Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#တချို့skincareနဲ့makeupနဲ့မသဲကွဲတဲ့သူတွေသိဖို့ပါ
Makeup နဲ့ Skin Care တာ မတူညီပါဘူး
Makeup လိမ်းတာကျ
အဖုအပိန့်တွေခဏတာဖုံးလို့ရမယ်
တစ်နေ့တာဖုံးလို့မရပါဘူး
အဖုက အဖုအတိုင်းပြန်ပေါ်လာပါလိမ့်မယ်
ချွေးထွက်များရင်
ဟိုကွက် ဒီကွက်ပေါ်လာမယ်
နေပူရင် မျက်နှာပူလာပါလိမ့်မယ်
ချွေးတွေနဲ့ဆို
အကြည့်ရဆိုးနေပါလိမ့်မယ်
ပုံမှန် Skin Care သွားရင်
မျက်နှာလေးပြေပြစ်ပြီ
Glow လာမယ်
အပြစ်အနာဆာကင်းပြီး
အသားအရကြည်လင်ဝင်းပနေမယ်
ယောက်ျားလေးဖြစ်ဖြစ်
မိန်းကလေးဖြစ်ဖြစ်
Skin care လုပ်လို့ရပါတယ်။
ဩစတြီးယားတွင် ရေကြီးရေလျှံမှုဖြစ်ပွား
-------------------
ဩစတြီးယားနိုင်ငံက မြေနိမ့်ပိုင်း ဩစတြီးယားပြည်နယ်တစ်ခုလုံးကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာ၀ ဘေးသင့်ဒေသအဖြစ် တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ မြို့တော် ဗီယင်နာကို ဖြတ်သန်းစီးဆင်းတဲ့ ဗီယန် မြစ်မှာလည်း ရေအမှတ်အမြင့်ဆုံးကို ရောက်ရှိနေတဲ့အတွက် မြေအောက် ရထားဘူတာနဲ့ ကားလမ်းတွေကို ပိတ်ထားပါတယ်။
ဒါ့အပြင် မြို့တော်တစ်ဝန်းက အဝေးပြေးလမ်းတွေနဲ့ ရထားလမ်းတွေကိုပါ ပိတ်ထားရပါတယ်။ လတ်တလောဖြစ် ပေါ်နေတဲ့ ရာသီဥတုအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ နေအိမ်မှာနေကြဖို့ တာဝန်ရှိသူတွေ က ညွှန်ကြားထားသလို ကျောင်းနဲ့ ရုံးလုပ်ငန်းခွင်ကို မလာနိုင်ကြတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူကျောင်းသား တွေနဲ့ အလုပ်သမားတွေကို နားလည်မှုနဲ့ ခွင်ပြုပေးထားပါတယ်။ ဩစတြီးယား စစ်တပ်ဟာ ရေကြီးရေလျှံမှုတွေ ကို တုံ့ပြန်ဖို့အတွက် တပ်ဖွဲ့ဝင် ၂၄၀၀ ကို စေလွှတ်ထားကြောင်း ဩစတြီးယားဝန်ကြီး ချုပ် ကားလ် နီဟာမားက သူရဲ့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြထားပါတယ်။
ယနေ့ရင်နင့်စရာဖြစ်ရပ်လေးပါ💔🥺Post လေးတွေ့ပြီး မျက်ရည်ကျမိတယ်...
ရမည်းသင်း သပြေပင်ရွာက ကလေးငယ်😿
ညကြိီး ၁၁ခွဲလောက် လူတွေအိပ်မောကျတဲ့အချိန် ရေကြီးတော့ မိသားစုလိုက်ပါသွားတာ။
နောက်ရက် ကလေးငိုသံကြားလို့လိုက်ရှာကြတော့ ရေစီးနဲ့မျောပါမသွားဘဲ ဒိုက်ပုံတွေနဲ့သစ်ပင်နား ဖခင်ဖြစ်သူက လက်ကိုအပေါ်မြှောက်ပြီးကလေးကို မထားတာ
DB ကိုတွေ့ရတော့တာတဲ့။
မိခင်ကတော့ ရေစီးထဲမျောပါသွားပြိီးရှာမတွေ့တော့ပါဘူးတဲ့ 🥺
ရေစီးထဲမှာပါတဲ့အမှိုက်ရဲ့ပုတ်ခတ်မှူ
ကြောင့်ကလေးမျက်နှာနဲ့ မျက်လုံးတွေမှာ
မြင်တဲ့အတိုင်းပါပဲ 💔
တညလုံး ရေထဲမကျအောင်ကိုယ့်သားကို မထားတဲ့ဖခင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာကောင်းပေမဲ့ မရှိရှာတော့ပါဘူး😢
ရေတွေမွန်းပြီး ဘယ်လောက်တောင်ကြောက်နေရှာမလဲ မဆုံးခင်အချိန်ပိုင်းလေးမှာ အားပြတ်နေတာတောင် ရအောင် အားတင်းပြီး ကယ်ပေးခဲ့တဲ့ အဖေ့မေတ္တာ....😥
ဖခင်ပေးခဲ့တဲ့ အသက်နဲ့ကောင်းမွန်စွာ ရှင်သန်နိုင်ပါစေ ကလေးရယ်
ပိတ်ရက်တွေမှာ တစ်ရက်လောက်တော့
ထမင်းပူပူလေးနဲ့နယ်စားရင် သိပ်မြိန်တဲ့
ဂဏာန်းမဆလာချက်ရှူးရှဲလေး ချက်စားရအောင်နော်..
😋😋😋
ပါဝင်ပစ္စည်းလေးတွေကတော့
ငရုတ်သီးစိမ်းကို၂ခြမ်းခွဲပါ
ခရမ်းချဉ်သီးကိုနုပ်နုပ်စင်း သို့ ကြိတ်ထားပါ
ကြက်သွန်နီဖြူဂျင်းငရုတ်သီးခြောက်တို့ကိုရောထောင်းပါ
ပင်စိမ်း/ရှမ်းနံနံ/နံနံပင် နှစ်သက်ရာထည့်ပါရှင်
အိုးကိုပူအောင်အရင်လုပ် ဆီထည့်
ဆီပူမှကိုင်ထားတဲ့ဂဏာန်းထည့်ကြော်
လိမ္မော်ရောင်လေးသန်းလာရင် ဆယ်ယူပြီးဆီစစ်ထားပါ
အဲ့ဂဏာန်းကြော်ထားတဲ့ဆီထဲကို
ထောင်းထားတဲ့ကြက်သွန်အနှစ်တွေထည့်ဆီသပ်
ကြက်သွန်နည်းနည်းကြွပ်လာရင် နုပ်နုပ်စင်းထားတဲ့
ခရမ်းချဉ်သီးထည့်ပြီး ၂မိနစ်ခန့်အဖုံးအုပ်တည်ပါ
ပြီးရင် ရေနည်းနည်းထည့်ကာ မီးအပူရှိန်လျော့ပြီး
အနှစ်ကျအောင်ဖြည်းဖြည်းချင်းစီ မွှေပြီးချက်ပေးပါ
ပြီးရင် ငရုတ်သီးစိမ်းထည့်မွှေပါ
ဂဏာန်းထည့်ပါ ရေ ဆား သကြား/ကြက်သားမှုန့်ထည့်ပြီး
၄မိနစ်ခန့်ချက်ပါ ။
ရေကို ဂဏာန်းမြုပ်ရုံလေးသာထည့်ပါ
အရည်သောက်မဟုတ်လို့ အများကြီးထည့်စရာမလိုပါရှင် ။
ဘဲဥတစ်လုံးဖောက်ထည့်ပါ ဘဲဥအနှစ်ပေါက်သွားအောင်
ထည့်ပြီးပြီးချင်း မြန်မြန်မွှေပါ အဲ့ဒါမှအနှစ်ဖြစ်ပြီး
ထမင်းနဲ့နယ်စားလို့ရမှာပါ ။
ကုလားလေးမဆလာအုပ်ပါ
ပင်စိမ်း/ရှမ်းနံနံ/နံနံပင် နှစ်သက်ရာအုပ်ပါရှင် ။
အနှစ်များများရချင်ရင်
ခရမ်းချဉ် ကြက်သွန်များများထည့်ချက်ပါရှင် ။
ဒီအချိန် ဇွဲကပင်တောင်တက်ရင် အလှဆုံး ရှုခင်းကို မြင်ရမှာ အမှန်ပါ။
ဇွဲကပင်တောင်တက်လမ်းက တောပန်းရာသီ
ဇွဲကပင်တောင်ဆိုတာ ဘားအံမြို့ရဲ့ အထင်ကရ အမှတ်အသားပါ။ တောပန်းကလေးတွေနဲ့ ဇွဲကပင်တောင်တက်လမ်းအလှကို ကြည့်ရှုခံစားချင်ရင်တော့ မိုးနှောင်းရာသီမှာပဲ မြင်ရမှာ ဖြစ်ပါတယ်။
မြူနှင်းတွေရယ် တောပန်းတွေရယ် ရေတံခွန်လေးတွေရယ် အားလုံးစုံတဲ့အချိန်မို့ အလှပဆုံး အမှတ်တရတွေ ကျန်ခဲ့စေမှာပါ
ဒီအချိန် ဇွဲကပင်တောင်တက်ရင် အလှဆုံး ရှုခင်းကို မြင်ရမှာ အမှန်ပါ။
ဇွဲကပင်တောင်တက်လမ်းက တောပန်းရာသီ
ဇွဲကပင်တောင်ဆိုတာ ဘားအံမြို့ရဲ့ အထင်ကရ အမှတ်အသားပါ။ တောပန်းကလေးတွေနဲ့ ဇွဲကပင်တောင်တက်လမ်းအလှကို ကြည့်ရှုခံစားချင်ရင်တော့ မိုးနှောင်းရာသီမှာပဲ မြင်ရမှာ ဖြစ်ပါတယ်။
မြူနှင်းတွေရယ် တောပန်းတွေရယ် ရေတံခွန်လေးတွေရယ် အားလုံးစုံတဲ့အချိန်မို့ အလှပဆုံး အမှတ်တရတွေ ကျန်ခဲ့စေမှာပါ