ဂျာကင်အင်္ကျီ ခိုးခံခဲ့ရဖူးတဲ့ Dean
Supernatural ထဲမှာ Dean အမြဲဝတ်တဲ့ ဂျာကင်
အင်္ကျီ က သူ့အဖေ John စီက အမွေရထားတဲ့ အင်္ကျီဖြစ်ပါတယ်။ ဒီဂျာကင်အင်္ကျီကိုတော့ ပထမ Season 5 ခုအထိ Dean ဝတ်ပြီး Season 6 ကို Promo လုပ်တဲ့အချိန်မှာ အဝတ်စားဗီရိုတွေ အကူးအပြောင်းလုပ်တဲ့အချိန် ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒီလို ဂျာကင်အင်္ကျီ ခိုးယူခံခဲ့ရကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ ထုတ်လုပ်ရေးကနေ Jensen Ackles အတွက် အဆင်ပြေစေမယ့် ဂျာကင်မျိုးတွေရှာဖွေခဲ့ပေမယ့် သင့်တော်တာ မတွေ့တဲ့အတွက် နောက်ဆုံး စစ်ဘက်အင်္ကျီတစ်ထည်နဲ့ အစားထိုးခဲ့ပါတယ်။
အစားထိုးထားတဲ့ ဂျာကင်အင်္ကျီကိုလည်း ထုတ်လုပ်ရေးအပိုင်းက မကြိုက်တဲ့အတွက် Season 7 မှာ Dean ကို ဂျာကင်အင်္ကျီတွေမဝတ်ခိုင်းတော့ပဲ သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။
Dean ရဲ့ ဂျာကင်အင်္ကျီ မပါတဲ့အပေါ် ပရိတ်သတ်တွေကတော့ မေးခွန်တွေထုတ်ခဲ့ဖူးတာတွေလည်း ကြုံခဲ့ရဖူးပါတယ်။

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ နေရပ်ပြန်ရန် အခက်အခဲကြုံနေသည့် သင်္ဘောသားများအား MSF ကူညီမည်
အကြောင်းအမျိုးမျိုးကြောင့်မြန်မာနိုင်ငံသို့ပြန်လာရန်အခက်အခဲ ကြုံနေသည့်မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့်သင်္ဘောသားများ၏ မိသားစုများအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်ဆိပ်ကမ်းတွင် ထိန်းသိမ်းခံထားရပြီး မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့နေရခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရခြင်း စသည့်ဖြစ်စဉ်များကြောင့် ပြန်လာရန်အခက်အခဲရှိနေသူများအား အကြောင်းကြားရန် (MSF) က အသိပေးထားသည်။
မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေရသည့်မြန်မာ သင်္ဘောသားမိသားစုများအနေဖြင့် သင်္ဘောသားအမည်၊ CDC နံပါတ်၊ Passport နံပါတ်၊ သင်္ဘောအချက်အလက်၊ မြန်မာနိုင်ငံတွင်ရှိသည့် ဒေသခံကိုယ်စားလှယ်အမည်နှင့် ရုံးလိပ်စာ၊ နိုင်ငံခြားတွင်ရှိသည့် သင်္ဘောပိုင်ရှင်အမည်နှင့် ရုံးလိပ်စာတို့ကို MSF ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထိန်းသိမ်းခံရသည့် အကြောင်းရင်းနှင့်နေရာ၊ ဒီလိုထိန်းသိမ်းခံရသည့်အပေါ် ဒေသခံကိုယ်စားလှယ်က ဆောင်ရွက်ထားခြင်းရှိမရှိ၊ ရှိခဲ့ပါက မည်သို့ဆောင်ရွက်ထားကြောင်း အချက်အလက်များကို အထောက်အထားနှင့်တကွ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

image

သုံးသော- င်းခွဲတ- န် ဟော့ ပေါ့ စာ: ပြီးမှ
သုံးထော- င်တ- န် ထမင်းလည်း
ဗို- က်ပြည့်တာပဲ လို့ တွေးမိသောအခါ

image
1 y - Translate

ရည်းစားနဲ့ပြတ်တာထက်
ပိုပြီးကြေကွဲနာကျင်ရမဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။
" နွေတစ်ည " ဆိုတဲ့နာမည်အတိုင်း
ရင်ဘတ်ကြီးတစ်ခုလုံး ပူပြင်း
လောင်ကျွမ်းပြီး ငူငူငိုင်ငိုင်ကြီးကျန်ခဲ့ရတာ။
စာအုပ်အကြောင်းပြောရမယ်ဆိုရင်
ဆန်စက်မှာ စပါးသယ် အလုပ်ကြမ်း
လုပ်ရင်း အသက် ၁၅နှစ်မှာ
လင်နောက်လိုက်ခဲ့တဲ့ " ခင်ဝေ " နဲ့
သစ်တောအရာရှိလေး " မောင်ကိုကို " ရဲ့
ဘဝဇာတ်ခုံတစ်ခုပေါ်က ချစ်ခြင်းမေတ္တာတွေ၊
ပျော်ရွှင်မှုရဲ့နောက်ဆက်တွဲနာကျင်စရာတွေနဲ့
လောကဓံရဲ့တစ်ဆစ်ချိုးပြောင်းလဲမှုတွေ ၊
တအုံ့နွေးနွေးမျိုသိပ်ထားခဲ့ရတဲ့
မယုံကြည်မှုတွေနဲ့ တစ်စစအေးစက်ငြိမ်သက်
လာခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကိုမြင်တွေ့ရမယ်။
ချစ်ခြင်းတရားနဲ့ သံသယဖြစ်မှုတွေရဲ့
အားပြိုင်လွန်ဆွဲမှုတွေကို
အထင်းသားကြီး မြင်တွေ့ရတယ် ။
နောက်ဆုံး စာဖတ်သူဘက်က
ကျောခိုင်းထွက်ခွာသွားသူကို
အပြစ်မတင်ရက်နိုင်သလို
ကျန်ခဲ့ရသူအတွက်လဲ ဂရုဏာသက်ရင်း
သက်ပြင်းအရှည်ကြီးတွေချရင်းနဲ့ပဲ
တခုခုလစ်ဟာနေသလို
တငွေ့ငွေ့ လောင်မြိုက်နေသလို
ခံစားချက်ကြီးနဲ့ကျန်နေခဲ့ရမဲ့ ဝတ္ထုတစ်ပုဒ် ။
ဝတ္ထုထဲက အမည်နာမ၊
အဖြစ်အပျက်တစ်ချို့နဲ့
အပြင်လောကမှာ ခပ်ဆင်ဆင်
အမာရွတ်တွေ ရှိခဲ့ဖူးသူဆိုရင်တော့
တဘဝလုံး ဆွေးမြေ့သွားလို့ရနိုင်မဲ့
စာအုပ်တစ်အုပ်ပါပဲ ။ ။
#revi3wbyစာအုပ်ရောင်းမယ်
▫️နိုင်ဝင်းဆွေ▫️

image

ရှုံးတဲ့ကောင် မဆလာ ချက်ခံရမှာနော်

image
1 y - Translate

မျှော်လင့်တယ်ဆိုတာ
ချစ်စရာလောဘလေးတစ်ခု
စိုက်ပျိုးသလိုပါပဲ
ဥာဏ်မမှီတဲ့သူပီပီ
ကိုယ့်လောဘလေးနဲ့ကိုယ်
ရောင့်ရဲနေတတ်ခဲ့။
#ဂန္ဓမာ

image
1 y - Translate

သတိရလာတဲ့အခါ
ညနေခင်းတွေကို နားကျပ်တပ်ပစ်တယ်၊
ဆေးလိပ်တွေကိုအကန့်သတ်မဲ့သောက်တယ်၊
မရင်းနှီးတဲ့သီချင်းတွေနဲ့အသိကျွမ်းဖွဲ့တယ်၊
အတိတ်ကနာမည်တစ်ခုကို တိုးတိုးလေးငြီးတယ်၊
ပြီးတော့ ကိုယ့်ဘဝကိုယ်တစ်စစီပြန်လိုက်ကောက်တယ်။
#ငြိမ်းကို

image
1 y - Translate

❛ မင်းတို့ဟာ အချစ်ကို
ကုန်ပစ္စည်းတစ်ခုလောက်သာ
သဘော ထားကြတာပါ အေးမရာ။
အမြတ်ရရင် ပစ္စည်းကို ရောင်းမယ်။
ဒိထက် အမြတ်ရရင် အဲဒီ အမြတ်
ပေးတဲ့လူကို ရောင်းတာပဲ မဟုတ်ဘူးလား။
မှောင်ခိုလုပ်တဲ့နေရာမှာတော့
အောချလောက်ပါတယ်။
ပစ္စည်းတင်မကဘူး၊
အချစ်ကိုတောင် မှောင်ခိုလုပ်ကြတယ် ❜
_ _ _ _ _ _ _ _
လူ့ဘဝကြီးဟာ လှည့်ကွက်တွေ ၊
စဥ်းလဲမှုတွေ ၊ သမာအာဇီဝ နဲ့
တိမ်မည်းတွေလိုအုံ့မှိုင်းနေတဲ့
ခေတ်ရဲ့ဖိနှိပ်မှုတွေ နဲ့အတူ
ရှိရင်းစွဲအားအင်နဲ့ မမျှအောင်
တဝမ်းတခါးအတွက်
ခက်ခဲစွာ ရုန်းကုန်ရှင်သန်နေရခြင်းတွေနဲ့
ဘဝတွေ အစစ ရောပြွမ်းယှက်နွယ်နေတဲ့
ပဥ္စလက်ဆန်ဆန် မာယာဘုံကြီး တစ်ခု
ဖြစ်နေတဲ့အကြောင်း
ဆရာမြရဲ့ဒီစာအုပ်ကိုဖတ်ပြီးတာနဲ့
ပိုသိပိုမြင်ပိုခံစားမိလာမှာပါ ။
× × × × ×
❛ မာယာဘုံ ❜
▫️မြသန်းတင့်▫️

image

David Ayer ရုပ်ရှင် " A Working Man " new poster ထွက်လာတယ်။ မင်းသား Jason Statham ဖြစ်ပြီး ဇာတ်လမ်းက Sylvester Stallone ပါတဲ့။ March 28 ရုံတင်ပါမယ်။

image
1 y - Translate

မြင်းရိုင်းအုပ်ကြီးပြေးဝင်လာသလို
စာဖတ်သူရဲ့ အသိဉာဏ်ထဲ အုံနဲ့ကျင်းနဲ့
ဝင်ရောက်လာမဲ့ 90's ခေတ်အလွန်ရဲ့
ရုပ်ပုံလွှာတွေ ၊ စာရေးဆရာဖြတ်သန်းခဲ့တဲ့
လူငယ်ဘဝမှတ်ဉာဏ် အကန့်တွေကို
တကန့်ပြီးတကန့် မြင်နေရမယ်။
စာရေးဆရာနဲ့ပတ်သတ်ဆက်နွယ်
သိကျွမ်းခဲ့တဲ့
ရန်ကုန် တောနက်ကြီးမှာ ခိုလှုံကြတဲ့
သီချင်းရေးဆရာ / အဆိုတော် /
ကဗျာဆရာ / စာရေးဆရာကနေစလို့
အောက်ခြေဘဝတွေအကြောင်းရောပြွမ်း
နယ်မြို့လေးကရိုးသားမှုတွေ / လူတွေ
ဝါကျင့်ကျင့်မီးရောင်တွေ ၊ ဘုံဆိုင် ၊
မြို့ပြ ၊ မာရှီ ၊ စာအုပ်အဟောင်းတန်း ၊
ကလေးဘဝက ကျေးလက်နယ်မြို့လေး၊
ခေတ်ရဲ့ရိုက်ခတ်မှုတွေ နဲ့
လမ်းထိပ်အုပ်ခုံတွေ
လက်ဖက်ရည်ဆိုင်လေးဆီကနေ
ဘော်ဒါတွေ တစတစပျောက်သွားခဲ့ရတဲ့
သံဆူးကြိုးခွေတွေနဲ့
စစ်စိမ်းရောင်နေ့ရက်တွေ . . .
ဂရင်းဝှစ်တရုတ်တန်းနဲ့
နွေသစ်ကိုင်းတွေမှာထဲက
စာရေးဆရာရဲ့လေအလျင်ကို
ငြိတွယ်ခဲ့ရတော့ ဆရာလွင်မောင်မောင်ရဲ့
❛ သတိရခြင်းများတစိမ့်စိမ့် ❜
အက်ဆေးတပုဒ်စီတိုင်းက
တကြောင်းချင်းအရသာခံဖတ်ရင်း
တစိမ့်စိမ့် မျောစရာတွေပါပဲ ။ ။

image