49 w - Translate

အသားအရေ ထိထားလို့ စန့်စန့်တစ်ဖြစ်လွန်းသူတွေအတွက် Moisture ကောင်းတာလေးမှရှာနေရင်
ဒါလေး Try ကြည့်

Texture light weight ဖြစ်လွန်းတာကြောင့် Over Oily သမားတွေ အကြိုက်တွေ့မယ့် ဂြိုလ်သားလေးပေါ့
အနံ့မရှိ Sticky မဖြစ်ဘဲ ပေါ့ပါးလွန်းတာလေး

Moisture step ကလည်း Skincare step တွေထဲမှာ တော်တော်လေးအရေးပါတဲ့အပြင် ဒါမျိုးကောင်းတဲ့ Moisturizing cream တွေက အသားအရေ skin barrier ထိထားသူတွေ ပြန်ကောင်းလာဖို့အတွက်တော့ သေချာလေး လုပ်ပေးနိုင်တာမို့ တဗူးကတော့ Must Have ပါဘဲ

စကားတွေအများကြီးပြောပီးမညွှန်းတာက လူတိုင်းနဲ့ မစိမ်းတဲ့ ထုတ်ကုန်ဖြစ်တာရယ် အရေပြားဆရာဝန်ကိုယ်တိုင်ထုတ်ထားတာရယ်က ထပ်ထပ်ညွန်းစရာမလိုလောက်တဲ့ အကြောင်းပြချက်တွေထဲကတခုဘဲ ♥️

ဒီပေ့ဂျ်မှာတင်သမျှအားလုံးက ကိုယ်တိုင် ဝယ်သုံးစမ်းထားတာတွေ နဲ့ ကြိုက်တာတွေဘဲ ဒါလေးကိုတွေ့တွေ့နေတယ် ဒါပေမယ့် သုံးဖို့ ထပ်စဉ်းစားကြည့်နေတယ်ဆိုရင် ထပ်မစဉ်းစားပါနဲ့ ဝယ်စရာရှိသာသာဝယ်လိုက်ပါ ပေးရတာထက်အများကြီးပိုသာကောင်းမွန်တဲ့ထုတ်ကုန်လေးတခုဆိုတာ နောင်တလုံးဝမရရစေပါဘူး

ပုံနှင့်စာများကူးယူဖော်ပြခွင့်မပြုပါ
လွတ်လပ်စွာရှယ်၍စျေးရောင်းနိုင်ပါသည်

#reviewwithme
#crd

image
image
image
image
49 w - Translate

ပေးစမ်း နင့်ယောက်ျားငါ့ကို

#nogainnolove
#kdramahertz
#admin_h
#crd

image
49 w - Translate

ဟူး 😌

image
49 w - Translate

Gems
Natural Spinal (Mogok)❤️

အငြိ မျက်နာရှင်း ကျောက်သားပြောင်
အရွယ်ထွားတွေပဲ တစ်တန်းကြိုးခတ်လို့ရတယ်
ရွှေနဲ့မခတ်ပဲ ငွေထည်ခတ်ဝတ်ရင်တောင်အရမ်းလှမယ်

#ruby

စာဖတ်ပါ။
၁-
စာဖတ်များတဲ့ လူတစ်ယောက်ရဲ့
ရုပ်သွင်ဟာတည်ငြိမ်ရင့်ကျက်လာ
တတ်ပြီးဘယ်လောက်ပဲ အံ့ဩစရာ
နဲ့တွေ့တွေ့ မအံ့ဩတတ်ကြတော့ဘူး။
၂-
အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်
တွေကြီးထွားလာပြီးတကယ်ပဲ
ကျော်ဖြတ်ဖို့ အစီအစဉ်တွေချ
မှတ်လာနိုင်ကြတယ်။
၃-
ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာ
ပြီးကောင်းမွန်လွန်းလှတဲ့ အတွေး
တွေပေါက်ဖွားလာပါတယ်။
၄-
ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို
ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။
၅-
စာဖတ်ခြင်းကြောင့် လူတွေဟာ
မကောင်းမှုကို ရှောင်ရှားလိုစိတ်
တွေများလာပြီး စာနာစိတ်တွေ
တိုးပွားလာနိုင်ပါတယ်။
၆-
စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင်
ပေမယ့်ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။
၇-
စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်း
တွေ၊ အခက်အခဲတွေ၊စိတ်ကူးစိတ်သန်း
တွေကို တစ်ခြားလူတွေထက် ပိုသိလာ
ကြတယ်။
၈-
ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်
ပေမယ့် အရေးကြုံလာတဲ့အခါ ပြန်
ပြီး အမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေ
ဖတ်ထားသူတစ်ယောက်ဟာ အရေး
ပေါ်ကျန်းမာရေးအခြေအနေဖြစ်လာ
တဲ့အခါဘယ်လိုလုပ်ဆောင်ရမယ်ဆို
တာ သိလာနိုင်ပါတယ်။
၉-
စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊
မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးစေ
လိုတာကြောင့် နေရာတကာမှာဝင်
ပြီးပြောနေမယ်၊ ဘယ်သူမှမပေး
ဘဲ ဆရာဝင်လုပ်နေမယ်၊ ပါလေရာ
ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေ
ကသင့်ကို "လေကြီး"လို့ ဝိုင်းပြီး
ခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်
ဖို့လိုပါလိမ့်မယ်။စာအုပ်တွေဖတ်ပါ
များလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ
အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကား
လုံးတိုင်းဟာတစ်ခြားလူတွေရဲ့ဘဝ
ကို ပျော်ရွှင်ခြင်းနဲ့စိတ်အားတက်ကြွ
ခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။
၁၀-
ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို
ရွေးချယ်တတ်လာပြီး၊ အပေါင်း
အသင်းတွေကိုပါ ပြောင်းလဲပေး
နိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်
လောက်ပဲ ဖတ်ပြီးကိုယ့်ကို
ကိုယ် စာဖတ်တဲ့သူလို့ဂုဏ်ယူ
နေမယ်ဆိုရင်တော့ ရင့်ကျက်
တည်ငြိမ်တဲ့ လူတစ်ယောက်
မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေ
ကို ဖတ်ပါများလာမှ သင်ဟာ
ရဲရင့်တည်ကြည်တဲ့
လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။
ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံ
ကြည်နိုင်လောက်တဲ့ အတွေ့
အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေ
လေးစားရတဲ့လူတစ်ယောက်
အဖြစ်သို့ ပြောင်းလဲလာစေပါ
လိမ့်မယ်။

********************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေ
ဖတ်သင့်လဲ ..?
———————————————

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိ

အဲ့လိုဖတ်ပေးခြင့်ကြောင့်
အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို
သင်သိမြင်လာပါလိမ့်မယ်။

********************************

၂- ပညာရပ်ဆိုင်ရာစာပေများ

အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေ
အများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊
စီးပွားရေး၊ လူမှုဆက်ဆံရေး၊
ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာ
စာပေတွေ ဖတ်မကုန်အောင်
တစ်ပုံ တစ်ပင်ရှိပါတယ်။
စာရေးချင်သူတိုင်းအတွက်
စာရေးနည်းနဲ့ပတ်သတ်တဲ့
စာပေတွေ မကုန်မခမ်းပါပဲ။

********************************

၃- စိတ်အားတက်ကြွစေမယ့် စာပေ

သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်
စေတဲ့ တက်ကျမ်းခေါ် စာပေတွေ
ဟာ မမြင်ချင်အဆုံးပေါများလှတယ်။
တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါ
လိမ့်မယ်။

********************************

၄- ရသစာပေ

ရသစာပေဟာ အင်မတန်ရိုင်းဆိုင်း
လှတဲ့လူတစ်ယောက်ကို ချက်ချင်း
နူးညံ့စေပါတယ်။ ရသစာပေရဲ့
သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ
ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့
စာပေမျိုးပါ။ ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို
ယှဉ်တွဲပြကာလူတွေကို ဆုံးမတဲ့
စာပေအမျိုးအစားပါ။

********************************

၅- ဟာသစာပေ

ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေး
တတ်ပါတယ်။

********************************

၆- ဘာသာရေးစာပေ

စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့
စာပေပါ။ လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေ
ပါတယ်။

********************************

crd to owner with respect 🌷

image
Tom Cat is listening to 鞠文嫻
49 w - Youtube

49 w - Translate

ဝါရင့်တိုက်စစ်မှူး ကားလို့စ်ဗီလာကို LAFC ပြန်ခေါ်ယူ
-------------------------
မေဂျာလိဂ်ကလပ် လော့စ်အန်ဂျလိစ် အက်ဖ်စီအသင်းဟာ မက္ကဆီကို ဝါရင့်တိုက်စစ်မှူး ကားလို့စ်ဗီလာကို ပြန်လည်ခေါ်ယူလိုက်တယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က အတည်ပြုသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဗီလာကို ၂၀၂၄ မေဂျာလိဂ် ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၅ ဘောလုံးရာသီအတွက်ပါ အလိုအလျောက် သက်တမ်းတိုးခွင့်ကိုပါ သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။

ဗီလာဟာ LAFC အသင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ ရာသီအကုန်မှာ အသင်းနဲ့စာချုပ်ပြည့်ခဲ့ပြီးနောက် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ LAFC အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဗီလာကို ပြန်လည် ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အသင်းအတွက် ၁၅၂ ပွဲမှာ ၇၈ ဂိုးသွင်းပြီး ၅၈ ဂိုးဖန်တီးပေးထားခဲ့တဲ့ ဗီလာကို ပြန်လည်ခေါ်ယူနိုင်ခဲ့တာက အသင်းရဲ့တိုက်စစ်ကို ပိုပြီးတော့ ကောင်းမွန်စေလိမ့်မယ်လို့ အသင်းရဲ့ ကြေညာ ချက်မှာ ရေးသားထားပါတယ်။

ဗီလာကလည်း LAFC က သူ့အတွက် မိသားစုတစ်ခုလို ခံစားရတာကြောင့် အခုလိုမျိုး ပြန်ရောက်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဗီလာဟာ LAFC အသင်း တိုက်စစ်မှာ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်နဲ့လက်တွဲပြီး ကစားရတော့မှာလည်း ဖြစ်ပါတယ်။

image
49 w - Translate

လတိုင်းကိုယ့်ကိုကိုယ်ပြောပါတယ်🤧

image
49 w - Translate

What makes a good banner ad?
Before we dive into this list of good banner ad examples, it’s important to note what makes a banner ad effective. There are a few important elements you’ll want to have in any banner ad you create:

High-quality visual: Whether it’s a video, graphic, or image, it should be high resolution. High-resolution banner ads signal that the ad is professional.
A clear action: What’s the goal of your ad? What do you want people to do? It should be clear what the next step is in your ad content.
A selling point: Banner ads should sell your audience on something, and it should be clear what that is through the text in the ad.

To read more...
https://www.webfx.com/blog/web....-design/banner-ads-e

27 Banner Ad Examples to Inspire Your 2024 Banner Ads
www.webfx.com

27 Banner Ad Examples to Inspire Your 2024 Banner Ads

Need inspiration for your banner ads? Check out this list of 22 banner ad examples and learn what makes a good banner ad!

လက်ဖက်မွှေးအာလူးထောင်း


အာလူးထောင်းလေးကို စားလိုက်တာနဲ့ဆိမ့်ဆိမ့်စပ်စပ်လေးနဲ့ အနံ့လေးမွှေးပြီး အလွန်ခံတွင်းတွေ့စေပါတယ်။ ဒီနည်းမှာတော့ ဦးကာက ရဲ့ လက်ဖက်အစပ်ကိုသုံးထားပါတယ်။ တကယ်လို့အစပ်မကြိုက်ရင် အချိုကိုလဲအသုံးပြုနိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အာလူး - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ဦးကာက ဇယန်းနှပ်လက်ဖက် (အစပ်) - ထမင်းစားဇွန်း ၃ ဇွန်း
၃။ မက်ရိုနီးစ် (mayonnaise) - ထမင်းစားဇွန်း ၂ ဇွန်း
၄။ ငရုတ်ဆီ(ငရုတ်ဆော့) - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၆။ ငရုတ်သီးဆီချက် - ထမင်းစားဇွန်း ၁ဇွန်း
၇။ ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အာလူးကိုနူးအိနေအောင်ပြုတ်ပါ။
၂။ ပြုတ်ပြီးသားအာလူးကိုအခွံနွှာ ပြီး potato masher (အာလူးခြေတဲ့အရာ) ဖြင့်ဖိပါ။ (သို့) ငရုတ်ဆုံကြီးကြီးထဲထည့်ထောင်းပါ။ ဆား၊ မက်ရိုနီးစ် (mayonnaise) ၊ ငရုတ်ဆီ (ငရုတ်ဆော့) တို့ကိုပါထည့်ရ်ျ သမအောင်ထောင်းပါ။ ထို့နောက် လက်ဖက်ကိုထည့်ထောင်းပါ။
၃။ လက်ဖက်မွှေးအာလူးထောင်းအပေါ်မှ ငရုတ်သီးဆီချက်၊ ကြက်သွန်ဖြူ ဆီချက်ကိုဆမ်း၊ ကြက်သွန်မြိတ်ကို ဖြူးရ်ျသုံးဆောင်နိုင်ပါပြီရှင်။