2 နှစ်များ - ဘာသာပြန်ပါ။

အရမ်းကောင်းလို့.(ဖတ်စေချင်)
"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။
Be Strong !!!
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
Stay like Independent person !!!
ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။
Be Active !!!
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။
Believe Yourself.!!!
ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။
Forget !!!
မေ့ပါ။
အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။
Stop !!!
မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။
Have Resistance !!!
လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။
Accept !!!
မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

image
2 နှစ်များ - ဘာသာပြန်ပါ။

😄

image
2 နှစ်များ - ဘာသာပြန်ပါ။

ရှောင်နေလိုက်ပါ မိတ်ဆွေ...
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်
တိုက်ရိုက် သွားမပြောနဲ့။

မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား?
သွားပြီး ပေါက်ကွဲ မပြနဲ့။

မသိသလို နေပေးပြီး
နောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ။

နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုပါဘူး။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား?
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့။

တဖြည်းဖြည်း ရှောင်နေလိုက်ပါ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ။

လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး။
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း

ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူလို လေလွှင့်
ခွင့်ရရင် ရသလိုဖဲ့ညှစ်
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ။

#မူးရင်းရေးစားသူအားလေးစားစွာဖြင့်
#crdphoto #foryoupageシ
#လူငယ်တွေအောင်မြင်ဖို့

image
2 နှစ်များ - ဘာသာပြန်ပါ။

မနက်ခင်းပွင့်တဲ့ ပန်းရနံ့တွေလည်း မမွှေးတော့ဘူး..
ညနေဆည်းဆာနေဝင်ချိန်လည်း အရင်လိုမလှတော့ဘူး ....ပြီးတော့
"ဟျောင့်..မင်းအခုဘယ်မှာလဲ" ဆိုပြီး ပြောနေကျ ဘော်ဒါတွေလည်း အနားမှာ မရှိကြတော့ဘူး.....

လူကြီးတွေလည်း အတ္တတွေနဲ့.....
သဘာဝဘေးကလည်း အတ္တတွေနဲ့ ....
ဝေဝေဝါးဝါး အနာဂတ် ကလွှဲလို့ ကျွန်တော်တို့လူငယ်တွေမှာ ဘာမှကို မကျန်တော့ပါဘူး...

မိုးလည်းတိတ်ပါတော့.....စစ်လည်း ငြိမ်းပါတော့🙏

💦》15.9.2024🥹
#augustborn

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘလိန်းနေကျသူငယ်ချင်းကြီးမှရုတ်တရက် သူတော်ကောင်းပိုစ့်တွေရှဲလ်သောအခါ
မီ

image
2 နှစ်များ - ဘာသာပြန်ပါ။

မတည့်အတူနေဆိုပေမယ့်
တည့်နေတဲ့အချိန်တော့ မိုးမမြင်လေမမြင် 🩷

image
2 နှစ်များ - ဘာသာပြန်ပါ။

စိတ်ကို စင်စင်ကြယ်ကြယ် ထားပေမယ့်
အရောင် လာလာဆိုးကြပြန်တော့လည်း
သည်းခံစိတ်ကို နဂိုရှိတာထက်ပိုထားနိုင်ဖို့ကြိုးစားရမယ်။

ကြည်လင်သောအပြုံးနဲ့
လူတိုင်းကို ပြုံးပြနိုင်ဖို့ကြိုးစားနေသော်လည်း
သဘောကျစရာမကောင်းတဲ့ စိတ်ဓာတ်တွေကြောင့်ပဲ
ဟန်မဆောင်တတ်တဲ့ကိုယ့်အကျင့်ကိုလည်း ပြင်ရအုံးမယ်။

အရာရာကို အကောင်းမြင်တတ်ဖို့နဲ့
သည်းခံစိတ်ရှိဖို့ရန် အတွက်
ကြည်လင်သော နှလုံးသားနဲ့
မျှတသော စိတ်ထားကိုမွေးထားရသေးတယ်။

တစ်ခါတလေ ကိုယ့်ကိုယ်ကို စိတ်မာတယ်
ကြံ့ခိုင်ပါတယ်လို့ ဘယ်လိုပဲဆိုဆို
ကိုယ့်စိတ်ဓာတ်ကို
ရိုက်ချိုးခံလိုက်ရတဲ့အခါ
ခံစားရတာကတော့ အလူးအလဲပဲလေ။

လူတိုင်း လူတိုင်းမှာ
ဒဏ်ရာ ကိုယ်စီရှိနိုင်ကြသလို
ခံစားချက် အတိမ်အနက်ကို
စာဖွဲ့ မပြချင်ပေမယ့်လည်း
ခေါင်းမာတတ်တဲ့
ကိုယ့်အကျင့်ကတော့ပြင်မရဘူးလေ။

ထပ်တူမညီနိုင်မှန်း
သိနေပြီးတဲ့နောက်မှာတော့
ဘယ်သူနဲ့မှ ညှိမယူချင်တော့ဘူးလေ
ဒီတော့လည်း ဘာသိဘာသာပဲနေလိုက်တော့တယ်။

စိတ်ပင်ပန်းလာတိုင်း
အရင်လို ငိုင်တွေပြီးမနေတော့ပါဘူး။

တစ်ခါလေ
အားပါးတရ
ပြုံးလိုက်မိသေးတယ်
သဘောကျလို့တော့မဟုတ်ဘူး
လူတွေရဲ့စိတ်ကို ပိုမြင် တတ်လာလို့ပါ။

#ဘဝအတွက် #ဉာဏ #စာပေ #အသိပညာ #ဗဟုသုတ #သုတ
#sb

image
2 နှစ်များ - ဘာသာပြန်ပါ။

ဘယ်လောက်ပဲ ပြေးပြေး
ဘယ်လောက်ပဲ ဝေးဝေး
ချစ်ခြင်းမေတ္တာလို့ ခေါ်င်းစဥ်တပ်တိုင်း
မင်းအနားပဲ ပြန်ရောက်သွားတယ်။ ❤️

image
2 နှစ်များ - ဘာသာပြန်ပါ။

နွေးထွေးမှုတွေ ခံစားစေတဲ့လူမျိုး ။
စိတ်အကြည်ဓာတ် ပေးတဲ့လူမျိုး ။
ပျော်ရွှင်မှု ခံစားစေတဲ့လူမျိုး ။
စိတ်လုံခြုံမှု ခံစားစေတဲ့လူမျိုး ။
Positive Vibe ပေးတဲ့လူမျိုး။

ဒီလိုလူမျိုးတွေနဲ့ နီးကပ်စွာ နေပါ ။
ဘဝက ရိုးရှင်းလေ ကောင်းလေ ။
နေ့ရက်တိုင်းကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းကြည့်ပါ ။

ရိုးရှင်းခြင်း၏နောက်ကွယ်မှာ
ပျော်ရွှင်ခြင်းလေး ကပ်ပါနေတယ် ။

#sone 🤍🌻
crd

image
2 နှစ်များ - ဘာသာပြန်ပါ။

တကယ်ချစ်ရင်
မရမက ဆက်သွယ်လာမှာပေါ့တဲ့ ...

လွမ်းလို့ဆက်တဲ့ ဖုန်းတွေဟာ
ပြန်ဖြေချင်တဲ့ စိတ်မရှိတဲ့ လူတစ်ယောက်အတွက် အနှောင့်အယှက်သက်သက်ပဲ ...

ကိုယ်နဲ့ မတွေ့ချင်လို့မှ တမင်သက်သက်
ပုန်းနေတဲ့လူတစ်ယောက်ကို
တကူးတကကြီးလိုက်ရှာရတာက
ပိုပြီး ပင်ပန်းရတယ် ...

၀တ်ကြေတမ်းကြေ ဆိုတဲ့ စကားလုံးဟာ
အများကြီး အလေးထားမိတဲ့လူအတွက်
အများကြီး နာကျင်စေတာမျိုးပါ့ ...

အလိုက်သင့်ရုံလေးပြန်လာတဲ့ စာတွေ
မဖြစ်မနေမို့ ကိုင်လိုက်တဲ့ ဖုန်းတွေက

သူ့အတွက် ပင်ပန်းစေမှာပဲလို့
ကိုယ်တွေးမိသွားတဲ့အခါ

ရို ၊က်လက်စ စာလေးကို ဖျက်လိုက်တယ်
ခေါ်မလို့ လုပ်နေတဲ့ ဖုန်းနံပါတ်လေးကို
ရပ်လိုက်တယ် ကိုယ့်အတွက်မဟုတ်တဲ့
မီးစိမ်းလေးကို ငေးကြည့်နေလိုက်တယ် ...

ဘယ်လောက်ပဲခက်ခဲခက်ခဲ
ကိုယ်က မရမက ဆက်သွယ်ချင်ခဲ့တာပါ ...

ဒါပေမယ့်
အနှောင့်အယှက်ဖြစ်နေမှန်းသိလို့
အလိုက်တသိနဲ့ တိတ်ဆိတ်ပေးလိုက်တာပါ ...

မင်းကို သိပ်ချစ်သလို
အမြဲပဲလွမ်းပါတယ်

ဒါပေမယ့် ... မဆက်သွယ်ဖြစ်တော့ပါဘူး ။

#sone 🌻🤍
Crd

image