23 w - Translate

cool

image
23 w - Translate

cool

image
23 w - Translate

cool

image
23 w - Translate

cool

image
23 w - Translate

cool

imageimage
+10

အန်တိုနီကို ဘက်တစ်အသင်း အပြီးသတ်ခေါ်ယူဖွယ်ရှိ

ဖေဖော်ဝါရီ ၁၃

စပိန်လာလီဂါကလပ် ဘက်တစ်အသင်းဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ အန်တိုနီကို အပြီးသတ် ခေါ်ယူဖွယ်ရှိနေပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ယူနိုက်တက်အသင်း သမိုင်းမှာ အဆိုးရွားဆုံး ကစားသမား ခေါ်ယူမှုတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အန်တိုနီဟာ ဘက်တစ်အသင်းမှာ လျင်မြန်စွာ အသားကျပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ဘက်တစ်အသင်းအတွက် ၁ ဂိုး သွင်းယူထားတဲ့ အန်တိုနီဟာ စပိန်ကလပ်အတွက် ကစားခဲ့တဲ့ ၂ ပွဲစလုံး အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာပါ။

အန်တိုနီရဲ့ အငှားစာချုပ်ထဲမှာ ဘက်တစ်အသင်းဟာ နွေရာသီမှာ သူ့ကို အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် မပါဝင်ပါဘူး။

ဒါပေမယ့် ဘက်တစ်အသင်းဟာ အန်တိုနီကို အပြီးသတ် ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းထံ ဖြစ်နိုင်ဖွယ် ရှိတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ချဉ်းကပ်ဖို့ ပြင်ဆင်နေတာပါ။

ဒါအပြင် ဘက်တစ်အသင်း အကြီးအကဲဖြစ်သူကလည်း အန်တိုနီကို ကလပ်မှာ ရေရှည်ဆက်ထိန်းဖို့ အစီအစဉ် ရှိတယ်လို့ ပြောခဲ့ပါတယ်။

ရာမွန်အယ်လာကွန်က “အန်တိုနီရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေအားလုံးကို ယူနိုက်တက်အသင်းထံ ပေးပို့ခဲ့ပါတယ်။ ကျနော်တို့ဟာ ယူနိုက်တက် အသင်းနဲ့ရော ကစားသမားနဲ့ပါ ဆက်ဆံရေး အလွန်ကောင်းပါတယ်။ လာမယ့်ရာသီ သူဒီမှာဆက်ရှိနေဖို့ကလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့် မဖြစ်နိုင် ရမှာလဲ” လို့ Cadena Ser ကို ပြောခဲ့တာပါ။

ဘက်တစ်အသင်းနည်းပြ ပယ်လီဂရီနီကလည်း အန်တိုနီရဲ့ ပွဲဦးထွက် စွမ်းဆောင်ရည်တွေကို ချီးကျူးမှု ပြုလုပ် ထားပါတယ်။

ဘက်တစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆယ်လ်တာဗီဂိုအသင်းကို အရေးနိမ့်ပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။

ဘက်တစ်အသင်းဟာ ဒီအပတ် လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Metro

ပုံ - အန်တိုနီကို တွေ့ရစဉ်

#ဘောလုံးသတင်းစဥ်

image

ပုသိမ်ကြီးမြို့တွင် အမည်မသိအမျိုးသား (၂) ဦးမှ မော်တော်ယာဉ်ပိုင်ရှင်အမျိုးသားကို ဓားဖြင့်ထိုးပြီး၊ ယာဉ်နှင့် ပိုက်ဆံအိတ်တို့ကို လုယူသွား

ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ မြကျောက်ဘုရား YANKON စားသောက်ဆိုင်အနီးတွင် အမည်မသိအ မျိုးသား (၂) ဦးမှ မော်တော်ယာဉ်ပိုင်ရှင်အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးပြီး၊ ယာဉ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်တို့ကို လုယူသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက် ည ၁၀ နာရီအချိန်ခန့်တွင် မန္တလေးမြို့ ၃၈ လမ်း၊ ၇၆×၇၈ လမ်းကြားတွင် မော်တော်ယာဉ်ပိုင်ရှင် ဦးညွှန့်ဝင်းမှ လမ်းဘေးသို့ အပေါ့သွားစဉ် ၎င်းနောက်မှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် အမည်မသိအမျိုးသား (၄) ဦးရောက်ရှိလာပြီး ဦးညွှန့်ဝင်းကိုင်ဆောင်သည့် ဖုန်းကို ထိုအမည်မသိအမျိုးသားများမှ စစ်ဆေးရာ VPN ပါသည်ဟုပြောကာ မော်တော်ယာဉ်ပေါ်သို့ ထိုအမည်မသိအမျိုးသား (၄) ဦးအနက် (၂) ဦးမှာ ယာဉ်ပိုင်ရှင်နှင့်အတူ ပုသိမ်ကြီးဘက်သို့ မောင်းနှင်ပြီး ယာဉ်ပိုင်ရှင်မှာ အနောက်မှ ထိုင်စီးပြီး ကားစတီယာတိုင်လှည့်လိုက်သောကြောင့် ၎င်းကိုထိုးကြိတ်ပြီးနောက် ဓားဖြင့် ထိုးခဲ့ပြီး လမ်းဘေးသို့ထားခဲ့ကြောင်း သိရသည်။

“အမျိုးသား (၂) ဦးက ဆိုင်ကယ်တစ်ယောက်တစ်စီးစီးပြီး ကားနောက်ကိုလိုက်လာတယ်။ (၂) ယောက်က ကားပေါ်လိုက်လာတာ။ (၂) ယောက်ထဲက (၁) ယောက်က ကားမောင်းတယ်။ အဲ့ချိန်မှာ ကားပိုင်ရှင်က အနောက်ကနေ ကားစတီယာတိုင်ကို ဆွဲလှည့်လိုက်တာ။ သူကိုထိုးကြိတ်ပြီး၊ ဓားနဲ့ထိုးတာ” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ထိုအမည်မသိအမျိုးသားများ၏ နှိပ်စက်မှုကြောင့် ယာဉ်ပိုင်ရှင်အမျိုးသား၏ မျက်ကွင်းများဖူးရောင်ညိုမဲပြီး၊ ညာဘက်နို့အုံအောက်ပေါက်ပြဲဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်ခြေထောက်ပြတ်ရှဒဏ်ရာ (၁) ချက်တို့ ရရှိသောကြောင့် ၎င်းကို ပုသိမ်ကြီးမြို့ လခရလှည့်ကင်းတပ်ဖွဲ့မှ တွေ့ရှိပြီး ၎င်းကိုမြို့ခံလူမှုကူညီရေး အသင်းအား ဆက်သွယ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါလုယက်ခံရသည့် ယာဉ်မှာ MDY-15/9C-1964 Maxll-99 အဖြူရောင်ယာဉ်ဖြစ်ပြီး ယာဉ်ပိုင်ရှင်အမျိုးသားမှာ မဟာအောင်မြေမြို့တွင် နေထိုင်သည့် အသက်(၅၇) နှစ်အရွယ် ဦးညွှန့်ဝင်းဖြစ်ကြောင်း သိရသည်။

Photo – Credit

#သတင်းဟင်းလေးအိုးကြီး

image
23 w - Translate

ရုပ်ရှင်တစ်သက်တာဆု ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် လွဲသွားခဲ့ရတယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ ဒေစီကျော်ဝင်း။

image

မင်းခ၊က်ခဲနေတဲ့အချိန်တိုင်း မင်းဘေးမှာအမြဲရှိနေမှာပါ'

image
23 w - Translate

ဘယ်သူ ချန်ပီယံလဲ ???

image
//