2 yrs - Translate

SONY ရဲ့ Latest IMX09A တဲ့ .... ကြမ်းတာတော့ကြမ်းတယ် Realtime HDR ရမယ်ဆိုတော့ Portrait ကော Landscape သမားတွေအကြိုက် Sensor Size ကြီးမယ် Noise နည်းပြီး ညဘက်ရိုက်ရင် ပုံထွက်တွေသာမယ် ...
CIPA 4.5 နဲ့လာမယ်ဆိုတော့ OIS ကရှယ်ပဲ VIVO နဲ့ HONOR Flagship ဖုန်းတွေမှာ အရင်မြင်ရဖို့များပါတယ်

image

RECORD 🇵🇹✅

ဘရူနိုဖာနန်ဒက်စ်ဟာ ယူရိုပါလိဂ်မှာ ဂိုး+Assist 42 ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ဒါဟာ ယူရိုပါလိဂ်သမိုင်းတစ်လျှောက် ဂိုး+Assist အများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာလည်းဖြစ်ပါတယ် 🔴

image
2 yrs - Translate

ပထမဆုံး Handheld Xbox Console မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့ Asus
Asus ကတော့ စမတ်ဖုန်းအသစ်ပြန်လည်မိတ်ဆက်လာမယ့်အပြင်ကို ကုမ္ပဏီရဲ့ ပထမဆုံး Handheld Xbox Console ကိုလည်း မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Project Kennan လို့အမည်ပေးထားတဲ့ Handheld Xbox Console က မနှစ်တုန်းက Microsoft ကနေ ထုတ်သွားဖို့ သတင်းတွေထွက်နေခဲ့တာဖြစ်သလို Microsoft Gaming အမှုဆောင်ဒါရိုက်တာကိုယ်တိုင်ကကို အတည်ပြုခဲ့တာပါ။ အခုတော့ Asus နဲ့ icrosoft ပူးပေါင်းပြီး ထုတ်သွားမယ့်ပုံစံပါပဲ။ Project Kennan ဟာဆိုရင် Windows နဲ့ Xbox တို့ပူးပေါင်းမှရဲ့ အဓိကရည်ရွယ်ချက်ဖြစ်လာမှာဖြစ်ပြီး Windows-based DNA ပါရှိသွားမှာပါ။

image
2 yrs - Translate

Tesla ရောင်းအားနှင့်စတော့ရှယ်ယာများထိုးကျ
Elon Musk ကယူကရိန်း၏ စစ်ဆင်ရေးများအတွက် Starlink ဝန်ဆောင်မှုကို အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ရန် SpaceX က ထိန်းချုပ်ထားသည့်ကိစ္စကြောင့်Tesla ​၏တန်ဖိုးများကျဆင်းလာသည်။

Tesla သည် စပိန်တွင် ၇၅.၄% နှင့်ယခုနှစ် ပထမနှစ်လအတွင်း နော်ဝေတွင် 48% ရောင်းအားကျဆင်းခဲ့ပြီး လက်ရှိတွင် Tesla သည်စိန်ခေါ်မှုတစ်ရပ်နှင့်ရင်ဆိုင်နေရသည်။

ကမ္ဘာလုံးဆိုင်ရာ EV စျေးကွက်တွင်လဲ ကိုယ်စီကိုယ်စီရုန်းကန်မှုများနှင့်ရင်ဆိုင်နေရချိန်တွင် CEO Elon Musk ၏ နိုင်ငံရေးအမြင်မှာအများနှင့်မတူညီသည့် အတွက် ဆန့်ကျင်မှုများပိုမိုကြီးထွားလာရခြင်းဖြစ်သည်။ Tesla အရောင်းပြခန်းအပြင်ဘက်တွင် ဆန္ဒပြမှုများနှင့် Musk ၏ဂုဏ်သတင်းကြောင့် ကားဝယ်ယူသူ 60% သည် ချီတုံချတုံဖြစ်နေကြောင်း ဖော်ပြထားသည်။

Tesla ၏စတော့ရှယ်ယာ (TSLA) သည်လည်း $266.999 သို့ကျဆင်းသွားခဲ့ပြီး လွန်ခဲ့သည့်တစ်လက $389.0059 အထိရှိခဲ့သည်ဖြစ်သည်။

image

ဂျိုရှုအာ ဇက်ဇီဟာ ဆိုစီဒက်နဲ့ပွဲအတွင်း

- ကန်သွင်းမှု 4 ကြိမ် (ယူနိုက်တက်ကစားသမားဘဝ အများဆုံး)
- Key Pass အောင်မြင်မှု 3 ကြိမ် (ယူနိုက်တက်ကစားသမားဘဝ အများဆုံး)
- ဘောလုံးယှဉ်လုအောင်မြင်မှု 3 ကြိမ် (ယူနိုက်တက်ကစားသမားဘဝ အများဆုံး)

တွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။ စိတ်ကောက်တာ စိတ်ဆိုးတာတွေမရှိ အဆင်မပြေတာတွေကို ပိုကြိုးစားပြတဲ့ရလဒ်တွေကိုတော့ ဇက်ဇီတစ်ယောက်ရရှိနေခဲ့ပါပြီ။ 🔴🇳🇱

[statmamDave]

image

နေ့စဉ်မိုးလေဝသသတင်း
==============
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
-----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image

အိုဒိုဘတ်ရဲ့ သွင်းဂိုးတွေနဲ့ စပါးတို့ကတော့ ယူရိုပါလိဂ်ခရီးဆက်ခွင့်ရရှိခဲ့ပါပြီ ⚪️

image

ဆိုစီဒက်ကို ဆုံးမပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်နောက်တဆင့်ကိုလည်းတက်ခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်မှာ ရှုံးပွဲလုံးဝမရှိသေးတဲ့တစ်သင်းတည်းသော အသင်းအဖြစ် ဆက်လက်ရပ်တည်နေပါတယ် 🔥🔴
"ဘယ်သူတားလို့မှာလဲ သခင်ကြီးကို"

image
2 yrs - Translate

#၁၉၈၀ခုနှစ်တွေကရန်ဂက်_စ်_တလန်ဆိုတဲ့ကျေးရွာလေးကဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ်။

ဒီကားလေးကောင်း‌တယ်နော်

IMDb 9.1/10ထိရရှိထားတာဆိုတော့ ကောင်းမကောင်း သိပ်ပြောနေစရာ မလိုလောက်ပါဘူး

သာမန်ကြည့်ဖူးနေကျ Talguကားတွေလို Overတွေမပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။

ဇာတ်လမ်းလေးကတော့

ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊

သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူးရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစားခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်

ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာကနှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ
လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူးသူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။

ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။

သူနာမည်က ကူမာရ် ဘာဘူပါကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။

မတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက် ဘယ်လိုတွေ ကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကတော့...

#crd
#storymode

image

image