16 w - Translate

ဥရောပမှာအသက်ရှူပိုကျပ်လာတဲ့ Tesla
Tesla ဟာလက်ရှိအချိန်မှာအဘက်ဘက်မှထိုးနှက်တိုက်ခိုက်တာခံနေရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီး မနေ့တစ်နေ့ကမှ Donald Trump က Tesla တစ်စီးဝယ်ယူကာ Tesla ကိုပြည်လည်ဦးမော့စေရန်ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်မှာမိခင်နိုင်ငံဖြစ်သော US တွင်သာမက ဥရောပတွင်ပါတစ်နိုင်ငံပြီးတစ်နိုင်ငံ အနှုတ်လက္ခဏာဘက်သို့သာဦးတည်နေသည်။

ယခုတစ်ခါ ဂျာမန်လူမျိုး 100,000 ကို စစ်တမ်းကောက်ယူခဲ့ရာ 94% သည် Tesla ကို မ၀ယ်တော့ကြောင်း နှင့် Tesla သည်ဂျာမနီတွင် ကြီးမားသော ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်နေရသည်။ EV ရောင်းအား 27% တက်လာသော်လည်း Tesla ၏ရောင်းအားသည် 2024 ခုနှစ်တွင် 41% ကျဆင်းသွားပြီး 2025 ခုနှစ် ပထမနှစ်လတွင် 70% ကျဆင်းသွားသည်။

Tesla ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လက်ယာစွန်း AfD ပါတီကို ထောက်ခံခြင်း အပါအဝင် Elon Musk ၏ အငြင်းပွားဖွယ် နိုင်ငံရေးလှုပ်ရှားမှုများကြောင့်ဟုကျွမ်းကျင်သူများက​ပြောဆိုလာကြပါသည်။လာမည့် update Model Y သည်ပင် မျက်နှာငယ်ရမည့်အခြေအနေနှင့်ရင်ဆိုင်ရမည့်အနေအထားဖြစ်နေပါသည်။

image
//