45 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
image
image
image
45 ပတ် - ဘာသာပြန်ပါ။

လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော
********************
(ပြည်တွင်း) မတ် ၁၇
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့အတွက် လိုအပ်စတဲ့ပြင်ဆင်မှုတွေကို စီစဉ်ဆောင်ရွက်နေပြီး လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မတ်လ ၁၆ ရက်နေ့မနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်မှာကျင်းပပြုလုပ်တဲ့ ၂၀၂၅ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြုလုပ်ပေးသွားဖြစ်တဲ့အတွက် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစိုးရနဲ့ပြည်သူ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်တယ်လို့လည်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

နိုင်ငံတော်အစိုးရက ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရှေ့လုပ် ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားရေး ရည်မှန်းချက်(၂)ရပ် စတဲ့ လုပ်ငန်းစဉ်တွေဟာ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ အလွန်ကျယ်ပြန့် နက်ရှိုင်းတယ်လို့လည်း သူကဆိုပါတယ်။

ဥပမာပြောရမယ်ဆိုရင် တိုင်းပြည်သာယာဝပြောရေး လုပ်ငန်းစဉ်တွေထဲမှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ပြည်သူများ ကိုယ်စိတ်နှလုံး အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးစတဲ့ အချက်များစွာ ပါဝင်တာကို တွေ့ရမှာဖြစ်ပြီး အဲဒီလို ဦးတည်ချက်လုပ်ငန်းစဉ်နဲ့ ရည်မှန်းချက်တိုင်းမှာ ကဏ္ဍအလိုက် အသေးစိတ် ဖော်ဆောင်ရမယ့် လုပ်ငန်းတာဝန် များစွာရှိနေတယ်လို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။

image
45 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
45 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
45 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
45 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
45 ပတ် - ဘာသာပြန်ပါ။

#tattooideas

image
image
image
image
45 ပတ် - ဘာသာပြန်ပါ။

Summer 🏝️🌞

imageimage
45 ပတ် - ဘာသာပြန်ပါ။

ထင်ထားတာထက် Battery လည်း ပိုခံမယ်ဆိုပဲ 👀
.
Bloomberg Media က Mark Gurman ကနေ အခုပဲ iPhone 17 Air ဖုန်းအကြောင်း သတင်းတွေကို ထပ်ပြီး ဖော်ပြသွားခဲ့တယ်။ ဆိုတော့ အရှေ့မှာ Display Size | အထူ Thickness ပဲ သိထားတာကနေ အခုပိုပြီး သိရလာပါပြီ။​
အရင်ဆုံး iPhone 17 Air ရဲ့ Display Size က 6.6" ရှိမယ် - ဒါက Screen Size အရမ်းကြီးသွားရင် ပါးလည်းပါးတော့ ကွေးနိုင်ခြေကို လျော့ချင်တာကြောင့်လို့ ဆိုထားတယ်။ ဒီ Display ပိုင်းမှာ iPhone 16 Pro တွေလို ဘေးဘောင်တွေအရမ်းပါးမယ်၊ အဲ့အပြင် 120Hz ProMotion ပါမှာ သေချာသွားသလို Dynamic Island အပြင် Camera Control ကိုပါ ထည့်ပေးထားမယ်။
အထူကလည်း သတင်းထွက်နေသလို 5.5mm ပဲရှိမယ်။ ဒီလောက်ပါးပေမယ့် Apple က iPhone 16e လို MagSafe ကို မဖြုတ်ချပဲ ဆက်ထည့်ထားတုန်းပဲ။ တစ်နေရာမှာ လျော့လိုက်တာက Chip ပိုင်းမှာ iPhone 17 Pro တွေလို A19 Pro အစား A19 Chip ကိုပဲ​ သုံးထားမယ်။
အထူးခြားဆုံးက Mark Gurman ကနေ iPhone 17 Air ရဲ့ စျေးက အစောပိုင်းသတင်းထွက်ထားသလို iPhone 17 Pro တွေထက်များမှာမဟုတ်ပဲ လက်ရှိ iPhone 16 Plus ရဲ့ စျေး - $899 ကနေပဲ ရောင်းချသွားမယ်လို့ ဆိုလိုက်တာပါ။
Mark Gurman ကလည်း ပါးပေမယ့် Battery Life ပိုင်းမှာ Apple ရဲ့ C1 Modem အပြင် တခြား Optimization တွေကြောင့် ကျန်တဲ့ iPhone 17 Series တွေနဲ့ အတူတူလောက်ပဲ သုံးနိုင်မယ်၊ ထင်ထားတာထက် ပို Battery ခံမယ်လို့လည်း ပြောထားပါသေးတယ်။
ဆိုတော့ တကယ်သာ iPhone Plus Model စျေးနဲ့ပဲ ရောင်းမယ်ဆိုရင် iPhone 17 Air က ကျိန်းသေ အဝယ်အနည်းဆုံး Model ကနေ အရောင်းရဆုံး Model တောင် ဖြစ်လာနိုင်တယ်။
ဒီနှစ်တော့ iPhone အသစ်တွေ စိတ်ဝင်စားဖို့ပိုကောင်းလောက်ပြီ 👀

image
45 ပတ် - ဘာသာပြန်ပါ။

ပိတ်ဆို့မှုများကြောင့် ပို့ကုန်တင်ပို့မှု လျော့နည်းနေဟု နစကဥက္ကဋ္ဌပြော
ရန်ကုန်၊ မတ် ၁၇
မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုတွေ ရှိနေတာကြောင့် ပို့ကုန်တွေ တင်ပို့မှုလျော့နည်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၁၅ ရက်နေ့မှာ အေးရှားဝေါလ်ဆိပ်ကမ်းတံတားကို လာရောက်ကြည့်ရှုရင်း ပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကန့်သတ်ချက်တွေကို ကျော်လွှားပြီး ပို့ကုန်တွေ ပိုမိုတင်ပို့နိုင်ရေး နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
ပြည်တွင်းကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်ကာ ဈေးကွက်ရှိပြီးဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပိုမိုထုတ်လုပ် တင်ပို့နိုင်ဖို့ လိုတယ်လို့ ၎င်းက ဆိုပါတယ်။
ပို့ကုန်တွေ တိုးမြှင့်ရရှိရေးတွက် စိုက်ပျိုးရေးပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်ဖို့လိုပြီး အထွက်နှုန်းကောင်းမွန်မှသာ ပြည်ပပို့ကုန်တွေလည်း တိုးတက်လာမှာဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ဆက်ပြောပါတယ်။
ပြည်တွင်းက ထုတ်လုပ်တဲ့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေ ပြည်ပတင်ပို့မှုအပေါ် ကန့်သတ်ထားတာမရှိလို့ လျင်မြန်ချောမွေ့စွာတင်ပို့နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ငွေကြေးခိုင်မာတောင့်တင်းတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ ၎င်းကို အခြေခံထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍတို့မှာ ဦးစားပေး ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း - BETV Business

image