ကလောမြို့မှာအသစ်ဖွင့်လှစ်လိုက်တဲ့ Guitar Cafe & Restaurant ကော်ဖီဆိုင်
ဒီကော်ဖီဆိုင်လေးက ကလောမြို့
တကသိုလ်ရိပ်သာလမ်းကလော နှစ် (၁၀၀)Hotel ဘေးမှာပါနော်
ကလောရောက်ရင်ကော်ဖီအေးအေးဆေးဆေးထိုင်သောက်ရင်းနဲ့ပုံလှလှလေးတွေရို၊က်ကြမယ်
ကော်ဖီဆိုင်ရဲ့အပြင်ဆင်လေးတွေလည်းဂီတာပုံစံနဲ့ပြုလုပ်ထားတာတွေ့မြင်ရမှာပါ ကော်ဖီချစ်သူတွေအတွက်အချိန်ရရင်ဒီနေရာကိုပါဝင်ထိုင်ခဲ့ပါ☕️ကော်ဖီဆိုင်ပိုင်ရှင်အစ်ကိုကလည်းသဘောကောင်းပြီးဖော်ရွေတယ်
ဒီကော်ဖီဆိုင်ရဲ့အသာချက်က ချစ်သူမရှိလည်းလာထိုင်လို့ရတာကိုပဲ😁
Guitar cafe & restaurantမှာအေးအေးဆေးဆေးလေးထိုင်ချင်ရင်တော့ ညနေဘက်လာထိုင်ပါ
ကော်ဖီတစ်မျိုးတည်းရတာမဟုတ်ဘူးနော် တခြားသောအစားသောက်တွေလည်းစုံသလောက်ရှိပါတယ်
မြို့ပြမှာအရမ်းပူနေပြီဆိုတော့ သင်္ကြန်ရုံးပိတ်ရက်ကလောမြို့ကိုအလည်လာတာပဲဖြစ်ဖြစ်၊အပူရှောင်ချင်တာပဲဖြစ်ဖြစ်ကလောမြို့ရဲ့ချစ်စရာကော်ဖီဆိုင်အသစ်လေးဆီကိုအရောက်လာခဲ့နော်🥰
ကလောမြို့နာရီစစဥ်နဲ့ (၃)မိနစ် ကလောနှစ် ၁၀၀ Hotel ဘေး
#popular Paoh Stars
#crd

image
image
image
image
image
30 w - Translate

❛ Buddha's Brain ❜
ဒီစာအုပ်ဟာ စိတ်ချမ်းသာမှု၊
ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာကို
ပိုမိုဖန်တီးဖို့အတွက် သင့်ရဲ့ကိုယ်ပိုင်
ဦးနှောက်အတွင်းပိုင်းထဲကို ဘယ်လို
ရောက်ရှိနိုင်တယ်ဆိုတဲ့ နည်းလမ်းတွေရဲ့
အကြောင်းပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ
အောက်မှာဖော်ပြထားတဲ့မေးခွန်းနှစ်ခုကို
ဖြေဆိုဖို့အတွက် စိတ်ပညာ၊
အာရုံကြောဆိုင်ရာဆေးပညာနဲ့
တရားရှုမှတ်တဲ့ ကျင့်စဉ်တွေရဲ့သမိုင်းမှာ
မကြုံခဲ့ဖူးသေးတဲ့ ပေါင်းစည်းမှုကို
စူးစမ်းရှာဖွေထားပါတယ်။
စိတ်ချမ်းသာမှု၊ ချစ်ခြင်းမေတ္တာနဲ့
ဉာဏ်ပညာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ
အခြေအနေ တွေကို ဦးနှောက်ရဲ့
ဘယ်အခြေအနေတွေက အခြေခံထားသလဲ။
◻️ ဦးနှောက်ရဲ့အပြုသဘောဆောင်တဲ့
ဒီအခြေအနေတွေကို နှိုးဆွပြီး
အားကောင်း အောင်လုပ်ဖို့အတွက်
သင့်ရဲ့စိတ်ကို သင် ဘယ်လို
အသုံးပြုနိုင်သလဲ။
◻️ ရရှိလာတဲ့ရလဒ်ဟာ သင့်ဦးနှောက်ကို
ပိုမိုကောင်းမွန်အောင်
တဖြည်းဖြည်း ပြောင်းလဲဖို့အတွက်
သင် အသုံးပြုနိုင်တဲ့
လက်နက်တွေနဲ့ပြည့်နေတဲ့
သင့်ဦးနှောက်အတွက် လက်တွေ့
လမ်းညွှန်တစ်ခု ဖြစ်ပါတယ် ။

image

Carry-On ရုပ်ရှင်က 2024 Netflix ထုတ်လွှင့်ခဲ့တဲ့ ဇာတ်ကားတွေထဲ ကြည့်သူအများဆုံး Top(1 ထဲပါဝင်သွားပြီပဲ ဖြစ်ပါတယ်။

image
30 w - Translate

❛ မောင်ချောနွယ်ဆန်သွားသောနေ့များ ❜
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက်
ညတိုင်းသီချင်းတွေ ဆိုခဲ့တယ်။
ထောင့်ချိုးများ လင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။
အပင်ကိုချစ်လို့
အမြစ်ကို ရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကို ဆန်ခဲ့တယ်။
အလိုလိုကြွေကျတဲ့
သစ်သီးများသာစားသုံးရင်း
ဟောဒီ
ကမ္ဘာလောကရဲ့ ချောင်းလေးတစ်ခုမှာ
အရေးမပါတဲ့ ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာ ငါနေထိုင်ရင်း
အလင်းဓာတ်ကို မြတ်နိုးခဲ့ပါတယ်။
ရေဆူအမှတ်မှာ မီးခိုးအူအူနဲ့ ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှ မထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်း မပါဝင်ခဲ့ပါ။
ခု အသက် ၅၃ နှစ်ထဲရောက်ချေပေါ့
နာတာရှည်ရောဂါ နဲ့
သူများလက်ဆောင်ပေးတဲ့ ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ ။ ။
▫️မောင်ချောနွယ်▫️
× × × × × ×

image
30 w - Translate

Saree>>>>

#glamday

image
30 w - Translate

Saree>>>>

#glamday

image
30 w - Translate

Saree>>>>

#glamday

image
30 w - Translate

Saree>>>>

#glamday

image
30 w - Translate

Saree>>>>

#glamday

image
image
image
image

မြန်မာဇာတ်ကားတွေထဲ သဘောကျမိတဲ့ ရုပ်ရှင် Money Has Four Legs: ခြေလေးချောင်း
မနေ့က Indie Film တွေစုစည်းပေးထားတဲ့ Post လေးတစ်ခုတက်လာတော့ ၂၀၂၀ တုန်းက Trailer ကြည့်ပြီးကြိုက်သွားတဲ့ ဇာတ်ကားတစ်ကားကို သွားသတိရမိတယ်။
ဇာတ်ကားနာမည်က Money Has Four Legs (ခြေလေးချောင်း) လို့ခေါ်ပါတယ်။ ဘီလူးခေါင်းပုံနဲ့ Poster မှာ စိတ်ဝင်စားဖို့ကောင်းအောင်လုပ်ထားတော့ ထိုင်းကလူတွေရိုက်တယ်လို့ထင်နေမိတယ်။ နောက်မှရှာကြည့်တော့ မြန်မာလူမျိုး ဒါရိုက်တာ ဖြစ်နေမှန်းသိလိုက်ရတယ်။ အဲတုန်းကတော့ ကျွန်တော်ဟာ စာရေးသူတစ်ယောက်မဖြစ်သေးတဲ့ အချိန်ပါ။
မြန်မာ့ရုပ်ရှင် Industry မှာ အခုလိုမျိုး ရုပ်ရှင်တွေပေါ်လာဖို့ကတော့ အခုလို ပေါကားတွေ ပေါချင်းသောချင်းထွက်နေတဲ့ အနေထားနဲ့ဆို မမျှော်လင့်တော့ပါဘူး။ ထွက်ဖို့လည်းမရှိလောက်တော့ဘူးထင်ပါတယ်။
အဲ့ကားမတိုင်ခင် ခီမောင်နှံရဲ့ ရုပ်ရှင်တွေက မြန်မာ့ရုပ်ရှင် လောကကို ပြောင်းလဲမှု အသစ်တွေယူလာပေးတော့ Studio ကြီးတွေနဲ့ ဖန်တရာထေဇာတ်လမ်းတွေ ရိုက်လာတဲ့ မင်းသား၊ မင်းသမီးတွေက မျက်ခုံးလှုပ်ခဲ့တာပေါ့။
နောက်တော့ ဆန်းသစ်တဲ့ ဇာတ်ကားတွေ တဖြည်းဖြည်း ပေါ်လာပြီး လူငယ် Cast တွေနဲ့ လူငယ် ဒါရိုက်တာတွေကို ဦးစားပေးလာကြတယ်။ ဇာတ်ကားတွေကလည်း ပရိတ်သက်တွေ အကြိုက်တွေခဲ့ကြသလို Education မဖြစ်တဲ့ ပရိတ်သတ်တွေကိုပါ Cast လန်းလန်းတွေသုံးပြီး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။
Plot ဆိုတာဘာမှန်းမသိတဲ့ မြန်မာတွေကို ဇာတ်လမ်းကို ဘယ်လို အဆုံးသတ်သွားလည်းဆိုတဲ့ တွေးစရာတွေပေးသွားတဲ့ ဇာတ်ကားတွေလည်းပေါ်လာတယ်။ ဥပမာ - ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ “ည” နဲ့ “သူစိမ်းအိမ်” စတဲ့ဇာတ်ကားတွေက လူကြိုက်များခဲ့သလို Horror ဇာတ်လမ်းတွေထဲမှာ တွေးစရာတွေပေးသွားတဲ့ ဇာတ်ကားလို့ပြောရပါမယ်။
ဒီလိုမျိုး ဖောက်ထွက်လာတဲ့ ဇာတ်ကားတွေကို အမီလိုက်ဖို့ Studio ကြီးတွေ အငြိမ်မနေရတော့တာလည်းတွေ့လာရတယ်။ အဲ့တုန်းက ပေါပေါပဲပဲဇာတ်ကားတွေ မထွက်သလောက်ကိုရှိနေပြီ။ အားလုံးက အချိန်ယူပြီးရိုက်ကြတယ်၊ နောက်ပြီး ရုပ်ရှင်ကြည့်ပရိတ်သက်တွေကိုလည်း ဖျော်ဖြေမှု အဆင့်တစ်ခုထက်ပိုတဲ့ ရသမျိုးတွေပေးလာနိုင်တယ်။
ပြောရရင်တော့ အခုခေတ် အဆိပ်အတောက်တွေပေးနေတဲ့ မြန်မာ့ရုပ်ရှင်ထက် အဲ့တုန်းကထွက်ခဲ့တာတွေက အဆင့်အတန်းအရမ်းကိုကွာခြားလွန်းပါတယ်။ အခုရုပ်ရှင်တွေက ရပ်ကွက်ထဲက စကားနဲ့ပြောရရင် ကြည်လာတာတစ်ခုပဲရှိပါတယ်။ Camera Movement ဒီအတိုင်းပဲ၊ Cinematography အဝေးကြီး၊ သရုပ်ဆောင်မှုအပိုင်း မြင်ဖူးနေကြပုံစံတွေပဲ၊ Cast အသစ်တွေမသုံး၊ သုံးတော့လည်း ဇာတ်လမ်းနဲ့ အံ့ဝင်ခွင်ကျမရှိတဲ့ ဆယ်လိီတွေ၊ ဟာသတွေက အောက်လုံးတွေကြီးပဲ၊ သရဲကားဆို ကြောက်ရကောင်းမှန်းမသိသေးဘူး၊ Drama ဆို အိမ်ထောင်ရေးဖောက်ပြန်တာတွေကြီး၊ ဒါတွေကြီးပဲ လုံးလည်ချာလည်လိုက်နေရင်းနဲ့ကို အချိန်ကုန်နေမိတဲ့ မြန်မာ့ရုပ်ရှင်ဟာ တစ်လဆို ရုံကြီးကားပဲ အနည်းဆုံးသုံးကားလောက်က ထွက်နေတာပါ။
အခုပြောခဲ့တာတွေ အကုန်လုံးက Money Has Four Legs (ခြေလေးချောင်း) ဆိုတဲ့ ဇာတ်ကားထဲမှာ ကွက်ကွက်ကွင်းကွင်းကိုပြသထားတာပါ။ ပြောရရင် ရုပ်ရှင်တစ်ကားရဲ့ နောက်ကွယ်မှာဘာတွေဖြတ်ကျော်ရသလဲဆိုတာမျိုးတွေကို သရော်ထားပြီး ဟာသနဲ့ရောရိုက်ထားတာက Trailer ကြည့်နေရင်းနဲ့ကို ပေးချင်တဲ့ Message က ဘာလည်းတန်းပြီးသဘောပေါက်စေမယ့် ဇာတ်ကားမျိုးပါ။
ဆိုးတာတစ်ခုက ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာ ရုံတင်ဖို့ လုပ်သေးတယ်ဆိုပေမယ့် အကြောင်းကြောင်းကြောင့် ရုံမတင်ဖြစ်လိုက်ပဲ ၂၅ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်၊ 74 ကြိမ်မြောက် Locarno ရုပ်ရှင်ပွဲတော်၊ 20th New York Asian Film Festival နဲ့ 2021 Vancouver International Film Festival တို့အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာသာ ပြသခဲ့ရပါတယ်။ နောက်ပြီး 2021 Jakarta Film Week မှာ Global Feature Award of Special Mention Award ကိုရထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
အခုနေကာလနဲ့ကြည့်မယ်ဆို ဒီဇာတ်ကားဟာ မြန်မာရုပ်ရှင်လောကကို မီးမောင်းထိုးပြနေတဲ့ Indie ရုပ်ရှင်လေးတစ်ကားပါပဲ။ စဖို့ မလွယ်တဲ့ ရုပ်ရှင်ကို ရိုက်ကူးရင်း လူငယ်ဒါရိုက်တာတစ်ယောက်ရဲ့ အိပ်မက်တွေပျက်ဆီးမှုစီကို ဦးတည်လာတဲ့ ဒီရုပ်ရှင်ဟာ မြန်မာနိုင်ငံက ရုပ်ရှင် နဲ့ မျိုးဆက်သစ်တွေအပေါ်ဖိနှိပ်မှုတွေမြင်တွေ့ရနိုင်ပါတယ်။
ဒီဇာတ်ကားကို နိုင်ငံခြားရောက်သူတစ်ချို့ကတော့ကြည့်ဖူးကြမယ်ထင်ပါတယ်။ တစ်ချို့သူတွေကတော့ ကြည့်ဖူးမယ်မထင်ပါဘူး။ ဆိုတော့ အခွင့်သာမယ်ဆိုရင်တော့ကြည့်ဖူးချင်တဲ့ ဇာတ်ကားထဲပါတဲ့ ရုပ်ရှင်ပါပဲ။

image