Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒါဆို ကျွန်မတို့ Self control ကောင်းအောင် ဘယ်လိုတွေလေ့ကျင့်လို့ရမလဲ ?
Self control (မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း) ဆိုတာ အမှန်တကယ်တော့ မိမိကိုယ်ကိုသိခြင်းနှင့် ကတိတည်ခြင်းဖြစ်စဉ်ပါပဲ ။ တစ်ပတ်စာ အသုံးစရိတ်ထက် ပိုသုံးချလိုက်ရင် လမကုန်ခင် ပိုက်ဆံပြတ်သွားနိုင်တဲ့သိခြင်း နှင့် ဒီငွေပမာဏအပြင် ပိုမသုံးဘူးဟယ်ဆိုတဲ့ကတိမျိုး ၊ ၂ ခွက်ထက် ပိုသောက်ရင် မူးနိုင်မှန်းသိခြင်းနှင့် ၂ ခွက်ထက် တော့မပိုလာခဲ့ပါဘူးဆိုတဲ့ ကတိကဝတ်မျိုး ၊ ဒီတစ်ခါ ဒီဘဲနဲ့ပြန်တွဲရင် ကိုယ်ခံနိုင်ရည် မရှိတော့မှာ ၊ စိတ်ဒဏ်ရာပိုရမယ့်သိခြင်းမှာ စာဆက်မပို့တော့ဘူးဆိုတဲ့ ကတိ ၊ ဖုန်းတွေ မကိုင်တော့ဘူးဆိုတဲ့ ကတိ ဒါမျိုးလေးတွေပေါ့ရှင် ။
ကိုယ်ထိန်းထားချင်တဲ့ body weight တစ်ခုတွက် အစားအစာဆင်ခြင်ခြင်းဟာသည်လည်း self control ပဲ ။ ကိုယ် အောင်မြင်ချင်တဲ့ ရယူချင်တဲ့ အခွင့်အရေးတစ်ခု ထွက် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေကို လုပ်ချင်တဲ့နေ့ရော မလုပ်ချင်တဲ့နေ့တွေမှာပါ ဆက်လက်လုပ်ကိုင်သွားတာဟာလည်း self control ၊ စိတ်ရှုပ်နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်သလို ဝတ်စားအပြင်မထွက်တာထိဟာ self control ပါပဲရှင် ။
ပျင်းလို့ ကိစ္စတွေက အဆင်မပြေတာတွေ များနေလို့ ၊ ငွေရေးကြေးရေး ကြပ်တည်းနေလို့ ၊ ရည်းစားနဲ့ပြတ်သွားလို့ ၊ နိုင်ငံရေးမတည်ငြိမ်လို့ ဘာရှိနေနေစေပင် ကျွန်မတို့ တွေဟာ စိတ်ကိုရေစုန်မျောချလို့မရဘူးပဲ ။ စိတ်ကိုတည်ငြိမ်စွာ ကျင့်ကြံခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာဖြစ်သော လက်တွေ့ နေ့ရက်တွေမှာပါ ဟန်ချက်မပျက်အောင် သတိထားပါ ၊ ဂရုစိုက်ပါ ။ ဘာကြောင့်ဆို ကျွန်မ ပြောခဲ့တာလေး မမေ့ပါနဲ့ဦးရှင် ။
If you don't have a plan no list or no clue, people can smell you ပြီးတော့ they will fuck you over. (ကိုယ့်အားနည်းချက်ဆီ စုပြုံလာပြီး အမြတ်လာထုတ်တော့ပြီသာမှတ်) စိတ်နှင့်လူနှင့်ကပ်ထားကြစို့ပါလေ..
#ယုနွယ်လင်း
North Korea on Monday vowed to "steadily update and strengthen" its nuclear capabilities, a firm rejection of the G7's call for Pyongyang to "abandon" its nuclear ambitions.
https://abcnews.go.com/Interna....tional/north-korea-v