1 နှစ် - ဘာသာပြန်ပါ။

စိတ်ကလေးကိုရှင်းအောင်ထား။
ကျန်းမာဖို့နဲ့၊ အရာရာအဆင်ပြေဖို့ကိုဘဲအာရုံစိုက်။

ဖြစ်တည်မှုနဲ့ရလဒ်တွေကို အကောင်းဆုံးဖြစ်အောင်ကြိုးစား
တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှမပတ်သတ်ကြတော့ဘူးဆိုရင်တောင်
အချိန်တန် ငါတို့က တိမ်စိုင်လို၊ ရေငွေ့တွေလိုမျိုး
"ပျောက်ကွယ်သွားရမှာ။"

#စာရယ်ကဗျာရယ်
#as

image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းထုတ်ကုန်တွေထဲက ဆိုလာ ၊ဖုန်း၊ ပါဝါဘန့်အပါအဝင် လျှပ်စစ်ပစ္စည်းတွေ မြဝတီနယ်စပ်ကနေ တင်ပို့ခွင့်ပိတ်

ဖေဖော်ဝါရီ ၁၃

ထိုင်းနိုင်ငံထုတ်ကုန်တွေထဲက မီးစက်၊ ဆိုလာ နဲ့လျှပ်စစ်ပစ္စည်းအချို့ကို မြဝတီနယ်စပ်ကနေ တင်ပို့ခွင့်ကို ထိုင်းအစိုးရက ပိတ်လိုက်တယ်လို့ ကနဦးသိရပါတယ်။

မြဝတီဘက်ကို တင်ပို့ခွင့်ပိတ်လိုက်တဲ့ ပစ္စည်းတွေက မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး၊အင်ဗာတာ၊မီးစက်၊ဆိုလာပြား၊ မိုဘိုင်းဖုန်းများ၊ CABLE၊ HARDWARE ၊ဆော့ဖ်ဝဲ၊လိမ်လည်သူများနှင့် သက်ဆိုင်သော ကုန်ပစ္စည်း၊ အင်ဂျင်ဝိုင် ၊ပါဝါဘန့် ပစ္စည်းတွေဖြစ်တယ်လို့ကနဦးသိရပါတယ်။

" အခုက ဆိုလာရယ်၊ ပါဝါဘန့်ရယ်၊ ဘတ္တရီတွေ၊ ဖုန်းတွေ၊ wifi စက်တွေ၊ icon တွေအဓိကပဲ ပို့ရခက်နေတယ်။ ပို့လို့မရသေးဘူး။အခုကပူပူနွေးနွေးပြောထားတာဆိုတော့ပို့ကိုမရသေးဘူး။ဒါပေမယ့်နောက်တော့ ပို့လို့ရမယ့်လမ်းကြောင်းပေါ်လာမှာပါ။စရိတ်ကတော့ပိုများသွားနိုင်တယ်။" လို့ ထိုင်းကနေ ကုန်စည်တွေ ဝယ်ယူပြီး မြဝတီကတဆင့် တင်ပို့ပေးနေသူကပြောပါတယ်။

ထိုင်းနိုင်ံကနေ အဆိုပါပစ္စည်းတွေကို မြဝတီနယ်စပ်ကတဆင့် မြန်မာနိုင်ငံထဲ တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် တင်ပို့ခွင့်ပိတ်ခံလိုက်ရတဲ့ပစ္စည်းတွေအားလုံးစျေးနူန်းမြင့်တက်သွားတယ်လို့သိရပါတယ်။ ဒါအပြင် ပစ္စည်းပြတ်လပ်မှုရှိပြီး ဝယ်ယူရခက်တဲ့အခြေအနေတွေ ရှိလာနေတယ်လို့သိရပါတယ်။

" ထိုင်းဘက်မှာပစ္စည်းကြိုက်သလောက်ဝယ်လို့ရပေမယ့်လောလောဆယ် မြဝတီနယ်စပ်ကနေပို့မရဘူးဖြစ်သွားတယ်။ပို့လို့ရတဲ့အချိန်ကျရင်လည်း စျေးတွေကခုနူန်းထားတွေမရနိုင်တော့ဘူး။အခုဆိုကျွန်တော်ရန်ကုန်အထိုင်မှာ ပါဝါဘန့်တွေပစ္စည်းပြတ်သွားပြီ။ဝယ်သူတွေကရှိတယ်။စျေးနူန်းပိုင်းမှာလည်း အရင်ကထက် သယ်ယူစရိတ်တွေပိုကုန်သွားနိုင်တယ်။" လို့ နောက်ထပ်ကုန်ပစ္စည်းတင်ပို့ရောင်းချသူကပြောပါတယ်။

ထိုင်းဘက်ကနေ တင်ပို့ခွင့်ပိတ်လိုက်တာကြောင့် အရင်ရက်က ရန်ကုန်အရောက်ကိုမှ ၇၀၀၀၀ ကျပ်သာရှိတဲ့ပါဝါဘန့်ဟာ လက်ရှိမှာ ရန်ကုန်အရောက်ကို ငွေကျပ် ၁ သိန်းကျော်အထိကုန်ကျမှုမြင့်တက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းအစိုးရကတော့ မြဝတီမြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီးနဲ့ စက်သုံးဆီ တွေစတင်ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းကနေ မြန်မာ - ထိုင်းနယ်စပ်တလျှောက် မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့နယ်တွေကို လျှပ်စစ်မီး၊ စက်သုံးဆီဖြန့်ဖြူးပေးနေမှုနဲ့ ကုန်စည်အချို့ကို ကျားဖြန့်လုပ်ငန်းနေရာတွေကပါ ရယူ အသုံးပြုနေတဲ့အတွက် ထိုင်းနိုင်ငံက ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

#centralnewsnaypyitaw

imageimage

Good Weather 🙂🙏❣
၂၀၂၅ ဖေဖော်ဝါရီလ ၁၄ရက်နေ့မှ ၂၄ရက်နေ့အထိ
စစ်ကိုင်းတိုင်း မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ်
ကယားပြည်နယ် နေပြည်တော်ဧရိယာ ပဲခူးတိုင်း ဧရာဝတီတိုင်း ကရင်ပြည်နယ် ဒေသတွေမှာ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်
ISSUED TIME
13/02/2025 80am(MMT)

image

ဒီ မြောင်အရမ်းဆိုး

1 နှစ် - ဘာသာပြန်ပါ။

Muscle Growth Meal Plan (53kg)
အသားစားတဲ့သူတွေအတွက် နမူနာ စားသောက်ပုံ
🥣 Breakfast (Protein: 30g)
3 eggs (18g protein)
1 slice whole-grain toast (ပါမုန့်ကြမ်း)(5g protein)
1 tbsp peanut butter (မြေပဲထောပတ်) (4g protein)
1 cup milk (8g protein)
🍗 Lunch (Protein: 35g)
150g grilled chicken breast (ကြက်ရင်ဘုံသား/ကြက်သား)(40g protein)
1 cup brown rice (ဆန်လုံးညို)(5g protein)
1 cup steamed broccoli (ပန်းပွင့်စိမ်း)(3g protein)
1 tsp olive oil (သံလွင်စားဆီ) (healthy fats)
🥤 Post-Workout Snack (ကစားပြီးစားနိုင်သော)(Protein: 25g)
1 scoop whey protein (25g protein)
1 banana (carbs for recovery)
🥘 Dinner (Protein: 30g)
120g salmon or beef or chicken (25g protein)
1 small sweet potato (4g protein)
1 cup spinach (ဟင်းနုနွယ်)(2g protein)
1 tsp olive oil
🌙 Pre-Bed Snack (Protein: 15g)
1/2 cup Greek yogurt (10g protein)
Handful of almonds (5g protein)
🔥 Tips for Muscle Growth:
✅ Eat every 3–4 hours to maintain protein intake.
✅ Stay hydrated—drink at least 2.5L of water daily. (ရေသောက်နည်း နောက်ရေးတင်ပေးမယ်) ယူတို့နော် သေချာမသောက်ရင် မတင်ပေးဘူး 😁
✅ Strength train consistently to maximize muscle gain.
အဓိက ကတော့ consistency ပဲ အဆက်မပျက် လုပ်ဆောင်သွားပါ.
သိချင်နေတာလေး မဟုတ်လား.
ဒီ Meal plan လေးကို ကိုးကားပြီး ပြင်ကြည့်နော်.
(Plant-Based for next)
Thanks

image

ဒေါပုံမှာ သန်းခေါင်စာရင်းကောက်တဲ့ ရာအိမ်မှူးအဖွဲ့ ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးအပါအဝင်သုံးယောက်ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီးမီးရှို့ တိုက်ခိုက်မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်တဲ့ရာအိမ်မှူးအဖွဲ့ကတော့ ရပ်ကွက်တွင်းနေထိုင်သူတွေက မီးငြှိမ်းပေးတာကြောင့် ဒဏ်ရာသာရရှိပြီး အသက်မသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

"နေ့ခင်း ၁၂ နာရီခွဲလောက်မှာရာအိမ်မှူးရယ်၊ဆယ်အိမ်မှူးအမျိုးသမီးရယ် ဘော်လန်တီယာတယောက်ရယ် စာရင်းသွားကောက်တယ်။သန်းခေါင်စာရင်းထဲကအတိုင်း အိမ်မှာ နေလား ဘာညာ ကောက်တာလို့ပြောတယ်။ အဲဒါကို ဓာတ်ဆီနဲ့ရှေ့ရောနောက်ရော ပက်ပြီးမီးရှို့သွားတာ။အစကရေနဲ့ပက်တယ်ထင်တာတဲ့မီးရှို့မှ နောက်မှဓာတ်ဆီနဲ့ပက်တာမှန်းသိတာ။မီးလောင်တာမှာဆယ်အိမ်မှူးအမျိုးသမီးကတခြမ်းလုံးလောင်တယ်။" လို့ ဒေါပုံမြို့နယ်က လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရသူတွေကတော့ ကြည်စုရပ်ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ဘော်လန်တီယာအဖြစ်လိုက်ပါသူအမျိုးသမီး တယောက်တို့ဖြစ်ကြောင်း၊ ရာအိမ်မှူးမှာတကိုယ်လုံးမီးလောင်ပြီး ဒဏ်ရာများတယ်လို့သိရပါတယ်။

အိမ်ရှင်အမျိုးသားကတော့ ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ပြီးကတည်းက နေအိမ်ကနေ ထွက်ပြေးသွားတယ်လို့သိရပါတယ်။

" လုပ်ပြီးတာနဲ့တန်းပြေးသွားတာပဲ ။စာရင်းကောက်ရုံနဲ့တော့ ခုလောက်ထိဖြစ်မယ်မထင်ဘူး ကိုယ့်စိတ်နဲ့တွေးကြည့်တာလေ ။ဒီတိုင်း စာရင်းကောက်ရုံနဲ့တော့ မလုပ်လောက်ဘူး။သူကဘာတွေ ပြောလဲဆိုတာလည်းကိုယ်ကမှအတိအကျမသိရတော့ မပြောတတ်ဘူး။ " လို့ ရပ်ကွက်နေထိုင်သူကပြောပါတယ်။

လက်ရှိမှာ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီလောင်းမီးရှို့ခဲ့တဲ့အမျိုးသားကို ရဲစခန်းမှာအမှုဖွင့်ထားပြီး ကျူးလွန်ခဲ့တဲ့ အိမ်ရှင်အမျိုးသားကိုတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။

Photo - လူမှုကူညီရေးအဖွဲ့

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 နှစ် - ဘာသာပြန်ပါ။

ယောကျ်ားလေးတစ်ယောက်က
မင်းကို တကယ်ချစ်တဲ့အခါ မင်းကို
နည်းနည်းမှ မထိခိုက်အောင် ထားလိမ့်မယ်။

အဆက်အသွယ်အားလုံး
အကုန်ရှင်းလင်းအောင် လုပ်လိမ့်မယ်။
အတိတ်က ဆက်ဆံရေးတွေအကုန် endingလုပ်လိမ့်မယ်။မဟုတ်တာ မတွေးအောင်၊ သံသယစိတ်မရှိအောင်
သူနေထိုင်ပြလိမ့်မယ်။
တကယ်ချစ်တဲ့အခါ အလေးအနက်ထားတယ်။

ဇယားတွေ ရှုပ်နေတုန်း၊ မပြတ်မသားလုပ်နေရင်
အပြည့်အဝ မချစ်ဘူး၊ ဒီတိုင်း အဆင်ပြေလို့ တွဲတယ် ဖြစ်မယ်။ ကိုယ်တို့ တကယ်ချစ်တဲ့လူအတွက်ဆို
အကောင်းဆုံးအရာတွေပဲ ပေးချင်တယ်လေ။
စာပို့တာ ဖုန်းခေါ်တာ မမှန်ဘူး၊ စာပြန်တာ ကြာလာတယ်။
ကိုယ့်အတွက် လက်ဆောင်သေးသေးလေးတွေ
ဝယ်ပေးနိုင်လား။
သည်းခံတဲ့အတိုင်းအတာ ဘယ်လောက်ရှိသလဲ။
စကားများရင် ဘယ်လို တုန့်ပြန်သလဲ
ဒီအချက်တွေနဲ့တင် လူတစ်ယောက် ကိုယ့်ကို
ချစ်မချစ်ဆိုတာ သိနိုင်ပါတယ်။

#နူးနူးအောင်
#thelibraryofdream

image
1 နှစ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ မျောပါနေသော ရေခဲလွှာချပ်ကို စွန့်ခွာရန် ရုရှားငါးဖမ်းဝါသနာအိုးများ ငြင်းဆန်

အနောက်ပစိဖိတ်ဒေသ အိုခေါ့ခ်ပင်လယ်ရေပြင်အတွင်း မျောပါနေသော ရေခဲလွှာချပ်ကြီးတစ်ခုအပေါ်တွင် သောင်တင်နေသည့် ရုရှားငါးဖမ်းဝါသနာအိုး ၃၀၀ ကျော်အနက် အချို့တို့သည် ကယ်ဆယ်ရေးသမားများကယ်ထုတ်ပေးမှုကို လက်ခံရန် ငြင်းဆန်နေကြကြောင်း ရုရှားအစိုးရ အရေးပေါ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြား ထားသည်။

ရေခဲလွှာပေါ်တွင်ရောက်ရှိနေသော ငါးဖမ်းဝါသနာအိုးများအနက် ၁၀၉ ဦးကို ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကယ်ထုတ်ထားပြီးဖြစ်သော်လည်း ကျန်ရှိနေသည့် ငါးဖမ်းသမား ၁၀၀ ကျော်က ကယ်ထုတ်မှုကို လက်ခံရန် ငြင်းဆန်နေကြဆဲဖြစ်ကြောင်း ရုရှား တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။

၎င်းငါးဖမ်းသမားများမှာ ငါးတစ်ကောင်တလေမရမချင်း အဆိုပါရေခဲလွှာကို စွန့်ခွာနိုင်ဖွယ်မရှိသည့် အစွန်းရောက်ငါးဖမ်းဝါသနာအိုးများဖြစ်ကြကြောင်း ရုရှားတာဝန်ရှိသူများကပြောကြားထားသည်။

ရုရှားငါးဖမ်းဝါသနာအိုးများ သောင်တင်နေသည့် ရေခဲလွှာချပ်ကြီးသည် ဆာခါလင်ဒေသ ဒိုလင်ကာမြစ်၀မှတစ်ဆင့် စတင်မျောထွက်လာသောရေခဲလွှာချပ်ကြီးဖြစ်ပြီး ဒုအားဖြင့် ၁၀မီတာ (၃၃ပေ) အထိရှိကြောင်း ရုရှားအရေးပေါ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၏ အဆိုအရသိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ကျေးလက်ကျေးရွာတစ်ခုရှိ ရထားဘူတာငယ်လေးတစ်ခုကို လုံးဝပိတ်သိမ်းရန် စီစဉ်ထားခဲ့ပါတယ်။ သို့သော် ပိတ်သိမ်းရန် မတိုင်မီတွင် မီးရထား အရာရှိများက ကျောင်းသူတစ်ဦးသည် နေ့စဉ် ထိုဘူတာကို အသုံးပြု၍ ကျောင်းသို့ သွားလာနေတာကို အံ့ဩစရာတစ်ခုကို သတိပြုမိခဲ့ပါတယ်။
ဒါကြောင့် ဘူတာကို ပိတ်သိမ်းမည့်အစား ၎င်းတို့သည် စိတ်နှလုံးကို နွေးထွေးစေသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ထိုကျောင်းသူအတွက် ဘူတာကို ဆက်လက်ဖွင့်ထားပေးခဲ့ပါသည်။
သူမဘွဲ့ရပြီးတဲ့အထိ ရထားကို တစ်နေ့လျှင် နှစ်ကြိမ် ပြေးဆွဲပေးခဲ့ပါတယ်။—တစ်ကြိမ်မှာ သူမကို ကျောင်းသို့ ပို့ဆောင်ရန်နှင့် တစ်ကြိမ်မှာ အိမ်သို့ ပြန်ပို့ပေးရန်ဖြစ်ပါသည်။ နောက်ဆုံးတွင် သူမဘွဲ့ရပြီးမှ ဘူတာကို ပိတ်သိမ်းခဲ့ပါတယ်။

#crd

image
1 နှစ် - ဘာသာပြန်ပါ။

အီလွန်မတ်စ် ကြွယ်ဝမှု ဒေါ်လာဘီလျံ ၄၀၀ အောက် ကျဆင်း
` OpenAI ကို ဝယ်ဖို့ လေသံပစ်နေတဲ့ အီလွန်မတ်စ်ရဲ့ ကြွယ်ဝမှု ဒေါ်လာဘီလျံ ၄၀၀ အောက် ပထမဆုံးအကြိမ် ကျဆင်းသွားခဲ့ပါတယ်။
အီလွန်မတ်စ်ရဲ့ ဓနဥစ္စာဒီရေက Tesla ရှယ်ယာနဲ့ ချိတ်ဆက်နေတာပါ။ ပြောရရင် အီလွန်မတ်စ်ဆီ ဝင်တဲ့ ပိုက်ဆံရဲ့ ၆၀% ကျော်က Tesla အစုရှယ်ယာနဲ့ ခံစားခွင့်တွေက လာပါတယ်။ ဒီတော့လည်း Tesla ရှယ်ယာ ဂဏန်းနှစ်လုံးစာ ကျဆင်းတဲ့နောက် အီလွန်မတ်စ် စီးပွားရေးထိလာတာ အဆန်းတော့ မဟုတ်ပါဘူး။
ဒီဇင်ဘာလလယ်မှာ အမြင့်ဆုံး တက်ခဲ့ပြီးနောက် Tesla ရှယ်ယာဈေး ၂၇% အထိ ထိုးကျလာနေပါတယ်။ အီလွန်မတ်စ် တွန်းတင်ခဲ့တဲ့ ဒေါ်နယ်ထရမ့် သမ္မတဖြစ်သွားပြီးနောက် Tesla ကုမ္ပဏီ အခုထက်ပို ကြီးပွားဦးမယ်လို့ မျှော်လင့်ချက်နဲ့ ဒီဇင်ဘာလယ်တုန်းက Tesla ရှယ်ယာတွေ အမြင့်ဆုံးဈေးပေါက်ခဲ့တာပါ။
Tesla ရှယ်ယာဈေး အမြင့်ဆုံးအချိန်မှာ အီလွန်မတ်စ်ရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၄၈၆.၄ ဘီလျံအထိ ရောက်ခဲ့ပါတယ်။ ခေတ်သစ်စီးပွားရေးသမိုင်းမှာ ဒီလောက် ချမ်းသာတဲ့သူကို မမြင်ဖူးခဲ့ကြပါဘူး။ ပြီးခဲ့တဲ့အပတ်ကတော့ Tesla စတော့ရှယ်ယာတွေ အဆိုးဆုံး ကျခဲ့တဲ့ အပတ်ပါ။
Tesla ရဲ့ထိပ်တန်း ဥရောပဈေးကွက်ဖြစ်တဲ့ ဂျာမနီမှာ ၂၀၂၁ နောက်ပိုင်း ရောင်းအား ၅၉% အထိ အဆိုးဆုံး ထိုးကျသွားခဲ့သလို BYD လို တရုတ်ကုမ္ပဏီတွေ ပြိုင်ဆိုင်မှုကောင်းတဲ့ တရုတ်မှာလည်း အရင်နှစ်ကထက် ရောင်းအား ၁၁.၅% ကျသွားခဲ့ပါတယ်။
အီလွန်မတ်စ်ကတော့ Tesla ကားရောင်းအားကျနေချိန်မှာ အိမ်ဖြူတော်အရေးကို ပိုအာရုံကျနေပုံပါပဲ။ ဘတ်ဂျက်ဖြတ်မယ့် DOGE ဌာနသစ်ကို ကိုင်ပြီးကတည်းက USAID ကို ဖြုတ်ဖို့ လုပ်နေသလို ဖက်ဒရယ်ဝန်ထမ်းတွေ လူလျှော့ပြီး ဘဏ္ဍာရေးဌာနတွင်း ငွေပေးချေတဲ့ နောက်ကြောင်းတွေ လိုက်နေတာတွေ လုပ်နေပါတယ်။
Tesla ရှယ်ယာဈေးကျပြီး ဓနဥစ္စာ ဒေါ်လာ ဘီလျံ ၄၀၀ အောက်ရောက်သွားပေမယ့် လက်ရှိ ဒေါ်လာ ၃၉၄.၆ ဘီလျံကြွယ်ဝတဲ့ အီလွန်မတ်စ်က ဒုတိယအချမ်းသာဆုံးသူဌေး မတ်ခ်ဇူကာဘတ်ထက် ဒေါ်လာ ၁၄၀ ဘီလျံကျော် ချမ်းသာနေတုန်းပါပဲ။

image