Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ယနေ့ထုတ်သတင်းစာ_သတင်း
◾️ရေထွက်ကုန်ပစ္စည်းသွင်းကုန်အတွက် မြိတ်၊ ကော့သောင်းနယ်စပ်တွင် MACCS စနစ် အသုံးပြုနိုင်ရန် ဆောင်ရွက်နေ
ရေထွက်ကုန် ပစ္စည်းများအတွက် မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးစနစ် ( MACCS ) ဖြင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းကိုမြိတ်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင်ဆက်လက်အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရေထွက်ကုန် ပစ္စည်းများကို ဗြဃဃှ စနစ်ဖြင့် လိုင်စင်လျှောက်ထားရာတွင် လိုအပ်မည့်အချက်အလက်များအား အသိပေးထားပြီးဖြစ်ကာ မြိတ် နှင့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ဆက်လက် အသုံးပြုနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ရေထွက်ပစ္စည်းတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် နေပြည်တော်ရုံးချုပ်မှ ခွင့်ပြုချက်ရရှိထားသည့်ကုမ္ပဏီဖြစ်ရမည်ဖြစ်ကာ MACCS စနစ်တွင် အခွန်ပေးဆောင်ခြင်းလုပ်ငန်းစဉ်များကိုပါ တစ်ပါတည်းလုပ်ဆောင်နိုင်ကြောင်း သိရသည်။
#realnews
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ ဂါဇာစစ်ပွဲ ပြန်ဖြစ်ပွားနိုင်မှုကြောင့် အရန်တပ်များ အစ္စရေးစစ်ဘက် ဆင့်ခေါ်ထား
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြားခဲ့ပါက ဂါဇာစစ်ပွဲ ပြန်လည်ဖြစ်ပွားမည့်အရေးအတွက် အစ္စရေးနိုင်ငံက အရန်တပ်များ ဆင့်ခေါ်ထားကြောင်း ဖေဖော်ဝါရီ ၁၂ ရက်သတင်းများတွင်ရေးသားဖော်ပြထားသည်။
အစ္စရေး၏ အပစ်ရပ်သဘောတူညီချက်ချိုးဖောက်မှုများကြောင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဓားစာခံများ ထပ်မံလွှတ်ပေးမည့်အစီအစဉ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဟားမားစ်အုပ်စုက ကြေညာခဲ့ပြီးနောက် တစ်လနီးပါးကြာဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရှေ့ရေးမညီမညာဖြစ်လာခဲ့ရသည်။
အလားတူ စီစဉ်ထားသည့်အတိုင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဟားမားစ်အုပ်စုက ဓားစာခံများ ပြန်လွှတ်ပေးခြင်းမရှိခဲ့ပါက အပစ်ရပ်သဘောတူညီချက်ကို ဖျက်သိမ်း၍ ဂါဇာစစ်ဆင်ရေးများ ပြန်စမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်း သတိပေးထားသည်။
လက်ရှိအချိန်တွင် ဂါဇာအပစ်ရပ်သဘောတူညီချက် ပျက်ပြားနိုင်မည့်အရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အစ္စရေးစစ်ဘက်က အရန်တပ်များ ထပ်မံဆင့်ခေါ်ထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားထားသည်။
အလားတူ အစ္စရေးစစ်ဘက်အနေဖြင့် အစ္စရေးတောင်ပိုင်းသို့ အင်အားဖြည့်တပ်များ ထပ်မံစေလွှတ်ဖြန့်ကြက်နေကြောင်းလည်း သိရသည်။
ဇန်နဝါရီ ၁၉ ရက်တွင် စတင်အာဏာသက်ဝင်ခဲ့သော ဂါဇာကမ်းမြောင်စစ်ပွဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ သဘောတူညီချက်ပထမအဆင့် သီတင်းခြောက်ပတ်အတွင်း ဟားမားစ်အုပ်စုက ဓားစာခံ ၃၃ ဦး ပြန်လွှတ်ပေးရမည်ဖြစ်ပြီး အစ္စရေးနိုင်ငံက ပါလက်စတိုင်းအကျဉ်းသား ၂၀၀၀ နီးပါးပြန်လွှတ်ပေးရမည်ဖြစ်သည်။
#ယနေ့ထုတ်သတင်းစာ_သတင်း
◾️ရန်ကုန်(အကယ်ဒမီ)ရွှေသန့်စင်ခန်းမှအသစ်ပြောင်းလဲလိုက်သည့် ရွှေအလေးချိန်ဂရမ်နှင့် တူညီသည့် ရွှေပြားများဖေဖော်ဝါရီ ၁၂ ရက်မှ စတင်ကာ ထွက်ရှိလာပြီ ဖြစ်ကြောင်းသိရသည်။
အသစ်ပြောင်းလဲလိုက်သည့်ရွှေအလေးချိန်ဂရမ်နှင့် တူညီသည့် ရွှေပြားများအကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ စတင်ထုတ်လုပ်လျက်ရှိကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီကတစ်ကျပ်သားလျှင်၁၆ဒသမ၃၂၉၃၂၅ဂရမ်ရှိရမည်ဟု သတ်မှတ်ထားရာယင်းစံချိန်အတိုင်း ရွှေပြားများကိုထုတ်လုပ်ထားပြီး ဈေးကွက်အတွင်းထွက်ရှိလာခြင်းဖြစ်သည်။
ယခင်က တစ်ကျပ်သားလျှင်၁၆ ဒသမ ၆၀၆ ဂရမ်ရှိရာမှ အသစ်သတ်မှတ်လိုက်သည့် ဂရမ်နှုန်းကြောင့် ရွှေတစ်ကျပ်သားလျှင်နှစ်ရွေးကျော် ပိုလာမည်ဖြစ်ကြောင်းသိရသည်။
ပေါက်တောမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ နှစ်ယောက်သေပြီး လေးယောက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ်၊ဂြင်းဒွေရွာမှာ စစ်လက်ကျန်ဗုံးသီးတလုံးပေါက်ကွဲပြီး နှစ်ယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
"မနေ့ကညနေ ၃နာရီလောက်မှာ ဗုံးသီးပေါက်ကွဲမှုဖြစ်သွားတာ။ ဖြစ်တာက အခုဒဏ်ရာရတဲ့အထဲကကောင်လေးက ဗုံးသီးကို ကောက်တွေ့လို့ ယူလာပြီး ရွာရောက်တော့ သူတို့သူငယ်ချင်းတွေစုပြီး ဗုံးသီးကိုထုကြည့်ကြရာကနေ ပေါက်ကွဲပြီးခုလိုတွေဖြစ်ကုန်တာ။ နှစ်ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီးပဲ။ ကလေးတွေလည်းမဟုတ်ဘဲ ခုလို ဗုံးသီးကို ထုကြည့်တာ အရမ်းမိုက်မဲတယ်။မဖြစ်သင့်တာတွေ ဖြစ်ကုန်ရပြီ" လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
ဗုံးသီးပေါက်ကွဲမှုကြောင့် သေဆုံးတွေက အသက် ၂၀ အရွယ်အမျိုးသားနဲ့ ၁၈ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ အသက် ၁၅ နှစ်အရွယ်အမျိုးသားနှစ်ယောက်၊၁၇ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ဖြစ်ပြီး လက်ရှိမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
မောင်တောမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁ဝ ရက်နေ့က စစ်ကျန်လက်နက်ဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး တယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ၊ဂွမြို့နယ်၊တိုင်ကျိုးကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်းဗုံးသီးကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် သုံးယောက်သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ
စစ်လက်ကျန် ဗုံးသီးတွေ၊ မြေမြုပ်မိုင်းတွေနဲ့ မပေါက်ကွဲပဲကျန်ရစ်ခဲ့တဲ့ လက်နက်ကြီးကျည်ဆန်တွေ တွေ့ ရှိပါက ဒေသခံပြည်သူတွေအနေနဲ့ အဝေးမှရှောင်ရှားရန်နဲ့ ထိတွေ့ကိုင်တွယ်ဆော့ကစားခြင်းမလုပ်ရန် ဒေသခံပြည်သူတွေကို စစ်ရှောင်အရေးကူညီပေးနေသူတွေက ပညာပေး လုပ်ငန်းတွေ ဆောင်ရွှက်နေပေမယ့် လည်း ဗဟုသုတအားနည်းမှု ကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo -CJ
#centralnewsnaypyitaw