tipsssss

16 w - Translate

Pixel Sense AI Assistant ကို ဖုန်းတွေမှာ အခမဲ့ ထည့်သွင်းပေးမယ့် Google
============================================
Google က AI Assistant လောကကို ထူးခြားဆန်းသစ်စေမယ့် Pixel Sense AI Assistant ကို ဒီနှစ်နှောင်းပိုင်းမှာ ထွက်မယ့် Pixel 10 Series စမတ်ဖုန်းတွေမှာ အခမဲ့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Gemini Nano AI ကို အသုံးပြုထားတဲ့ Pixel Sense ဟာ သာမာန် Voice Assistant တွေထက် စွမ်းရည်ပိုမြင့်မားမှာ ဖြစ်ပါတယ်။
Pixel Sense ဟာ User ရဲ့ အလုပ်လုပ်ပုံကို လေ့လာကာ အလုပ်တွေ အလိုလို လုပ်ပေးနိုင်ပါတယ်။ Pixel Sense ဟာ Phone, Messages, Photos, Maps, Gmail, Docs , Chrome , YouTube နဲ့ Keep Notes လို Google Apps တွေမှာ အလုပ်လုပ်ပေးနိုင်ပါတယ်။
အသံ၊ စာသားနဲ့ ဓါတ်ပုံတွေကို နားလည်ပြီး စမတ်ကျစွာ အလုပ်လုပ်နိုင်ပါတယ်။ Feature တော်တော်များများဟာ Offline အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် Privacy နဲ့ အမြန်နှုန်း ကောင်းစေမှာ ဖြစ်ပါတယ်။
နည်းပညာ ကုမ္ပဏီတွေရဲ့ AI Assistant ပြိုင်ပွဲဟာ တော်တော်ကြည့်ကောင်းလာနေပြီ ဖြစ်ပါတယ်။
Ref : Tech Explorers

image
16 w - Translate

Pres. Trump said he plans to speak on Tuesday with Russian President Vladimir Putin amid the U.S. president's efforts to end Russia's war in Ukraine.

https://abcnews.go.com/Interna....tional/trump-putin-s

image

Simple Everyday Outfit✨

16 w - Translate

လူ့ဦးနှောက်ဟာ သဘာဝတရားရဲ့ အံ့ဖွယ်ဖန်တီးမှုတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး အထူးသဖြင့် သူ့ရဲ့ မှတ် ဉာဏ်သိုလှောင်နိုင်စွမ်းဟာ အလွန်ပင် ကြီးမားကျယ်ပြန့်လှပါတယ်။
တိကျတဲ့ ပမာဏကို အတိအကျ မသိရှိနိုင်သေးပေမယ့်၊ သိပ္ပံပညာရှင်တွေက လူ့ဦးနှောက်ရဲ့ မှတ်ဉာဏ်ပမာဏဟာ petabytes အမြောက်အမြား ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
တစ်နည်းအားဖြင့် ဆိုရရင် 2.5 petabytes သို့မဟုတ် 2,500,000 gigabytes ခန့်အထိ သတင်းအချက်အလက်တွေကို သိုလှောင်နိုင်စွမ်းရှိတယ်လို့ ယူဆနိုင်ပါတယ်။
ဒီလောက် ကြီးမားတဲ့ ပမာဏကို မြင်သာအောင် ဥပမာတစ်ခု ပေးရမယ်ဆိုရင်၊ အရည်အသွေးမြင့် HD (1080p) ရုပ်ရှင်ဇာတ်ကားပေါင်း ၆ သိန်းကျော် (သို့မဟုတ် 4K အရည်အသွေး ရုပ်ရှင်ဇာတ်ကားပေါင်း ၁ သိန်းကျော်) သိုလှောင်နိုင်တာနဲ့ ညီမျှပါတယ်။
ဒါမှမဟုတ် စာအုပ်ပေါင်း ၁.၂၅ ဘီလီယံခန့် သိမ်းဆည်းထားနိုင်တဲ့ စာကြည့်တိုက်ကြီး တစ်ခုနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်။ ဒီမှတ်ဉာဏ်သိုလှောင်နိုင်စွမ်းဟာ လူသားတွေရဲ့ သင်ယူမှု၊ တီထွင်ဖန်တီးမှုနဲ့ ရှုပ်ထွေးတဲ့ အတွေး အခေါ်တွေကို တွေးခေါ်နိုင်စွမ်းရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။
သို့သော် လူ့ဦးနှောက်ရဲ့ မှတ်ဉာဏ်ဟာ ကွန်ပျူတာ hard drive လို တိတိကျကျ အချက်အလက်တွေကို သိမ်း ဆည်းတာမျိုး မဟုတ်ပါဘူး။ အတွေ့အကြုံတွေ၊ ခံစားချက်တွေနဲ့ ဆက်စပ်တွေးခေါ်မှုတွေ ပါဝင်တဲ့ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒီထူးခြားတဲ့ မှတ်ဉာဏ်စနစ်ဟာ လူသားတွေကို အတိတ်က အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်နိုင်စွမ်း၊ အနာ ဂါတ်အတွက် ကြိုတင်စီစဉ်နိုင်စွမ်းနဲ့ ဘဝတစ်လျှောက်လုံးမှာ အသိပညာဗဟုသုတတွေကို စုဆောင်းနိုင်စွမ်းတွေကို ပေးစွမ်းပါတယ်။
#knowledge

image
16 w - Translate

” ကိုယ့်ကမ္ဘာငယ်လေးကိုပဲ လှပအောင် မိမိကိုယ်တိုင် ဖန်တီးပြုပြင်လိုက်မယ်ဆိုရင် တခြားကမ္ဘာငယ်လေးတွေအားလုံးလည်း ကိုယ်စီ လှပလာပါလိမ့်မယ် ။ ဒီတော့ ” ငါ့ကိုယ်ငါ ပြောင်းလဲဖို့ပဲ ”လိုပါတယ် ။
ဒီစာအုပ်က ဘဝမှာ အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်တွေ ၊ စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ Self-help အမျိုးအစားထဲက စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ် ။
ဒီစာအုပ်က အပျင်းပြေ ခဏတဖြုတ်ဖတ်ဖို့ စာအုပ်မဟုတ်သလို ၊ ဖတ်ပြီးသွားတဲ့အခါ မေ့ပစ်ထားရမယ့် စာအုပ်လည်း မဟုတ်ဘူး ။ ဒီစာအုပ် ဖတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးတတ်လာလိမ့်မယ် ။ “နေ့တိုင်း ငါ ဘာတွေလုပ်နေသလဲ ။ ပြီးတော့ ငါ ဘာတွေပြောင်းလဲဖို့ လိုပြီလဲ ။ ” ဒီလို ကိုယ့်ကိုယ်ကို မေးတတ်လာတဲ့အခါ ကိုယ့်မှာ ပညာရေးအားနည်းနေရင် စိတ်ပူစရာမလိုဘူး ။ Self-educated ဖြစ်လာဖို့ ဒီစာအုပ်က လမ်းညွှန်ပေးလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ ဘဝဆိုတာ မကုန်ခန်းနိုင်တဲ့ သင်ခန်းစာတွေ နေ့စဥ် ပေးနေတာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ပညာတတ်တစ်ယောက် ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ လိုအပ်တယ် ။
ဆင်းဆင်းရဲရဲ မွေးလာခဲ့တာ ကိုယ့်အဖြစ် မဟုတ်ပေမယ့် တစ်သက်လုံး ဆင်းဆင်းရဲရဲ နေသွားတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်အပြစ်ပါပဲ ။ ဒါကြောင့် အနာဂတ်မှာ ပိုကောင်းမွန်တဲ့ ဘဝတစ်ခု ဖြစ်လာ‌အောင် ဘယ်လိုစီးပွားရေးတွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံသင့်သလဲ ။ ငွေကို ဘယ်လိုစီမံခန့်ခွဲသင့်သလဲ ။ ငွေကြေးပြည့်စုံခြင်းဟာ လူရာဝင်ခြင်း တစ်မျိုးပဲ ။ ဒါကြောင့် ငွေရှိဖို့လိုတယ် ။
ဘဝပျော်ရွှင်မှုဆိုတာ ငွေကြေးတစ်ခုတည်းအပေါ်မှာ မှီတည်နေတာ မဟုတ်ဘူး ။ ကျန်းမာရေး ကောင်းမွန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရှိနေမှ စစ်မှန်တဲ့ ပျော်ရွှင်မှုက တကယ်ရမှာ ။ စစ်မှန်တဲ့ပျော်ရွှင်မှုက Inner world မှာပဲ အမှန်တကယ်ရှိနေတာ ။
21 ရာစုက လူတွေဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့လာတယ် ။ ထိလွယ် ၊ ရှလွယ် ဖြစ်လာတယ် ။ ခံနိုင်ရည်တွေ လျော့ပါးလာတယ် ။
ဒါကြောင့် စိတ်ရဲ့အေးချမ်းတည်ငြိမ်မှုကို ရှာဖို့လိုအပ်တယ် ။ တကယ်တော့ ငြိမ်းချမ်းတဲ့စိတ်က အတွင်းအဇ္စျတ္တမှာပဲ ရှိပါတယ် ။ ဒီတော့ ကျွန်တော်တို့တွေ ကြည့်နေကျ ၊ မြင်နေကျ မှန်ပြောင်းထဲကနေ မြင်နေရတဲ့ လောကကြီးထဲက ခဏတ ဖြုတ်ရုန်းထွက်ပြီး ကိုယ် မမြင်နိုင်သေးတဲ့ ဖြစ်တည်မှု သဘာဝတရားကို တွေ့အောင် ရှာကြည့်ဖို့ အကြံပြုထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ် ။
ပညာရေး ၊ စီးပွားရေ ၊ ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ စစ်မှန်တဲ့ဘဝရဲ့ ပျော်ရွှင်မှု ၊ ငြိမ်းအေးမှု ၊ ဘဝရဲ့အဓိပ္ပါယ်ဆိုတာ လူအများ Definition ဖွင့်သလို မဟုတ်ဘဲ ဒီစာအုပ်က တိတိကျကျ လမ်းညွှန်ပေးထားတဲ့ စာပေဟင်းလေးအိုးကြီး ။ ” ငါ့ကိုယ်ငါ ပြောင်းလဲခြင်း ” စာအုပ်လေးဟာ ဖတ်ရတာ တန်လိုက်တာ ။
ကိုယ့်ကမ္ဘာငယ်လေးကိုပဲ လှပအောင် မိမိကိုယ်တိုင်ဖန်တီးပြုပြင်လိုက်မယ်ဆိုရင် တခြားကမ္ဘာငယ်လေးတွေအားလုံးလည်း ကိုယ်စီလှပလာပါလိမ့်မယ် ။ ဒီတော့ ” ငါ့ကိုယ်ငါ ပြောင်းလဲဖို့ပဲ ” လိုပါတယ် ။
#အံ့ဘုန်းခန့်ကျော် #ငါ့ကိုယ်ငါပြောင်းလဲခြင်း

image
16 w - Translate

တခြားဂြိုလ်ကနေ မတော်တဆရောက်လာတဲ့ ဂြိုလ်သားလေးကို အိမ်ပြန်ပို့ပေးကြမယ့် တောတွင်းကောင်လေးတွေ....

Jungle Beat : The Movie ( 2020 ) 📱
============================

ဒီတစ်ခါတော့ ကလေးတွေ အကြိုက်ကာတွန်းကားလေး တင်ဆက်ပေးပါမယ်။

ကလေးတွေအတွက် တင်ဆက်ပေးနေတဲ့ ချစ်စရာ ကောင်းတဲ့ တောကောင်လေးတွေရဲ့ ရယ်စရာလေးများကို သဘာဝအငွေ့အသက်နဲ့ ဖန်တီးထားတဲ့ Animation Series – Jungle Beat ရဲ့ Jungle Beat: The Movie ဖြစ်ပါတယ်။

Series တွေထဲမှာတော့ တိရစ္ဆာန်လေးတွေက စကားမပြောနိုင်ပေမဲ့ ဒီ Movie ထဲမှာတော့ စကားပြောနိုင်ကြပါတယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဂြိုလ်သားလေးတစ် ယောက် သူတိုနေတဲ့တောထဲကို ရောက်လာလိုပါပဲ။

သူတိုတွေ တခြားကမ္ဘာကလာတဲ့ သူငယ်ချင်းကိုတွေ့ပြီး အထီးကျန်နေတဲ့၊ အိမ်ကိုလွမ်းနေတဲ့ သူတိုရဲ့သူငယ်ချင်းကို အိမ်ပြန်နိုင်အောင် သူတိုတွေ ကူညီပေးတာကိုတွေ့ရမှာပါ။


🪼🦋ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🦋🪼ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1616

image
16 w - Translate

Dark Was The Night (2014)
--------------------------------

IMDB (5.6/1

မြိုငယ်လေးမှာ လူတွေပျောက်လိုက် သေလိုက် မွေးထားတဲ့ တိရစ္ဆာန်တွေပျောက်လိုက်နဲ့ဆိုတော့ အားလုံး ကြောက်လန့်နေကြပြီလေ

လိုက်စုံစမ်းတော့ ဘာမှန်းမသိတဲ့အကောင်ကြီးကို မြင်လိုက်တဲ့သူလဲ မြင်လိုက်တယ်နဲ့ မြိုထဲမှာ ပွဲဆူနေပါပြီ

ဒါတင်မက တမြိုလုံးက အိမ်တွေမှာ ခြေရာတွေပါတွေ့တော့ အားလုံးခေါင်းခြောက်ကုန်တာပေါ့

မြိုထဲမှာ ဘာတွေဖြစ်နေတာလဲ ခြေရာတွေကရော ဘာကောင်ကြီးလဲ ဘယ်လိုအဖြေရှာကြမလဲဆိုတာတွေကို ကြည့်ကြည့်ပါဦးနော်

Horror/Thriller ဆိုတော့ ကြောက်စရာလဲကောင်းသလို ရင်ခုန်စရာလဲကောင်းပါတယ် စပ်စုချင်တဲ့သူဆိုရင်တော့ ဒီကားလေးကို ကြိုက်မှာသေချာပါတယ်

သင်က ကြောက်လဲကြောက်တယ် စပ်လဲစုမယ်ဆိုရင်တော့ကွက်တိပဲနော်

image
16 w - Translate

The Terminal (2004)
မင်းသားနဲ့ မင်းသမီးကတော့ တကယ့်ဂရိတ်ကြီးတွေပါ..(တွမ်ဟန့်) နဲ့ (ကက်သရင်းဇီတာဂျုံး) တိုပေါ့
အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ (ခရာကိုရှား) ဆိုတဲ့ နိုင်ငံငယ်လေးကခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ
ဒီလိုမျိုးတွေထဲမှာ (Tom Hanks) တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်၊ ရုန်းကန်တယ်၊ ရည်မှန်းချက်ကိုမဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်...

image
16 w - Translate

Capricorn ♑️, Leo ♌️, Libra ♎️, Gemini ♊️, Scorpio ♏️, Aquarius ♒️, Virgo ♍️
မဟုတ်ရင်ငြိမ်မခံတတ်ဘူး။ကိုယ်မှန်တယ်ထင်ရင်ဘယ်နေရာဖြစ်ဖြစ်ရှင်းရဲတယ်။မှန်ရဲ့သားနဲ့မပြောလိုက်ရမရှင်းလိုက်ရဘူးဆိုသူတို့စိတ်ထဲ noted ပဲ😄။
လူတွေက အငြိုးကြီးတယ်ပြောကြတာပေါ့နော်။အငြိုးကြီးတဲ့ ဇိုးဒစ်ဘာညာနဲ့ အာ့လိုကျကိုယ်တွေကလူမိုက်တွေလိုပဲနော်။မဟုတ်ပါဘူး မဟုတ်််မခံ ငြိမ်မခံချင်စိတ်နဲ့ရဲဝံ့ကြတာမျိုးပါ။🫶
#lunatarot
#crd

image
//