46 w - Translate

65 (2023)
မင်းသား အဒမ်ဒရိုင်ဘာရဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ရုပ်ရှင်ကားအသစ်လာပါပြီ။
- ဇာတ်လမ်းအကျဉ်း -
မေးစ်ဟာ လခစားဝန်ထမ်းတစ်ဦးပါ။ သူ့ရဲ့ အလုပ်ကတော့ အခြားဂြိုလ်တွေကို စူးစမ်းလေ့လာရတာတွေ ရိက္ခာပိုရတာတွေလုပ်တဲ့ အာကာသယာဉ်မှူးပါပဲ။
ပုံမှန်အားဖြင့် နှစ်ပတ် တစ်လ ခရီးတွေကို ထွက်ရတာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်နှစ်တောင်ကြာမယ်ခရီးစဉ်တစ်ခုကြုံလာရပါတယ်။ နှစ်နှစ်ခရီးစဉ်ကိုသွားရတဲ့အကြောင်းကလည်း သူ့ရဲ့သမီးမှာ ရောဂါရှိနေပြီ ဆေးကုသဖို ငွေလိုလို လစာ ၃ ဆလောက်ရမယ့် ဒီခရီးကို လက်ခံလိုက်တာပါ။
ဒါပေမဲ့ လမ်းမှာ ဂြိုလ်သိမ်မွှားအပဲ့တွေနဲ့ တိုက်မိပြီး အမည်မသိတဲ့ဂြိုလ်ပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ ယာဉ်တစ်စီးလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး အိမ်ကိုပြန်နိုင်ဖို အန္တရာယ်တွေကို ကျော်ဖြတ်ရင်းနဲ့ အဲဒီဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းကျန်တာမဟုတ်ကြောင်း သိလိုက်ရတဲ့အခါ……

image
46 w - Translate

#နိုင်ငံတကာသတင်း
◼ ဖိလစ်ပိုင်သမ္မတ‌ဟောင်း ဒူတာတေးအား ICC ဝရမ်းဖြင့်ဖမ်းဆီး
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးအား ယနေ့(မတ် ၁၁ ရက်)တွင် မနီလာမြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သမ္မတသက်တမ်းအတွင်း လူအသေအပျောက်များခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှင့် ဆက်စပ်၍ လူသားမျိုးနွယ်အပေါ် ပြစ်မူကျူးလွန်ခြင်းအတွက် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၇၉ နှစ်အရွယ်ဒူတာတေးသည် လူသားမျိုးနွယ်သတ်ဖြတ်ခြင်းရာဇဝတ်မှု စွဲချက် နှင့် ရင် ဆိုင်ရမည် ဖြစ်ကြောင်း ICC က ပြောသည်။
ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအတွင်း အများအားဖြင့် ဆင်းရဲသားအမျိုးသားများကို ရဲတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့သတင်းပေးများက သတ်ဖြတ်ခဲ့ကြပြီး မကြာခဏဆိုသလို အထောက်အထားလည်း မရှိခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောကြားကြသည်။
ယနေ့ နံနက်အစောပိုင်းတွင် မနီလာအင်တာပိုက ICC ထံမှ ဖမ်းဝရမ်းကို တရားဝင်လက်ခံရရှိခဲ့ကြောင်း နှင့် ယခုအခါ ဒူတာတေးအား ထိန်းသိမ်းထားလိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတနန်းတော် က ထုတ်ပြန်ပြောကြားခဲ့သည်။
သမ္မတဟောင်းနှင့် ၎င်း၏လူများ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အစိုးရဆရာဝန်များက ၎င်းတို့ကို စောင့်ရှောက်မှုပေးခဲ့ကြောင်း သမ္မတရုံးထုတ်ပြန်ချက် က ဆက်လက်ဖော်ပြသည်။
ဟောင်ကောင်သို့ ခရီးတိုသွား‌ရောက်ပြီးနောက် ပြန်လာသော ဒူတာတေးအား မနီလာနိုင်ငံတကာ လေဆိပ်သို့ ပြန်ရောက်ချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်ရောက် ထောင်နှင့်ချီသော ဖိလစ်ပိုင်အလုပ်သမားများအား တနင်္ဂနွေနေ့က စကားပြောကြားရာ၌ ဒူတာတေး က ICC ၏စုံစမ်းစစ်ဆေးမှုများကို ရှုတ်ချလိုက်ကာ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါက အဖမ်းခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေးမှူးကိုလည်း မိန်းမပျက်သားများဟု ၎င်း၏ထုံးစံအတိုင်း ဆဲရေးတိုင်းထွာခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဒူတာတေး၏ညွှန်ကြားချက်အရ ဖိလစ်ပိုင်က ICC အဖွဲ့မှ နုတ်ထွက်ခဲ့သော်လည်း ယင်းမတိုင်မီ ဖြစ်ပေါ်ခဲ့သော သတ်ဖြတ်မှုများနှင့် သမ္မတမဖြစ်မီ တောင်ပိုင်း ဒါဗာအိုမြို့၏ မြို့တော်ဝန်အဖြစ် ကျူးလွန်ခဲ့သော သတ်ဖြတ်မှုများအတွက် ၎င်းတို့တွင် တရားစီရင်ပိုင်ခွင့်ရှိကြောင်း နိုင်ငံတကာတရားရုံး က ပြောကြားသည်။
ဒူတာတေး၏ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် သတ်ဖြတ်မှုများအား ၂၀၂၁ ခုနှစ် တွင် ICC က စတင်စစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်းငံ့ထားခဲ့သည်။
၂၀၂၃ ခုနှစ်တွင်မူ စီရင်ပိုင်ခွင့်မရှိကြောင်း ဖိလစ်ပိုင်၏ ကန့်ကွက်မှုအား ICC တရားသူကြီးငါးဦးပါ အဖွဲ့က ပယ်ချလိုက်ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြန်လည် စတင်ခဲ့သည်။
သို့ရာတွင် ICC နှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း သမ္မတ ဖာဒီနန်မားကို့စ်အစိုးရအဖွဲ့ က အကြိမ်ကြိမ်ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့တွင်မူ နိုင်ငံတကာရဲတပ်ဖွဲ့ ( Interpol ) အဖွဲ့က အစိုးရထံမှ အကူအညီတောင်းလာခဲ့ပါက ကူညီပေးရမည့်တာဝန်ရှိကြောင်း ဖိလစ်ပိုင်သမ္မတရုံး ပြန်ကြားရေးလက်ထောက်အကြီးအကဲ က ပြောကြားခဲ့သည်။
ဒူတာတေးသည် ဖိလစ်ပိုင်နိုင်ငံတွင် လူကြိုက်များနေဆဲ နိုင်ငံ‌ရေးသမားတစ်ယောက်ဖြစ်ကာ ၎င်း၏ သမီးဖြစ်သူ ဆာရာဒူတာတေး က သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာနှင့် မဟာမိတ်ဖွဲ့ပြီးနောက် ဒုတိယသမ္မတနေရာကို ရယူထားသည်။
သို့သော် မကြာသေးမီလများအတွင်း ဒူတာတေးမိသားစု နှင့် သမ္မတ မားကို့စ်ဂျူနီယာကြား မဟာမိတ်ဖွဲ့ထားမှု သိသာစွာ ယိုယွင်းပျက်စီးသွားခဲ့သည်ကို မြင်တွေ့ရသည်။
သတင်း-ရဲမင်း
ကိုးကား-AFP/BBC

image
46 w - Translate

Fire Tattoo

image
46 w - Translate

Fire Tattoo

image
46 w - Translate

Fire Tattoo

image
46 w - Translate

Fire Tattoo

image
46 w - Translate

Fire Tattoo

image
46 w - Translate

Fire Tattoo

image
image
image
image
image
46 w - Translate

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းအတွက် ရေကြောင်း သတိပေးချက် ထုတ်ပြန်
ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း၏ ရေလယ်ပင်မတံတား သံမဏိ ဆိုင်းကြိုးများ တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိနေရာ ဧပြီလအတွက် ရေကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် လက်ရှိ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ဒလဘက်အခြမ်း၌ ဆိုင်းကြိုး (၁၃) နှင့် ရန်ကုန်ဘက်အခြမ်း၌ ဆိုင်းကြိုး (၁၂) တပ်ဆင်ပြီးစီးမည်ဖြစ်၍ ရေလမ်းကင်းလွတ်အကျယ် (၁၃၃) မီတာသာ ကျန်ရှိတော့မည်ဖြစ်သည်ဟု ဆိုသည်။
သံမဏိဆိုင်းကြိုးတပ်ဆင်ခြင်းလုပ်ငန်း ဆိုင်းကြိုး ၁၂/၁၃ မှ ဆိုင်းကြိုး (၂၀) အထိလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း တံတားအောက်မှဖြတ်သန်းခုတ်မောင်းရမည့် ရေယာဉ်ကြီးများ၏ ရေလမ်း ကင်းလွတ်အမြင့်သည် ရေထရက်ရေအမြင့်ဆုံးအချိန် ရေပြင်မှ Form Traveller အောက်ခြေအထိ (၄၀.၈) မီတာရှိပြီး မြေပြင်တိုင်းတာတွေ့ရှိချက်များအရ (၄၃.၁၃) မီတာရှိသောကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ပြီး တံတားအောက်မှ ခုတ်မောင်းဖြတ်သန်းမည့် ရေယာဉ်များ၏ Air Draft သည် (၄၁) မီတာအထိသာ ဖြတ်သန်းခုတ်မောင်းနိုင်မည်ဖြစ်ပြီး လိုအပ်ပါက Round Turn Ari chorage (RTA)တွင် ကျောက်ချရပ်နားပြီး ရေစစ်ချိန်ထိစောင့်ဆိုင်းဖြတ်သန်းခြင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

image
46 w - Translate

ONE PIECE Egghead Arc Anime နောက်လထဲ ပြန်လာတော့မယ်နော် 👀

image