1 y - Translate

သမာအာဇီဝနဲ့ရှာပြီး ဝယ်ထားတဲ့ အိမ်သစ်လေးကို လပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့တဲ့ မေနွယ်ထွန်း 🥰

ဆွိ လို့ ချစ်စနိုးနဲ့ လူသိများကြတဲ့ မေနွယ်ထွန်းက သူမရဲ့ အိမ်သစ်လေးကို လပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့တာပါ။ ဒီတိုက်ခန်းလေးဟာ သူမကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့ ကြိုးစားရှာဖွေထားတာဖြစ်တယ်လို့ သူမကပြောပါတယ်။ သူမက တပေါင်းလပြည့်နေ့မှာ ပြောင်းရွှေ့ခဲ့ပြီး ဘုရားပန်း၊ ရေချမ်း ၊ ဆွမ်းတွေကပ်လှူပူဇော်ခဲ့ပြီး သူမရဲ့ အိမ်သေးသေးလေးကို ပြခဲ့တာပါ။ နောက်နေ့တွေမှာလည်း ဒီအိမ်အသစ်လေးမှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ဆက်ပေးသွားဦးမယ်လို့ သိရပါတယ်။

image
1 y - Translate

ဘရူနိုရဲ့ ဟက်ထရစ်ဘောလုံးမှ အသင်းဖော်တွေရဲ့ ချစ်ကြင်နာစကားများ ❤️

“ဒိုင်တွေကို မင်းပိုက်ဆံဘယ်လောက်ပေးလိုက်တာလဲ"

"ဘာပဲပြောပြော မင်းပထမပိုင်းတော့ အသုံးမကျပါဘူးကွာ" 😂

image
1 y - Translate

မတ်လ ၁၉ ရက်မှာ မိတ်ဆက်ဖို့ သတင်းထွက်နေတဲ့ Google Pixel 9a
iPhone 16e ရဲ့ပြိုင်ဘက်လို့လည်း ပြောကြတဲ့ Google ရဲ့ Pixel 9a ကလည်း မကြာခင်ရက်ပိုင်းမှာပဲ တွေ့ရတော့မှာပါ။ သူ့ကလည်း compact Budget ဖုန်းဆိုပြီး သတင်းတွေထွက်နေတာပါ။ ဒီဇိုင်းကလည်း အရင် Pixel ဖုန်းတွေထက် ပိုပြီး clear ဖြစ်တယ်။

ထွက်ထားတဲ့ Spec: တွေအရတော့ OLED Display, Tensor G4 Chips, 5100mAh Battery, 23W Charge နဲ့ အရောင်က ၄ ရောင်ရွေးနိုင်မယ်လို့ ဆိုတယ်။ နောက်ပြီး OS Update က ၇ နှစ်တောင်ရမှာပါ။ ခန့်မှန်းဈေးကတော့ ဒေါ်လာ 500 ဝန်းကျင်ပါ။

image
1 y - Translate

WWE အနေနဲ့ ဥရောပအသင်းကြီး 13 သင်းရဲ့ ဒီဇိုင်းပုံစံတွေနဲ့ ချန်ပီယံခါးပတ်တွေထုတ်ခဲ့တဲ့ ပိုစ့်မှာ WWE နပမ်းသမား Drew McIntyre ကတော့ "စပါးအသင်းအတွက် ဒါနှစ်တော်တော်ကြာမှ မြင်ရတဲ့ ချန်ပီယံပဲဖြစ်မယ်" ကောမန့်ခဲ့ပါတယ်

ဖြုတ်ချက် 💀

image
1 y - Translate

မူကြိုကလေးကစပြီး AI အကြောင်း သင်ပေးလာတဲ့ တရုတ်နိုင်ငံ

တရုတ်နိုင်ငံဟာ DeepSeek founder လို လူတော်တွေ သန်းနဲ့ချီ မွေးထုတ်နေပါပြီ။

နိုင်ငံရဲ့မြို့တော် ဘေဂျင်းက မူကြိုနဲ့ မူလတန်းကျောင်းတိုင်းမှာ AI သင်ခန်းစာတွေ ထည့်သင်ပြီး ‌AI ပညာကို မျိုးဆက်သစ်ကလေးတိုင်း တတ်အောင် လုပ်ဆောင်နေတာပါ။

အသက် ၆ နှစ်အရွယ်က စပြီး AI ပညာသင်ပေးမယ့် ဒီစီမံကိန်းက အခုစာသင်နှစ်မှာ စတင်ပါလိမ့်မယ်။ ပညာသင်နှစ်တိုင်းမှာ အနည်းဆုံး AI သင်ခန်းစာ ၈ နာရီ သင်ရမယ်လို့ ပြဌာန်းထားပါတယ်။

image
1 y - Translate

WWE အနေနဲ့ ဥရောပအသင်းကြီး 13 သင်းရဲ့ ဒီဇိုင်းပုံစံတွေနဲ့ ချန်ပီယံခါးပတ်တွေထုတ်ခဲ့တဲ့ ပိုစ့်မှာ WWE နပမ်းသမား Drew McIntyre ကတော့ "စပါးအသင်းအတွက် ဒါနှစ်တော်တော်ကြာမှ မြင်ရတဲ့ ချန်ပီယံပဲဖြစ်မယ်" ကောမန့်ခဲ့ပါတယ်

ဖြုတ်ချက် 💀

image

နေ့စဉ်မိုးလေဝသသတင်း
================
(၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
---------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးဆက်လက်ထစ်ချုန်းရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

image
1 y - Translate

ဂယ်ရီနဗီးလ်🗣️ "အရင်တုန်းက နည်းပြတွေနဲ့ကော အဆက်အသွယ်ရှိသေးလား"

ရွန်းနီ 🗣️ "ဆာဆဲလက်စ်ကတော့ ငါနည်းပြအလုပ်က ပြုတ်လာတိုင်း မက်ဆေ့ချ်လာလာပို့တတ်ပါတယ်

image
1 y - Translate

ချဲလ်ဆီးအသင်းဟာ ကွန်ဒါအတွက် အပိုဆုကြေးပါပြီးသား ယူရို ၅၁ သန်းထိ ပြောင်းရွှေ့ကြေးပေးခဲ့ရပြီး စာချုပ်သက်တမ်းကို 7 နှစ်ထိ ချုပ်ဆိုဖို့ သဘောတူညီနိုင်ခဲ့ပါတယ် 🔵🇵🇹
[Fabrizio]🌕

image
JB Gold is feeling Loved
1 y

image