16 w - Translate

#နိုင်ငံတကာသတင်း
◼ တရားရုံးတားမြစ်မိန့်ကိုဆန့်ကျင်ပြီး ဗင်နီဇွဲလားနိုင်ငံသားများအား အမေရိကန် ပြည်နှင်ဒဏ်ပေး
အမေရိကန်တရားသူကြီးတစ်ဦးကထုတ်ပြန်သည့် တားမြစ်မိန့်ကိုဆန့်ကျင်ပြီး ဂိုဏ်းသားများဟု အိမ်ဖြူတော်က စွပ်စွဲပြောကြားခဲ့သော ဗင်နီဇွဲလားနိုင်ငံသား နှစ်ရာကျော်ကို အမေရိကန်က ပြည်နှင်ဒဏ်ပေးကာ အယ်လ်ဆာဗေးဒိုးနိုင်ငံမှ လုံခြုံရေးအတင်းကျပ်ဆုံး အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်။
ဗင်နီဇွဲလားဂိုဏ်း Tren de Aragua မှ ဂိုဏ်းသား ၂၃၈ ဦး နှင့် MS-13 နိုင်ငံတကာဂိုဏ်းသား ၁၃ ဦးတို့သည် အမေရိကအလယ်ပိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အယ်လ်ဆာဗေးဒိုး သမ္မတ နာရစ်ဘူကီလီ က ယမန်နေ့ နံနက်ပိုင်းက ဆိုရှယ်မီဒီယာပေါ်တွင် ရေသားခဲ့သည်။
ထိန်းသိမ်းခံရသူများမည်သူမည်ဝါဖြစ်သည် ၊ မည်သည့်ပြစ်မှုကျူးလွန်ခဲ့သည် နှင့် ဂိုဏ်းအဖွဲ့ဝင်ဖြစ်မှု နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရက ပေးအပ်ခြင်း မရှိသကဲ့သို့ အယ်လ်ဆာဗေးဒိုးကလည်း ထုတ်မပြောကြောင်း ဘီဘီစီ သတင်းက ဖော်ပြသည်။
ပြည်နှင်ဒဏ်ပေးခြင်း အချို့အတွက် နှစ်ပေါင်းနှစ်ရာကျော်က ပြဌာန်းခဲ့သော ဥပ‌‌‌ဒေကို ‌ထရန့်အစိုးရ အသုံးချခြင်းမှ တားဆီးသောအမိန့်တစ်ရပ်ကို ဖက်ဒ ရယ်တရားသူကြီးတစ်ဦး က ထုတ်ပြန်ခဲ့သော်လည်း ထိန်းသိမ်းသူများကို နယ်နှင်သော လေယာဉ်က ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
တရားသူကြီးဆုံးဖြတ်ချက်က နောက်ကျသွားပြီဖြစ်ကြောင်း အယ်လ်ဆာဗေးဒိုးသမ္မတ ဘူကီလီ က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
၎င်း၏ ပို့စ်တွင် တွဲထားသော ဗီဒီယိုတစ်ခုတွင် လေယာဉ်ပေါ်မှ ဆင်းလာသော လက်နှင့်ခြေထောက်လက်ထိပ်သံကြိုးခတ် ခံထားရသူ များကို လက်နက်ကိုင်အရာရှိများက တန်းစီခေါ်ဆောင်သွားသည်ကို မြင်တွေ့ရသည်။
တရားရုံးဆုံးဖြတ်ချက်အား ချိုးဖောက်ခဲ့သည်ဆိုခြင်းကို အိမ်ဖြူတော် ပြန်ကြားရေးမှူး ကယ်ရိုလင်းလီဗစ် က ငြင်းဆိုခဲ့သည်။
၎င်းတို့အစိုးရက တရားရုံးအမိန့်ကို လိုက်နာရန်ငြင်းဆိုခဲ့ခြင်း မရှိကြောင်း ၊ အကြမ်းဖက်နိုင်ငံခြားသားများအား အမေရိကန်မြေပေါ်မှ ဖယ်ရှားပြီးမှသာ ဥပဒေအရအခြေမခံသော အမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးမှူးက ပြောသည်။
၁၇၉၈ ခုနှစ် က ပြဌာန်းထားသော နိုင်ငံခြားသားရန်သူများဥပ‌ဒေကို အသက်သွင်းသည့် ကြေညာချက်ကို လက်မှတ်‌ရေးထိုးလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က စနေနေ့တွင် ကြေညာခဲ့ပြီး Tren de Aragua ဂိုဏ်းအဖွဲ့က အမေရိကန်နိုင်ငံပိုင်နက်ကို ကျူးကျော်ရန်ခြိမ်းခြောက်ကြိုးပမ်းပြီးအစီအစဉ်ရေးဆွဲနေကြောင်း စွပ်စွဲပြောကြားသည်။
ဥပဒေကြောင်းအရ ထပ်မံ အချေအတင်ဆွေးနွေးမှုများ အတွက် ဗင်နီဇွဲလားနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းကို ၁၄ ရက် ဆိုင်းငံ့ထားရန် အမိန့်ကို ဝါရှင်တန်ဒီစီမြို့မှ ခရိုင်တရားသူကြီး ဂျိမ်းစ်ဘာအိုဘာ့ဂ် က စနေနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
စုစုပေါင်း လူပေါင်း ၂၆၁ ဦး အား ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း နှင့် ၎င်းတို့အနက် ၁၃၇ ဦးအား နိုင်ငံခြားသားရန်သူများဥပဒေအရ ဖယ်ရှားခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ အရာရှိကြီးတစ်ဦးက စီဘီအက်စ် သတင်းကို ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-BBC

image

ရသမျိူးစုံပေးတဲ့နိုင်ငံကနေ နင်တို့မိုလို့ထွက်သွားရက်တယ်

ငါ့ စိ- တ်ကိုဘယ်သူမှနားမလည်ကြဘူး
မိမိ စိ- တ် :

image

ထမင်းစားမြိန်မှမြိန်ပါနော် လုပ်စားကြည့်ကြနော် <br>#crd

တကယ်လို့များ
ကျွန်တော်တို့ တစ်စုံတစ်ဦးကို
လွမ်းဆွတ်နေချိန်မှာ
အဲ့တစ်စုံတစ်ဦးကလည်း
ကျွန်တော်တို့ကို လွမ်းဆွတ်နေမယ်ဆိုရင်တော့
ထိုအလွမ်းဟာ သိပ်လှတာပဲ။
#စံပယ်ဖြူနု

image

လည်ချောင်း ခဏခဏနာခြင်းရဲ့ စိတ်ပူရမဲ့ အခြေအနေ
လည်ချောင်းနာတာကို တော်တော်များများ ခံစားဖူးမှာပါ။ လည်ချောင်းနာတာက မအီမသာဖြစ်စေနိုင်သလို နေ့စဉ်ဘဝမှာ အတော်လေး နေရခက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ လည် ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် လည်ချောင်းနာတာကို ခဏခဏ ခံစားရတာကတော့ ပုံမှန်လို့ဆိုဖို့ ခက်မှာပါ။ ကြောင့် လည် ချောင်းခဏခဏ နာတာက ဘယ်လို အခြေအနေဆိုရင် စိတ်ပူရမလဲ! ဆိုတာကို ဖော်ပြသွားမှာဖြစ်ပါတယ်။

လည်ချောင်းနာတာက အဖြစ်များသလား

လည်ချောင်းနာတာက တစ်နှစ်ကို ၄ – ၅ ကြိမ်လောက်တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါပေမယ့် ဒီထက် ပိုဖြစ်မယ်။ တစ်လကို ၂ ကြိမ်မက လည် ချောင်းနာတာကို ခံစားရမယ်ဆိုရင်တော့ ပုံမှန် မဟုတ်ဘူးလို့ ဆိုရပါမယ်။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေးတော့ များပါတယ်။ ဒါတွေကတော့ –
• အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာ
• အာသီးရောင်တာ
• ဆေးလိပ်သောက်တာ
• အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူရတာ
• လေထု ညစ်ညမ်းတာ
• ဓာတ်မတည့်တာ
• တိရစ္ဆာန်အမွေးတွေ
• ဝတ်မှုံတွေ
• မှိုတွေ
• အစာခြေအက်ဆစ်ပြန်ဆန်တက်တာ
• အသံကုန် ဟစ်ထားတာ
• အသံအိုးရောင်တာ
• ချောင်းဆိုးတာ
• အသံဝင်တာ
• လည်ချောင်းနာစေနိုင်တဲ့ ပိုးဝင်ကူးစက်တာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။

လည်ချောင်းခဏခဏ နာတာ စိတ်ပူရမဲ့အခြေအနေ

လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး အခြေအနေ ဆိုပေမယ့် လည်ချောင်းနာတာက ခဏခဏ ဖြစ်မယ် လည်ချောင်းနာတာနဲ့အတူ အခုလို လက္ခဏာတွေ ခံစားလာရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။
• လည်ချောင်းနာတာနဲ့အတူ ခဏခဏ ဖျားမယ် (အဖျားက ၁၀၁ ဒီဂရီနဲ့ အထက် ဖြစ်မယ်)
• ကုသမှု ခံယူပေမယ့် မသက်သာဘူးဖြစ်မယ်
• အိပ်မရအောင်ကို လည်ချောင်းနာမယ်
• အနီရောင် အဖုအပိမ့်တွေ ထွက်လာမယ်
• လည်ချောင်းနာတာနဲ့အတူ ခံတွင်းက အနံ့ဆိုးတွေ ထွက်လာမယ်
• လည်ချောင်းနာတာနဲ့ အတူ နားထဲက နာမယ်၊ မေးရိုးတွေ နာတာမျိုး ဖြစ်လာမယ်
• အမြဲလိုလို အသံဝင်နေမယ်
• မျက်နှာနဲ့ လည်ချောင်းမှာ ဖောရောင်တာမျိုး ဖြစ်မယ်
• အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျသွားတာမျိုး ဖြစ်မယ်ဆိုရင် ကုသမှု ခံယူဖို့ လိုပါမယ်။

ဘာတွေ ဖြစ်လာနိုင်လို့လဲ

လည်ချောင်းနာတာက ခဏခဏ ဖြစ်နေမယ်။ အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ လည် ချောင်းကင်ဆာရဲ့ အစောပိုင်း လက္ခဏာ ဖြစ်နိုင်သလို အချို့ အချို့သော ရောဂါတွေရဲ့ အစပျိုးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

ပုံမှန်အားဖြင့် လည်ချောင်းကင်ဆာကို သွားဆရာ ဝန်တွေ ဒါမှမဟုတ် ဆရာဝန်တွေက အခြားသော ကျန်းမာရေး အခြေအနေ တစ်ခုခုကို ကုသရင်းနဲ့မှ သိကြတာများပါတယ်။ လည်ချောင်းနာတာနဲ့အတူ ချောင်းဆိုးတာ၊ ဒါမှမဟုတ် အစားမျိုချရခက်တာ၊ ပါးစပ်ထဲမှာ အနာဖြစ်တာ၊ လည် ချောင်းနဲ့ ဇက်တဝိုက်မှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်တာက လည်ချောင်းနာတာက ကင်ဆာ ဒါမှမမဟုတ် ချက်ချင်း ကုသမှု ခံယူဖို့ လိုနေတဲ့ ကျန်းမာရေးပြဿနာ တစ်ခုခုကို ခံစားနေရပြီဆိုတာကို ဖော်ပြနေတာပါ။

လည်ချောင်းကင်ဆာ အမျိုးအစားကတော့ အမျိုးအစားအားဖြင့် ၃ မျိုး ရှိပါတယ်။
• အသံအိုးကင်ဆာ (Laryngeal cancer ) ဆိုတာက အသံအိုးနဲ့ အသံအိုး အထက်ပိုင်း တဝိုက်နဲ့ အောက်ပိုင်းတဝိုက်မှာ ဖြစ်တဲ့ ကင်ဆာပါ။
• လည်ချောင်း ကင်ဆာ (Pharyngeal cancers) ဆိုတာက နှာခေါင်း နဲ့ လည်ချောင်း အနောက်ဖက် ပါးစပ် နောက်ဖက်နား လည်ချောင်း အောက်ဖက်ပိုင်းမှာ ဖြစ်တာမျိုးပါ။ အသံအိုး အထက်ပိုင်းနားလေးမှာပါ။
• ခံတွင်းကင်ဆာ ဆိုတာက နှုတ်ခမ်း၊ ပါးစောင်၊ သွားဖုံး၊ လျှာ နဲ့ အာခေါင်မာ၊ အာခေါင်တို့မှာ ဖြစ်တဲ့ ကင်ဆာတွေပါ။

ဒီကင်ဆာတွေ အပြင် –
• အဆုတ်ကင်ဆာ
• အစာရေမျို ကင်ဆာ
• သိုင်းရွိုက်ကင်ဆာ
• ခံတွင်း ကင်ဆာ
• တံထွေး ဂလင်း ကင်ဆာ
• သွေးကင်ဆာ စတာတွေ ခံစားနေရတာ ဖြစ်နိုင်ပါတယ်။

လည်ချောင်းတဝိုက်နဲ့ သွားနဲ့ ခံတွင်းမှာ ဖြစ်တဲ့ ကင်ဆာတွေက အစပျိုး လက္ခဏာတွေ အနေနဲ့ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အသံဝင်တာ၊ အစာမျိုချရခက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိတယ်ဆိုပေမယ့် ခဏခဏ နာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာရဲ့ အစပျိုး လက္ခဏာ ဖြစ်နိုင်တာကြောင့် သေချာလေး ကုသစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။
(Crd; Hello Sayarwon)

image
16 w - Translate

ဘယ်သူ့အတွက်မှ
အရေးမပါတဲ့အခါ မပါတဲ့အခါ
ကျွန်တော်ဟာ စက္ကူပန်းသာသာပါ
ဝေပြလဲ အသုံးမဝင် ကြွေပြလဲ အမှိုက်ထင်ခံရ
ကျွန်တော်ဟာ စက္ကူပန်းလို ဘဝပါပဲ...
#စာတို

16 w - Translate

You’re Next (2011)

ဒီဇာတ်ကားကို တော်တော်များများကတော့ သိကြမယ်လို့ မထင်ပါဘူး၊

အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ၊လုံးဝမထင်ထားတဲ့ လှည့်ကွက်တွေနဲ့ မိုက်မိုက်လေးမလို့ မင်မင် အနေနဲ့ Rating ပေးရရင် 10/10 ပါ။(Just my opinion)

ဇာတ်လမ်းအစကနေ အဆုံးထိ ရှယ်ကြမ်းပေးသွားမှာပါ၊Plot Twist နဲ့စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်လိုက်ကြဖို့ Recommend ပေးပါတယ်ဗျ။

image

ဘဝကပဲ ခက်ခဲနေတာလား?
ကိုယ်ကပဲ အသုံးမကျဘဲ ပျင်းနေတာလား?
တစ်ခါတလေ ကျနော်တို့ဟာ
ဘဝကြီးကို အပြစ်တင်တတ်ကြပါတယ် ။
ကျနော်တစ်ယောက်တည်းပဲ
ဘဝကြီးက အဆင်မပြေမှုတွေ ပေးနေသလို
ညည်းတွားမိ တတ်ကြပါတယ် ။
တကယ်တော့ ဘဝကြီးက
ဘယ်သူ့အတွက်မှ လွယ်မနေပါဘူး
ခက်နေတာတွေကို
ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားနေသူနဲ့
ခက်နေတာကို ထိုင်ညည်းနေသူပဲ
ကွာသွားတာပါ...
မှန်ပါတယ်
လူတိုင်းအတွက် ဘဝကြီးက ခက်ခဲပါတယ်
သာယာနေတယ်လို့ ထင်နေရတဲ့သူတွေဆီမှာလဲ
အခက်အခဲတွေ အများကြီးရှိပါတယ်
အောင်မြင်နေသူအကုန်လုံးဆီမှာလည်း
ပြသနာပေါင်းသောင်းခြောက်ထောင်ရှိပါတယ်
အဓိက ကွာခြားသွားတာက
ကြိုးစားသူ နဲ့ ညည်းတွားသူပါ
ဒါကြောင့်
ဘဝကြီးက ခက်ခဲတဲ့အကြောင်းပဲ
အမြဲ တွေးမနေပါနဲ့
ကိုယ်အသုံးမကျတာ ပျင်းတာကိုလည်း
တွေးပေးပါ...
ငပျင်းတွေ အတွက် ဆုလဒ် မရှိဘူး

image
16 w - Translate

သတ္တိရှိတဲ့သူတွေက ဝန်ခံတတ်ပါတယ်။
ရဲရင့်တဲ့သူတွေကျတော့...
ရဲရဲဝံ့ဝံ့ တောင်းပန်တတ်တယ်။
ကြီးမြတ်တဲ့သူတွေက မေတ္တာစိတ်ရှေ့ထားပြီး
ခွင့်လွှတ်ပေးတယ်။
အကောင်းမြင်စိတ်ရှိတဲ့သူတွေက
စိတ်အေးချမ်းရတယ်။
နားလည်ပေးနိုင်တဲ့သူက စိတ်ငြိမ်းချမ်းရတယ်။
မျှတတဲ့သူတွေက ကောင်းမွန်တဲ့နေရာမှာ
အမြဲနေရတတ်တယ်။
သည်းခံတတ်တဲ့သူတွေက
အရာရာတိုင်းကို အောင်မြင်ကျော်လွှားနိုင်တယ်။
မေတ္တာစိတ်ရှိတဲ့သူတွေဟာ မေတ္တာနဲ့နိုင်တယ်။
သူ့တို့ဘဝနဲ့ သူ့တို့ဝန်းကျင်လေးကို
အမြဲတမ်း အေးချမ်းစေတယ်။ ငြိမ်းချမ်းစေတယ်။
ဒါဟာအမှန်တရားပါ။ အရာရာတိုင်းမှာ
စိတ်ကလေးထားတတ်ရင်ရပါပြီ။
#စာပေ

//