ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတ်ိယအကျော့ရလဒ်

Liverpool 0 : 1 PSG ( Pen 1 : 4 )

* ပရီးမီးယားလိဂ်ရဲ့ တောသားပဲခူးအသင်း ရေနံမာမူတို့နဲ့ အတွေ့မှာ (၁၆) သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပါပြီ။

* ဒမ်ဘီလီရဲ့ ဦးဆောင်ဂိုးနဲ့ အသာရထားတဲ့ ရေနံမာမူတို့ဟာ အိမ်ရှင် တောသားအသင်းရဲ့ ဖိအားပေး တိုက်စစ်ဆင်မှုတွေကို ကြံ့ကြံ့ခံခဲ့ရပြီး နှစ်ဖက် ဂိုးသမားတွေဖြစ်တဲ့ အယ်လီဆန်တဲ့ ဒွန်နာရာမာတို့ရဲ့ လက်စွမ်းပြမှုတွေကြောင့်လည်း ပင်နယ်တီ အဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

* ပင်နယ်တီ ကန်သွင်းရာမှာတော့ လူစားဝင် ဒါဝင်နဲ့ ကာတစ်ဂျုံးတို့ရဲ့ ကန်သွင်းချက်တွေကို ဒွန်နာရာမာ လက်စွမ်းပြခဲ့တာမို့ ရေနံမာမူတို့ ကွာတားအဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

image

ချန်ပီယံလိဂ် ❌
အက်ဖ်အေဖလား ❌

လီဗာပူးလ်အတွက် ဒီရာသီ ဆုဖလားမျှော်လင့်စရာ ပရီးမီးယားလိဂ် နဲ့ ကာရာဘောင်းဖလား တို့ပဲ ကျန်ပါတော့တယ် 👀🏆

image

နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
=======================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေကာ၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image

သင်သိပါသလား 🚨🔴
ဟီးဟီးဟားဟား လုပ်လို့မရတဲ့ အန်ဖီးလ်ကွင်းကြီးအတွင်း လီဗားပူးလ်ဟာ နောက်ဆုံးဥရောပရှုံးထွက်ပြိုင်ပွဲ 7 ပွဲကစားပြီး တစ်ပွဲပဲ အနိုင်ရထားပါတယ် 👀

image

TRANSFER RUMOR 🚨🔵

မန်ချက်စတာစီးတီးအသင်းဟာ ကွင်းလယ်နေရာအတွက် နွေရာသီမှာ ရီးရဲလ်ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

[Sky Germany ]🌗

image

ပီအက်စ်ဂျီအတွက် အိပ်မက်ဆိုးပြန်လာပြီ

image

၂၀၁၉ ခုနှစ်ရဲ့ အခုလိုနေ့မျိုးမှာပေါ့…
ချန်ပီယံလိဂ်မင်းသားကြီး ရော်နယ်ဒိုဟာ ပထမအကျော့မှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့ပေမယ့် ဒုတိယအကျော့မှာ အက်သလက်တီကိုဘက်ကို တစ်ယောက်တည်း ဟက်ထရစ်သွင်းယူပြီး ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီယေဂိုဆီမြွန်နီဟာ အက်သလက်တီကိုအသင်းကို ကိုင်တွယ်စဉ်အတွင်းမှာ ဟက်ထရစ်သွင်းဂိုး ၄ ကြိမ်ခွင့်ပြုခဲ့ကြပါတယ်။ ဟက်ထရစ်သွင်းယူနိုင်ခဲ့သူ ၄ ယောက်ကတော့ …
၁။ စီရော်နယ်ဒို
၂။ စီရော်နယ်ဒို
၃။ စီရော်နယ်ဒို
၄။ စီရော်နယ်ဒို တို့ ဖြစ်ပါတယ်။

image

လျှမ်းလျှမ်းတောက်နေတဲ့ တောင်ပံ ၂ ဖက်အစွမ်းနဲ့ ဘာကာ တို့ ဒီရာသီ ချန်ပီယံလိဂ် ဖလားရယူသွားမလား?
ရာဖင်ညာ က (၄၁) ပွဲကစား (၂၇) ဂိုးသွင်း (၁၉) ဂိုးဖန်တီး
ယာမဲလ် က (၃၇) ပွဲကစား (၁၂) ဂိုးသွင်း (၁၇) ဂိုးဖန်တီး

image

အရမ်းချစ်တယ်မထားခဲ့ဘူးဆိုတာတောင်ယုံသေးတာပဲ


ယူရိုပါလိဂ်ယူပြီး ချန်ပီယံလိဂ်ကစားခွင့်ရအောင် ကြိုးစားမယ့်အာမော်ရင်
---------
"ကျနော်တို့ မှာ နောက်ရာသီအတွက် တိကျတဲ့ ရည်မှန်းချက် တစ်ခုရှိပါတယ်။
ကျနော်တို့ ယူရိုပါလိဂ်ဖလားကနေ ချန်ပီယံလိဂ်ကစားခွင့်ရနိုင်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်ကို ခင်ဗျားတို့တော့ သိမှာမဟုတ်ပါဘူး။
အခုလက်ရှိ ကျနော်တို့ ခက်ခဲနေပေမယ့် ရည်မှန်းချက်ရှိဖို့ နဲ့ အဲ့ ရည်မှန်းချက် ပြည့်အောင် ဘယ်ကစားသမားတွေက ယူပေးမလဲဆိုတာကို သိဖို့ က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်"

image

ပြင်သစ်မြေမှာ နိုင်ပွဲရှာပြီး ကွာတားဖိုင်နယ်တက်သွားတဲ့ ဒေါ့မွန်
-------------------
လိုင်လီ (၁-၂) ဒေါ့မွန် (FT)
နှစ်ကျော့ပေါင်း (၂-၃) နဲ့ ဒေါ့မွန် နောက်တစ်ဆင့်
ကွာတားမှာတော့ ဒေါ့မွန်ဟာ ဘာစီလိုနာ အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

image