1 y - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်ရေတပ် အမောင်းသင်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ခုန်ထွက်လွတ်မြောက်
တရုတ်ရေတပ်မှ အမောင်းသင်တိုက်လေယာဉ်တစ်စင်း မတ် ၁၅ ရက် မွန်းလွဲပိုင်းက ဟိုင်နန်ပြည်နယ်၌ ပျက်ကျခဲ့ရာ လေယာဉ်မှူးအနေဖြင့် လေထီးအကူအညီသုံး၍ အသက်ဘေးလွတ်မြောက်ခဲ့ကြောင်း တရုတ်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။
အမောင်းသင်တိုက်လေယာဉ် ပျက်ကျမှုကြောင့်ပျက်ကျရာနေရာတွင်လည်း အထိအခိုက်အပျက်အစီးမရှိခဲ့ကြောင်း တရုတ်ရေတပ်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ အမောင်းသင်တိုက်လေယာဉ်သည် တရုတ်စစ်ဘက်၏ တောင်ပိုင်းဒေသစစ်ဌာနချုပ်မှ အမောင်းသင်တိုက်လေယာဉ်ဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုပြုလုပ်နေစဉ် ဟိုင်နန်ကျွန်းပေါ်ရှိ ကွင်းပြင်တစ်ခုအပေါ်ပျက်ကျခဲ့ရသည်။
အမောင်းသင်တိုက်လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာများ၏ အဆိုအရသိရသည်။
တောင်ပိုင်းဒေသစစ်ဌာနချုပ်သည် တောင်တရုတ်ပင်လယ်ဒေသအပါအဝင် တရုတ်နိုင်ငံ၏ အရေးအကြီးဆုံးနယ်မြေအချို့အတွက် စစ်ရေးအရတာဝန်ယူထားရသောစစ်ဌာနချုပ် ဖြစ်သည်။
တောင်တရုတ်ပင်လယ်ဒေသ ပိုင်ဆိုင်ခွင့်အငြင်းပွားရေပြင်များသည် တရုတ်နှင့်ဖိလစ်ပိုင်တို့အကြား ပင်လယ်ရေကြောင်းထိပ်တိုက်ရင်ဆိုင်မှုများ မကြာခဏဖြစ်ပွားနေသည့်နေရာများ ဖြစ်သည်။
ရိုက်တာ

image
1 y - Translate

CHAMPIONS 🏆⚪️⚫️

image
1 y - Translate

နှစ်ပေါင်း 70 ထိ စောင့်ခဲ့တယ် ❤️🏆

image
1 y - Translate

DeepSeek သူဌေးကြောင့် နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ရွာ
မီလီလင်းဆိုတဲ့ တရုတ်တောင်ပိုင်းက ရွာသေးသေးလေးဟာ မျက်လှည့်ပြလိုက်သလို ရုတ်ချည်း စည်ကားသွားပါတယ်။
တရုတ်ပြည်မြေပုံမှာ ကြည့်လိုက်ရင် တောင်ဘက်အစွန်ဆုံး ပင်လယ်ပြင် မေးတင်နေတဲ့ ဒီရွာလေးက လူဦးရေမှ ၇၀၀ ကျော်လောက်ပဲ ရှိတဲ့ တကယ့်ရွာသေးသေးလေးပါ။ တစ်ရွာလုံးက လူတွေ အသက်မွေးတာကလည်း လူငယ်လူရွယ်ဆို အနီးနားက ရှုးဖိနပ်စက်ရုံတွေမှာ အလုပ်ဝင် ၊ အသက်ကြီးပိုင်းတွေက လယ်ယာလုပ်ကြတာပါ။
စက်မှု မဖွံ့ဖြိုးတဲ့ ဒီတောရွာလေးက ရွာကော်မတီဟာ ငါးကန်ငှားခ တစ်နှစ် ယွမ် ၁၀၀၀၀ ပေါ်မှာပဲ မှီခိုနေရတာလို့ ဆိုပါတယ်။ ပြောရရင် တကယ့်ပီဘိဇနပုဒ်ရွာကလေးပါ။ ဒီလောက် ခေါင်သီတဲ့ ရွာကလေးဟာ ဒီနွေဦးမှာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားပါတယ်။
နွေဦးပွဲတော်ရက်တွေမှာ ရုတ်တရပ်ဆိုသလို ဒီဇနပုဒ်လေးကို တစ်ရက် လူ ၁၀၀၀၀ အလည်အပတ်ရောက်လာလို့ပါ။ လာတဲ့သူတွေကလည်း အစုံပါပဲ။ ကလေးတွေ ခေါ်ပြီး မိသားစုလိုက် လာကြသူတွေ ရှိသလို ကုမ္ပဏီယူနီဖောင်းဝတ်လာကြတဲ့ ဝန်ထမ်းအဖွဲ့တွေလည်း မနည်းပါဘူး။
ဒီလူတွေ မီလီလင်းရွာကို လာအောင် ဆွဲဆောင်နိုင်ခဲ့သူက ကမ္ဘာ့ AI လောကကို ကိုင်လှုပ်သွားတဲ့ DeepSeek တည်ထောင်သူကြောင့်ပါ။ မီလီလင်းက DeepSeek founder လျန်ဝမ်ဖန်းရဲ့ ဇာတိပါ။ ဒီလောက် ချောင်ကျတဲ့ ရွာသေးသေးလေးကနေ ဒီလို အံ့ဖွယ်လူသားတစ်ယောက် ပေါ်ပေါက်လာတာကို ကိုယ်တိုင် မြင်ချင်သူတွေ ၊ ကိုယ့်သားသမီးကို ခေါ်ပြချင်သူတွေကြောင့် ရွာလေးက ချက်ချင်းပဲ လူတိုင်းစိတ်ဝင်စားတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။
AI ကမ္ဘာကို ပြောင်းလဲပစ်နိုင်တဲ့ လျန်ဝမ်ဖန်းကို မူလတန်းပြကျောင်းဆရာမိဘနှစ်ပါးကနေ မွေးပါတယ်။ သူ့မူလတန်းကျောင်းသားဘဝကိုလည်း မီလီလင်းမှာပဲ ဖြတ်သန်းခဲ့တာပါ။ နောက်တော့ ဝူချွမ်းမြို့ အလယ်တန်းကျောင်း ၊ နောက်တော့ ကျဲ့ကျန့်တက္ကသိုလ်ဝင်ခွင့် ရပြီး ထိပ်တန်းအင်ဂျင်နီယာဘွဲ့တွေ ဆက်ယူပါတယ်။
လျန်ဝမ်ဖန်းက ကျောင်းသားကတည်းက AI နဲ့ Quantitive Trading ပိုင်းတွေကို သူငယ်ချင်းတွေနဲ့ စုပြီး လေ့လာစူးစမ်းခဲ့တာပါ။ နောက်ပိုင်းမှာ သင်္ချာနဲ့ AI algorithms တွေကို ရင်းနှီးမြှုပ်နှံရေးနယ်ပယ်တွေမှာ စအသုံးချလာပါတယ်။ ဒီလိုနဲ့ High-Flyer AI ဆိုတဲ့ လုပ်ငန်းကို တည်ထောင်ဖြစ်ပါတယ်။
High-Flyer ကို လုပ်ရင်းနဲ့ AI စီမံကိန်းတွေ စဖို့ Nvidia GPU တွေ ဝယ်စုတော့တာပါပဲ။ ၂၀၂၃ မေလထဲမှာ High-Flyer ဟာ AGI လို့ခေါ်တဲ့ အဆင့်မြင့် AI models ဖွံ့ဖြိုးရေးသွားမယ်လို့ လျန်ဝမ်ဖန်းက စကြေညာပါတယ်။ အဲ့ဒီအချိန်မှာ လျန်ဝမ်ဖန်းဟာ အမေရိကန်အစိုးရရဲ့ တရုတ်အပေါ် chip ကန့်သတ်ချက်မချခင်လေးတင် တန်ဖိုးကြီး Nvidia A100 GPU ၁ သောင်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။
သိပ်မကြာခင်မှာ DeepSeek ကုမ္ပဏီ ပေါ်ပေါက်လာပြီး DeepSeek-R1 မော်ဒယ်ကို ဖြန့်ချိပါတယ်။ ပါရာမီတာ ၆၇၁ ဘီလျံပါတဲ့ open-source reasoning AI model ဟာ Nvidia H800 GPUs ၂၀၄၈ ခု သုံးပြီး ဒေါ်လာ ၅.၆ သန်းပဲ ကုန်ကျစရိတ်ရှိခဲ့တာကြောင့် AI model အတွက် ဒေါ်လာဘီလျံချီ သုံးနေတဲ့ ပြိုင်ဘက်တွေကို ရှော့ခ်ရသွားစေခဲ့ပါတယ်။
DeepSeek က အမေရိကန် iOS App Store ရဲ့ နံပါတ်တစ် free app နေရာက ChatGPT ပါ ဖြုတ်ချခဲ့သလို အမေရိကန်စတော့ဈေးကွက်ကိုလည်း ဒေါ်လာ ၁ ထရီလီယမ်ကျော် ဆုံးရှုံးသွားအောင် ထိုးနှက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ DeepSeek က တရုတ် AI ကုမ္ပဏီတွေရဲ့ အားကျစရာစံပြဖြစ်လာခဲ့သလို DeepSeek founder လည်း ကမ္ဘာကျော်ခဲ့ပါတယ်။
အခုတော့ သူ့ဇာတိ မီလီလင်းရွာလေးပါ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာ ဖြစ်လာခဲ့ပါတယ်။ တချို့ဧည့်သည်တွေဆို အိမ်အပြန်မှာ ဒီရွာက မြေကို ယူတာ ၊ ကျောက်ခဲလေးတွေ အိမ်ယူသွားတာတွေ လုပ်ကြတယ်လို့ ဆိုပါတယ်။ ကြည့်ရတာ လျန်ဝမ်ဖန်းဇာတိကနေ အောင်မြေယူပုံပါပဲ။
လျန်ဝမ်ဖန်းကို အကြောင်းပြုပြီး မီလီလင်းရွာဟာ ခရီးသွားဧည့်လုပ်ငန်းနဲ့ ကြိတ်ကြိတ်တိုး စည်ကားလာသလို ရွာ ဖွံ့ဖြိုးစည်ပင်ရေးစီမံကိန်းတွေ စဖို့အတွက်လည်း အာဏာပိုင်တွေက ရန်ပုံငွေချဖို့ ပြင်နေပါတယ်။ မကြာခင်မှာ မီလီလင်းဟာ ခမ်းနားသပ်ရပ်ပြီး တိုးတက်သာယာတဲ့ နေချင့်စဖွယ်ရွာလေး ဖြစ်လာတော့မှာပါ။
ရွာသူရွာသားတွေကတော့ သူတို့ဘဝကို ပြောင်းလဲပေးလိုက်တဲ့ ဝမ်ဖန်းကို ကျေးဇူးတင်နေကြသလို သူ့အောင်မြင်မှုကို အတုယူပြီး ထူးချွန်ကျောင်းသားတွေကို မြေတောင်မြှောက်ပေးကြဖို့လည်း လုပ်ဆောင်နေကြပါတယ်။

image
1 y - Translate

⏱️ 𝗙𝗨𝗟𝗟 𝗧𝗜𝗠𝗘:🔴 Liverpool 1-2 Newcastle 🏁
ကာဆယ်က အသင်းကြီးဆိုရင် ကြောက်နေရတယ်ဆိုတဲ့ စကားကပဲ မှားသလား ၊ ပဲခူးအသင်းကပဲ အသင်းကြီး ဟုတ်မနေတာလားကတော့ စဉ်းစားစရာပါ။ အားလုံးကလည်း ချန်ပီယံလိဂ်က လောလောလတ်လတ် ထွက်ခဲ့ရတဲ့ လီဗာပူးလ်တို့ ဒီနေ့ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီး ဖလားယူမယ်ထင်ခဲ့ကြပေမယ့် တကယ်ပွဲထဲမှာတော့ နယူးကာဆယ်က တကယ်ကိုအစစအရာရာသာနေခဲ့ပါတယ်။ အာနိုးလ်မပါနိုင်တဲ့ လီဗာပူးလ်မှာ အဖြန့်အကြတ်တွေ အကုန်လုံးနီးပါးကို မက်အလစ္စတာကပဲ ပြုလုပ်နေခဲ့ရပြီး ဒါကိုကာဆယ်က ထိန်းချုပ်သွားချိန်မှာ လီဗာပူးလ်တစ်သင်းလုံးဘာမှကိုမလုပ်ပြနိုင်ခဲ့တော့ပါဘူး။ သွင်းဂိုးတွေပေးပြီးမှ လီဗာပူးလ်ရဲ့ ကစားအားကြောင့် ချီယေဆာဂိုးထပ်ရပေမယ့် ဒန်ဘန်း ၊ အီဆက် တို့ရဲ့ သွင်းဂိုးတွေကို မီဖို့ နောက်ကျသွားခဲ့ကာ နယူးကာဆယ် အသင်းအတွက် နှစ်ပေါင်းများစွာ လိုအပ်နေတဲ့ ပြည်တွင်းဆုဖလားအောင်မြင်မှုကို တဖန် ပြန်လည်ယူဆောင်နိုင်ခဲ့ပါတယ်။

image

နမော တဿ ဘဂဝတော အရဟတော သမ္မာ သံဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာသံဗုဒ္ဓဿ
နမောတဿ ဘဂဝတော အရဟတော သမ္မာ သံဗုဒ္ဓဿ🙏🙏🙏
ဗုဒ်ဓံသရဏံ ဂစ်ဆာမိ
ဓမ်မံသရဏံ ဂစ်ဆမိ
သံဃံသရဏံ ဂစ်ဆှာမိ🙏🙏🙏
ဒုတိယံမိ ဗုဒ်ဓံသရဏံ ဂစ်ဆာမိ
ဒုတိယံမိ ဓမ်မံသရဏံ ဂစ်ဆာမိ
ဒုတိယံမိ သံဃံသရဏံ ဂစ်ဆာမိ🙏🙏🙏
တတိယံမိ ဗုဒ်ဓံသရဏံ ဂစ်ဆာမိ
တတိယံမိ ဓမ်မံသရဏံ ဂစ်ဆာမိ
တတိယံမိ သံဃံသရဏံ ဂစ်ဆာမိ🙏🙏🙏
လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ

image

🙏🙏🙏
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော
မင်္ဂလာနံနက်ခင်ပါ
သာသနာနှစ် ၂၅၆၈ ခု
မြန်မာ သက္ကရဇ် ၁၃၈၆ ခု
တပေါင်း လပြည့်ကျော် * ၄ * ရက်နေ့
* 17 * 3 * 2025 ခု
တနင်္လာ နေ့ မင်္ဂလာနံနက်ခင်
🙏 🙏🏼🙏🏼
🙏🙏🙏အနုမတဂ္ဂ သံသရာမှ စ၍ ယခုဘဝဤအချိန်ကျအောင် ကျွန်ပ်ပြုလုပ်သော ဒါန ကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်။ ကုသိုလ် အစုစု၏ အဖို့ ဘာဂတို့ကို မေတ္တာပို၍ အမျှပေး
ဝေပါ၏။ ကျွန်ပ်နှင့်ထပ်တူထပ်မျှ အမျှရ၍လှိုက်လှဲစွာ သာဓုအနု မောဒနခေါ်ဆိုတော်မူကြပါကုန်လော့။ ( ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု )၃🙏🙏🙏
အမျှရ ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ စိတ်ဓတ်အစဉ်ကြည်လင်သန်းရှင်ကိုယ်တရားတွေရကြပါစေ မြင့်မြတ်သောဆန္ဒ‌ေတွပြီးစီအောင်မြင့်ကြပါစေ။ သူတော်ကောင်းတို့ပို့သသော မေတ္တာနင့်‌‌ေဝ‌ေသာ‌ေကာင်းမူကုသုိလ်တို့လည်ကျွန်ပ်ဝမ်း‌ေမြာက်နု‌ေမာ် သာဓု‌ေခါ်ဆိုပါ၏ ပို့သမေတ္တာများကိုခံယူပါ၏။🙏🙏🙏

image
1 y - Translate

ခိုင်နှင်းဝေရဲ့ အလျှူမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ အနုပညာရှင်များ

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရွှေ့ပြောင်းအလုပ်သမားများအတွက်အလုပ်ပါမစ်အား မတ် ၃ဝ နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ထိုင်းအစိုးရသတိပေး
ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ပါမစ်အား မတ် ၃ဝ ရက်နောက်ဆုံးထားရယူရန် အလုပ်ရှင်များသို့ ထိုင်းအစိုးရက သတိပေးထားကြောင်းထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းအစိုးရက မှတ်ပုံတင်ထားသော်လည်းလိုအပ်သည့် စာရွက်စာတမ်းများမရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်ရှင်များအနေဖြင့် မတ် ၃ဝ ရက် နောက်ဆုံးထားကာ အလုပ်ပါမစ်ရယူရန် သတိပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်သမားစာရင်းတင်ထားသည့် အလုပ်ရှင်များအနေဖြင့်မတ် ၃ဝ ရက်အမီ အလုပ်ပါမစ်လျှောက်ထားရမည်ဖြစ်ပြီး ထိုင်းအလုပ်ရှင်များအနေဖြင့် ကျန်းမာရေးကောင်းကြောင်းအထောက်အထား၊ ကျန်းမာရေးအာမခံနှင့် လူမှုဖူလုံရေးစာရွက်စာတမ်းအပြင် ဘတ် ၁ဝဝဝ ကို ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလ ကျော်လွန်သွားပါက အလုပ်သမားများအား တရားမဝင်အလုပ်သမားများအဖြစ် သတ်မှတ်ပြီးဘတ် ၅ဝဝဝ မှ ဘတ် ၅ဝဝဝဝ အထိ ဒဏ်ငွေရိုက်ခံရနိုင်ကာ မိခင်နိုင်ငံသို့ ပြန်ပို့ခံရနိုင်သည့်အပြင် ထိုင်းတွင် အလုပ်လုပ်ခွင့်နှစ်နှစ်ပိတ်ခံရနိုင်ကြောင်း သိရသည်။

image
1 y - Translate

AirPods တွေက ပိုအသုံးဝင်လာဦးမှာပဲ 👀
.
Apple ကနေ လာမယ့် iOS 19 Software Update နဲ့အတူ လက်ရှိထွက်ပြီးသား AirPods တွေအတွက် Feature Update တစ်ခုကို ထည့်ပေးမယ်ဆိုပြီး Bloomberg Media က Mark Gurman က ပြောလိုက်တယ်၊ ဒါက ဘာ Feature လဲဆိုတော့ Live Translation ဆိုတဲ့ Feature ပါ။​
ဒီ Live Translation Feature က ပြောရရင် Earbuds တွေမှာ အသစ်အဆန်းတော့မဟုတ်နေဘူး၊ ဟိုးအရင် Pixels Buds တွေထဲဲက Google Translate App ကို သုံးပြီး Earbuds ကနေ Live Translation Feature ကို သုံးနိုင်တာ တော်တော်ကြာပြီ။ ရတဲ့ ဘာသာစကား Limit ရှိပေမယ့် တစ်ဖက်လူက တခြားဘာသာစကားတွေနဲ့ပြောတာကို Earbuds ကနေ ချက်ချင်း ဘာသာပြန်ပေးနိုင်တာဆိုတော့ ခရီးသွားနေတဲ့အချိန်မှာ အသုံးဝင်တဲ့ Feature လို့ ပြောလို့ရတယ်။
ဒါကို Apple ကနေ လက်ရှိ AirPods တွေအတွက် Update ထုတ်ပေးမယ်ဆိုတော့ ဖြစ်နိုင်တာက Hearing Aids လိုမျိုးပဲ​ AirPods Pro 2 ကတော့ ရမှာသေချာလောက်တယ်၊ ကျန်တဲ့ AirPods 4 လည်း ရနိုင်လောက်မယ်။ အရှေ့က Generation တွေ ရမရကတော့ မသေချာလောက်ဘူး။
ဒါပေမယ့် Google တုန်းက Pixel Buds မှာ Live Translation ကို သုံးနိုင်ဖို့အတွက် ကိုယ်ပိုင် Google Translate App ကို မှီခိုပြီး အသုံးချသွားပေမယ့် Apple ကြတော့ ဒီ Live Translation Feature အတွက် Translate App ကိုပဲ သုံးမလား၊ Apple Intelligence တို့၊ Siri တို့ကိုပဲ သုံးမလားတော့ မသိရသေးပါဘူး... Apple Services တွေအစား ChatGPT တို့၊ သတင်းထွက်နေသလို Google Gemini နဲ့ ပေါင်းလိုက်ပြီး Gemini Live လိုမျိုးကို မှီခိုလို့ရရင် တော်တော်မိုက်မယ်။​
ဘာပဲဖြစ်ဖြစ် AirPods တွေက Sound Quality ထက် တခြား Feature တွေက ပိုမက်စရာကောင်းနေပြီ

image