30 w - Translate

❛ မင်းတို့ဟာ အချစ်ကို
ကုန်ပစ္စည်းတစ်ခုလောက်သာ
သဘော ထားကြတာပါ အေးမရာ။
အမြတ်ရရင် ပစ္စည်းကို ရောင်းမယ်။
ဒိထက် အမြတ်ရရင် အဲဒီ အမြတ်
ပေးတဲ့လူကို ရောင်းတာပဲ မဟုတ်ဘူးလား။
မှောင်ခိုလုပ်တဲ့နေရာမှာတော့
အောချလောက်ပါတယ်။
ပစ္စည်းတင်မကဘူး၊
အချစ်ကိုတောင် မှောင်ခိုလုပ်ကြတယ် ❜
_ _ _ _ _ _ _ _
လူ့ဘဝကြီးဟာ လှည့်ကွက်တွေ ၊
စဥ်းလဲမှုတွေ ၊ သမာအာဇီဝ နဲ့
တိမ်မည်းတွေလိုအုံ့မှိုင်းနေတဲ့
ခေတ်ရဲ့ဖိနှိပ်မှုတွေ နဲ့အတူ
ရှိရင်းစွဲအားအင်နဲ့ မမျှအောင်
တဝမ်းတခါးအတွက်
ခက်ခဲစွာ ရုန်းကုန်ရှင်သန်နေရခြင်းတွေနဲ့
ဘဝတွေ အစစ ရောပြွမ်းယှက်နွယ်နေတဲ့
ပဥ္စလက်ဆန်ဆန် မာယာဘုံကြီး တစ်ခု
ဖြစ်နေတဲ့အကြောင်း
ဆရာမြရဲ့ဒီစာအုပ်ကိုဖတ်ပြီးတာနဲ့
ပိုသိပိုမြင်ပိုခံစားမိလာမှာပါ ။
× × × × ×
❛ မာယာဘုံ ❜
▫️မြသန်းတင့်▫️

image

David Ayer ရုပ်ရှင် " A Working Man " new poster ထွက်လာတယ်။ မင်းသား Jason Statham ဖြစ်ပြီး ဇာတ်လမ်းက Sylvester Stallone ပါတဲ့။ March 28 ရုံတင်ပါမယ်။

image
30 w - Translate

မြင်းရိုင်းအုပ်ကြီးပြေးဝင်လာသလို
စာဖတ်သူရဲ့ အသိဉာဏ်ထဲ အုံနဲ့ကျင်းနဲ့
ဝင်ရောက်လာမဲ့ 90's ခေတ်အလွန်ရဲ့
ရုပ်ပုံလွှာတွေ ၊ စာရေးဆရာဖြတ်သန်းခဲ့တဲ့
လူငယ်ဘဝမှတ်ဉာဏ် အကန့်တွေကို
တကန့်ပြီးတကန့် မြင်နေရမယ်။
စာရေးဆရာနဲ့ပတ်သတ်ဆက်နွယ်
သိကျွမ်းခဲ့တဲ့
ရန်ကုန် တောနက်ကြီးမှာ ခိုလှုံကြတဲ့
သီချင်းရေးဆရာ / အဆိုတော် /
ကဗျာဆရာ / စာရေးဆရာကနေစလို့
အောက်ခြေဘဝတွေအကြောင်းရောပြွမ်း
နယ်မြို့လေးကရိုးသားမှုတွေ / လူတွေ
ဝါကျင့်ကျင့်မီးရောင်တွေ ၊ ဘုံဆိုင် ၊
မြို့ပြ ၊ မာရှီ ၊ စာအုပ်အဟောင်းတန်း ၊
ကလေးဘဝက ကျေးလက်နယ်မြို့လေး၊
ခေတ်ရဲ့ရိုက်ခတ်မှုတွေ နဲ့
လမ်းထိပ်အုပ်ခုံတွေ
လက်ဖက်ရည်ဆိုင်လေးဆီကနေ
ဘော်ဒါတွေ တစတစပျောက်သွားခဲ့ရတဲ့
သံဆူးကြိုးခွေတွေနဲ့
စစ်စိမ်းရောင်နေ့ရက်တွေ . . .
ဂရင်းဝှစ်တရုတ်တန်းနဲ့
နွေသစ်ကိုင်းတွေမှာထဲက
စာရေးဆရာရဲ့လေအလျင်ကို
ငြိတွယ်ခဲ့ရတော့ ဆရာလွင်မောင်မောင်ရဲ့
❛ သတိရခြင်းများတစိမ့်စိမ့် ❜
အက်ဆေးတပုဒ်စီတိုင်းက
တကြောင်းချင်းအရသာခံဖတ်ရင်း
တစိမ့်စိမ့် မျောစရာတွေပါပဲ ။ ။

image
30 w - Translate

❝ နောက်တော့ ငါတို့တွေ
တကယ့်ဘဝထဲ ခုန်ချရတယ်။
ထမင်း စားဖို့ ဆိုတာဟာ
ဝဋ်ကြွေးလို ဖြစ်လာတယ်။
ပလက်ဖောင်းပေါ်
စာအုပ်ဟောင်းရောင်းမလား၊
လသာဘက်မှာ ထီလှည်း တွန်းမလား၊
ဆေးပစ်မလား၊
တောထဲ သစ်သွားခုတ်မလား၊
မိုင်းရှူးဘက် လစ်မလား၊
အဝေး ပြေး ကားတွေနောက်လိုက်မလား၊
ခေတ်ပျက်ရင် သူဌေးဖြစ်တတ်တယ်ဆိုတာကို
ကိုးကားလို့ နေပူ လေပူကြီးထဲ
ပါမစ်တွေနောက် လိုက်ရင် လိုက်၊
ရိုက်စားဆိုတဲ့ ဝေါဟာရ အလုပ်အကိုင်ထဲ
ဝင်အောင်းရင် ဝင် အောင်း။
သူဌေးတပည့်ရဲ့
တပည့်ရဲ့ တပည့် လုပ်ရင် လုပ်၊
ဒါမှမဟုတ် ယိုးဒယားလိုလို၊
မလေးရှားလိုလိုနဲ့ ဘဝကို
ကိုယ်ယောင်ဖျောက်ရင် ဖျောက်ပေါ့။
ဒီလိုနဲ့
ဆုံနေကျ လက်ဖက်ရည်ဆိုင်တွေဆီကနေ
တစ်ယောက်ပြီး တစ်ယောက် ပျောက်ပြီးရင်း ပျောက်သွားခဲ့လိုက်ကြတာ
အစအနတောင် မတွေ့ကြရတော့ဘူးလေ။
- - သတိရခြင်းများတစိမ့်စိမ့် / မှ

image

GaroSero YouTube မှထုတ်ပြန်ချက်အရ Kim Soo Hyun ဟာ Kim Sae Ron ရဲ့အိမ်မှာ ပန်းကန်ဆေးနေတဲ့ ဓာတ်ပုံကို လူသိရှင်ကြား ပြသခဲ့ပါတယ်။
မတ်လ ၁၆ ၊ ၂၀၂၅
လက်ရှိမှာ Garosero ရဲ့ ထုတ်ပြန်ချက်အရ Kim Soo Hyun ဘက်မှ Kim Sae Ron ရဲ့ဖခင်ထံ ဆက်သွယ်ကာ လာဘ်ထိုးဖို့ ကြိုးစားခဲ့ပေမယ့် Kim Sae Ron ရဲ့ ဖခင်က သူ့ကို နောက်ထပ် ဆက်သွယ်မလာဖို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် Kim Sae Ron မိသားစုက အောက်ပါအချက်လက်တွေကိုတောင်းဆိုလာပါတယ်။
Kim Sae Ron မိသားစု၏ တောင်းဆိုချက်များ:
1. Kim Soo Hyun သည် Kim Sae Ron နှင့် အရွယ်မရောက်သေးစဉ် ချစ်သူဖြစ်ခဲ့ကြောင်း ဝန်ခံပြီး တောင်းပန်ရန် တောင်းဆိုထားပါသည်။၊
2. Gold Medalist မှ နှစ်ပေါင်းများစွာ မီဒီယာထိန်းချုပ်မှုများအတွက် တောင်းပန်ဖို့ တောင်းဆိုထားပါသည်။
3. Kim Sae Ron က Gold Medalist ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး တောင်းပန်ဖို့ တောင်းဆိုပါသည်။
4. Gold Medalist မှ ₩700M KRW ကိုပြန်ဆပ်ရန် အကြောင်းကြားစာနှင့် ပတ်သက်၍ ဝန်ခံပြီး တောင်းပန်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။
5. Lee Jin Ho ကို ဖော်ထုတ်ဖို့ အာရုံစိုက်ရန်အတွက် Kim Soo Hyun ကို ကျွန်ုပ်တို့ ချန်လှပ်ထားခဲ့ကြောင်း ရှင်းလင်းပါသည်။
6. မမှန်ကန်သော စွပ်စွဲချက်များကို ဆန့်ကျင်သည့် အမှန်တရားကို သက်သေပြရန် Kim Soo Hyun ရဲ့ ဓာတ်ပုံများကို ကျွန်တော်တို့ ထုတ်ပြခဲ့ပါသည်။
7. Lee Jin Ho အား တရားစွဲဆိုမှု ပြုလုပ်လျက်ရှိပြီး လူသိရှင်ကြား တောင်းပန်စကား မျှော်လင့်ပါသည်။
8. ကျွန်ုပ်တို့ မိသားစုကို မလေးစားသည့် ဖြစ်ရပ်အတွက် တောင်းပန်ရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။
စတဲ့ ထုတ်ပြန်ချက်တွေနဲ့အတူကြေညာခဲ့ပါတယ်။

image
30 w - Translate

❛ စကြဝဠာတိုက် တသောင်းကို
ရင်ဆိုင်တဲ့အခါ
လူတယောက်ခမျာ
မမြဲခြင်းတရားလည်းဖြစ်ရလေတယ်
ငါတို့ ခြေလှမ်းများမှာ
နောက်လူတွေ
ခရီးရောက်ပါစေ ။ ။
- သုခမိန်လှိုင် -

image
30 w - Translate

❛ ဒီနေ့ ကားသမားက
အသည်းကွဲလာပုံရတယ်
လမ်းတွေချော်တယ်
မှတ်တိုင်တွေ မှားရပ်တယ်
ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏ ပြောနေရတယ်
ဘယ်သူမှလည်း
အပြစ်မပြောကြပါဘူး
ကြည့်ရတာ တစ်ကားလုံးလည်း
အသည်းကွဲလာပုံရတယ် ❜
▪️မြကျေး

image

Nicolas Cage's ပါဝင်ထားတဲ့ Spider-Man Noir ကို အဖြုအမဲနဲ့ ထုတ်ဖွယ်ရှိပါတယ်။ Interview တစ်ခုမှာတော့ မင်းသားက ဖြူမဲရော ကာလာဗားရှင်းပါ ထုတ်ဖို့ရှိကြောင်း ပြောခဲ့ဖူးတယ်။ 👀🕷️

image

‘PERCY JACKSON’ စီးရီး ( Season 3 ) renew ကတော့ Disney+ ကနေ ပြီးစီးသွားပါပြီ။ ( Season 2 ) ကိုတော့ December မှာ ထုတ်လွှင့်သွားမယ်။

image

‘NOVOCAINE’ ရုပ်ရှင် ပြည်တွင်းအဖွင့်မှာ $8.7M ရတယ်ဆိုတော့ budget $18M သုံးထားတဲ့ ဇာတ်ကားတစ်ကားအတွက် မဆိုးဘူးလို့ ပြောရမယ်ထင်တယ်။

image