မတည့်စာတွေရောမစားရဝူးနော် :3

#funny

image
22 w - Translate

ဘန်ကောက်မှာ ဆေးစစ်ရင်း နှလုံးဖောက် သွေးဆောင့်တိုးလို့ ဆေးရုံတက်လိုက်ရတဲ့ စည်ဖြိုးရဲ့ မိခင်
သူမ ဒေါ်သီသီဝင်းကတော့ ယခုပြန်လည်သက်သာလာပြီလို့သိရပါတယ်။ ဘန်ကောက်ဆေးရုံမှာ ဆေးစစ်ရင်းကနေ နှလုံးဖောက်ကာ သွေးဆောင့်တိုးခဲ့တာကြောင့် ဆေးရုံပါတက်ပြီး မနည်းကုခဲ့ရကြောင်းသူမရဲ့ အမျိုးသားဖြစ်သူ စည်ဖြိုး ဖခင်ကပြောပါတယ်။ သူမတို့မိသားစုဟာ အလှူအတန်းတွေလည်း မကြာခဏပြုလုပ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်ကိုလည်း မကြာမကြာ သွားရောက်လေ့ရှိကြပါတယ်။

#celenews

image
22 w - Translate

Duran Goal
ညက ကန်သွားတဲ့ Al Nassar နဲ့ Al Ahll နဲ့ပွဲစဉ်မှာ ဒူရန်အနေနဲ့ ၂ဂိုးထပ်မံသွင်းခဲ့ပြန်ပါပြီ။
ဒူရန်အနေနဲ့ Al Nassar ကိုရောက်ကတည်းက ပွဲဉီးထွက်မှာတင် ၂ဂိုးသွင်းပြီးခြေစွမ်းပြနေတာပါ။ညကသွင်းသွားတဲ့ ဒုတိယဂိုးဆိုတော်တော်လေးကို အဆင့်တန်းမြင့်ပါတယ်။ ညာတောင်ပံတလျှောက်ဘောလုံးကို တယောက်ကျော်ထုတ်သွားပြီးတော့ ဂိုးနားထိဆွဲပြီးကန်သွင်းခဲ့တာပါ။ဒီပွဲမှာတော့ ဂုတ်ကြီး ရော်နယ်ဒိုတယောက်ဂိုးမရရှိခဲ့ပါဘူး။

22 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◾️မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ပြည်ပနိုင်ငံသား ၂၆၀ ကျော် ပြန်လည်လွတ်မြောက်
မြန်မာနိုင်ငံဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၌ အဓမ္မစေခိုင်းခံရမှုကြောင့် အလုပ်လုပ်ကိုင်နေကြရသော နိုင်ငံခြားသား ၂၆၀ ကျော် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ထိုင်းစစ်ဘက်က ဖေဖော်ဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပြည်ပနိုင်ငံသား ၂၆၀ ကျော်တို့ကိုမြန်မာနယ်ခြားစောင့်တပ်ဖြစ်သည့် ဘီဂျီအက်ဖ်ကထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း၌ ထိုင်းတာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်ဘက်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
မြန်မာဘက်ခြမ်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ပြန်လည် လွတ်မြောက်လာသော နိုင်ငံခြားသားများမှာ တရုတ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘရာဇီးနှင့် နီပေါနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း၂၀ ခန့်မှ နိုင်ငံသားများဖြစ်ကြောင်း ထိုင်းစစ်ဘက်တာဝန်ရှိသူများက ပြောကြားထားသည်။
လက်ရှိအချိန် အဆိုပါပြည်ပ နိုင်ငံသား ၂၆၀ ကျော်တို့ကို တာ့ခ်ပြည်နယ်ဖော့ဖရားခရိုင် အာဏာပိုင်များက စောင့်ရှောက်ပေးထားကြောင်း သိရသည်။
မြန်မာနယ်စပ်တစ်လျှောက်ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကိုဖြိုခွင်းရေးအတွက် နယ်စပ်တစ်ဖက်ရှိ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်တရုတ်တို့က ကြိုးပမ်းနေချိန်တွင် ဘီဂျီအက်ဖ်က အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၌ အဓမ္မစေခိုင်းခံနေရသူ ပြည်ပနိုင်ငံသားများကို ထိုင်းတာဝန်ရှိသူများထံလွှဲပြောင်းအပ်နှံခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနယ်စပ်တစ်လျှောက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ဖြိုခွင်းရေးရည်ရွယ်ချက်ဖြင့် ယင်းလုပ်ငန်းများတည်ရှိရာမြန်မာနယ်စပ်မြို့များကို လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ပေးပို့ဖြည့်ဆည်းမှု ရပ်တန့်ထားသည်။

image
22 w - Translate

Sumala (2024)
==============
IMDb: 5.9/10
Genre - Horror, Thriller
(သွေးထွက်သံယို သ/တ်ဖြတ်ခန်းများပါဝင်ပါသည်)
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရဲ့ စီရင်စုတစ်ခုက သူဌေးလင်မယားမှာ ဆက်ခံသူမထွန်းကားတာကြောင့် လောဘတက်နေတဲ့ဦးလေးရဲ့ ဖိအားပေးမှုကို ခံရတဲ့ သူဌေးဟာ သူ့မိန်းမကို 2 လအတွင်းကိုယ်ဝန်ရအောင်လုပ်ဖို့၊ မလုပ်နိုင်ရင် ထပ်လက်ထပ်မယ်လို့ဖိအားပေးပါတော့တယ်။ သူဌေးကတော်လည်းကြံရာမရတဲ့အဆုံး မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ရာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။
#horror

image
22 w - Translate

ဘယ်အရာ ကိုမှ အလကားမလိုချင်ခဲ့ပါ
ဘယ်အရာမှလည်း အလကားမရခဲ့ပါ။

တစ်ခုခု လိုချင်ရင် ကိုယ်တိုင်ကြိုးစားပင်ပန်းခံပြီးမှ လိုချင်တာ ရလာတဲ့ ဘဝမို့...
ဘယ်သူ့စီကမှ အလကားဆိုတာမျိုးကို မမျော်လင့်ခဲ့မိတာပါ။

#စာတို

22 w - Translate

ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း
(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။
(၂) အကြွေးနဲ့ကင်းအောင်နေပါ။
(၃) လိုအပ်တာထက် ပိုမပြောပါနှင့်။
(၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။
(၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။
(၆) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော် အောင်ထားပါ။
(၇) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်း ကို ရပ်တန့်ပါ။
(၈) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်း ပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။
(၉) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များ နှင့် အလုပ်ရှုပ်ပါစေ။
(၁၀) အချိန်ကိုလေးစားပါ။
(၁၁) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေး မှာ မနေပါနဲ့ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။
(၁၂) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူ ပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။
(၁၃) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည် ချင်းတွေမြင့်တင်ပါ။
(၁၄) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။
(၁၅) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါ နှင့်။
(၁၆) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံ ပါ။
(၁၇) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြား သူ တွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။
(၁၈) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။
Credit

image

ချစ်စရာ ရည်းစာ၊းမရှိ သုံးစရာ ပိုက်ဆံမရှိတော့သည့်အပြင် <br>စော၊၊က်အသားကပါ တစ်နေ့တစ်ခြား ပိုပိုမဲလာနေသောအခါ

22 w - Translate

သိုဝှက်နက်ရှိင်းသောခံစားချက်များ

ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားကခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။

ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကိုမျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။

ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီးအိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်ကအန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။

နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာမွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုးလိုက်ရတဲ့အပြင်သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။

အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက်ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီးမထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....

(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တိုပဲဖြစ်ပါတယ်။)

#storymode

image

ပိုက်ဆံပါရှိမနေသောမိမိ

//