယူထားတဲ့ အန်တိုနီဟာ စပိန်ကလပ်အတွက် ကစားခဲ့တဲ့ ၂ ပွဲစလုံး အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာပါ။

အန်တိုနီရဲ့ အငှားစာချုပ်ထဲမှာ ဘက်တစ်အသင်းဟာ နွေရာသီမှာ သူ့ကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် မပါဝင်ပါဘူး။

ဒါပေမယ့် ဘက်တစ်အသင်းဟာ အန်တိုနီကို အပြီးသတ် ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းထံ ဖြစ်နိုင်ဖွယ် ရှိတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ချဉ်းကပ်ဖို့ ပြင်ဆင်နေတာပါ။

ဒါအပြင် ဘက်တစ်အသင်း အကြီးအကဲဖြစ်သူကလည်း အန်တိုနီကို ကလပ်မှာ ရေရှည်ဆက်ထိန်းဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ပါတယ်။

ရာမွန်အယ်လာကွန်က “အန်တိုနီရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေအားလုံးကို ယူနိုက်တက်အသင်းထံ ပေးပို့ခဲ့ပါတယ်။ ကျနော်တို့ဟာ ယူနိုက်တက် အသင်းနဲ့ရော ကစားသမားနဲ့ပါ ဆက်ဆံရေး အလွန်ကောင်းပါတယ်။ လာမယ့်ရာသီ သူဒီမှာဆက်ရှိနေဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် မဖြစ်နိုင် ရမှာလဲ” လို့ Cadena Ser ကို ပြောခဲ့တာပါ။

ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီကလည်း အန်တိုနီရဲ့ ပွဲဦးထွက် စွမ်းဆောင်ရည်တွေကို ချီးကျူးမှု ပြုလုပ် ထားပါတယ်။

ဘက်တစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းကို အရေးနိမ့်ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။

ဘက်တစ်အသင်းဟာ ဒီအပတ် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Metro

ပုံ - အန်တိုနီကို တွေ့ရစဉ်

#ဘောလုံးသတင်းစဥ်

image

ပုသိမ်ကြီးမြို့တွင် အမည်မသိအမျိုးသား (၂) ဦးမှ မော်တော်ယာဉ်ပိုင်ရှင်အမျိုးသားကို ဓားဖြင့်ထိုးပြီး၊ ယာဉ်နှင့် ပိုက်ဆံအိတ်တို့ကို လုယူသွား

ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ မြကျောက်ဘုရား YANKON စားသောက်ဆိုင်အနီးတွင် အမည်မသိအ မျိုးသား (၂) ဦးမှ မော်တော်ယာဉ်ပိုင်ရှင်အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးပြီး၊ ယာဉ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို လုယူသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက် ည ၁၀ နာရီအချိန်ခန့်တွင် မန္တလေးမြို့ ၃၈ လမ်း၊ ၇၆×၇၈ လမ်းကြားတွင် မော်တော်ယာဉ်ပိုင်ရှင် ဦးညွှန့်ဝင်းမှ လမ်းဘေးသို့ အပေါ့သွားစဉ် ၎င်းနောက်မှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် အမည်မသိအမျိုးသား (၄) ဦးရောက်ရှိလာပြီး ဦးညွှန့်ဝင်းကိုင်ဆောင်သည့် ဖုန်းကို ထိုအမည်မသိအမျိုးသားများမှ စစ်ဆေးရာ VPN ပါသည်ဟုပြောကာ မော်တော်ယာဉ်ပေါ်သို့ ထိုအမည်မသိအမျိုးသား (၄) ဦးအနက် (၂) ဦးမှာ ယာဉ်ပိုင်ရှင်နှင့်အတူ ပုသိမ်ကြီးဘက်သို့ မောင်းနှင်ပြီး ယာဉ်ပိုင်ရှင်မှာ အနောက်မှ ထိုင်စီးပြီး ကားစတီယာတိုင်လှည့်လိုက်သောကြောင့် ၎င်းကိုထိုးကြိတ်ပြီးနောက် ဓားဖြင့် ထိုးခဲ့ပြီး လမ်းဘေးသို့ထားခဲ့ကြောင်း သိရသည်။

“အမျိုးသား (၂) ဦးက ဆိုင်ကယ်တစ်ယောက်တစ်စီးစီးပြီး ကားနောက်ကိုလိုက်လာတယ်။ (၂) ယောက်က ကားပေါ်လိုက်လာတာ။ (၂) ယောက်ထဲက (၁) ယောက်က ကားမောင်းတယ်။ အဲ့ချိန်မှာ ကားပိုင်ရှင်က အနောက်ကနေ ကားစတီယာတိုင်ကို ဆွဲလှည့်လိုက်တာ။ သူကိုထိုးကြိတ်ပြီး၊ ဓားနဲ့ထိုးတာ” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုအမည်မသိအမျိုးသားများ၏ နှိပ်စက်မှုကြောင့် ယာဉ်ပိုင်ရှင်အမျိုးသား၏ မျက်ကွင်းများဖူးရောင်ညိုမဲပြီး၊ ညာဘက်နို့အုံအောက်ပေါက်ပြဲဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်ခြေထောက်ပြတ်ရှဒဏ်ရာ (၁) ချက်တို့ ရရှိသောကြောင့် ၎င်းကို ပုသိမ်ကြီးမြို့ လခရလှည့်ကင်းတပ်ဖွဲ့မှ တွေ့ရှိပြီး ၎င်းကိုမြို့ခံလူမှုကူညီရေး အသင်းအား ဆက်သွယ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါလုယက်ခံရသည့် ယာဉ်မှာ MDY-15/9C-1964 Maxll-99 အဖြူရောင်ယာဉ်ဖြစ်ပြီး ယာဉ်ပိုင်ရှင်အမျိုးသားမှာ မဟာအောင်မြေမြို့တွင် နေထိုင်သည့် အသက်(၅၇) နှစ်အရွယ် ဦးညွှန့်ဝင်းဖြစ်ကြောင်း သိရသည်။

Photo – Credit

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ရုပ်ရှင်တစ်သက်တာဆု ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် လွဲသွားခဲ့ရတယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ ဒေစီကျော်ဝင်း။

image

မင်းခ၊က်ခဲနေတဲ့အချိန်တိုင်း မင်းဘေးမှာအမြဲရှိနေမှာပါ'

image
1 y - Translate

ဘယ်သူ ချန်ပီယံလဲ ???

image

ရှီကျင့်ဖျင်က ကာစီနိုစီမံကိန်းအရေး ထိုင်းကို သတိပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၃

ကာစီနိုဖျော်ဖြေရေး လုပ်ငန်းစီမံကိန်းကို တရားဝင်ခွင့်ပြုခြင်းသည် ဒုစရိုက်မှုများ မြင့်တက်လာနိုင်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)က ထိုင်းအစိုးရကို သတိပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်သို့ သွားရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra)နှင့် တွေ့ဆုံစဉ် သမ္မတရှီကျင့်ဖျင်က သတိပေးခဲ့ခြင်း ဖြစ်သည်။

ပေတုန်တန်သည် ဖေဖော်ဝါရီ ၁၁ ရက်က အစိုးရအိမ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ချိန်က ၎င်း၏ တရုတ်ခရီးစဉ်အတွင်း ကာစီနိုရုံ စီမံကိန်းနှင့်ပတ်သက်ပြီး ရှီကျင့်ဖျင်နှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီသည် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းခဲ့ သည်ဟု ပေတုန်တန်က ဆိုသည်။

ထိုစီမံကိန်းကို ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် အခြား ဖျော်ဖြေရေး အစီအစဉ်များနှင့် ပေါင်းစပ်ရန် ရည်ရွယ်ထားကြောင်း၊ ကာစီနိုရုံများသည် ဖျော်ဖြေရေး အဆောက်အအုံဝင်း၏ ၁၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိလိမ့်မည်ဖြစ်ကြောင်း ပေတုန်တန်က ရှီကို ရှင်းပြခဲ့သည်ဟု ဆိုသည်။

တရုတ်ပြည်မကြီးတွင် လောင်းကစားလုပ်ငန်းသည် တရားမဝင်ဘဲ ထိုင်းနိုင်ငံတွင်လည်း တင်းကျပ်သည့် ဥပဒေများဖြင့် ထိန်းချုပ်ထားသည်။

သမ္မတရှီက ကာစီနိုရုံများကို တရားဝင် ခွင့်ပြုပေးခြင်းသည် လူမှုရေးပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အကြောင်းကို သတိပေးခဲ့ကြောင်း၊ ထို့ကြောင့် ကာစီနိုရုံများကို တရားဝင်ခွင့်မပြုမီ နောက်ထပ် လေ့လာမှုများ ပြုလုပ်မည်ဟု ရှင်းပြခဲ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။

ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် အစီအစဉ်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၂ ရက်တွင် ပေတုန်တန်က လွှတ်တော်၌ ချပြခဲ့သည်။

ထိုအစီအစဉ်သည် ဖြူးထိုင်းပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့၏ မူဝါဒများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

လောင်းကစား လုပ်ငန်းများနှင့် ဆက်စပ်လှုပ်ရှားမှုကို ရာဇဝတ်မှုများအဖြစ် သတ်မှတ်ခြင်းသည် တရားမဝင် မြေအောက် လုပ်ငန်းများအဖြစ် ဆက်လက် တည်ရှိနေနိုင်သဖြင့် ထိုလုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးလိုက် ခြင်းဖြင့် နိုင်ငံအတွက် ဝင်ငွေများ ရှာဖွေနိုင်ကြောင်း ဖြူးထိုင်းပါတီက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်တွင် အစိုးရအဖွဲ့က ကာစီနိုရုံများနှင့် လောင်းကစား လုပ်ငန်းများကို တရားဝင် ခွင့်ပြုပေးမည့် ဥပဒေမူကြမ်းအား မူအရ အတည်ပြုခဲ့သဖြင့် နောက်တဆင့်ကို ဆက်လက် အကောင်အထည်ဖော်ရန် လမ်းပွင့် သွားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ပေတုန်တန်နဲ့ရှီကျင့်ဖျင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

တောင်ငူ သံတောင်ကြီးကနေ ကားနဲ့တက်လာတဲ့လမ်းလေး
.
.
.
📷 Thaw Tar
#crd

image

Gf - ကိုကိုValentime Day နေ့ကျရင် ဒူဘိုင်း
ချောကလပ်လေး.....
Me...

image
Frankie shared a post  
1 y

1 y

၂၀၂၆ ခုနှစ်မှာ တက္ကစီ လေယာဉ်တွေ ပြေးဆွဲမယ့် ဒူဘိုင်း
================================
လျှပ်စစ် တက္ကစီ လေယာဉ်တွေဟာ မြို့ထဲမှာ ကားလမ်း ပိတ်ဆို့မှုကို လျှော့ချပေးနိုင်သလို အသံဆူညံမှု နည်းပါးစေကာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။ ဒူဘိုင်းက Joby S4 တက္ကစီ လေယာဉ်ကို ပြသလိုက်ပြီး ဝန်ဆောင်မှုကို ၂၀၂၆ ခုနှစ်မှာ စတင်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။
မြေပြင် ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက် အဆင်းပြုလုပ်နိုင်တဲ့ VTOL အမျိုးအစား ဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါတယ်။ အားအပြည့်သွင်းထားရင် ၁၆၁ ကီလိုမီတာကို တစ်နာရီကို ၃၂၂ ကီလိုမီတာ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ ခရီးသည် ၄ ယောက်နဲ့ ပိုင်းလော့ ၁ ယောက်ကို သယ်ဆောင်နိုင်ပါတယ်။
တက္ကစီ လေယာဉ်ရဲ့ အားသာချက်က ခရီးသွားချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဥပမာ အနေနဲ့ ဒူဘိုင်း နိုင်ငံတကာ လေဆိပ် ကနေ Palm Jumeirah ကို ကားနဲ့ သွားရင် ၄၅ မိနစ် ကြာမြင့်ပြီး တက္ကစီ လေယာဉ်နဲ့ သွားရင် ၁၂ မိနစ်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒူဘိုင်းက ဒီထက်ပို အဆင့်မြင့်တဲ့ မောင်းသူမဲ့ တက္ကစီ လေယာဉ်တွေကို ၂၀၃၀ ခုနှစ်မှာ ခရီးစဉ် အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းမှာ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။

image
Frankie shared a post  
1 y

1 y

ပြင်သစ်နိုင်ငံ ပဲရစ်စ်မြို့မှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ RM Sotheby's လေလံပွဲမှာ ယူရို သုံးသန်းခွဲကျော်နဲ့ လောလောလတ်လတ် ရောင်းထွက်သွားတဲ့ 2015 Ferrari LaFerrari ဖြစ်ပါတယ် 2015 မှာ MSRP 1.5 သန်းသာရှိခဲ့ပေမယ့် အခုတော့ နှစ်ဆကျော်အထိ တက်လာပြီး အဲဒီလောက် ဖြစ်သွားတာပါ Hybrid Powertrain ရဲ့ ပါဝါကို ကောင်းကောင်းပြနိုင်ခဲ့တဲ့ Holy Trinity ရဲ့ အရှိန်အဝါပေါ့
အခု‌နောက်ထွက်လာတဲ့ new generation supercar တွေရဲ့ formula က စိတ်ဝင်စားဖို့မကောင်းပဲ အားလုံးနီးပါး ဒါတွေပဲဖြစ်လာလေ၊ ဒီလို legendary ကားတွေက ဈေးပိုတက်လေပါပဲ Manny Khoshbin တောင် Carrera GT ကိုရောင်းလိုက်မိတာ အခုထိနောင်တရလို့မဆုံးပါဘူး P1 ကြီး‌တော့ ကျန်နေခဲ့ပေမယ့် 918, LaFerrari တို့နဲ့ ယှဉ်ရင် P1 ကအောက်ဆုံးမှာပါ
ဒီ LaFerrari နဲ့ အတူတူပြိုင်တင်တဲ့ 2011 Koenigsegg Agera က 1.9 သန်း၊ Pagani Hyuara R က ၃ သန်းစွန်းစွန်းပဲရသွားတာကတော့ နားလည်ရခက်ပါတယ် တကယ်တမ်း ဒီကောင်တွေက ပိုပြီးတောင် limited ဖြစ်တာပါ ဒီကားရဲ့ specs ကြောင့်လည်းပါပါလိမ့်မယ် Ferrari Logo ကအဝါရောင်ဖြစ်တဲ့ bespoke Giallo ကို Nero roof + yellow interior ပါ Wing mirror arms ၊ Front Splitter ၊ Diffuser ကအကုန် Exposed Carbon ဖြစ်ပြီး Ferrari FXX-K ရဲ့ Center-lock Forged rims တွေကို Argento Nurburgring ငွေရောင်နဲ့ဖြစ်‌နေတာက အထူးခြားဆုံးအချက်ပါ အဲဒီအပြင် Owner နှစ်ယောက်လက်ထဲမှာ ကီလို 3000 ကျော်သာ မောင်းထားတာကြောင့် တကယ့်ကို အဖိုးတန် Collector's Specs ဖြစ်ပါတယ်ခင်ဗျား

image