1 y - Translate

င်္ဂလန်အတွက် ရွေးချယ်ခံရပြီး ၃ရက်အကြာမှာပဲ ဒန်ဘန်းကတော့ ရော့ကတ်ခေါင်းတိုက်ချက်နဲ့ ဂိုးသွင်းပြလိုက်ပါတယ်။ ကာရာဘောင်ဗိုလ်လုပွဲမှာ နယူးကာဆယ်အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ထောင့်ကန်ဘောကနေ သူ ခေါင်းတက်တိုက်ခဲ့တာပါ။ အသက် ၃၂ နှစ်ရောက်မှ လက်ရွေးစင်အတွက် ပထမဆုံးကစားပေးရတော့မယ့် ဒန်ဘန်းဟာ ငှက်ကျားတွေနဲ့အတူ ဆုဖလားပါ ရယူနိုင်ခဲ့ပါပြီ။
ငယ်ငယ်က တိုက်စစ်မှူးအဖြစ်နဲ့ ကစားခဲ့ပြီး အဆင်မပြေခဲ့လို့ နယူးကကာဆယ်အကယ်ဒမီက သူ့ကို စာချုပ်ဖျက်သိမ်းခဲ့တယ်။ ဗဟိုခံစစ်ကသာ သူ့အတွက်နေရာမှန်လို့ သိခဲ့ပြီးနောက် နေရာပြောင်းကစားခဲ့တဲ့ ဒန်ဘန်းဟာ မထင်မရှားကစားသမားအဖြစ်နဲ့သာ အချိန်အများစုကို ကုန်ဆုံးခဲ့ရပါတယ်။
နယူးကာဆယ်ဆီ တကျော့ပြန်ရောက်လာပြီးနောက်မှာ ပရိသတ်အသိအမှတ်ပြုမှုကို သူ ရခဲ့ပြီး အခုတော့ အရေးပါတဲ့ ကစားသမားအဖြစ်နဲ့ ဆုဖလားတလုံးပါ ရယူနိုင်ခဲ့ပါတယ်။ ကာဆယ်တို့ ဆော်ဒီပိုင်ရှင်လက်အောက် ပထမဆုံးအောင်မြင်မှုဖြစ်ပြီး နှစ်ပေါင်းများစွာ အောင်မြင်မှုနဲ့ ဝေးကွာနေတာကိုပါ အဆုံးသတ်နိုင်ခဲ့ပါပြီ။

image
1 y - Translate

AI ပြိုင်ပွဲမှာ Apple ဘာလို့နောက်ကျနေခဲ့တာလဲ
တစ်ခုခုဆိုရင် အရင်ဆုံး၊ အဦးဆုံး ကျနော်တို့သုံးနေတဲ့ဖုန်းတွေကိုလည်း ဒီနေ့ဒီချိိန်မှာ ဒီလိုပုံစံတွေဖြစ်လာအောင် ဦးဆောင်ခဲ့တဲ့ Apple ဘာဖြစ်လို့ AI ပြိုင်ပွဲမှာတော့ နောက်ကျနေခဲ့တာလဲ။ Siri ကဘာလို့ဒီလောက်ထိ ကျန်နေခဲ့ရတာလဲ?

တစ်ကယ်တော့ တစ်ခုခုဆိုရင် Leading ကုမ္ပဏီတစ်ခုဖြစ်ဖို့အရေး Apple လည်းကြိုးစားနေခဲ့တယ်လို့ ပြောနိုင်ပါတယ်။ AI တွေအကြီးအကျယ်ခေတ်စားမလာခင် ၂၀၂၁ လောက်ထိ Apple အနေနဲ့ EV တွေထုတ်ဖို့အတွက် ပိုက်ဆံတွေအကြီးအကျယ် သုံးပြီး Research & Development လုပ်နေခဲ့တာပါ။ ဒီကြားထဲမှာ ကုမ္ပဏီက Apple Car နဲ့ပတ်သက်လို့ ဒေတာတွေ ခိုးခံလိုက်ရတဲ့ကိစ္စကိုလည်း ဖြေရှင်းနေခဲ့တာ သတင်းတွေထဲမှာ မကြာမကြာကြားနေရပါသေးတယ်။
Tim Cook ကသူတို့ရဲ့ AI ပြိုင်ပွဲမှာနောက်ကျနေရတဲ့ အကြောင်းအပေါ်ကို "ကျွန်တော်တို့အနေနဲ့ ဒီကိစ္စမှာတော့ ပထမဆုံးဖြစ်ဖို့ထက် အကောင်းဆုံးဖြစ်ဖို့ကို ပိုလိုလားပါတယ်" ဆိုတဲ့စကားမျိုးပြောခဲ့ပါသေးတယ်။

Siri ရဲ့နောက်ပိုင်းမှာ Google Assistant နဲ့ပြိုင်လိုက်ရင် စွမ်းရည်နိမ့်ကျနေတာတွေ၊ Search Engine သာသာလောက်ပဲ အလုပ်လုပ်နိုင်တာတွေ၊ iPhone ကိုတောင် Function အပြည့်အဝ ခိုင်းလို့မရပဲ ၈၀ရာခိုင်နှုန်းလောက်ပဲ ထိန်းနိုင်တာတွေကြောင့် Siri ကို Alarm ပေးဖို့ Lumos လို့ခေါ်ပြီး Flash ထွန်းဖို့လောက်ပဲ သုံးကြတာများမယ်လို့ထင်ပါတယ်။

ဒီလိုဖြစ်လာပြီးတဲ့နောက် ၂၀၂၂ နောက်ပိုင်း AI တွေအကြီးအကျယ် ခေတ်စားလာပြီး ကိုတင်ကွပ်တို့ ဒီပြိုင်ပွဲထဲမဝင်ရင် နောက်ကျတော့မယ်ဆိုတာ သိသွားတဲ့နောက်မှာတော့ ဒေါ်လာ ဘီလီယံနဲ့ချီပြီးသုံးခဲ့တဲ့ Apple Car Project ကြီး ဖျက်သိမ်းခဲ့ပြီး Apple ဖုန်းတွေကိုလည်း ChatGPT နဲ့ ပူးတွဲထုတ်ခဲ့ရတဲ့ အနေအထားဖြစ်သွားခဲ့ပါတယ်။

EV ကားမှာထင်သလိုဖြစ်မလာတာတွေ၊ iPhone မှာရှိပြီးသား Siri ကို တစ်ခြားကုမ္ပဏီကြီးတွေနဲ့အပြိုင် တိုးတက်လာအောင် မလုပ်နိုင်တာတွေကြောင့် AI ပြိုင်ပွဲမှာ တစ်ဖြည်းဖြည်းနောက်ကျလာရာကနေ နောက်ဆုံးမှာတော့ ဝုန်းခနဲ ChatGPT ပေါ်လာတဲ့အခါမှာတော့ Apple အနေနဲ့ တစ်ခြားအကူအညီတွေ ယူရတဲ့အခြေအနေကို ရောက်သွားပါတော့တယ်။

image
1 y - Translate

“ဟေဗန်ရဲ့ ဒဏ်ရာကတော့ စစ်ဆေးမှုတွေလုပ်ပြီးမှ အတိမ်အနက်သိရမှာပါ။ သူက အာဆင်နယ်နဲ့ပွဲကော ၊ ဆိုစီဒက် နဲ့ပွဲကော အကောင်းဆုံးကစားခဲ့လို့ ဒီနေ့ပွဲမှာတော့ သူ့ကို ခပ်ဖြေးဖြေးပဲ ကစားစေချင်ခဲ့တာပါ။ ဒါပေမယ့် သူက တော်တော်လေး အားစိုက်ကစားတော့ ဒီလိုဒဏ်ရာတွေဖြစ်ခဲ့ရတာပါပဲ။” 🔴

🗣️ရူဘင်အမော်ရင်

image
1 y - Translate

ဥရောပမှာအသက်ရှူပိုကျပ်လာတဲ့ Tesla
Tesla ဟာလက်ရှိအချိန်မှာအဘက်ဘက်မှထိုးနှက်တိုက်ခိုက်တာခံနေရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပြီး မနေ့တစ်နေ့ကမှ Donald Trump က Tesla တစ်စီးဝယ်ယူကာ Tesla ကိုပြည်လည်ဦးမော့စေရန်ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်မှာမိခင်နိုင်ငံဖြစ်သော US တွင်သာမက ဥရောပတွင်ပါတစ်နိုင်ငံပြီးတစ်နိုင်ငံ အနှုတ်လက္ခဏာဘက်သို့သာဦးတည်နေသည်။

ယခုတစ်ခါ ဂျာမန်လူမျိုး 100,000 ကို စစ်တမ်းကောက်ယူခဲ့ရာ 94% သည် Tesla ကို မ၀ယ်တော့ကြောင်း နှင့် Tesla သည်ဂျာမနီတွင် ကြီးမားသော ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်နေရသည်။ EV ရောင်းအား 27% တက်လာသော်လည်း Tesla ၏ရောင်းအားသည် 2024 ခုနှစ်တွင် 41% ကျဆင်းသွားပြီး 2025 ခုနှစ် ပထမနှစ်လတွင် 70% ကျဆင်းသွားသည်။

Tesla ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လက်ယာစွန်း AfD ပါတီကို ထောက်ခံခြင်း အပါအဝင် Elon Musk ၏ အငြင်းပွားဖွယ် နိုင်ငံရေးလှုပ်ရှားမှုများကြောင့်ဟုကျွမ်းကျင်သူများက​ပြောဆိုလာကြပါသည်။လာမည့် update Model Y သည်ပင် မျက်နှာငယ်ရမည့်အခြေအနေနှင့်ရင်ဆိုင်ရမည့်အနေအထားဖြစ်နေပါသည်။

image
1 y - Translate

⏱️ 1,530 မိနစ်
⚽️ 10 ဂိုး
🅰️ 5 assists
📊 102 မိနစ် တိုင်း ဂိုးသွင်း (ဒါမှမဟုတ်) ဂိုးဖန်တီး

Bruno 2025 Version ကတော့ တကယ်ကို On Fire ဖြစ်နေပါတယ် 🔥

image
1 y - Translate

Mobile AI ကွန်ရက်ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းခဲဲ့တဲ့ Samsung နဲ့ Nvidia
Samsung ကနေ AI-RAN (Artificial Intelligence in Radio Access Networks) နည်းပညာများကို မြှင့်တင်ရန်အတွက် Nvidia နှင့် ပူးပေါင်းမှုတစ်ခုကို ကြေညာခဲ့ပါတယ်။ ပူးပေါင်းမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ Nvidia ရဲ့ စွမ်းဆောင်ရည်မြင့် Computing platform များနှင့် Samsung ရဲ့ virtualized ဖြေရှင်းနည်းများကို ပေါင်းစပ်ပြီး Mobile Network အတွက် ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ထိရောက်မှုကို မြှင့်တင်ဖို့အတွက်ဖြစ်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ RANs (Radio Access Networks) ဆိုတာကတော့ စမတ်ဖုန်းများချိတ်ဆက်နိုင်တဲ့ ကွန်ရက်တစ်မျိုး (ဥပမာ - 5G Network) ပါ။ Nvidia ရဲ့ Grace CPU / GPU-based AI တွေကို Samsung ရဲ့ virtual network နဲ့ ပေါင်းစပ်ပြီး လူဦးရေထူထပ်တဲ့ မြို့ပြတွေ ဒါမှမဟုတ် ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေမှာ မိုဘိုင်းကွန်ရက်ကောင်းကောင်းရနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။
ဒီပူးပေါင်းမှုအတွက် Samsung Electronics ရဲ့ ဒုတိယဥက္ကဋ္ဌ June Moon နဲ့ NVIDIA Senior Vice President Ronnie Vasishta တို့က AI နည်းပညာဟာ လက်ရှိနယ်ပယ်တိုင်းကို အကောင်းဆုံးဖြစ်အောင်လို့ ပြောင်းလဲပေးနေတာမို့ အခုလိုမျိုး မိုဘိုင်းကွန်ရက်နဲ့ပတ်သက်ပြီးလည်း AI နည်းပညာဟာ အကောင်းဆုံးပံ့ပိုးပေးနိုင်မဘယ်လို့ မျှော်လင့်ပါတယ်လို့ ဆိုထားပါတယ်။

နောက်ပြီး AI-RAN ဟာ ကွန်ရက်အသုံးပြုမှု၊ ထိရောက်မှုနဲ့ စွမ်းဆောင်ရည်တို့မှာ ပြောင်းလဲမှုဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်တဲ့ အရေးကြီးဆုံး နည်းပညာတစ်ခုဖြစ်ပြီး မျိုးဆက်သစ် AI ဝန်ဆောင်မှုများကို ဖန်တီးပေးနိုင်မယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

image
1 y - Translate

A doctor who was arriving in the United States to teach medicine was detained at Boston's Logan International Airport on March 13, according to legal documents.
Dr. Rasha Alawieh had a valid H1B visa, or work visa, that had been issued on March 11. A Lebanese citizen, she was employed by Brown University as an assistant professor of medicine.
Also according to the legal documents, DHS officials gave no reason for her detention.

https://abcnews.go.com/US/dhs-....detains-lebanese-doc

image

လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထများ
အသက်ကြီးလာတာနဲ့အမျှ လည်ပင်းကျီးပေါင်းရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ နေထိုင်မှုပုံစံပြောင်းလဲလာတာကြောင့် လူငယ်တွေမှာပါ ဖြစ်လာပါပြီ။ ဒါကြောင့် လူငယ်တွေမှာ လည် ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေက ဘာတွေဖြစ်မလဲ ဆိုတာကို သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

လည်ပင်းကျီးပေါင်း ဆိုတာ

လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာက အသက် အရွယ်ရလာတာကြောင့် ဇက်ကြော တလျှောက်မှာရှိတဲ့ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေ စုတ်ပြဲလာတာကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။

တစ်ခါတလေမှာ ကျီးပေါင်းတက်တာက ကျောရိုးဆစ်ကြားထဲက အဆစ်ပြားလေးတွေမှာ ရေဓာတ်နည်းတာကြောင့် ဖြစ်နိုင်သလို အဆစ်ပြားကျွံတာ၊ အရိုးအတက်ထွက်တာ၊ ဘေးနားက အရွတ်တွေ တောင့် တင်းလာတာကြောင့်လည်း ဖြစ်လာပါတယ်။

အရိုးကျီးပေါင်းဖြစ်တာဟာ အရိုးအဆစ်ရောင်တာရဲ့ အစပျိုးလက္ခဏာ ဖြစ်နိုင်သလို အရိုးအစွန်းတွေကြားမှာ အုပ်ထားတဲ့ အရိုးနု အစွပ်လေးတွေ ပျက်စီးလာတာကြောင့်လည်း ဖြစ်ပါတယ်။

လည်ပင်းကျီးပေါင်း ဖြစ်တာက တော်တော်လေး အဖြစ်များပြီး အသက် ၄၀ နောက်ပိုင်းအရွယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အသက် ကြီးလာလေလေ ပိုဆိုးလာလေလေ ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အထက် ဘိုးဘိုးဘွားဘွား အယောက် ၁၀၀ မှာ ၈၅ ဦးလောက်က လည်ပင်းကျီးပေါင်းကို ခံစားကြရပါတယ်။ နောက်ပိုင်းမှာတော့ လူငယ်တွေမှာလည်း တွေ့လာရပါပြီ။

လည်ပင်းကျီးပေါင်းက တော်တော်များများမှာ လက္ခဏာ မပြဘဲ ရှိနေတတ်ပါတယ်။ ဒီတော့ ဖြစ်နိုင် ခြေကို လျှော့ချဖို့အတွက် လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထတွေကို သိထားဖို့လိုအပ်ပါတယ်။

လည်ပင်းကျီးပေါင်းဖြစ်စေနိုင်တဲ့ အလေ့အထများ

တစ်နေ့တာမှာ ကိုယ်တိုင်တောင် မသိဘဲ လုပ်လိုက်မိတဲ့ ဒီအလေ့အထတွေက လည်ပင်းကျီး ပေါင်း တက်တာကို ဖြစ်စေနိုင်တာမို့ သတိထားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်နေဟန်ထား မမှန်တာ ။ အထူးသဖြင့် ဦးခေါင်းနဲ့ လည်ပင်းက အနေအထား မမှန်တာ၊ ဇက်ကို အသုံးပြုပြီး အလေးအပင်မတာ၊ လှုပ် ရှားမှု တစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်တာ (ဥပမာ ခေါင်းမော့တာ၊ ခေါင်းငုံ့တာ) စတာတွေကြောင့် လည်ပင်းကျီးပေါင်း ဖြစ်တတ်ပါတယ်။

၂။ ဗီတာမင် လုံလောက်အောင် မရတာ ။ တစ်နေ့တာမှာ အစားတွေတော့ စားနေပါရဲ့။ စားတဲ့ အစား အစာတွေထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကတော့ လုံလောက်အောင် မပါဘူးဆိုရင်လည်း ကျီးပေါင်း ဖြစ်စေနိုင်ပါသတဲ့။ အထူးသဖြင့် ဗီတာမင် D နဲ့ ဗီတာမင် B12 လုံလောက်စွာ မရရှိခြင်းက အရိုးတွေကို ပျက်စီးစေပြီး ပြန်လည်ပြုပြင်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

၃။ သတ္တုဓာတ်တွေ လုံလုံလောက်လောက် မရတာ ။ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ သတ္တု ဓာတ်တွေ ဖြစ်ကြတဲ့ ကယ်လ်ဆီယမ် နဲ့ ပရိုတင်းတွေ ပြည့်ဝအောင် မစားဘဲ အသင့်စား အစား အစာတွေ၊ အမြန်စား အစား အစာတွေကို စားတာက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကို ကျဆင်းစေနိုင်သလို ပရိုတင်း လုံ လောက်အောင် ရရှိမှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၄။ ကိုယ်လက်လှုပ်ရှားမှု နည်းတာ ။ အလုပ်ထဲမှာလည်း တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတယ်။ အိမ်ရောက်တော့လည်း ပင်ပန်းလို့ဆိုပြီး လှုပ်ရှားမှု မလုပ်ဘဲ ထိုင်နားရင်းနဲ့ အိပ်ရာဝင်တယ်ဆိုရင်တော့ ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်သလို အရိုးတွေလည်း ပျက်စီးလာမှာပါ။ ဒါ့ပြင် အဝပါ လွန်လာတဲ့အတွက် ကျီးပေါင်းဖြစ်ဖို့ အခွင့်အလမ်းပိုများလာနိုင်ပါတယ်။

၅။ ဆေးလိပ်သောက်တာ ။ ဆေးလိပ်သောက်တာက အရိုးတွေကို အားနည်းစေပြီး အရိုးထဲက ကယ်လ်ဆီယမ်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို အဟန့် အတားဖြစ်စေပြီး အရိုးကျီးပေါင်း ခံစားရနိုင်ခြေကို များစေပါတယ်။ အရိုးကျီးပေါင်းကြောင့် နာကျင်မှုကိုလည်း ပိုဆိုးစေပါတယ်။

၆။ ရေသောက်နည်းတာ ။ အပေါ်မှာ ပြောခဲ့သလိုပဲ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားလေးတွေက အရိုးတစ်ခုနဲ့တစ်ခု ပွတ်တိုက်မိတာမျိုးမဖြစ်စေဖို့ ဖော့ချပ်လေးတွေလို လုပ်ဆောင်ပေးတာပါ။ ဒီအဆစ်ပြားလေးတွေက ရေဓာတ်ပြည့်ဝနေမှသာ သူတို့ရဲ့ တာဝန်ကို ကောင်း ကောင်း လုပ်ဆောင်နိုင်မှာဖြစ်ပြီး ရေဓာတ်ခမ်းခြောက်လာတဲ့အခါ အရိုးတွေ ထိခိုက်ပြီး ရေရှည်မှာ ကျီးပေါင်းဖြစ်လာစေဖို့ တွန်းအားပေးလာနိုင်ပါတယ်။

၇။ ကိုယ်အလေးချိန် များနေတာ ။ ကိုယ်အလေးချိန် များနေတာက ကျောရိုးအဆစ်တွေမှာ ဝန်ပိုထမ်းထားရသလို ဖြစ်နေပြီး အရိုးတွေ ဝန်ပိတာ၊ ပျက်စီးတာတွေ ဖြစ်စေပါတယ်။ ပျက်စီးတဲ့ အရိုးကို ပြန်အစားထိုးဖို့ လုပ်ရင်း အရိုးအတက်လေးတွေ ထွက်လာတာကြောင့် ကျီးပေါင်း ဖြစ်လာပါတယ်။ အထူးသဖြင့် ခါးကျီး ပေါင်း ပိုဖြစ်တတ်ပါတယ်။

ဘယ်လို ကာကွယ်မလဲ

လည်ပင်းကျီးပေါင်း ဖြစ်တာကို ကာကွယ်ဖို့ဆိုရင် –

၁။ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တာ့အခါ ၂ နာရီလောက် ကြာသွားတိုင်း ၁၀ မိနစ် – ၁၅ မိနစ်လောက် မတ်မတ်ကလေးထိုင်ရင်း ခါးကြောတွေ၊ ခြေထောက်က အကြောတွေကို ပြေလျော့အောင် လုပ်ဆောင်ပါ။ အထူးသဖြင့် ဇက်ကြောတွေကို လျှော့ပေးပါ။

၂။ အခါအားလျော်စွာ မတ်တတ်ရပ်ပေးပါ။ လမ်းလေးပတ်လျှောက်တာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကျောရိုးနဲ့ ခါးကြောပေါ်က သက်ရောက်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။

၃။ ကိုယ်နေဟန်ထား မှန်မှန်လေး ထိုင်ပြီး ကွန်ပျူ တာ စခရင်မ်ကို မျက်လုံးနဲ့ တစ်တန်းတည်း ထားပေးပါ။

၄။ အိပ်တဲ့အခါ ခါးကို မတ်မတ် ဆန့်တန့်လေး ထိုင်ပေးပါ။ ပခုံးတွေကိုလည်း အနေအထား မှန်မှန်လေး ထားပေးပါ။

သင်ကိုယ်တိုင် ဘယ်အပြုအမူတွေကို လုပ်မိနေလဲဆိုတာ ကိုယ်တိုင် သုံးသပ်ပြင်ဆင်ပြီး ကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

image
1 y - Translate

သက္ကရာဇ်ရထားနဲ့နာမည်ရခဲ့တဲ့ အဆိုတော် ဘီလီထွန်း ကွယ်လွန်
*******************

image
1 y - Translate

တရုတ်မှာ iOS ကို HarmonyOS ကျော်သွားပြီ

တရုတ်အစိုးရက တရုတ်ဖုန်းဝယ်သူတွေကို အားပေးပြီး စီးပွားရေးကောင်းအောင် မောင်းနှင်နေပါတယ်။

ဒီအချိန်မှာ Huawei အတွက် သတင်းကောင်းတစ်ခုက တရုတ်ဈေးကွက်မှာ Huawei ရဲ့ HarmonyOS က iOS ကို ကျော်တက်နိုင်တာပါပဲ။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်မှာ iOS ကို ကျော်တက်နိုင်တာ Huawei အတွက် ဂုဏ်ယူစရာမှတ်တိုင်လို့ ပြောနိုင်ပါတယ်။

CounterPoint Research က လုပ်တဲ့ သုံးလပတ်အစီရင်ခံစာအရ ၂၀၂၄ စတုတ္ထသုံးပတ် တရုတ် OS ဈေးကွက်အတွက် Android ပြီးရင် ဒုတိယအကြီးဆုံးက HarmonyOS ဖြစ်ပြီး iOS က တတိယလိုက်တာ တွေ့ရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်တော့ Huawei က iOS နောက် တတိယနေရာမှာ ရှိပါတယ်။

image