50 ပတ် - ဘာသာပြန်ပါ။

Galaxy S26 series မှာ
Silicon-Carbon နည်းပညာကြောင့်
အခုထက် သိသိသာသာ battery ပိုများလာမယ်လို့ သတင်းထွက်နေတယ်။ အနဲဆုံး လက်ရှိ model တွေထက် 1,000 mAh လောက် ပိုများဖို့
မျှော်လင့်နိုင်လောက်တယ်။
#samsung ဒီနှစ်ချန်သွားတဲ့တစ်ကွက်ပေါ့။

image
50 ပတ် - ဘာသာပြန်ပါ။

ဒူဘိုင်းစခန်းမှာ ဟာဗက်ဇ် တံကောက်ကြောဒဏ်ရာရရှိ

ဖေဖော်ဝါရီ ၁၃

အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ ဒူဘိုင်းလေ့ကျင့်ရေး စခန်းမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေ ထွက်ခွာထားရပြီး ကြားရက်ထဲမှာလည်း ပွဲကစားရခြင်းမရှိလို့ ဒူဘိုင်းကို သွားရောက်ပြီး စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။

ဒါပေမယ့် လေ့ကျင့်ခန်း အစီအစဉ်တစ်ခုမှာ ဟာဗက်ဇ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး အာဆင်နယ်အသင်း အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

ဟာဗက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေ အတိအကျကို မသိရသေးပေမယ့် တံကောက်ကြော ဒဏ်ရာကြောင့် သူဟာ ပွဲအများအပြားကို လွဲချော်နိုင်တာပါ။

အာဆင်နယ်အသင်းဟာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ ဂျီးဆပ်စ်နဲ့ မာတင်နယ်လီတို့ကို ဒဏ်ရာကြောင့် အနားပေးထားရပါတယ်။

ဟာဗက်ဇ်ရဲ့ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းမှာ တိုက်စစ်မှူး နေရာအတွက် ကစားသမား မရှိတော့ဘဲ တောင်ပံကစားသမားတွေဖြစ်တဲ့ ထရော့ဆာ့ဒ်နဲ့ စတာလင်တို့ကိုသာ တိုက်စစ်မှူးအဖြစ် အသုံးပြုရဖို့ရှိနေတာပါ။

ဆာကာဟာ အာဆင်နယ်အသင်းရဲ့ ဒူဘိုင်း လေ့ကျင့်ရေးစခန်းကို လိုက်ပါခဲ့ပြီး အပေါ့စား လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဆာကာဟာ မတ်လအစပိုင်းမှသာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ရှိနေတာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပြည်တွင်းဖလား ၂ ခုစလုံးကနေ ထွက်ခွာထားရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်ထား ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ လက်စတာအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: metro

ပုံ - ဟာဗက်ဇ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image
50 ပတ် - ဘာသာပြန်ပါ။

•ယူနိုက်တက် ကစားသမားတစ်ချို့ဟာ သူတို့နဲ့ကိုက်မယ့်ကစားကွက်ကို အမော်ရင်အနေနဲ့ ပြောင်းပေးသင့်တယ်လို့ယူဆနေပြီး အမော်ရင်ရဲ့ လက်ရှိနည်းစနစ်တွေနဲ့ အံမဝင် မတိုးတက်မှာကို စိုးရိမ်နေကြပါတယ် 👀🔴
[ChrisWheelerDM]🌖

image
50 ပတ် - ဘာသာပြန်ပါ။

ctrl C+V
#mbappe

image

cute pet

50 ပတ် - ဘာသာပြန်ပါ။

ယောက်ကျားမပါရင် တောင်ပေါ်သူ ပုဇွန်တောင်မစားဘူးဆိုတဲ့ မြတ်ရတနာကျော် 🥰
ကိုကိုက ဂရုတစိုက်နဲ့ သူမစားဖို့ ပုဇွန်တွေကို ခွာပေးခဲ့လို့ပါ။ ကလေး ၄ ယောက်ရနေပြီဖြစ်ပေမယ့် မိန်းမအပေါ်ကို တစက်လေးမျှအချစ်မပျက်ပုံကလည်း အားကျအတုယူစရာပါ။ တောင်ကြီးသူလေးဖြစ်တဲ့ မြတ်ရတနာကျော်က ယောက်ကျားပါမှပဲ ပုဇွန်ကိုစားဖြစ်တော့တယ်လို့ဆိုလာတာပါ။

#celenews

image
50 ပတ် - ဘာသာပြန်ပါ။

ခိုးကြမ်းနေတဲ့ ဒမ်ဘီလီ
တစ်ချိန်ကဆေးရုံအုပ်ကြီးဒမ်ဘီလီကတော့ ဘရက်စ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းပြီး ခြေစွမ်းထပ်ပြလိုက်ပြန်ပါပြီ။ ဆက်တိုက်ဂိုးမြူးနေတာဖြစ်ပြီး ၂၀၂၅ ထဲမှာ ၁၅ ဂိုးအထိ ရသွားပြီ။ ထိပ်တန်းလိဂ်ငါးခုမှာ ဒီနှစ်ထဲ ၁၀ ဂိုးနဲ့အထက် ဂိုးသွင်းထားတာ သူတယောက်တည်းပဲ ရှိပါတယ်။ ဆေးရုံအုပ်ကြီးအဖြစ်ကနေ သူက ကစားသမားဘ၀ နောက်တဆင့်ကိုတောင် တက်သွားပြီလို့ ပြောရမယ်။
လူး၀စ္စအင်းနရစ်အတွက်တော့ ဒမ်ဘီလီကို ခေါ်ယူခဲ့တာ မှန်ကန်နေပြီလို့ လက်ခမောင်းခတ်နိုင်ခဲ့ပါပြီ။ ဒေါ့မွန်၊ ဘာကာတို့မှာကတည်းက ကစားသမားကောင်းပုံစံကို သူ ပြသခဲ့တာပါ။ ဒဏ်ရာတွေကြောင့် အကောင်းဆုံးခြေစွမ်းကိုမပြနိုင်ခဲ့ဘူး။ အခုတော့ ကစားသမားဘ၀ အကောင်းဆုံးအချိန်တွေ သူ ပိုင်ဆိုင်နေပါပြီ။

image
50 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️မြ၀တီမြို့ ဆန္ဒပြပွဲများကြောင့် ထိုင်းအစိုးရဆုံးဖြတ်ချက် ပြောင်းလဲသွားလိမ့်မည်မဟုတ်
မြ၀တီမြို့၌ ဖြပ်ဒေသစ်ပွားခဲ့သော ဆန္ဒပြပွဲများကြောင့် မြန်မာနယ်စပ်ဒေသများအတွက် လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီ ပေးပို့ဖြည့်ဆည်းမှုများ ဖြတ်တောက်ထားရေး ဆုံးဖြတ်ချက် ပြောင်းလဲသွားလိမ့်မည်မဟုတ်ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းဖေဖော် ဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မြန်မာနိုင်ငံဘက်ခြမ်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများကိုဖြိုခွင်းရေး ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ တာချီလိတ်မြို့၊မြ၀တီမြို့နှင့် ဘုရားသုံးဆူမြို့များသို့လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့်လောင်စာဆီ ပေးပို့ ဖြည့်ဆည်းမှုများကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းစတင်ဖြတ်တောက်ခဲ့သည်။
ထိုင်းအစိုးရ၏ အထက်ပါလုပ်ဆောင်ချက်ကို ကန့်ကွက်သည့်အနေဖြင့် မြ၀တီမြို့၌ ဖေဖော်ဝါရီ ၈ ရက်တွင် ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး ဆန္ဒပြသမားများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တို့ကို ချိတ်ဆက်ပေးထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားများကို ပိတ်ထားရန် မြန်မာတာဝန်ရှိသူများကိုတောင်းဆိုခဲ့ကြသည်။
သို့ရာတွင် အထက်ပါ မြ၀တီမြို့ ဆန္ဒပြပွဲကြောင့် ထိုင်းအစိုးရ၏ဆုံးဖြတ်ချက် ယိုင်နဲ့ပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်းကပြောကြားခဲ့သည်။
ယင်းအပြင် မြ၀တီမြို့မှ ဆန္ဒပြသမားများအနေဖြင့် မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအားလုံးကို ဖယ်ရှားပေးရေးအတွက် သက်ဆိုင်ရာ မြန်မာတာဝန်ရှိသူများကို တိုက်တွန်းသင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထိုင်းကာကွယ်ရေး ဝန်ကြီးဝီချာယာချိုင်းသည် ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၆ ရက်တို့တွင် မြန်မာနိုင်ငံဘုရားသုံးဆူမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့များသို့ သွားရောက်၍အခြေအနေများကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် အထက်ပါခရီးစဉ်များအတွင်း မည်သူတို့နှင့် တွေ့ဆုံဆွေးနွေးမည်ကို ထိုင်းကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။
ထိုင်းအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံသို့ နေစွမ်းအင်ပြားများ တင်ပို့မှု ရှောင်ရှားရန် စီးပွားရေးလုပ်ငန်းများကို အကြံပေးထားချိန်တွင် ထိုင်းအမျိုးသားကောင်စီကလည်း မြန်မာဘက်ခြမ်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ နေစွမ်းအင်ပြားအသုံးပြု ထုတ်ယူနိုင်မှုကိုပိတ်ပင်ရေးအတွက် မြန်မာဘက်ခြမ်းသို့ နေစွမ်းအင်ပြားများ တင်ပို့မှု တရားဝင်ပိတ်သိမ်းထားရေးကိုလည်း စဉ်းစားနေကြောင်း သိရသည်။

image
50 ပတ် - ဘာသာပြန်ပါ။

Mo Salah 🇪🇬👑

• ဒီရာသီ သွင်းဂိုး : ၂၇ ဂိုး
• ဂိုးပါဝင်ပတ်သက်မှု (G/A) : ၄၆ ဂိုး

အသက် ၃၃နှစ် *

image
50 ပတ် - ဘာသာပြန်ပါ။

ရေးဆွဲနေရင်းနဲ့ အရောင်တွေ မှိန်ခဲ့တယ်..

နှစ်ယောက်အတူ စိတ်ကူးထားတဲ့ ပန်းတိုင်လေး..
လူတစ်ယောက်နဲ့တစ်ယောက်အကြောင်းပြချက်မရှိပဲ ရုတ်တရက်ဖြစ်ပေါ်လာရာကနေ
ထာဝရအဖြစ်ပြောင်းလဲပြီး မွေးဖွားလာတဲ့ ချစ်ခြင်းတရားတွေ...

နောက်ဆုံးတော့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုကြားမှာ ဒီပန်းချီကားလေး အရောင်တွေ မှိန်ခဲ့ရတယ် ..
အိမ်မက်တွေနဲ့ ရေးခြယ်ထားတဲ့ ပန်းချီကားလေးတစ်ချပ်က အချိန်မတိုင်ခင် အရောင်တွေ လွင့်သွားခဲ့ရတယ်..
ဘယ်သူကိုမှ အပြစ်မတင်ရက်ပါဘူး။
ချစ်မိတဲ့သူက အရှုံးပေါ့.

image